Wednesday 27 April 2011

လူငယ်မှတ်သားဆုံးမစကား ( အမှတ် ၁ )

လူငယ်မှတ်သားဆုံးမစကား ( အမှတ် ၁ )

မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ

လူငယ်တို့ရေ ဒီကနေ့လူငယ်မှတ်သားဆုံးမစကားအစီအစဉ်ကနေ ဒီနေ့ပြောပြချင်တဲ့အကြောင်း

ကတော့ ကိုယ်ကျင့်တရား ဆိုတာနဲ့ ကိုယ်ပိုင်အကျင့်တရားဆိုတဲ့အကြောင်းကို ပြောပြပါမယ်

လုငယ်တို့ရေ လူတွေဟာ လူ့ဘ၀မှာ ဘာအတွက် လှုတ်ရှားသွားလာလုပ်ကိုင်နေကြသလဲလို့-မေးခွန်းထုတ်ကြည့်ရင် - စားဘို့ - နေဘို့ -၀တ်ဘို့ - ဆိုတဲ့ လူ့ဘ၀ရဲအဓိကလိုအပ်ချက် ၃ ခုအတွက်ရုံး

ကန်လှုတ်ရှားကျိုးစားနေကြရတာလို့ဖြေရမှာပါ။

လူဘ၀မှာ မှန်မှန်ကန်ကန်နဲ့ အဆင့်အတန်းရှိရှိနေထိုင်စားသောက်သွားနိုင်အောင် ဘယ်လိုနည်း

လမ်းများနဲ့ကျင့်ကြံနေထိုင်ရမလဲလို့မေးလာရင်

အလွယ်ဆုံးအဖြကတော့ ကိုယ်ကျင့်တရားကောင်းဘို့ နဲ့ -ကိုယ်ပိုင်အကျင့်တရားကောင်းဘို့လိုတယ်လို့

ဖြေရမှာဖြစ်ပါတယ် ၊

ဒီနေ့ကမ္ဘာရှိတဲ့လူသားတွေအားလုံးဟာ တဦးစီတဥိးစီ မိမိတို့လိုက်နာစောင့်ထိန်းရမဲ့ကိုယ်ကျင့်

တရား နဲ့ ကောင်းတဲ့ကိုယ်ကျင့်တရားတွေကို မွေးမြုစောင့်ထိန်းကြမယ်ဆိုရင် ။ လူလောကကြီးတခုလုံး

သာယာဝပြောလာမှာဖြစ်ပြိး -ယနေ့လူသားများစိုးရိမ်နေကြတဲ့ ဘေးဥပါဒ်အန္တရယ် ကပ်ဆိုးတွေကလဲ

ကင်းဝေနိုင်လိမ့်မယ်လို့ဆိုချင်ပါတယ်၊

ကဲ -စကြပါစို့ ကိုယ်ကျင့်တရားဆိုတာနဲ့ ကိုယ်ပိုင်အကျင့်တရားလို့ဘာလို့ခွဲပြေရတာလဲဆိုတော့

ကိုယ်ကျင့်တရားဆိုတာကတော့

သီလ ပိုင်းနိုင်ဆိုင်ပြီး စောင့်ထိန်းရမယ့် တရား လူ့ကျင့်ဝတ်လို့ဆိုရမှာဖြစ်ပြီးပါတယ် -

ဥပမာ ၅ ပါးသီလ မှာ ပါဏာတိပါတာ - သူ့အသက်မသတ်ရ ၊

အဒိန္ဒဒါနာ -သူတပါးပစ္စည်းပေးဘဲ မသိဘဲနှင့်မယူရ ၊

မုသာဝါဒ- မဟုတ်မမှန်လိမ်ညာမပြောရ ၊

ကာမေသုမိတ္စာစာရ - သူ့တပါးသားမယား မပစ်မှားရ ၊

သူရမေဓရ - မူးယစ်ထုံထိုင်းဘေးဖြစ်စေတက်တဲ့ သေရည်အရက်ကိုမသောက်သုံးရ

စသည်ဖြင့် ကိုယ့်တိုင်စောင့်ထိန်းရမဲ့ကိုယ်ကျင့်တရားများအဖြစ်သတ်မှတ်ထားတာရှိပါတယ် ၊

ဒီ သီလလိုဆိုတဲ့ ကိုယ်ကျင့်တရား မစောင့်ထိန်းဘူးဆိုရင်တော့ အကျိုးစီးပွါးပျက်စီးခြင်း ၊ ဆုတ်

ယုတ်တက်ခြင်း ၊ အပါယ်ငရဲသို့ကျရောက်တတ်ပါတယ် ၊

ကိုယ်ပိုင်အကျင့်တရားဆိုတာကတော့

လူတဦးတယောက်စိမှာ ရှိတက်တဲ့ ကိုယ်ပိုင်အမူအကျင့်ကလေးတွေဘဲဖြစ်ပါတယ်

မလိုက်နာရင်အပြစ်ဒါဏ်ခံရဘို့သတ်မှတ်ထားတာမရှိဘူး ၊

မလိုက်နာရင်အပါယ်ငရဲသို့ကျနိုင်တာမျိုးလဲမဖြစ်ဘူး

ဒါပေမဲံကိုယ်ပိုင်အကျင့်တရားမကောင်းရင်တော့ဘ၀မှာတိုးတက်ကြီးပွါးဘို့အခွင့်အရေးတွေယုတ်လျော့

သွားနိုင်ပါတယ် ၊ လူပတ်ဝန်းကျင်အသိုင်းအ၀န်းမှာလဲသူတပါးရှုံချမှုကိုခံရမယ်။ကိုယ်တိုင်လဲအကျိုး

ယုတ်စေနိုင်ပါတယ် ၊

ဥပမာ ပြောရရင်တော့ နံက်စောစောထတက်တဲ့အကျင့် ၊ အိပ်ယာဝင် အိပ်ယာထမှာ သွားတိုက်ပြီး

မှ အိပ်တက်တဲ့အကျင့် ၊ ဘုရားရှစ်ခိုးပြီးမှ အိပ်တက်တဲ့အကျင့် ၊သူတပါးပစ္စည်းငှါးရမ်းသုံးစွဲပြိး ပြန်ပေးရမှာ

ပျက်ကွက်တဲ့အကျင့် ၊ အကြောင်းမဲ့သူများအိမ်အလည်သွားတက်တဲ့အကျင့် ၊ စတဲ့အကျင့်တွေပေါ့ကွယ်

အဲဒီလိုအကျင့်မျိုတွေကိုကောင်းမကောင်းခွဲခြားတက်ပြီး မကောင်းဘူးလို့ထင်ရင်

ကောင်းအောင်လေ့ကျင့်ယူရတဲ့အကျင့်မျိုးဖြစ်ပါတယ် ၊

ဟယ်ဒီကလေးက သိပ်အကျင့်ကောင်းတယ် ။ သူများပြောစရာမလိုဘူး အဲဒီလို သူများချီးမွမ်းခံရတဲ့အဖြစ်မျိုကြုံရတက်ပါတယ်

ကိုယ်ပိုင်အကျင့်တရားကောင်းများကိုမွေးမြူပြိး အလေ့အကျင့်ဖြစ်အောင်ကျင့်သုံးခြင်းဟာလဲ

လူ့ဘ၀တိုးတက်ကြီးပွါးတိုးတက်မှုကိုဖြစ်စေပါတယ်၊

ကောင်းတဲ့ကိုယ်ကျင့်တရားများဟာ ဘာတွေလဲဆိုတာ နံပါတ်စဉ်ထိုးပြိးရေတွက်ကြည့်ရင်တော့

အများကြီးရှိပါတယ်

အခုတော့ ရတဲအချိန်ကလေးမှာ ကောင်းတဲ့ကိုယ်ပိုင်အကျင့်တရား ရှိသင့်တဲ့ကိုယ်ကျင့်တရားများ

ကို တခုစီပြောပြပေးသွားပါမယ်၊

နံပါတ် ( ၁ ) ၀ီရိယရှိခြင်း ၊ ဇွဲလုံလရှိခြင်း ၊ ( တနည်းပြောရရင် ) မိမိကိုယ် ကို အမြဲလှုံဆော်အားပေးနေ

ခြင်းဆိုတာကိုပြောပြပါမယ်

ဝိရိယရှိခြင်း ၊ ဇွဲလုံ့လရှိခြင်း ထကြွနိုးကြားခြင်း ကျိုးစားခြင်း ၊ တို့ဟာမိမိကိုယ်ကို လှုံဆော်နေခြင်း

ဆိုတဲ့အထဲမှာပါဝင်ပါတယ် ။ ဘ၀ တိုးတက်ကြီးပွါးမှုအတွက် ပထမဆုံးအရေးကြီးတဲ့အချက်ဖြစ်ပါတယ် ၊

ဘာကိုမှ ကျိုးကျိုးစားစားလုပ်ကိုင်ခြင်းမရှိ ပျင်းရိနေမယ်ဆိုရင်အောင်မြင်မှုမရနိုင်ဘူး ၊ လူ့ဘ၀မှာ

တိုးတက်မှုမရနိုင်ဘူးဆိုတာလူတိုင်းသိနိုင်ပါတယ် ၊ ပျင်းရိခြင်းမရှိအောင်စတင်လေ့ကျင့်ယူရမှာကတော့

လုပ်လက်စအလုပ်တခုကိုအဆုံးသတ်အောင်ပြီးတဲ့အထိလုပ်ကိုင်ခြင်းမရှိဘဲ၊အကြောင်းအမျိုးမျိုးပြပြီးတ

ပိုင်းတစနဲ့ရပ်တန့်ထားတက်တဲ့အကျင့်ဘဲဖြစ်ပါတယ် ၊ဒါဟာပျင်းရိခြင်းရဲ့အစဘဲဖြစ်ပါတယ် ၊အဲဒီအကျင့်

မျိုးကိုယ့်မှာရှိနေရင်ဖျောက်ဖျက်ပြစ်ဘို့လိုပါတယ်၊အလုပ်ကို လုပ်ချင်လာအောင် ၊ ဆက်လက်လုပ်ချင်လာ

အောင် ကိုယ်စိတ်ကိုလှုံဆော်ပေးရပါမယ်၊ တခြားသူတွေတောင်လုပ်နိုင်တာငါဘာလို့အလုပ်နိုင်ရမှာလဲ

စသဖြင့်စိတ်ကိုအားမွေးပေးပါ ၊ အချိန်မှန်မှန်န်အိပ်ယာထဘို့ ။ အချိန်တန်ကျောင်းသွားဘို့ ၊ အချိန်မှန်မှန်အလုပ်သွားဘို့ ၊အချိန်မှန်မှန်ရေချိုးဘို့ ၊ အချိန်မှန်ထမင်စားဘို့ဆိုတဲ့အကျင့်ကိုအမြဲသတိထားပြိး

ကိုယ့်ကိုယ်ကိုလှုံဆော်ပေးနေရပါမယ် ၊

ငယ်ငယ်ရွယ်သူတွေကို မိဘတွေက ဟဲ့အိပ်ယာကထတော့ ၊ ရေချိုးတော့ ၊ ထမင်းစားတော့ လို့

အမြဲ နောက်ကသတိပေးနေခဲ့ရပေမဲ့ ကြီးလာတဲ့အခါကျတော့ တဦးတယောက်ထဲနေတဲ့အခါမှာ -ဘယ်သူ

ကမှလာပြိး သတိပေးနေမှာမဟုတ်ပါဘူး ကိုယ့်ကိုယ် ကိုဘဲပြန်ပြိးသတိပေးပေးနှိုးဆော်နေရမှာဖြစ်ပါတယ်

သိပ္ပံမောင်ဝရဲ့ ၀တ္တုဆောင်းပါးများထဲမှာမောင်လူအေးက ငယ်ငယ်တုန်ုးတော့ ဖွါးဖွေးကြိးရဲ့ကြိမ်လုံး

ကိုကြောက်လို့စောစောထရတယ် ၊ အခုတော့ တာဝန်ကြိမ်လုံးကိုကြောက်လို့စောစောထရတယ်လို့ရေး

ထားပါတယ် ၊ဟုတ်ပါတယ် ၊ အရွယ်ရောက်လာလို့ ကိုယ်ဘ၀ကိုယ်ကြောင်းရတဲ့အခါကျတော့ကိုယ့်ကိုယ်

ကိုယ်ဘဲအမြဲနှိုးဆော်ပေးနေရတယ်မဟုတ်ပါလား၊

ဘယ်အရာမဆို မကျိုးစားဘဲ သူ့အလိုလိုဖြစ်မလာနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်ထား

ဘို့လိုပါတယ်၊လူတွေဟာလပေါ်ကိုတောင်ရောက်အောင်သွားနိုင်တယ်၊အမြင့်ဆုံးတောင်ထိပ်ကိုလဲရောက်

အောင်တက်နိုင်ခဲ့တယ် ၊ ငါဒါလေးတောင်ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကိုအားပေးလှုံဆော်ပေး

နေပါ ။ အကောင်းဆုံး ဆောင်ပုဒ်ကလေးတပုဒ်ကတော့

သင်တမိနစ် ဆေးလိပ်သောက်ပြီးအချိန်ဖြုန်းနေချိန်မှာ လေယာဉ်ပျံနဲ့ခရီးသွားနေသူတယောက်က

မိုင်ပေါင်းများစွာ ခရီးပေါက်နေပြီတဲ့

နံပါတ် ( ၂ ) အချက်ဖြစ်တဲ့ အချိန်ကိုအသုံးချတက်ခြင်း - အချိန်ကိုလေးစားခြင်း ဆိုတဲ့ကိုယ်ပိုင်အကျင့်တရားအကြောင်းပြောပါမယ် ၊

အချိန်ကဇယားချပြီးလုပ်တက်တဲ့အကျင့်ဟာလူတယောက်အတွက်အရေးကြီးတဲ့အချက်တခု

ဖြစ်ပါတယ်၊တနေ့တာကိုယ်လုပ်ရမဲ့လုပ်တွေတပတ်စာ တလစာ ကိုအချိန်ဇယားချပြီးလုပ်တဲ့အကျင့်ကို

မွေးမြူပြီးလုပ်တက်သူဟာလူ့ဘ၀အောင်မြင်ရေးအတွက်တက်လမ်းရှိတဲ့လူတယောက်ဖြစ်ပါတယ်

စာသင်ကျောင်းမှာအချိန်ဇယားရှိသလို-ကျောင်းသားတယောက်မှာလဲအချိန်ဇယားရှိပါတယ်၊

အဲဒီလိုဘဲအလုပ်လုပ်တဲ့အလုပ်သမားတယောက်မှာလဲအချိန်ဇယားဆိုတာရှိရပါတယ် ၊

ကြီးမားတဲ့တာဝန်ထမ်းဆောင်ရတဲ့သူတွေ- စီးပွါးရေးသမားတွေဟာအလွန်အလုပ်များတဲ့အ

တွက်ဘယ်အချိန်မှာဘာလုပ်ရမယ်ဆိုတာကို Organizer လို့ခေါ်တဲ့ကွန်ဗြူတာအသေးစားကလေး

ကိုသုံးပြီး ၊ ဘယ်အချိန်မှာအစည်းအဝေးသွားရမယ်၊ဘယ်အချိန်မှာဘယ်သူနဲ့တွေ့မယ်၊ဘယ်နေ့မှာ

ဘယ်အလုပ်ကိုပြီးအောင်လုပ်ထားရမယ်ဆိုတာကို ကွန်ဗြူတာကနေသတိပေးနှိုးဆော်တဲ့စံနစ်ကိုသုံး

ကြပါတယ်၊ဒါဟာတကယ်လိုအပ်တဲ့အချက်တခုဖြစ်ပါတယ်၊မေ့လျော့သွားလို့အစည်းအဝေးမတက်

ဖြစ်ရင်၊ချိန်းထားသူနဲ့တွေ့ဆုံဘို့ပျက်ကွက်သွားခဲ့ရင်စီးပွါးရေးကိစ္စဆိုရင်တော့အများကြီးဆုံးရှုံးထိခိုက်

နစ်နာသွားစေမှာဖြစ်ပါတယ် ၊

အချိန်ကိုစံနစ်တကျအသုံးချတက်သလို ၊ အချိန်ကိုလေးစားခြင်းဆိုတာလဲအရေးကြီိးပါတယ်

တချိုက အချိန်ကိုမလေးစားဘူး ၊ ချိန်းထားရင်အချိန်တိတိကျကျရောက်မလာတက်ဘူး၊ပျက်ကွက်

တက်တယ်ဆိုရင်အများကလဲကိုယ့်ကို မလေးစားတဲ့အပြင် ကိုယ့်မှာလဲထိခိုက်နိုင်ပါတယ် ၊

တိုးတက်တဲ့နိုင်ငံကြိးတွေမှာလူတွေဟာအချိန်ကိုတန်ဘိုးထားပြိး တိတိကျကျလုပ်ကိုင်လေ့ရှိတာ

တွေ့ရပါတယ်၊အလုပ်အတွက်အင်တာဗျူးလုပ်ဘို့ချိန်းထားတာကိုနောက်ကျမှရောက်သွားမယ်ဆိုရင်

ကိုယ်အတွက်အလုပ်ရဘို့အခွင့်အရေးဆုံးရှံးပြီတာမှတ်ပေတော့ ၊

အချိန်နဲ့ဒီရေဟာလူကိုမစောင့် ဆိုတဲ့စကားပုံရှိပါတယ်

အချိန်ဆိုတာ တဖြေးဖြေးရွေ့လျားနေပါတယ် - ဘယ်တော့မှအချိန်ကလူကိုစောင့်တယ်ဆို

တာမရှိပါဘူး -အလုပ် လုပ်တဲ့လူကသာ အချိန်ကိုအမှိလိုက်လုပ်နေရတာမဟုတ်ပါလား

ဒါကြောင့်အချိန်ကိုလေးစားတက်တဲ့အကျင့် အချိန်ကိုမှန်မှန်ကန်ကန်တိတိကျကျအသုံးချတက်ဘို့

လုပ်တက်ကိုင်တက်တဲ့အကျင့်ရှိခြင်းဟာ ကိုယ်ပိုင်အကျင့်တရားကောင်းတခုတယ်ဆိုတာကိုပြောချင်

ပါတယ်၊၊

ဒါနဲ့ဆက်ထဲ နောက်ထက်ကိုယ်ပိုင်အကျင့်တရားတခုက

နံပါတ်စဉ် ၃ လို့လဲဆိုလို့ရတယ် ခုနက အချိန်ကိုလေးစားတက်ခြင်း ၊ အချိန်ကိုတိတိကျကျ

အသုံးချတက်ခြင်းဆိုတဲ့ အကျင့်တခုရဲ့နောက်ဆက်တွဲအကျင့်ကလေးတခုလို့လဲဆိုလို့ရပါတယ်

အဲဒါက

ကြိုတင်ပြင်ဆင်တက်ခြင်း ဆိုတဲ့ အကျင့်ကလေးတခုပါကွယ်

ဘာမဆိုကြိုတင်ပြင်ဆင်တက်ဘို့လိုပါတယ် ၊ မနက်ဖြန်ခါကိုယ်ဘာလုပ်မယ်ဆိုတာကို အချိန်ဇယား

ထဲမှာထဲ့ပြိးရုံနဲ့မပြီးသေးပါဘူ - အဲဒီကိုယ်လုပ်ရမဲ့အလုပ်မှာဘာတွေလိုမလဲ ၊ ပစ္စည်းအနေနဲ့လိုတာရှိ

မယ်၊စာရွက်စာတမ်းအနေနဲ့လိုတာရှိမယ် ၊ အ၀တ်အစားအနေနဲ့လိုတာရှိမယ်ဒါတွေကို ကြိုတင်ပြင်

ဆင်ထားတက်ကြဘို့လိုပါတယ် ၊

ကြိုတင်ပြင်ဆင်တက်ခြင်းဟာ မေ့လျော့ခြင်းကိုလဲကုစားရာရောက်ပါတယ်၊

ရေဆာတော့မှရေသောက်ချင်တော့မှ ရေတွင်းတူးလို့မရသလို - ကိုယ်လုပ်ရမဲ့အလုပ်ကို ကြို

တင်ပြင်ဆင်ထားမှတော်ကာကျပါမယ်၊

တချို့လုပ်ငန်းတွေဟာ တလကြိုပြီး ပြင်ဆင်ရသလို နှစ်နဲ့ချီပြီးကြိုတင်ပြင်ဆင်ရတာမျိုးလဲရှိ

တက်ပါတယ် ၊ အချို့ဆိုရင်သွားခါနီးမှ ဟိုရှာဒီဟာရှာ ဟိုလူကယ်ပါအုံးဒီလူကယ်ပါအုံးနဲ့ ဖြစ်တက်ကြ

ပါတယ် ၊ဒါဟာကြိုတင်ပြင်ဆင်မှုအလေ့အကျင့်မရှိတဲ့သူများမှာဖြစ်တက်တာမို့ရှက်စရာကောင်းသလို

လူ့သိက္ခာလဲကျဆင်းတက်ပါတယ် ၊

ဒါကြောင့် ကြိုတင်ပြင်ဆင်တက်တဲ့အကျင့်ကိုလဲ ကောင်းတဲ့ကိုယ်ပိုင်အကျင့်ကလေးတခုအဖြစ်

ရွေးချယ်ထည့်သွင်းပြောလိုက်ရခြင်းဖြစ်ပါတယ်၊

နံပါတ် ( ၄ ) ရေသာခို အချောင်လိုက်ချင်တဲ့ စိတ် - ဘာမဆိုလွယ်လွယ်နဲ့အချောင်ရလိုတဲ့စိတ်

တကယ်တော့ ဒါဟာစိတ်ဓါတ်ရေးရာနဲ့ဆိုင်ပေမဲ့ လူတွေမှာအကျင့်ကြီးတခုလိုရှိ

နေတက်ကြတာမို့ ကိုယ်ပိုင်အကျင့်ထဲမှာထဲ့ပြောရတာဖြစ်ပါတယ် ၊

လူတော်တော်များများ မှာ ရေသာခိုအချာင်လိုက်ချင်တဲ့ စိတ် ရှိကြတယ် ၊ ဘာမဆိုလွယ်လွယ်နဲ့

အချာင်လိုချင်ကြတယ် ၊ အဲဒါဟာ ကြီးပွါးတိုးတက်မှုကို ဆုတ်ယူစေတဲ့ ဒုတိယအချက်တချက်ဘဲဖြစ်ပါ

တယ်

အထက်လူကြီးကလက်အောက်က ငယ်သားတွေကိုတာဝန်တခုပေးရင် ငါသက်သာအောင်

ဘယ်နေရာကယူရင်ကောင်းမလဲဆိုတဲ့စိတ်ဓါတ်မျိုးရှိတက်ပါတယ်၊

ပစ္စည်းတခုကို ၀ိုင်းပြိးမကြမယ်ဆိုရင်လဲ ပေါ့တဲ့ဘက်ကရွေးပြီးမချင်ကြတယ် ၊

ငွေကိုလွယ်လွယ်နဲ့ အချောင်လိုချင်တဲစိတ်ကလဲ ကလဲကျိုးစားချင်တဲ့လျော့ကျစေပါတယ် ၊

ကြီးပွါးတိုးတက်မှုမရှိတဲ့ လူတွေ ကြီးပွါးတိုးတက်မှုနှေးကွေးနေတဲ့ တွေဟာ ရေသာခိုအချောင်

ခိုချင်တဲ့စိတ် - သက်သက်သာသာနဲ့ အချောင်လိုချင်တဲ့စိတ်ရှိသူများသာဖြစ်တယ်လို့ပြောချင်ပါတယ်၊

ဒါနဲ့ပါတ်သက်လို့ ဆရာကြားဘူးတဲ့ ပုံပြင်ကလေးတခုကိုပြောပြပါမယ်၊

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှဘုရင်ကြီးတပါး မင်းလုပ်အုပ်ချုပ်နေသတဲ့ ၊ အဲဒီအချိန်.

မှာ တိုင်းပြည်ဟာတဖြေးဖြေးနဲ့ ရာသီဥတုတွေဖေါက်ပြန်ပြိး အစာရေစာရှားပါးလာတယ် ၊ တိုင်းသူပြည်သားတွေက ဒီလိုရာသီဥတုဖေါက်ပြန်တာ အုပ်ချုပ်တဲ့ ဘုရင်မင်းကျင့်တရားနဲ့မညီလို့ဆိုပြိး ၊

ဟစ်တိုင်ကနေအရေးဆိုကြတယ် - အဲဒီအခါမှာ ဘုရင်ကြီးကကောင်းပြိး ဒီပြဿနာကို ငါဖြေရှင်းပေးမယ်

ဆိုပြီးမူးမတ်တွေကို နန်းတော် ဥယျဉ်ထဲမှာရေကန်တခုတူးထားခိုင်းလိုက်တယ် ၊

နောက်ပြီး တိုင်းပြည်ကို မောင်းခတ်ပြိးကျေညာခိုင်းတယ် ။ အခုလာမဲ့ လကွယ်ည သန်းကောင်း

ယံအချိန်မှာ အိမ်တိုင်းအိမ်တိုင်း တအိမ်တယောက် စီနွားနို့တခွက်စီယူလာပြိ နန်းတော်ထဲမှာရှိတဲ့ရေကန်

ထဲမှလာထဲ့ရမယ် လို့အမိန့်ချမှတ်လိုက်တယ်တဲ့ ၊

ရေကန်ကိုလဲ အ၀တ်အမဲကြီးနဲ့အုပ်ထားစေပြိး မနက် မိုးလင်းမှပြည်သူများရှေ့မှာဖွင့်ရမယ်လို့အမိန့်

တော်မှတ်ထားလိုက်တယ် ၊

လကွယ်နေ့ည ကျတော့ဘုရင်ကြိးအမိန့်ချမှတ်ထားတဲ့အတိုင်းပြည်သူပြည်သားတွေ နန်းတော်ထဲ

မှာအသင့်ပြုလုပ်ထားတဲ့ရေကန်ထဲကို နွားနို့တခွက်စီသွားထဲ့ကြတာပေါ့ကွယ် ၊ အနက်မိုးလင်းတော့ ဘုရင်

ကြီးကပြည်သူတွေကိုခေါ်ပြီး အများရှေ့မှ ရေကန်ကြီးဖုံးထားတဲ့ အ၀တ်မဲကြီးကိုဖွင့်လိုက်တဲ့အခါမှာတော့

နွားနို့်ရောင်ဆိုလို့အဖြုရောင်တစက်မှ မရှိဘဲ ပကတိကြည်လင်နေတဲ့ရေတွေကိုသာတွေရတယ်တဲ့ ၊

အဲဒီတော့မှာ ပြည်သူတွေက သူတို့ကိုယ်တိုင်ညက နွားနို့မထဲ့ဘဲ ရေတခွက်စီသာလာထဲ့ခဲ့ကြတာ

ကို တွေးမိကြတယ် ၊ အော်ငါကတော့ သူများတွေ နွားနို့တခွက်စီလာထဲ့ကြမှာဘဲ ငါတယောက်ထဲ ရေတ

ခွက်သွားထဲ့ရင်ဘယ်သူမှသိမှာမဟုတ်ဘုး ဆိုပြိး အချောင်ခိုချင်တဲ့စိတ် ၊ မကောင်းတဲ့ကိုယ်ကျင့်တရားနဲ့

သွားထဲ့ခဲ့တယ် ။

ငါ့လိုဘဲလူတိုင်းစိတ်ထဲမှာလဲ ဒီလိုဘဲ အချောင်ခိုချင်တဲ့စိတ် အကောင်းတဲ့ကိုယ့်ကျင့်တရားတွေ

ရှိနေလို့ ဒီလိုဖြစ်တာပေါ့ဆိုပြိး သဘောပေါက်နားလည်သွားကြတယ် တဲ့

မကောင်းတဲ့စိတ် အချောင်ခိုချင်တဲ့စိတ်ဓါတ်တွေလူတိုင်းမှာရှိနေရင် တဦးထဲသာမက လူသားအား

လုံးကိုပါ ထိခိုက်နိုင်တယ်ဆိုတာ ကို ခလေးတို့နားလည်သဘောပေါက် သင့်တာပေါ့နော်

ကဲ ဒီနေ့တော့ မကောင်းတဲ့ကိုယ်ပိုင်အကျင့်တရား ကလေးတချိုကိုပြောပြပြိးပါပြီး နောက်ကျန်တဲ့

ကိုယ်ကပိုင်အကျင့်တရားကလေးတွေကိုနောက်အချိန်ရရင် ဆက်ပြောပြပါမယ်

လူငယ်ကလေးတွေ ကောင်းတဲ့ကိုယ်ပိုင်အကျင့်တရားကလေးတွေမွေးမြူနိုင်ပါစေ

မဂ်လာအပေါင်းနဲ့ပြည်စုံကြပါစေ

No comments:

Post a Comment