Friday 29 April 2011

တချိန်က နှစ်သက်ခံစားခဲ့သောသီချင်းများအမှတ် ( ၅ )

တချိန်ကနှစ်သက်ခံစားခဲ့သောသီချင်းများအမှတ် ( ၅ )

ချစ်သူအမှတ်တရတေးများ

ကျော့ထံမှ စာစောင်ရောက်လာတယ်

မောင်


မောင့်အတွက် သီချင်းလေးတပုဒ်လဲပေးလိုက်တယ်


မောင်ချစ်တဲ့

ကျော့

မိုးယံသည်မှ ချစ်သူဆီသို့

( ပြာလွင်လွင်ဝေဟင်ထဲ xx ၀ဲလာတဲ့ငှက်ငယ်ရယ် xx အို xxxxx လေဟုန်ဆီးခရီးနယ်ပါယ်

အပြောကျယ်ကျယ် xx တောင်ပံပြတ်ပြတ်သွင်သွင်ခပ်လို့ xx အရပ်မနား အားစိုက်ပျံသန်းတယ် xx

ဒို့များလဲအားကျပါရဲ့မင်းလိုပုံနှယ် xx တောင်ပန်ကလေးများရနိုင်ရင်တော့ xx လိုချင်သားကွယ်xx

ဒါမှချစ်တဲ့သူရှိရာ xx မင်းလိုဘဲ ဒို့လဲပျံနိုင်မယ် xx) ၂

( ဝေဟင်မှာ လေယဉ်စီး ရီးလေး လေးခိုကာရယ် xx မောင့်ဆီကိုမနားတမ်းဝဲပျံကာရယ် xx

ချစ်ခွန်းတွေ ဖွဲ့ကာနွဲ့ကာ မောင့်ကို နွဲ့ဆိုး ဆိုး လိုက်ချင်တယ် xx ) ၂


မောင် က ကျော့ အတွက် တေးတပုဒ် ပြန်ပို့ပေးလိုက်တယ်


( ကြည်နူမှုရဲ့ အရပ်ဝယ် နှစ်သိမ့်စရာစကားတွေနဲ့ ဖေါင်ဖွဲကာ ဘဲ ကမ်းခြေဇေယျာဦးမှာလေ )

ကမ်းခြေဇေယျာဦးဝယ်

တွေးတွေးပြီးတော့ တ၀ဲလယ်လယ် xx မျှော်လင့်ချက်xရည်ရွယ်ချက်တွေxxကင်းမဲ့

ယွင်းခဲ့လေတယ်xx မောင်တယေက်ထဲ xx အတွေးဗိမာန်ကြီတည်ဆောက်ကာရယ် xx စိတ်

ကူးယဉ်သက်သက်xမှတ်ချက်တွေရေး xxxကာ ဆိုဘူးခဲ့တဲ့တေးသံရယ် xx ရေပြင်ကိုကြည့်ကာ

ကြည့်ကာ xx

( ကြည်နူမှုရဲ့ အရိပ်ဝယ် နှစ်သိမ့်စရာစကားတွေနဲ့ ဖေါင်ဖွဲ့ကာ ဘဲ ကမ်းခြေဇေယျာဦးဝယ် xx

မှန်းချွေမေလှမူးရဲ့ xx အလွမ်းတွေပြေပါဘူးကွဲ့ x- ကမ်းခြေဇေယျာဦးဝယ် xx )

( အော် xxဒီအချိန်များကို xx တွေးတွေးပြီးသတိတွေရလို့ xx ရက်တွေတွက်ရေလက်ရေ

ချိုးကာ xx တရေးရေးမှတ်မိကာဘဲ xx ဆုံးစမမြင်တယ်ကွယ် xx မောင်နဲ့မေ နှစ်ယောက်သား

ကမ်းဦးနဘေးမှာထိုင်ကာ တွေဝေငေးမောရင်း xx အြ့ပုံးချင်းလဲ ယှက်နွယ်ကာရယ် xx

နှစ်သိမ့်ရောင့်ရဲ့ခဲ့သမျှxxလောကကမ္ဘာကြီးကိုဘဲ မေ့နေရမလားကွယ် xx ထားသက်လယ်ရယ်

ကမ်းခြေဇေယျာဦးဝယ် xx မှန်းချွေမေလှမူးရဲ့ xx အလွမ်းတွေပြေပါဘူးကွဲ့ x- ကမ်းခြေဇေယျာဦးဝယ် xx

ဇေယျာကမ်းဦးဝယ် xx နှစ်ယောက်သားတွေ့ဆုံကာ x-ပျော်မွေ့နေချင်ပါသေးတယ် xx

တွေးတွေးကြိတ်ခါအောက်မေ့လို့သတိရနေသူရဲ့  xx တရေးရေးစိတ်မှာ xx ဟောင်းမြေဘို့

တွေးမရနိုင်ဘူးကွဲ့ xx နှောင်းခဲ့တဲ့သစ္စာရှင်ရဲ့တွေးလို့သာမောင့်မှာကွယ် xx

( ဆန်းကြယ်တဲ့ရေစက်ဟောင်း xxအကြောင်းကံရယ် xx မှန်းရွယ်ကွဲ့သွေမပျက်ပေါင်း xပေါင်းရန် တကယ် xx လွမ်းဘွယ်ကွဲ့မေရဲ့နှောင်း xx နှောင်းသံသရာလည် xxx ) ၂ ) ၂


နောက်တပုဒ်

မောင်ချော့မြူပါရစေ လား ကွယ်

မောင်ချုပါ့မယ် xx ခေါင်သဘောဖြူနန်းလျာရယ် xx ဟင် ခမ်းသာလယ်ဆောင်ရိပ်မှာ နေစိမ့်သူကြီးရယ် xx ရွှေစိတ်တော်ညိုပါနဲ့ -- ဖြူပြာလဲ့ သူဇာနွဲ့ နွဲ့ မူရယ် xx

တေးဆိုကာ မြူချော့ပါ့ရစေ မေရယ် xx ခလေးလိုသာ xx သူဆိုးနွဲ့တာများရယ် xx အို့ကွယ်

အရေးပိုခဲ့တယ် xx ထွေးxxပိုက် ခါအလိုက်သင့်မြူစကားပါ့မယ် xxx အကြိုက်နှင့်မူအားကြွယ် xx

အသစ်တွေဘယ်လိုကောင်းပေမဲ့ xx အဟောင်းတလယ်လယ် xxအဟောင်းတလယ် လယ် x-

နှေင်းတရွှေ့က -- အပြစ်တွေ့စရာဘဲကွယူ်xx ဟင် အသက်ရယ် xx ယုံတော်မူ အော် ကြည်ဖြူစမ်းပါံx- ညာနွဲ့သူလေး xx ရယ် xx ခေါင်သဘောဖြူ တပါး xx မောင်ချော့မြူပါ့ရစေလား xxကွယ်



မောင်သုည


Wednesday 27 April 2011

လူငယ်မှတ်သားဆုံးမစကား ( အမှတ် ၁ )

လူငယ်မှတ်သားဆုံးမစကား ( အမှတ် ၁ )

မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ

လူငယ်တို့ရေ ဒီကနေ့လူငယ်မှတ်သားဆုံးမစကားအစီအစဉ်ကနေ ဒီနေ့ပြောပြချင်တဲ့အကြောင်း

ကတော့ ကိုယ်ကျင့်တရား ဆိုတာနဲ့ ကိုယ်ပိုင်အကျင့်တရားဆိုတဲ့အကြောင်းကို ပြောပြပါမယ်

လုငယ်တို့ရေ လူတွေဟာ လူ့ဘ၀မှာ ဘာအတွက် လှုတ်ရှားသွားလာလုပ်ကိုင်နေကြသလဲလို့-မေးခွန်းထုတ်ကြည့်ရင် - စားဘို့ - နေဘို့ -၀တ်ဘို့ - ဆိုတဲ့ လူ့ဘ၀ရဲအဓိကလိုအပ်ချက် ၃ ခုအတွက်ရုံး

ကန်လှုတ်ရှားကျိုးစားနေကြရတာလို့ဖြေရမှာပါ။

လူဘ၀မှာ မှန်မှန်ကန်ကန်နဲ့ အဆင့်အတန်းရှိရှိနေထိုင်စားသောက်သွားနိုင်အောင် ဘယ်လိုနည်း

လမ်းများနဲ့ကျင့်ကြံနေထိုင်ရမလဲလို့မေးလာရင်

အလွယ်ဆုံးအဖြကတော့ ကိုယ်ကျင့်တရားကောင်းဘို့ နဲ့ -ကိုယ်ပိုင်အကျင့်တရားကောင်းဘို့လိုတယ်လို့

ဖြေရမှာဖြစ်ပါတယ် ၊

ဒီနေ့ကမ္ဘာရှိတဲ့လူသားတွေအားလုံးဟာ တဦးစီတဥိးစီ မိမိတို့လိုက်နာစောင့်ထိန်းရမဲ့ကိုယ်ကျင့်

တရား နဲ့ ကောင်းတဲ့ကိုယ်ကျင့်တရားတွေကို မွေးမြုစောင့်ထိန်းကြမယ်ဆိုရင် ။ လူလောကကြီးတခုလုံး

သာယာဝပြောလာမှာဖြစ်ပြိး -ယနေ့လူသားများစိုးရိမ်နေကြတဲ့ ဘေးဥပါဒ်အန္တရယ် ကပ်ဆိုးတွေကလဲ

ကင်းဝေနိုင်လိမ့်မယ်လို့ဆိုချင်ပါတယ်၊

ကဲ -စကြပါစို့ ကိုယ်ကျင့်တရားဆိုတာနဲ့ ကိုယ်ပိုင်အကျင့်တရားလို့ဘာလို့ခွဲပြေရတာလဲဆိုတော့

ကိုယ်ကျင့်တရားဆိုတာကတော့

သီလ ပိုင်းနိုင်ဆိုင်ပြီး စောင့်ထိန်းရမယ့် တရား လူ့ကျင့်ဝတ်လို့ဆိုရမှာဖြစ်ပြီးပါတယ် -

ဥပမာ ၅ ပါးသီလ မှာ ပါဏာတိပါတာ - သူ့အသက်မသတ်ရ ၊

အဒိန္ဒဒါနာ -သူတပါးပစ္စည်းပေးဘဲ မသိဘဲနှင့်မယူရ ၊

မုသာဝါဒ- မဟုတ်မမှန်လိမ်ညာမပြောရ ၊

ကာမေသုမိတ္စာစာရ - သူ့တပါးသားမယား မပစ်မှားရ ၊

သူရမေဓရ - မူးယစ်ထုံထိုင်းဘေးဖြစ်စေတက်တဲ့ သေရည်အရက်ကိုမသောက်သုံးရ

စသည်ဖြင့် ကိုယ့်တိုင်စောင့်ထိန်းရမဲ့ကိုယ်ကျင့်တရားများအဖြစ်သတ်မှတ်ထားတာရှိပါတယ် ၊

ဒီ သီလလိုဆိုတဲ့ ကိုယ်ကျင့်တရား မစောင့်ထိန်းဘူးဆိုရင်တော့ အကျိုးစီးပွါးပျက်စီးခြင်း ၊ ဆုတ်

ယုတ်တက်ခြင်း ၊ အပါယ်ငရဲသို့ကျရောက်တတ်ပါတယ် ၊

ကိုယ်ပိုင်အကျင့်တရားဆိုတာကတော့

လူတဦးတယောက်စိမှာ ရှိတက်တဲ့ ကိုယ်ပိုင်အမူအကျင့်ကလေးတွေဘဲဖြစ်ပါတယ်

မလိုက်နာရင်အပြစ်ဒါဏ်ခံရဘို့သတ်မှတ်ထားတာမရှိဘူး ၊

မလိုက်နာရင်အပါယ်ငရဲသို့ကျနိုင်တာမျိုးလဲမဖြစ်ဘူး

ဒါပေမဲံကိုယ်ပိုင်အကျင့်တရားမကောင်းရင်တော့ဘ၀မှာတိုးတက်ကြီးပွါးဘို့အခွင့်အရေးတွေယုတ်လျော့

သွားနိုင်ပါတယ် ၊ လူပတ်ဝန်းကျင်အသိုင်းအ၀န်းမှာလဲသူတပါးရှုံချမှုကိုခံရမယ်။ကိုယ်တိုင်လဲအကျိုး

ယုတ်စေနိုင်ပါတယ် ၊

ဥပမာ ပြောရရင်တော့ နံက်စောစောထတက်တဲ့အကျင့် ၊ အိပ်ယာဝင် အိပ်ယာထမှာ သွားတိုက်ပြီး

မှ အိပ်တက်တဲ့အကျင့် ၊ ဘုရားရှစ်ခိုးပြီးမှ အိပ်တက်တဲ့အကျင့် ၊သူတပါးပစ္စည်းငှါးရမ်းသုံးစွဲပြိး ပြန်ပေးရမှာ

ပျက်ကွက်တဲ့အကျင့် ၊ အကြောင်းမဲ့သူများအိမ်အလည်သွားတက်တဲ့အကျင့် ၊ စတဲ့အကျင့်တွေပေါ့ကွယ်

အဲဒီလိုအကျင့်မျိုတွေကိုကောင်းမကောင်းခွဲခြားတက်ပြီး မကောင်းဘူးလို့ထင်ရင်

ကောင်းအောင်လေ့ကျင့်ယူရတဲ့အကျင့်မျိုးဖြစ်ပါတယ် ၊

ဟယ်ဒီကလေးက သိပ်အကျင့်ကောင်းတယ် ။ သူများပြောစရာမလိုဘူး အဲဒီလို သူများချီးမွမ်းခံရတဲ့အဖြစ်မျိုကြုံရတက်ပါတယ်

ကိုယ်ပိုင်အကျင့်တရားကောင်းများကိုမွေးမြူပြိး အလေ့အကျင့်ဖြစ်အောင်ကျင့်သုံးခြင်းဟာလဲ

လူ့ဘ၀တိုးတက်ကြီးပွါးတိုးတက်မှုကိုဖြစ်စေပါတယ်၊

ကောင်းတဲ့ကိုယ်ကျင့်တရားများဟာ ဘာတွေလဲဆိုတာ နံပါတ်စဉ်ထိုးပြိးရေတွက်ကြည့်ရင်တော့

အများကြီးရှိပါတယ်

အခုတော့ ရတဲအချိန်ကလေးမှာ ကောင်းတဲ့ကိုယ်ပိုင်အကျင့်တရား ရှိသင့်တဲ့ကိုယ်ကျင့်တရားများ

ကို တခုစီပြောပြပေးသွားပါမယ်၊

နံပါတ် ( ၁ ) ၀ီရိယရှိခြင်း ၊ ဇွဲလုံလရှိခြင်း ၊ ( တနည်းပြောရရင် ) မိမိကိုယ် ကို အမြဲလှုံဆော်အားပေးနေ

ခြင်းဆိုတာကိုပြောပြပါမယ်

ဝိရိယရှိခြင်း ၊ ဇွဲလုံ့လရှိခြင်း ထကြွနိုးကြားခြင်း ကျိုးစားခြင်း ၊ တို့ဟာမိမိကိုယ်ကို လှုံဆော်နေခြင်း

ဆိုတဲ့အထဲမှာပါဝင်ပါတယ် ။ ဘ၀ တိုးတက်ကြီးပွါးမှုအတွက် ပထမဆုံးအရေးကြီးတဲ့အချက်ဖြစ်ပါတယ် ၊

ဘာကိုမှ ကျိုးကျိုးစားစားလုပ်ကိုင်ခြင်းမရှိ ပျင်းရိနေမယ်ဆိုရင်အောင်မြင်မှုမရနိုင်ဘူး ၊ လူ့ဘ၀မှာ

တိုးတက်မှုမရနိုင်ဘူးဆိုတာလူတိုင်းသိနိုင်ပါတယ် ၊ ပျင်းရိခြင်းမရှိအောင်စတင်လေ့ကျင့်ယူရမှာကတော့

လုပ်လက်စအလုပ်တခုကိုအဆုံးသတ်အောင်ပြီးတဲ့အထိလုပ်ကိုင်ခြင်းမရှိဘဲ၊အကြောင်းအမျိုးမျိုးပြပြီးတ

ပိုင်းတစနဲ့ရပ်တန့်ထားတက်တဲ့အကျင့်ဘဲဖြစ်ပါတယ် ၊ဒါဟာပျင်းရိခြင်းရဲ့အစဘဲဖြစ်ပါတယ် ၊အဲဒီအကျင့်

မျိုးကိုယ့်မှာရှိနေရင်ဖျောက်ဖျက်ပြစ်ဘို့လိုပါတယ်၊အလုပ်ကို လုပ်ချင်လာအောင် ၊ ဆက်လက်လုပ်ချင်လာ

အောင် ကိုယ်စိတ်ကိုလှုံဆော်ပေးရပါမယ်၊ တခြားသူတွေတောင်လုပ်နိုင်တာငါဘာလို့အလုပ်နိုင်ရမှာလဲ

စသဖြင့်စိတ်ကိုအားမွေးပေးပါ ၊ အချိန်မှန်မှန်န်အိပ်ယာထဘို့ ။ အချိန်တန်ကျောင်းသွားဘို့ ၊ အချိန်မှန်မှန်အလုပ်သွားဘို့ ၊အချိန်မှန်မှန်ရေချိုးဘို့ ၊ အချိန်မှန်ထမင်စားဘို့ဆိုတဲ့အကျင့်ကိုအမြဲသတိထားပြိး

ကိုယ့်ကိုယ်ကိုလှုံဆော်ပေးနေရပါမယ် ၊

ငယ်ငယ်ရွယ်သူတွေကို မိဘတွေက ဟဲ့အိပ်ယာကထတော့ ၊ ရေချိုးတော့ ၊ ထမင်းစားတော့ လို့

အမြဲ နောက်ကသတိပေးနေခဲ့ရပေမဲ့ ကြီးလာတဲ့အခါကျတော့ တဦးတယောက်ထဲနေတဲ့အခါမှာ -ဘယ်သူ

ကမှလာပြိး သတိပေးနေမှာမဟုတ်ပါဘူး ကိုယ့်ကိုယ် ကိုဘဲပြန်ပြိးသတိပေးပေးနှိုးဆော်နေရမှာဖြစ်ပါတယ်

သိပ္ပံမောင်ဝရဲ့ ၀တ္တုဆောင်းပါးများထဲမှာမောင်လူအေးက ငယ်ငယ်တုန်ုးတော့ ဖွါးဖွေးကြိးရဲ့ကြိမ်လုံး

ကိုကြောက်လို့စောစောထရတယ် ၊ အခုတော့ တာဝန်ကြိမ်လုံးကိုကြောက်လို့စောစောထရတယ်လို့ရေး

ထားပါတယ် ၊ဟုတ်ပါတယ် ၊ အရွယ်ရောက်လာလို့ ကိုယ်ဘ၀ကိုယ်ကြောင်းရတဲ့အခါကျတော့ကိုယ့်ကိုယ်

ကိုယ်ဘဲအမြဲနှိုးဆော်ပေးနေရတယ်မဟုတ်ပါလား၊

ဘယ်အရာမဆို မကျိုးစားဘဲ သူ့အလိုလိုဖြစ်မလာနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်ထား

ဘို့လိုပါတယ်၊လူတွေဟာလပေါ်ကိုတောင်ရောက်အောင်သွားနိုင်တယ်၊အမြင့်ဆုံးတောင်ထိပ်ကိုလဲရောက်

အောင်တက်နိုင်ခဲ့တယ် ၊ ငါဒါလေးတောင်ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကိုအားပေးလှုံဆော်ပေး

နေပါ ။ အကောင်းဆုံး ဆောင်ပုဒ်ကလေးတပုဒ်ကတော့

သင်တမိနစ် ဆေးလိပ်သောက်ပြီးအချိန်ဖြုန်းနေချိန်မှာ လေယာဉ်ပျံနဲ့ခရီးသွားနေသူတယောက်က

မိုင်ပေါင်းများစွာ ခရီးပေါက်နေပြီတဲ့

နံပါတ် ( ၂ ) အချက်ဖြစ်တဲ့ အချိန်ကိုအသုံးချတက်ခြင်း - အချိန်ကိုလေးစားခြင်း ဆိုတဲ့ကိုယ်ပိုင်အကျင့်တရားအကြောင်းပြောပါမယ် ၊

အချိန်ကဇယားချပြီးလုပ်တက်တဲ့အကျင့်ဟာလူတယောက်အတွက်အရေးကြီးတဲ့အချက်တခု

ဖြစ်ပါတယ်၊တနေ့တာကိုယ်လုပ်ရမဲ့လုပ်တွေတပတ်စာ တလစာ ကိုအချိန်ဇယားချပြီးလုပ်တဲ့အကျင့်ကို

မွေးမြူပြီးလုပ်တက်သူဟာလူ့ဘ၀အောင်မြင်ရေးအတွက်တက်လမ်းရှိတဲ့လူတယောက်ဖြစ်ပါတယ်

စာသင်ကျောင်းမှာအချိန်ဇယားရှိသလို-ကျောင်းသားတယောက်မှာလဲအချိန်ဇယားရှိပါတယ်၊

အဲဒီလိုဘဲအလုပ်လုပ်တဲ့အလုပ်သမားတယောက်မှာလဲအချိန်ဇယားဆိုတာရှိရပါတယ် ၊

ကြီးမားတဲ့တာဝန်ထမ်းဆောင်ရတဲ့သူတွေ- စီးပွါးရေးသမားတွေဟာအလွန်အလုပ်များတဲ့အ

တွက်ဘယ်အချိန်မှာဘာလုပ်ရမယ်ဆိုတာကို Organizer လို့ခေါ်တဲ့ကွန်ဗြူတာအသေးစားကလေး

ကိုသုံးပြီး ၊ ဘယ်အချိန်မှာအစည်းအဝေးသွားရမယ်၊ဘယ်အချိန်မှာဘယ်သူနဲ့တွေ့မယ်၊ဘယ်နေ့မှာ

ဘယ်အလုပ်ကိုပြီးအောင်လုပ်ထားရမယ်ဆိုတာကို ကွန်ဗြူတာကနေသတိပေးနှိုးဆော်တဲ့စံနစ်ကိုသုံး

ကြပါတယ်၊ဒါဟာတကယ်လိုအပ်တဲ့အချက်တခုဖြစ်ပါတယ်၊မေ့လျော့သွားလို့အစည်းအဝေးမတက်

ဖြစ်ရင်၊ချိန်းထားသူနဲ့တွေ့ဆုံဘို့ပျက်ကွက်သွားခဲ့ရင်စီးပွါးရေးကိစ္စဆိုရင်တော့အများကြီးဆုံးရှုံးထိခိုက်

နစ်နာသွားစေမှာဖြစ်ပါတယ် ၊

အချိန်ကိုစံနစ်တကျအသုံးချတက်သလို ၊ အချိန်ကိုလေးစားခြင်းဆိုတာလဲအရေးကြီိးပါတယ်

တချိုက အချိန်ကိုမလေးစားဘူး ၊ ချိန်းထားရင်အချိန်တိတိကျကျရောက်မလာတက်ဘူး၊ပျက်ကွက်

တက်တယ်ဆိုရင်အများကလဲကိုယ့်ကို မလေးစားတဲ့အပြင် ကိုယ့်မှာလဲထိခိုက်နိုင်ပါတယ် ၊

တိုးတက်တဲ့နိုင်ငံကြိးတွေမှာလူတွေဟာအချိန်ကိုတန်ဘိုးထားပြိး တိတိကျကျလုပ်ကိုင်လေ့ရှိတာ

တွေ့ရပါတယ်၊အလုပ်အတွက်အင်တာဗျူးလုပ်ဘို့ချိန်းထားတာကိုနောက်ကျမှရောက်သွားမယ်ဆိုရင်

ကိုယ်အတွက်အလုပ်ရဘို့အခွင့်အရေးဆုံးရှံးပြီတာမှတ်ပေတော့ ၊

အချိန်နဲ့ဒီရေဟာလူကိုမစောင့် ဆိုတဲ့စကားပုံရှိပါတယ်

အချိန်ဆိုတာ တဖြေးဖြေးရွေ့လျားနေပါတယ် - ဘယ်တော့မှအချိန်ကလူကိုစောင့်တယ်ဆို

တာမရှိပါဘူး -အလုပ် လုပ်တဲ့လူကသာ အချိန်ကိုအမှိလိုက်လုပ်နေရတာမဟုတ်ပါလား

ဒါကြောင့်အချိန်ကိုလေးစားတက်တဲ့အကျင့် အချိန်ကိုမှန်မှန်ကန်ကန်တိတိကျကျအသုံးချတက်ဘို့

လုပ်တက်ကိုင်တက်တဲ့အကျင့်ရှိခြင်းဟာ ကိုယ်ပိုင်အကျင့်တရားကောင်းတခုတယ်ဆိုတာကိုပြောချင်

ပါတယ်၊၊

ဒါနဲ့ဆက်ထဲ နောက်ထက်ကိုယ်ပိုင်အကျင့်တရားတခုက

နံပါတ်စဉ် ၃ လို့လဲဆိုလို့ရတယ် ခုနက အချိန်ကိုလေးစားတက်ခြင်း ၊ အချိန်ကိုတိတိကျကျ

အသုံးချတက်ခြင်းဆိုတဲ့ အကျင့်တခုရဲ့နောက်ဆက်တွဲအကျင့်ကလေးတခုလို့လဲဆိုလို့ရပါတယ်

အဲဒါက

ကြိုတင်ပြင်ဆင်တက်ခြင်း ဆိုတဲ့ အကျင့်ကလေးတခုပါကွယ်

ဘာမဆိုကြိုတင်ပြင်ဆင်တက်ဘို့လိုပါတယ် ၊ မနက်ဖြန်ခါကိုယ်ဘာလုပ်မယ်ဆိုတာကို အချိန်ဇယား

ထဲမှာထဲ့ပြိးရုံနဲ့မပြီးသေးပါဘူ - အဲဒီကိုယ်လုပ်ရမဲ့အလုပ်မှာဘာတွေလိုမလဲ ၊ ပစ္စည်းအနေနဲ့လိုတာရှိ

မယ်၊စာရွက်စာတမ်းအနေနဲ့လိုတာရှိမယ် ၊ အ၀တ်အစားအနေနဲ့လိုတာရှိမယ်ဒါတွေကို ကြိုတင်ပြင်

ဆင်ထားတက်ကြဘို့လိုပါတယ် ၊

ကြိုတင်ပြင်ဆင်တက်ခြင်းဟာ မေ့လျော့ခြင်းကိုလဲကုစားရာရောက်ပါတယ်၊

ရေဆာတော့မှရေသောက်ချင်တော့မှ ရေတွင်းတူးလို့မရသလို - ကိုယ်လုပ်ရမဲ့အလုပ်ကို ကြို

တင်ပြင်ဆင်ထားမှတော်ကာကျပါမယ်၊

တချို့လုပ်ငန်းတွေဟာ တလကြိုပြီး ပြင်ဆင်ရသလို နှစ်နဲ့ချီပြီးကြိုတင်ပြင်ဆင်ရတာမျိုးလဲရှိ

တက်ပါတယ် ၊ အချို့ဆိုရင်သွားခါနီးမှ ဟိုရှာဒီဟာရှာ ဟိုလူကယ်ပါအုံးဒီလူကယ်ပါအုံးနဲ့ ဖြစ်တက်ကြ

ပါတယ် ၊ဒါဟာကြိုတင်ပြင်ဆင်မှုအလေ့အကျင့်မရှိတဲ့သူများမှာဖြစ်တက်တာမို့ရှက်စရာကောင်းသလို

လူ့သိက္ခာလဲကျဆင်းတက်ပါတယ် ၊

ဒါကြောင့် ကြိုတင်ပြင်ဆင်တက်တဲ့အကျင့်ကိုလဲ ကောင်းတဲ့ကိုယ်ပိုင်အကျင့်ကလေးတခုအဖြစ်

ရွေးချယ်ထည့်သွင်းပြောလိုက်ရခြင်းဖြစ်ပါတယ်၊

နံပါတ် ( ၄ ) ရေသာခို အချောင်လိုက်ချင်တဲ့ စိတ် - ဘာမဆိုလွယ်လွယ်နဲ့အချောင်ရလိုတဲ့စိတ်

တကယ်တော့ ဒါဟာစိတ်ဓါတ်ရေးရာနဲ့ဆိုင်ပေမဲ့ လူတွေမှာအကျင့်ကြီးတခုလိုရှိ

နေတက်ကြတာမို့ ကိုယ်ပိုင်အကျင့်ထဲမှာထဲ့ပြောရတာဖြစ်ပါတယ် ၊

လူတော်တော်များများ မှာ ရေသာခိုအချာင်လိုက်ချင်တဲ့ စိတ် ရှိကြတယ် ၊ ဘာမဆိုလွယ်လွယ်နဲ့

အချာင်လိုချင်ကြတယ် ၊ အဲဒါဟာ ကြီးပွါးတိုးတက်မှုကို ဆုတ်ယူစေတဲ့ ဒုတိယအချက်တချက်ဘဲဖြစ်ပါ

တယ်

အထက်လူကြီးကလက်အောက်က ငယ်သားတွေကိုတာဝန်တခုပေးရင် ငါသက်သာအောင်

ဘယ်နေရာကယူရင်ကောင်းမလဲဆိုတဲ့စိတ်ဓါတ်မျိုးရှိတက်ပါတယ်၊

ပစ္စည်းတခုကို ၀ိုင်းပြိးမကြမယ်ဆိုရင်လဲ ပေါ့တဲ့ဘက်ကရွေးပြီးမချင်ကြတယ် ၊

ငွေကိုလွယ်လွယ်နဲ့ အချောင်လိုချင်တဲစိတ်ကလဲ ကလဲကျိုးစားချင်တဲ့လျော့ကျစေပါတယ် ၊

ကြီးပွါးတိုးတက်မှုမရှိတဲ့ လူတွေ ကြီးပွါးတိုးတက်မှုနှေးကွေးနေတဲ့ တွေဟာ ရေသာခိုအချောင်

ခိုချင်တဲ့စိတ် - သက်သက်သာသာနဲ့ အချောင်လိုချင်တဲ့စိတ်ရှိသူများသာဖြစ်တယ်လို့ပြောချင်ပါတယ်၊

ဒါနဲ့ပါတ်သက်လို့ ဆရာကြားဘူးတဲ့ ပုံပြင်ကလေးတခုကိုပြောပြပါမယ်၊

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှဘုရင်ကြီးတပါး မင်းလုပ်အုပ်ချုပ်နေသတဲ့ ၊ အဲဒီအချိန်.

မှာ တိုင်းပြည်ဟာတဖြေးဖြေးနဲ့ ရာသီဥတုတွေဖေါက်ပြန်ပြိး အစာရေစာရှားပါးလာတယ် ၊ တိုင်းသူပြည်သားတွေက ဒီလိုရာသီဥတုဖေါက်ပြန်တာ အုပ်ချုပ်တဲ့ ဘုရင်မင်းကျင့်တရားနဲ့မညီလို့ဆိုပြိး ၊

ဟစ်တိုင်ကနေအရေးဆိုကြတယ် - အဲဒီအခါမှာ ဘုရင်ကြီးကကောင်းပြိး ဒီပြဿနာကို ငါဖြေရှင်းပေးမယ်

ဆိုပြီးမူးမတ်တွေကို နန်းတော် ဥယျဉ်ထဲမှာရေကန်တခုတူးထားခိုင်းလိုက်တယ် ၊

နောက်ပြီး တိုင်းပြည်ကို မောင်းခတ်ပြိးကျေညာခိုင်းတယ် ။ အခုလာမဲ့ လကွယ်ည သန်းကောင်း

ယံအချိန်မှာ အိမ်တိုင်းအိမ်တိုင်း တအိမ်တယောက် စီနွားနို့တခွက်စီယူလာပြိ နန်းတော်ထဲမှာရှိတဲ့ရေကန်

ထဲမှလာထဲ့ရမယ် လို့အမိန့်ချမှတ်လိုက်တယ်တဲ့ ၊

ရေကန်ကိုလဲ အ၀တ်အမဲကြီးနဲ့အုပ်ထားစေပြိး မနက် မိုးလင်းမှပြည်သူများရှေ့မှာဖွင့်ရမယ်လို့အမိန့်

တော်မှတ်ထားလိုက်တယ် ၊

လကွယ်နေ့ည ကျတော့ဘုရင်ကြိးအမိန့်ချမှတ်ထားတဲ့အတိုင်းပြည်သူပြည်သားတွေ နန်းတော်ထဲ

မှာအသင့်ပြုလုပ်ထားတဲ့ရေကန်ထဲကို နွားနို့တခွက်စီသွားထဲ့ကြတာပေါ့ကွယ် ၊ အနက်မိုးလင်းတော့ ဘုရင်

ကြီးကပြည်သူတွေကိုခေါ်ပြီး အများရှေ့မှ ရေကန်ကြီးဖုံးထားတဲ့ အ၀တ်မဲကြီးကိုဖွင့်လိုက်တဲ့အခါမှာတော့

နွားနို့်ရောင်ဆိုလို့အဖြုရောင်တစက်မှ မရှိဘဲ ပကတိကြည်လင်နေတဲ့ရေတွေကိုသာတွေရတယ်တဲ့ ၊

အဲဒီတော့မှာ ပြည်သူတွေက သူတို့ကိုယ်တိုင်ညက နွားနို့မထဲ့ဘဲ ရေတခွက်စီသာလာထဲ့ခဲ့ကြတာ

ကို တွေးမိကြတယ် ၊ အော်ငါကတော့ သူများတွေ နွားနို့တခွက်စီလာထဲ့ကြမှာဘဲ ငါတယောက်ထဲ ရေတ

ခွက်သွားထဲ့ရင်ဘယ်သူမှသိမှာမဟုတ်ဘုး ဆိုပြိး အချောင်ခိုချင်တဲ့စိတ် ၊ မကောင်းတဲ့ကိုယ်ကျင့်တရားနဲ့

သွားထဲ့ခဲ့တယ် ။

ငါ့လိုဘဲလူတိုင်းစိတ်ထဲမှာလဲ ဒီလိုဘဲ အချောင်ခိုချင်တဲ့စိတ် အကောင်းတဲ့ကိုယ့်ကျင့်တရားတွေ

ရှိနေလို့ ဒီလိုဖြစ်တာပေါ့ဆိုပြိး သဘောပေါက်နားလည်သွားကြတယ် တဲ့

မကောင်းတဲ့စိတ် အချောင်ခိုချင်တဲ့စိတ်ဓါတ်တွေလူတိုင်းမှာရှိနေရင် တဦးထဲသာမက လူသားအား

လုံးကိုပါ ထိခိုက်နိုင်တယ်ဆိုတာ ကို ခလေးတို့နားလည်သဘောပေါက် သင့်တာပေါ့နော်

ကဲ ဒီနေ့တော့ မကောင်းတဲ့ကိုယ်ပိုင်အကျင့်တရား ကလေးတချိုကိုပြောပြပြိးပါပြီး နောက်ကျန်တဲ့

ကိုယ်ကပိုင်အကျင့်တရားကလေးတွေကိုနောက်အချိန်ရရင် ဆက်ပြောပြပါမယ်

လူငယ်ကလေးတွေ ကောင်းတဲ့ကိုယ်ပိုင်အကျင့်တရားကလေးတွေမွေးမြူနိုင်ပါစေ

မဂ်လာအပေါင်းနဲ့ပြည်စုံကြပါစေ

Monday 25 April 2011

တချိန်ကနှစ်သက်ခံစားခဲ့သောသိချင်းများအမှတ် ( ၄ )

တချိန်ကနှစ်သက်ခံစားခဲ့သောသိချင်းများအမှတ် ( ၄ )

ချစ်သူအမှတ်တရတေးများ

သီချင်းကိုမောင် သိပ်ကြိုက်တယ်

Banana Boat

Day – O -- Day --- O --- Till I come and we banana go home

Day – meh se-de –meh-se-de ---- meh-se—de – O---

Till I come and we banana go home -----

Work all night -- gonna drink up – O’ ran –

Till I come and we banana go home

Stack banana –till the morning - comes

Till I come and we banana go home

( Come – Mr – Tallyman Tally me banana

Till I come and we banana go home ) 3

Six foot eight seven foot --bunch

Till I come and we banana go home

Day – meh se-de –meh-se-de ---- meh-se—de – O---

Till I come and we banana go home

A Beauty bunch -- of bright banana

Till I come and we banana go home

I deep deadly black –tarachoola

Till I come and we banana go home

It Six foot eight seven foot --bunch

( Day – meh se-de –meh-se-de ---- meh-se—de – O---

Till I come and we banana go home ) 3

အဲဒီ သီချင်းကို မောင်ကြည်တိုးတို့ အဖွဲ့က မြန်မာလိုပြန်ဆိုကြတယ်လေ မဆိုးပါဘူး

နားထောင်ကောင်းပါတယ်

တံငါလှေ ( မောင်ကြည်တိုးနဲ့ အဖွဲ့ )


နောက်တကားကတော့ ( Summer Holiday )

Clliff Richard နဲ့ အဖွဲ့ နွေရာသီ ပိတ်ရက်မှာလျောက်လည်ကြတဲ့ကားပေါ့

ပျော်စရာကြီး

Summer Holiday

We are going on a Summer Holiday --

No more working for a week we go two

Fun and laughter on our summer holiday --

No more worry for me or you For a week for two

We are going the sunshine – brightly –

We are going the sea is blue

We’have seen it where sea is blue –we’have seen it in the movies

Now let’s see it is true

Every body have a summer holiday

Doing things they always wanted to

So we are going to Summer Holiday

To make our Dream Summer Holiday for me come true

For me and you

အဲနောက် တကားကတော့ River of Noreturn ( မြစ်ဆိုတာ အဆုန်တာရှိတယ် အဆန်

ရှိဘူးတဲ့ )


The River Of No Return

m...m.. If you listen you can hear it call: Wailaree (Wailaree)
There is a river called the river of no return,
Sometimes it's peaceful and sometimes wild and free.
Love is a trav'ler on the river of no return,
Swept on forever to be lost in the stormy sea
(Wailaree)
I can hear the river call
(no return, no return)
(Where the roarin' waters fall, Wailaree)
I can hear my lover call, "Come to me".

I lost my love on the river,
And forever my heart will yearn.
Gone, gone forever,
Down the river of no return.
Wailaree, wailaree..
He'll never return to me.

( မြစ်ဆိုတာ အဆုန်တာရှိတယ် အဆန်မရှိ )

မင်း သေချာ နားစိုက်ထောင်နေမယ်ဆိုရင် တော့ မင်းကြားမိမှာ ပါ

( မင်းဘယ်မှာလဲ )

မြစ် တခု က ကိုယ့်ကို ပြန်ပြောနေတယ် မြစ်ဆိုတာ အဆုန်တာရှိတယ် အဆန် မရှိဘူးတဲ့

ဟုတ် တယ် မြစ်ရေပြင်ဆိုတာ တခါတလေတော့ ပြန်ပျူးသာယာနေပေမဲ့

တခါတလေတာ့ လဲ လှိုင်းတွေ လေတွေနဲ့ ခက်ထန်ကြမ်းတမ်းလှတယ်

ငါ့ အချစ်ဟာ မြစ်ထဲမှာခရီးသွားရသလိုပါဘဲ အဆုန်တာရှိပြီး အပြန်မရှိသလိုဘဲ

ကိုယ့်ရဲ့ အချစ်ဟာမြစ်ထဲမှာပျောက်ဆုံးသွာလေရဲ့

မင်းဘယ်မှာလဲ

ငါမင်းရဲ့ခေါ်သံကိုကြာနေရတယ် ပြန်လာခဲ့ပါမောင်ရယ်တဲ့

ဒါပေမဲ့ ငါ့ရဲ့အချစ်က မြစ်ထဲမှာပျော် ကွယ်သွားနေတယ်

ငါ့ ရဲ့ အသဲနှလုံးထဲမှာတော့ အမြဲတမ်းတမ်းတနေမှာ ဘဲ

ဝေး ပြီအချစ်ရေ -- မင်ဘယ်မှာလဲ

မြစ်လိုဘဲ အဆုန်သာရှိပြီး အဆန်မရှိဘူး ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူးတဲ့လား

မောင်သုည

Wednesday 20 April 2011

တချိန်က နှစ်သက်ခံစားခဲ့သော သီချင်းများ ( ၃ )

တချိန်က နှစ်သက်ခံစားခဲ့သော သီချင်းများ ( ၃ )ပိတောက်ရိပ်ဝယ်ကိုနားတောင်ကြည့်ပါလား

ဝင်းဦးက သူချစ်သူကိုချော့နေတာလေ

ပိတောက်ရိပ်ဝယ်

အို--- ပိတောက်ရိပ်ဝယ် --- အိုပိတောက်ရိပ်ဝယ်- မှေးအိပ်လို့မပျော်တယ်-မဖြေသာတွေး-

ရွှေမာလာကလေး--သက်သေထားမိပါသေး--သာယာချစ်တေးမြ၀ယ်--တဘက်ကသစ္စာကြွယ်

ကမ္ဘာတည်ရေး--ကံသီလျှင်ဝေး--အသဲတွင်နွမ်းလျဆွေး --

ပန်းအလှနွယ်သူဇာခင်ရယ် --အသင့်လိုချင်ကိုယ့်ဘ၀ - ခဏမျှလဲလှယ်--ချစ်ကံကိုလွဲငယ်

နှင်းအပ်ပါ့မယ်--မလှတယ်ဘ၀၀ယ် - အထင်တော်လွဲသမျှခံဘွယ်--အစစမပြယ် --

(လေယူရာတလွင့်လွင့်ပိတောက်ပွင့်ကလေးတွေ--ချစ်ဖေါ်နဲ့လွဲရလို-အသဲနာသေး--ဂိုဘရို-

မဖျောက်ဆိတ်-ငိုမလိုတယေက်မအိပ်-- အို-အို- အို - ပိတောက်ရိပ်ဝယ်--) ၂

မေသာသိခဲ့ရင်--ဖြေပါလေခင်ရယ် --ဖြေလျာအခက်ဝယ်--အပြစ်မကြွယ် --

( ဟူ-ဟူ --ဟူ --

မောင်ကိုယ်တိုင်လဲမေ့ကိုဘဲချစ်တယ် -- မေကိုယ်တိုင်လဲမောင့်ကိုဘဲချစ်တယ်--

တူတူမောင်မယ်-ချစ်ရေစင်ဖျမ်းလှဲဝယ်--ဘယ်ကံစီမံချယ်လယ် --အိုရေစက်မွဲဖူးဇာလွဲပေါ့ကွယ်-

သံသရာထဲတွေ့ပြန်လဲကွဲမယ်--မေခင်ရယ်ချစ်ဒေါသအမျက်ပန်းနှင့်တယ်--မျက်ဖြေသက်သေ-

ပိတောက်ပန်းပွင့်တော့လွင့်ပေါ့ကွယ် --

(လေယူရာတလွင့်လွင့်ပိတောက်ပွင့်ကလေးတွေ--ချစ်ဖေါ်နဲ့လွဲရလို-အသဲနာသေး--ဂိုဘရို-

မဖျောက်ဆိတ်-ငိုမလိုတယေက်မအိပ်-- အို-အို- အို - ပိတောက်ရိပ်ဝယ်--) ၂ ) ၂




ငယ်ကျွမ်းဆွေ






( ပန်းပိတောက်ရွှေဝါ x အဖူးအပွင့်တွေနဲ့ x အထူးတင့်ပါဘိ-တန်ခူးချိန်ခါဝယ် x ရာသီမိဿ

ရယ် -စိတ္တရကြယ်ထွန်းလင်တော့တယ် -x စန်းငွေလရယ် လှမ်းဝေပတယ် x ပင်ကန်ကော်ဝင်းဖန့်

သင်းပျံ့လိုကြိုင်လှိုင်လေတော့တယ် x x ) ၂

( လေရူးငယ် ဆော်သွေး အော်ဆွေးဘွဲံဖန်တယ် x ဖေါ်ဝေးခဲ့ပြန်တယ် x x ခုချိန်ရောက်ရင်x

နှေင်းတစဉ်တုန်းက x ပြုံးရွှင်စွာရယ် xတာသင်္ကြရေပွဲ နွဲခဲ့ကြမောင်မယ် x- )

အချိန်တွေကုန်နှောင်းလို့ x အောင့်မေ့လိုမျှော်နေသူမယ် x-

လတခူးကျူးခဲ့ပြန်ပေါ့ကွယ် x- ကဆုန်ဆန်းမြန်းခဲ့ပါတော့မယ် -- မောင်ရောက်မလာတယ်

ဘယ်ဆီလမ်းမှန်းလို့မျှော်ရမယ် xx ရော်ကာရမ်းလွမ်းစမပျယ်တော့တယ် xx ငယ်ကျွမ်းဆွေရယ် xx


မောင်တို့ချယ်ရီမြေ



အိုxမောင့်နော်ဇာရွှေကုံး x ဂမုန်းကိုင်ရေ xx xxx ဆောင်ပို့မယ်မောင်တို့ချယ်ရီမြေ xx

အတူတူလိုက်မလားသွားမယ်မေ xx အချစ်ရေ x-

( စိမ်းစိုတင့်မော x ရိမ်းသလိုစစ်နှော xအိုချယ်ရီမြေ xx လန်းတယ်ထိုပန်းကလေးကx

တဝေေ၀ xx နမ်းဘွယ်ကိုယ်လှမ်းပေးစရာ့ x တခြွေခြွေ xx ဂန္ဓာရုံထဲ xx နံ့စွာထုံစွဲ xx သာယာ

မယ်လေ xx ချစ်သူပျော်ဘို့မောင်တို့ချယ်ရီမြေ xx ပွေ့ယူခေါ်လို့မောင်တို့ ချယ် ရိ မြေ xxxxxx

နှစ်ဖြာထွေးတဲ့ ယနေ့ညအခြေ xx ကမ္ဘာဝေးစေမမေံပေ xx ရွှင်မဆုံးပြုံးပန်းပွင့်နေ xx

ခင်ရေ xx ကြယ်ကလေးများဆုံးသို့လေ xx ရှုစားပုံမျက်လုံးတွေ xx မေကစားကာတ၀င့်ဝင့်ပါနေxx

ချစ်သဲစွဲရစ်ပေါ့မေ xx ရစ်ဝဲ ပလေ xx မြဲတဲ့နှစ်ဦးမေတ္တာ သစ္စာမိုးဆွေ xx စိတ်ကူးနဲ့မြူးတဲ့ဖေ xx

တကယ်ခင်ရင်လာပါမေ xx မောင်တို့ xx မောင်တို့ ချယ်ရီမြေ xx ) ၂

အိုxမောင့်နော်ဇာရွှေကုံး x ဂမုန်းကိုင်ရေ xx xxx ဆောင်ပို့မယ်မောင်တို့ချယ်ရီမြေ xx

အတူတူလိုက်မလားသွားမယ်မေ xx အချစ်ရေ x-


မောင်သုည

Friday 8 April 2011

တချိန်က နှစ်သက်ခံစားခဲ့သော သီချင်းများ ( ၂ )

တချိန်က နှစ်သက်ခံစားခဲ့သော သီချင်းများ ( ၂ )


ချစ်ထုံးခိုင်ခိုင်နှောင်လိုတယ်

ချစ်သူမေရယ်--အသဲစွဲယုံပါကွယ် - -ထာဝစဉ်မမုန်းရက်တယ်-ဆုံးတသက်ဝယ် -- တည်ကြည်စွာအသဲစကားတွေနဲ့ကွယ် - ချစ်ထုံးခိုင်ခိုင်နှောင်လိုတယ်

မောင်ပြောဆိုဘူးခဲ့တဲ့စကားတွေရယ် --အခြေပြုကာသာ--သစ္စာထားကာ--

ကြင်နာစရာအသဲနဲ့နှစ်မောအောင်--ချစ်ကြတာမခွဲလို့ရယ် --ရစ်ပတ်နှောင်ဖွဲ့လိုနေတယ် --

ချစ်ထုံးတွေသံသရာထဲအမြဲတစေ--ဆယ်ကမ္ဘာတိုင်ကွယ်-တည်ပါ့မယ် --ချစ်ထုံးနှောင်သူရေ-

ချစ်ကြင်နာတဲ့အပြုံးရယ် - ရူငေးလောက်ဖွယ်မောင့်ဘ၀င်ခင်တွယ်နေတယ် --

` (တနေ့မမြင်သော်ကွယ် --မောင်စိတ်ထဲမှာ တနေ့မှနေလို့မရတယ်--ကိုယ်တို့အသဲဝယ်

အသိချင်းဖလှယ် -- ချစ်တဲ့သူမောင်နဲ့မယ်-- ကြင်နာကာဘဲယုယတယ်--ချစ်-ချစ်သူဒီဇဗ္ဘူဝယ်

ချစ်နိဗ္ဗာန်သောင်ကမ်းတိုင်ဝယ်--အတူတွဲကာနွှဲကြမယ်ကွယ်--မေရယ် --) ၂

မိုးကောင်ကင်မြင့်ထက်ဝယ်--ငွေနှင်းတိမ်လွှာ-အုံ့ဆိုင်းကာလဲနေကြတယ် --လေပြေ

တိုက်ခတ်လိုက်လျှင်--လွင့်မြောကွယ်ပျောက်သွားသလိုကွယ် --မောင့်မေတ္တာဒီလိုမဟုတ်တယ်

ချစ်သူမေရယ် -- ပြာလဲ့လဲ့ကောင်းကင်သဖွယ်--တည်တန့်ခိုင်မြဲလို့ရယ် --ချစ်ထုံးခိုင်ခိုင်နှောင်လို

တယ် --

နွေညိုးလို့ရယ် - တမိုးသောက်ခဲ့တယ် --ဒီဆောင်းကိုလဲပြောင်းရပြန်ပြီကွယ်--မိန်ရာသီ

တွေ-ချိန်ခါမှီမသွေ--ဟောင်းပါစေကွယ်-တနေ့မှမောင်မေ့မရပေါင် --ယုံပါကွယ် --

ချစ်ချစ်သက်လျာ --မပစ်ရက်ပါ--ချစ်နှောင်ကြိုးကို ခိုင်ခိုင်--နှောင်- မယ် --



မြစိမ်း သီချင်းလေး



(၀ါရွှေနွဲ့သွေးကို ထာဝစဉ်ဆင်မြန်းတက်တဲ့ ၀ါရောင်ဝါသွေးချစ်သူရယ် -- ကြည်ပြာရောင်

သွေးကိုထာဝစဉ်မောင့်ကရွေးချယ်-- အပြာရောင်မောင်ကကြိုက်ပါတယ် --၀ါရွှေနွဲ့သွေးနဲ့-အပြာ

ရောင်မောင်တို့နှစ်ဦးရဲ့--ရောင်စုံယှဉ်တွဲတဲ့အခါမယ် -အဖြေဟာတယ်ဘဲကွယ့်-သေချာစွာဘဲ

ရှိမယ် - မြစိမ်း - စိမ်းတက်တယ်--) ၂

စိမ်းမြစိမ်း စိမ်းနွယ် - ကိုယ်လေနှစ်သိမ့်ရင်းနဲ့အလွမ်းဖြေပါတယ် -- ဝေးသော်လဲအသဲ

ဝယ် နှစ်သိမ့်လို့သာရောင့်ရဲ့မယ် -- ကိုယ့်ရင်ထဲအသဲဝယ် - သူလေကောင်းစားခြင်းနဲ့ရှိစေလိုတယ် -

လောကဓံရဲ့ဝဲလယ် -- တွေ့ကြတော့ကွယ်ဘယ်မမုန်းတယ် --

ဝါရွှေနွဲ့သွေးကို ထာဝစဉ်ဆင်မြန်းတက်တဲ့ ၀ါဝါမလေးချစ်သူရယ်- အဖြေဟာတကယ်ဘဲ

ကွယ်သေခြာစွာဘဲရှိမယ်- မြစိမ်း -စိမ်းတက်တယ် --









သစ္စာ ပွင့်ပန်းလန်းရာမြေ



သစ္စာပွင့်ပန်းလန်းရာမြေ၀ယ်

( နှစ်ကိုယ်တူချစ်သောဘ၀၀ယ် -- ထာဝစဉ်မခွဲ - အသဲမှဖွင့်လှစ်ရရင်ကွယ် -- ရွေပင်လယ်

ကာစီးလို့-ချောက်ကမ္ဘားတွေလဲခြားပါစေကွယ် --ကျောက်သားကျောက်ပွင့်ပမာ-မေတ္တာဆိုတာလဲ

ခိုင်မြဲနိုင်ရမယ် - တဦးဘ၀တဦးရယ်နားလည်သော်လည်းကွယ် -အသိုင်းအ၀ိုင်းရံရွှေအလယ် တင့်တယ်ဟန်ရေး-အစဉ်တွေးမှ-ရှေ့ဘ၀တွေမှာသာယာမယ်)၂ -

ဘ၀ချင်းခြားစရာရီမတွေးနဲ့ကွယ် - ဆွေးတသက်သက်ဝေးရမဲ့အဖြစ်ဆိုတာရယ်

သောကမုန်တိုင်းပုံနှယ် - တယောက်တလမ်းမခွဲလိုရင် -မိုးမြင့်မှငွေကြယ် စွတ်ခြူမှန်းဆတမ်းတမ

နေနဲ့ကွယ် --လှရာရာကိုယ်တိုင်ရွေးလို့ -- သစ္စာပွင့်ပန်းလမ်းရာမြေ၀ယ် --နှောင်တွယ်ချစ်မြဲချစ်

ခါရယ် - ဆုံးဘ၀တိုင်မုန်းရမှာကိုမလိုလားတယ် --

(အချစ်စစ်ဆိုတာရယ် - တဦးပေါ်တဦးယုံကြည်မှုနဲ့ရယ် -ထာဝစဉ်လက်တွဲဆုံးဖြတ်ရဲရမယ်)၂

နှစ်ဦးသားရဲ့အနာဂတ်ဘ၀တွေများရဲ့နောင်ချိန်ဝယ် - တင်ကြိုတွေးဆခါ ဝေးရမဲ့အဖြစ်ကို ကိုယ်မလိုတယ်-


သုံးရာသီ

( မောင် -မေ့နိုင်ဘူးကွယ်ခင့်ကို - လတွေနှစ်တွေပြောင်းလေပို --အချစ်ဦးလေးပျိုလွမ်းနေတဲ့

ရက်ကို မျှော်ယောင်ကာစာဆို -- နေ့စဉ်ဘဲတမ်းသပို -- နွေဦးကဆိုသွင်းလေရူးရပ်ကို- ဟိုညောင်

ပင်ညိုညိုငှက်ရွှေသြကချွဲပို ချစ်သူဝေးလို့အလွမ်းတွေပို -- ) ၂

( မိုးမင်းလွန်ကဲဝသန်ခါဆို --လျပ်နွယ်မြူးကျူးတော့ကို -- ရှစ်ခွင်တိုင်းမှိုင်းမုံ- ခင်ကိုဘဲမှန်း

ဆို - မေ့နိုင်ဘူးချစ်တဲ့ပျို -- ) ၂

( မြူမှုန် မှုန်ချိန်ခါဆို --မြောက်ပြန်လေညှင်းငွေနှင်းဖွေးဖွေးဆို -- တကိုယ်ရေထဲတော့--ငြီးငွေ့သလိုလို-) ၂

ထင်ယောင်ငယ် ပို -- အစဉ်ဘဲစိမ်းစို- မောင်နေရင်းရပ်ပျို -- နဂိုနေယဉ်ရှာသကို

မခို့တရို့အဆင်းကအလှပို--တွေ့မြင်ခဲ့ရအလွမ်းတွေပို --




မောင်သုည

Tuesday 5 April 2011

တချိန်က နှစ်သက်ခံစားခဲ့သောတေးများ

ချစ်ခွင့်ပေးပါချစ်သူရယ်

ချစ်ခွင့်ပေးပါချစ်သူရယ်

ရွှေလသာသာ သာသောညမှာဘဲကွယ်- မေ့ကိုမောင်ငေးလို့ဖြင့်အတွေးနယ်ကျယ်ခဲ့တယ်

တဒင်ကမြင်ရခဲ့တဲ့ ခင်နှမသက်လယ်သူဇာနွယ် - မေ့နိုင်ပါဘဲစိတ်ထဲ မောင်စွဲမိပြီကွယ်

ညချမ်းချိန်ဝယ် လေညှင်းသင်းလေတုန်းဝယ် -မွှေထုံကြိုင်လန်းဆန်းတဲ့ပန်းမာရ်ရနံ့သွယ်

မျှော်လင့်စောင့်စားလို့သူ နတ်ပန်းမြင့်ဇူပုံနှယ် - မောင့်မှာ စိတ်စောပါလို့ရင်မောမိတယ်ကွယ်

တံချူကိုင်ကာမှိုင်ငေးနေရပါတယ် - ချစ်ခွင့်ပေးပါတော့မေရယ် - တရွာသူကိုကြင်မိလို့အခက်ပို

ရတယ်- မုန်းစိတ်တွေကိုတော်ရာဖယ် - ချစ်သူရယ် - ကြယ်ကလေးတွေ

ဝိုင်းဝိုင်းလည်လမင်းအနားမယ် ။ ၀င်းပကြည်လင်ကာရယ်ထက်ကောင်းကင်ဝယ် - မိုးတိမ်မြင့်

မယ်အရှိန်တင့်တယ် ပမာသို့ကွယ် - ချစ်သူကိုယ်စား ချစ်အားကြွယ်ချစ်ခွင့်ပေးကွယ်

ချစ်အားကိုးနဲ့မောင်အမျိုးမျိုးသာတောင်းပန်ပါတယ် - သံသရာဆုံးတိုင်မမုန်းနိုင်ဘဲချစ်ပါမယ်

ချစ်တေးနော့လို့ချော့မြူပါ့မယ်ချစ်သူရယ်


အသဲစကား

အသဲနှုလုံးက ပေါက်ဖွါးချစ်ခဲ့တာပင် တကယ်နက်နဲလွန်းလို့ပင် - မဖွဲ့တက်အစဉ်

အသဲသ၀ဏ်လွှာတွေကိုလဲဆင့်သူခင် -အသဲစကားနဲ့သာဆိုမယ်ခင် -

ချစ်တဲ့သူခင်သက်ထားပျိုစင် -ချစ်ချစ်ရင်ပြုံးနေစေချင် -

နှစ်ကိုယ်ချစ်ရေး - ချင့်တွေးပါမှပင် တောင်မြင့်မိုရ်ပုံပမာတင် -

မယိုင်မလဲ- ခိုင်ခိုင်မြံ -မယိုင်မလဲမေတ္တာတရားလဲ တည်မြဲံမယ်ခင်

အသဲထဲချစ်တာလျင်- မျေတ္တာပင် - အပြစ်အနာမထင်သံသရာဆုံးမမုန်းတမ်းပင်

စွဲမြဲတဲ့အချစ်တာလျှင်-မေတ္တာဝင် - ချစ်ကမ္ဘာတွင်တည်စေကြောင်းထာဝစဉ်--

သို့ပါသော်လဲ - သို့ပေမဲ့ခင်အသဲချင်းထာဝစဉ် - နှီးနှောကြမှပင် -

တဦးကိုတဦးသိနားလည်မယ်ထင် - မောင့်သက်ပိုင်တဦးသို့သာညွန်းတယ်ထာဝစဉ် -

သံသရာဘုံအတွင်းတွင် - ဖန်လာပုံအပြစ်မမြင် -ခိုင်ခိုင်မြဲ အသဲထဲတွင် - မယိုင်မလဲစွဲမြဲထင်

ချစ်သ၀ဏ်လွှာတင် သံသရာဆုံးတိုင် မောင့်အသဲစကားပါခင်


မောင်သုည





မောင်သုံည





မေတ္တာစကား -

( မေရယ် --- ပြုံး - ပြုံး နေစမ်းကွယ် ကိုယ့်ရင်ထဲစွဲတဲ့သူရယ် - အသဲနဲ့အတူကွယ်-

သန္တာသွေး- နှုတ်ခမ်းကလေးက-ချစ်ရေးမြူစွယ် - အခွင့်ပေးသလိုကွယ် -

ချိုပြုံးရောင်မျက်နှာကလေးကို - ကိုယ်မမုန်းပေါင်-တသက်တာမွှေးချင်တယ် - ) ၂

ချစ်ပါသလားပျိုရယ် - မေတ္တာစကားဆိုမယ် -

မုန်းမေ့ပါဘူးသက်လယ် - ပြုံးမေ့အလှမှူးမျက်ချယ် -

အသဲဒေါင့်တနေရာထဲစွဲတယ် -အသက်လောက်မေကညှာပုလဲ ပုလဲ သွယ် -

ဟိုရှစ်ကမ္ဘာထိစေရော့မယ် -ကိုယ်ချစ်တာသိစေညွှန်းတယ် ကွယ် -



လန်းလန်းလှလှကြကြူလွင်

လှလဲလှလှ ချောနှမထံသို့ဝယ် -

ရင့်ရူရွယ်ရွယ် -- နှင်းမချယ်နိုင်သည့်ပန်း နှယ် --

နွယ်နယ်နုနု -- နွမ်းမှုဖြေသိမ့်ယူသော်မလွယ် --

ငြိမ့်ငြိမ့်ငြောင်းငြောင်း -- ချစ်သိအကြောင်းရွယ်

တောင်းတောင်းတတ --

ပြောင်းပြောင်းပျပျ - နှုတ်ခွန်းချိုသာ -- တေးအလှသီရရင်ကွယ် --

မုန်းမည်မှန်မှား -- ကိုယ်ထင်စားတယ် --

ဝမ်းေ၀၀ိုးဝါး - စိတ်အားငယ်ငယ် --

သွယ်သွယ်တန်းတန်း - ချစ်မုံပန်းကိုကွယ် --

လန်းလန်းလှလှကြူလွင်စေဘွယ် - တမ်းတမ်းတတ ပူပင်စေတယ် --

ပြယ်ပြယ်ပြေးပြေး - နှင်းလိုဖွေးတဲ့ -- အချစ်ဆိုတာ ရယ် - အနှစ်ဆိုဗလာကွယ် --

မြင့်မိုရ်မြင့်မြင့် --နှိုင်းချင့်တဲ့အချစ်ပိုပါတယ် -

ရည်ရွယ်ရော်ရမ်း - လှမျိုးဆန်းသူရယ် --

တင့်တောင့်တင်တတယ် - လင့်မနှောင်းနှင့်ကွယ် - ချစ်တဲ့ငုံဦး ပပဖူးပန်ဘွယ် --

မုန်းမည်မှန်မှား -- ကိုယ်ထင်စားတယ် --

ဝမ်းေ၀၀ိုးဝါး - စိတ်အားငယ်ငယ် --

သွယ်သွယ်တန်းတန်း - ချစ်မုံပန်းကိုကွယ် --

လန်းလန်းလှလှကြူလွင်စေဘွယ် - တမ်းတမ်းတတ ပူပင်နေပါ တယ် --




မောင်သုည