Friday 11 November 2011

တန်ဆောင်မုန်းလ နှင့် ကြတ္တိကာနက္ခပွဲတော်

တန်ဆောင်မုန်းလ နှင့် ကြတ္တိကာနက္ခပွဲတော်

အချိန်ကား ပုဂံခောတ်တွင် ဖြစ်သည်

မြန်မာနိုင်ငံတောင်ပိုင်း ဥဿာပဲခူး ဟုခေါ်သော မွန်တို့ဌာနေတွင် ဂျွမ်းသူပုန်များ မကြာ

ခဏ ၀င်ရောက်တိုကခိုက်ခံနေရသဖြင့် ၊ တိုင်းသူပြည်သားများ ဆင်းရဲပင်းပန်းနေကြသဖြင့်

ဥဿာပဲခူးဘုရင်က ပုဂံအနော်ရထာမင်းထံစစ်ကူတောင်းခဲ့သည် ၊

အနော်ရထာမင်းက ကျန်စစ်သားဦးဆောင်သော ပုဂံသူရဲကောင်းများကို နှိပ်နင်းရန်စေ

လွှတ်ပေးခဲ့သည် ၊၊ ကျန်စစ်သားတို့၏ စစ်ရေးကျွမ်းကျင်စွားတိုက်ခိုက် နှိမ်နင်းနိုင်သောကြောင့်

ဂျွမ်း သပုန်တို့ ဆုတ်ခွါထွက်ပြေး ကုန်ကြသည် ၊

ဂျွမ်းစစ်သည်တို့၏ရန်ကင်းရှင်း၍ဥဿာပဲခူးသည်ငြိမ်းချမ်းခြင်းကိုရရှိသွာလေပြီ ၊ တိုင်း

တပါးသားစစ်ဝါဒီတို့၏နှိပ်စက်ကလူပြုခြင်းမှကင်းလွတ်ရသည့်အတွက်တိုင်းသူပြည်သားတို့

မည်မျှဝမ်းမြောက်ဝမ်းသာဖြစ်ကြပေမည်နည်း၊ဤအန္တရယ်ကိုတွန်းလှန်နှင်ထုတ်ပေးသောကျန်

စစ်သားနှင့်သူရဲကောင်းတို့အား ဥသာပဲခူးမင်းကဂုဏ်ချီးကျူး ပြုပွဲကျင်းပရန်နှင့် ဆုတော်လဘ်

တော်များပေးရန်အအခမ်းအနားကြီးတခုကိုကျင်းပရန်ကျန်စစ်သားတို့အားဖိတ်ခေါ်ထားသည်

ဥဿာပဲခူးမြို့သူမြို့သားတို့သားတို့သည်သူတို့ကျေးဇူးရှင်ပုဂံသူရဲကောင်းတို့အားလူကိုယ်

တိုင်တွေ့လိုမြင်လိုကြ၍သွားလေရာလာလေရာဝိုင်းဝန်းတိုးဝှေ့ကြည့်ရှုကြသည်

မွန်အမျိုးသားတို့က တွေ့လေရာတွင်သောင်းသောင်းဖျဖျကောင်းကြီးသြဘာပေး၍နှုတ်

ဆက်ကြသည်၊ မွန်အမျိုးသမီးများက ကိုယ်ဟန်နှိပ့်ချ၍အရိုအသေပြုကြသည် ၊

မွန်လူမျိုးတို့က ကျန်စစ်သားအားသဘောကျသည်မှာကျန်စစ်သားသည်အထူးသဖြင့်မွန်

စကားကိုရေရေလည်လည်ပြောတက်သောကြောင့်ဖြစ်သည်၊

အဖွားအိုကြီးများဆိုလျှင်ကျန်စစ်သားရှေ့တွင်ပဆစ်တုတ်ထိုင်ကာခြေအစုံကိုဖတ်၍

” မောင်မင်းကြီးသားကျေးဇူးရှင်တို့ကြီးရယ် ” ဟု

ဝမ်းသာအားရ မျက်ရည်သွယ်သွယ်ကျ၍ပွေ့ဖက်နမ်းရှုတ်ကြလေသည် ၊

ထိုအခါအမျိုးတွင်ကျန်စစ်သားသည် အဖွားအိုကို တယုတယမူထူ၍ ပါးရည်တွန့်နေသော

အဖွားအို၏မျက်နှာမှမျက်ရည်များကိုသုပ်ပေးရင်း

” မြင့်မိုရ်တောင်ဦးမကျူးတဲ့ ကျေးဇူးရှင်မိခင်ကြိးတို့ရယ် - ကျွန်တော်ကျေးဇူးဆပ်ခွင့်ရခဲ့

တဲ့အခွင့်အရေးလေးက တီကောင်ရဲ့ တီကျစ်စာလောက်သာရှိပါတယ် အမေရယ်လို့ ” ပြောရင်း

အဖွားအိုကို နှစ်သိပ်ရှာသည် ။ ကိုယ်တိုင်ကလည်း ရင်ထဲလှိုက်လှိုက်လှဲရှိ၍မျက်ရည်များစို့လာ

တက်သည် ၊ စိတ်ထဲတွင်ကြည်နူးမိသည် တိုင်းပြည်အတွက် မျက်ရည်သာမက နှလုံးသွေးပါလှူ

ထားသည်မဟုတ်ပါလား ။

ကျန်စစ်သားသည်ပုဂံသို့လာရောက်ကြသော မွန်ကုန်သည်၊ဇာတ်သဘင်သည်တို့နှင့်ရင်း

ရင်းနှီးနှီးဆက်ဆံကာမွန်တို့၏ဓလေ့ထုံးစံကိုလေ့လာဆည်းပူးလေရှိသည်၊ထို့အပြင်မွန်တို့၏အနု

ပညာနှင်အဆိုအကကိုစိတ်ဝင်စားခဲ့သည်ွမွန်ဇာတ်ပွဲသဘင်များကိုကြည့်ရှုလေ့ရှိသဖြင့်မွန်အက

ကိုကောင်းကောင်းကတက်သည် ၊ မွန်သီချင်းကိုကောင်းကောင်းသီဆိုနိုင်သည် ။

ကျန်စစ်သား၏ပင်ကိုယ်စရိုက်မှာ ရဲရင့်သည် ၊ ပျော်ရွှင်စွာနေတက်သည်၊ စကားတခွန်းကို

လွယ်လွယ်နှင့်မပြောတက်သလို ၊ လွယ်လွယ်နှင့် မမေ့တတ်သူဖြစ်သည် ။

ကျန်စစ်သားနှင့်မဏိစန္ဒာ

တန်ဆောင်မုန်းလပြည့်နေ့ည ကြတ္ထိကာပွဲ ဆင်နွှဲရန် နှင့် ဘုရင့်ဂုဏ်ပြုပွဲတို့ တက်ရောက်

ရန်အတွက်ကျန်စစ်သားနှင့်အဖွဲ့တမြင်းစီး၍ချီတက်လာကြသည်၊

ကျန်စစ်သားသည် စစ်သူကြီးတို့၏၀တ်စုံပြောင်လက်သောကကြိုးတန်ဆာများကိုဝတ်ဆင်လျက်ေ ရှေ့ဆုံးမှဦးဆောင်ချီတတ်လာသည်၊ သူ့နောက်က မြင်းစီးတပ်၏ဦးစီးချုပ် တပြည်သားဗျတ်ဝိ နှင့်

ဗျတ္တ၊ ညီနောင်နှစ်ပါး ၊ သူတို့နောက် မှ ဘယ်ညာ ညီညီ တန်းစီ ၍လာနေသော ညောင်ဦးဖီး ၊

ငွေထွေရူး ၊ ငလုံးလက်ဖယ် ၊တို့က မြင်းပေါ်မှနေ၍ လှံဖျားမှ ပန်းပွါးများကို မြင်းခွါချက်နှင့်အညီ

စွင့်ကာ မြင့်ကာ ချီတက်လာ နေသည် မှာ ပွင့်သစ်စနေရောင်အောက်မှာ နံနက်ခင်းလေညှင်းနှင့်

ကြည်နူးဘွယ်ဖြစ်နေသည် ၊

နန်းတော်ရှေ့အရောက်တွင်တီိးမှုတ်အသံတို့သည် တခဲနက်ညံလာသည်၊ပန်းပေါက်ပေါက်

တို့မိုးသီးမိုးပေါက်ကဲ့သို့ကျလာသည် ၊ဘုရင်နှင့်တကွနန်းတွင်သူနန်းတွင်းသားတို့မှာနန်းတော်

လသာဆောင်မှ ရှုစားနေကြသည်၊ကျန်စစ်သားတို့အဖွဲ့ က ဘုရင့်နန်းတော်ရှေ့ရောက်သောအခါ

ဘုရင်အား အရိုအသေပြုသောအားဖြင့်မြင်းများကိုဖြေးညှင်းစွာလျောက်စေသည်၊ လသာဆောင်

ရှေ့တည့်တည့်ရောက်သည့်အခါ ကျန်စစ်သားသည်အပေါ်သို့မော့ကြည့်လိုက်သည်၊ များလှစွာ

သောမျက်လုံးအစုံတို့က သူ့အားစိုက်ကြည့်နေကြသည်၊ထိုအခိုက်ရုတ်တရက်လေပြေမြူး၍လေ

ရူးတချက်ဝှေ့လိုက်သောကြောင့်စိမ်းဖန့်ဖန့်အရာဝတ္တုလေးတခုကျန်စစ်သားထံလွင့်လာသည်၊

ရုတ်တရက်မို့ ကြက်တူရွေးကလေးတကောင် လမ်းမှားပြီးလူတောထဲ ပျံဝင်လာသလားဟုထင်

ရသည်၊စင်စစ်ကား မဟုတ်မြစိမ်းရောင်ပိုးပုဝါလေးတထည်လွင့်လာခြင်းဖြစ်ပြီး ၊ ထိုပုဝါကလေး

မှာကျန်စစ်သား၏လည်ကိုလာရောက်ပတ်ချီလိုက်လေသည် ၊ ကျန်စစ်သားက ပုဝါကလေးကို

ဖြတ်ယူလိုက်ရာနူးညံ့သောအတွေ့နှင့်သင်းပျံ့သောရနံ့ကိုခံမိလိုက်စဉ်တွင် -

” အို အို လုပ်ကြပါအုံး ခင်ဦး ပုဝါလေး လွင့်သွားပြီ ခင်ဦးပုဝါလေးလွင့်သွားပြီ ”

ဆိုတဲ့ မိန်းခလေးတယောက်ရဲ့အော်သံကိုကြားလိုက်၍ ကျန်စစ်ကား က လှည့်အကြည့်

မှာတော့ လသာဆောင်လက်ရမ်းတွင် လက်ကမ်းနေသော ယမင်းပျိုမလေး တယောက်ကို တွေ့

မြင်လိုက်သည်၊ လှပကြော့ရှင်းသည့်ယမင်းပျိုကို သေသေခြာခြာစူးစမ်းကြည့်လိုသော်လည်း

သူတို၏ မြင်းတန်းကြီးက တရွေ့ရွေ့သယ်ဆောင်သွားသောကြောင့်ပုဝါလေးကိုသာနမ်းရှူ

ကြည့်ရင်း ဘ၀င်အသဲနှလုံးတို့သည် ယမင်းပျိုထံသို့သာ ပျံလွင့်နေလေတော့သည် ၊

ထိုနေ့စစ်ရေးပြပွဲပြီးသောအခါကျန်စစ်သားသည်လေနတ်သားဖူးစာရှင်ဆောင်ကြဉ်းပေး

လိုက်သောရွှေချည်မြပုဝါလေးနှင့်ရွှင်မြူးစိတ်ကူးယဉ်နေလေသည်၊မြပုဝါရှင်မိုးနတ်သူဇာလှကလျာ

သည်မည်သူဖြစ်ချိမ်မည်နည်း၊ ” အို အို လုပ်ကြပါအုံး ခင်ဦးမြပုဝါလေး - ပါသွားပြီ ” သည်အသံ

လေး နားထဲကြားယောင်နေသည်၊ ” သူနာမည် ကခင်ဦးတဲ့ လား ”

ကျန်စစ်သားသည် ဥဿာပဲခူးမင်းတွင် တဦးတည်သော သမီးကညာ မဏိစန္ဒာရှိကြောင်း

ကြားသိရပြီးဖြစ်သည်၊သို့သော် ထိုမင်းသမီးကလေး၏ငယ်မည် ခင်ဦးဖြစ်ကြောင်းကိုတော့ မသိ

ရှာသေးပါ ၊

အချစ်သည် အကြောင်းတိုက်ဆိုင်လာလျင် အချိန်အခါမရွေး - ကြီးငယ်မဟူ - အဆင့်အ

တန်းမခြား တသားတည်းပေါင်းစပ်တတ်သည်မဟုတ်ပါလော ၊ အချစ်၏ခံစားမှု နှလုံးသားရေးရာ

ပြဿနာသည် စစ်သူကြီး ပင်ဖြစ်လင့်ကစား ရင်ခုံရတက်စမြဲပင် ၊ တင်္ဂကမြင်လိုက်ရရုံနှင့် စွဲလန်း

နေသောကျန်စစ်သားမှာ မြပုဝါလေးကို တယုတယ ဖြစ်နေသဖြင့် တပည့်တွေကပင် သူကို ပြုံးကြ

သည်၊တီးတီးပြောကြသည်၊

” ဒို့ဆရာတော့ ဥဿမြေမှာ ဈာန်လျော ပဟေ့ ”

” နဖူးစာ ရွာလည်ဆို သကိုးကွဲ့  ”

” စစ်ပွဲပြီး လို့ အချစ်ပွဲနွဲရမှာပေါ့ ကွာ ”

” အောင်မာ စစ်ရေးမှာ သူရဲကောင်းရှိပေမဲ့ အချစ်ရေးမှာ သူရဲကောင်းမရှိဘူး ကွ - ဒိန်း

ဒလိန်းနတ်ဖမ်းစားရင် ခံတာချည်းဘဲ ကွ ”

” အေး ဒါဟာ အချစ်ရဲ့သဘောတရားဘဲ လေ ”

ထိုနေ့ည တန်ဆောင်းမုန်းလပြည့်နေည ဥဿာပဲခူးမြို့တော်ကြီးမှာ ကြတ္တိကာနက္ခပွဲသဘင်

ကြီး ဆင်နွဲကြမှာဖြစ်သည်၊နက္ခပွဲသဘင်၌လူတွေအရူးအမူးပျော်ကြမည်၊လူမျိုးမရွေး ဘာသာမရွေး

မဆင့်အတန်းမခွဲခြားဘဲ မည်သူမဆို ပါဝင်ဆင်နွဲပျော်မြူးနိုင်သည်၊ အ၀တ်တန်ဆာ ထူးထူးဆန်း

ဆန်းတွေဝတ်၍ မျက်နှာဖုံးများစွပ်ကာ ရုပ်ဖျက်၍ ကခုန်ကြမည်ဖြစ်သည် ၊

ထိုပွဲကို ပါဝင်ကျန်စစ်သားတို့အဖွဲ့ကိုလည်းဖိတ်ကြားထားသဖြင့် အကအခုန်ဝါသနာပါသော

ကျန်စစ်သားက ကြုံတုန်းကြုံခိုက် ပါဝင်ဆင်နွဲလိုက်မည်ဟု ကြံရွယ်လိုက်သည် ၊

အချိန်တန်၍ကပွဲသို့ ဆင်နွဲရန် အတွက် သာမန် မင်းသားတို့၏ အ၀တ်တန်ဆာကိုဝတ်စား

ဆင်ရင်ပြီး မိမိရလာခဲ့သည် မြပုဝါကလေးကို လည်တွင် ဆွဲ၍ လာခဲ့သည် ၊

မြပုဝါရှင်

နက္ခပွဲသဘင် ဆင်နွဲ တော့မည့်အချိန် တွင် ခင်ဦး မင်းသမီးကလေးသည် အဆောင်

ထည်းတွင် အထိန်းတော်ကြီး နှင့်အချီအချပြောဆို၍စိတ်ကောက်နေသည်၊

” ခင်ဦးရယ် -- ရှက်ဖို့များကောင်းပါဘိတော့တယ် -ဒီပုဝါလေးတထည်လောက်နဲ့ ဒီလောက်

တောင်ဖြစ်နေရလား - ညည်းမှာ ဒါမျိုးပုဝါတွေရာနဲ့ချီရှိနေတယ် မဟုတ်လား အေ့ - ”

” တစ်ရာ မက လို့ တစ်သိန်းဘဲ ရှိရှိ ခင်ဦး ဟာခင်ဦးပြန်လိုချင်ဒါဘဲ - အထိန်းတော်ကြီးက

ဘာမှ သိတာမဟုတ်ဘူး - ဒါ ခင်ဦး ၁၆ နှစ်ပြည့်မွေးနေ့တုန်းက ခင်မည်းတော်ဘုရားကမွေးနေ့

အထိန်းအမှတ်နဲ့ပေးထားတာ ”

” အေး လေ - အခု ၁၇ နှစ် ပြည့်တော့ လဲ ထပ်ရအုံးမှာဘဲ မဟုတ်လား - ”

” ရတော့ ကော အရင်ဟာ နဲ့ တူမတဲ့လား တူရင်ကော အရင်ဟာ ဟုတ်ပါအုံး မလား အထိန်း တော်ကြီး ရဲ့ပြောပါအုံး ”

အဲ ဒီလို ဆို ညည်း က ဘယ်လို လုပ် မှာလဲ ပြောပါအုံး ”

” အသိ ဘူး ခင်ဦး ဟာ ခင်ဦးပြန်လိုချင် တယ် - အထိန်းတော်ကြီး ရအောင် ယူပေး

ရအောင် ယူပေး

” ဟဲ့  ငါ က ဘယ် လို ယူပေးရမှာလဲ ဟဲ့

” မသိ ဘူး ရအောင် ယူပေး ယူပေး ဟင့် ဟင့် ”

စက်တော်ရာသဉ္စာပေါ်တွင် ခြေခွင်ထိုး၍ ပေါင်ပေါ်က ခေါင်းအုံး ကို လက်သီးဆုတ်ဖြင့်

ထုခါ ထုခါ အော် နေ ၏

” အထိန်းတော်ကြီး က ခင်ဦးကို နဲနဲမှ မသနားဘူး - အခု နေ ခင်ဦး ဘုန်းဘုန်းလဲပြီးသေ

သွားတာတောင် ၀မ်းသာမှာ ခင်ဦး သိပါတယ် သိပါတယ်

ဟဲ့  ဘာတွေပြောနေတာ လဲ မပြောကောင်းတာ ”

” ပြောကောင်းတယ် ပြောကောင်းတယ် - ပြောမယ် ပြောမယ် ခင်ဦး သေမယ် အခု

သေမယ် ” ဟုဆိုကာ ခေါင်းအုံးကို မျက်နှာ အပ်၍ ငိုနေသည် ၊

အထိန်းတော်ကြီး က ချော့သည် မျက်ရည်တွေ သုတ်ပေးနေသော်လည်း ခင်ဦး နှုတ်မှ

တတွက်တွက် ပြောနေတော့သည်

” သူ သူ အခု ည နက္ခပွဲမှ ကနေမှာဘဲ - ကောင်မတွေ ၀ိုင်းဝိုင်းလည်နေမှာဘဲ သူ - သူ ”

”ဟဲ့ ဟဲ့  ဘယ်သူလဲ ဟဲ့ ”

” တော့် လင်ကြီး ရှင့် တော့် လင်ကြီး ”

” ငါလင် မဖြစ်နိုင်ပါဘူးအေ ငါက အသက်ကြီးပြီ -ငယ်ငယ်ရွယ်ရွယ်တွေသာ ”

” ဟင်းနော် ခင်ဦးကို စောင်းမပြောနဲ့နော် ထိန်းတော်ကြီး ”

” အလို တော် စောင်း မပြောရပါလား တော် အိုးမလုံ အုံပွင့် ရဲ့  ”

” ပွင့် တယ် ပွင့် တယ် ” ဟုပြောပြိး အထိန်းတော်ကြီး ကျောကို ဗျောတင်ထုနေရင်း

အထိန်းတော်ကြီး နားနားသို့ကပ်ပြီးတိုးတိုးလေးပြောပြိးထွက်သွားတော့သည်

” အမလေး မလုပ်လိုက်ပါနဲ့ မယ်မင်းကြီး မရယ် ခမည်းတော်ဘုရားသိသွားမှဖြင့် မနက်

ဖြန်ငါ မျက်နှာသစ်စရာ ခေါင်းမရှိဘဲနေပါ့မယ် ”

” ခင်ဦး အလို မလိုက်ဘဲ ခင်ဦးကို စိတ်ညစ်အောင်လုပ်နေရင်တော့ အထိန်းတော်ကြီး

လဲ ခေါင်း မရှိတော့ ဘူးပေါ့ ကဲ တူမလားမတူဘူးလားပြော ”

တဦး တည်းသောသမီးတော်မို့  အစစအရာရာ အလိုလိုက်ထားရသောခင်ဦးအကြောင်း

ကိုသိထားပြိးဖြစ်သော အထိန်းတော်ကြီးမှာ တော်တော်ကလေးအသက်ရှုကြပ်နေတော့သည် ၊

” ဒင်းကလေး လုပ်ချင်တာ လုပ်ရမှ မလုပ်ရရင်တော့ ငါကို ဒုက္ခပေးတော့မှာဘဲ -”

ဟု ဆိုကာ ခင်ဦး အလို ကို လိုက် ရတော့ သည် ။

” ကဲ သဘောတော်အတိုင်း သာ လုပ်ပါတော့ ခင်ဦးရယ်

ခင်ဦး သည် သဉ္စာပေါ်မှ ခုန်ဆင်းပြီး ကြေးမုံပြင် ရှေ့မှာ သူကိုယ်သူကြည့်ကာ ပြုံး စိစိ

လုပ်နေသည် တနေ့လုံး စူထားသောနှုတ်ခမ်းနီတျာတျာ မှာ နှင်းဆီဖူးကလေးလို လှပစွာပွင့်

ဖူးလာတော့သည် ၊

နဂါးမလေး ခင်ဦး

မိုးသားတိမ်လိတ်ကင်းစင်သော ထက်ကောင်းကင်ဝယ် - တန်ဆောင်မုန်းလပြည့်ဝန်း

သည် ထိန်ထိန်သာနေတော့သည် ၊ ရွှန်းရွှန်းသာနေသည့် လရောင်အောက်မှာ ဥဿာပဲခူး

တမြို့လုံးမှာ ဆီမီးရောင်စုံဖြင့်ထိန်ထိန်လင်းနေလေ၏

တီးသံ မှုတ် သံတို့သည် ဘ၀ဂ်သို့ လျံနေ လေသည် ၊

ဂျွမ်းစစ်သည်တို့ရန်မှ ငြိမ်းချမ်းခါစမို့ မြို့သူမြို့သားတို့သည် ဤ ကြတ္တိကာ နက္ခပွဲသဘင်

ကိုအတိုးချပျော်ကြပေသည် ၊ ကျန်စစ်သားကိုအထူးဂုဏ်ပြုဘိတ်ကြားထားသောဤပွဲမှာ အမျိုး

လေးပါးရောနှောကာ မျက်နှာဖုံးစွပ်၍လာရောက်ကကြသည် ၊ ကျန်စစ်သားအား အဝေးမှသာ

အရိုအသေပြုခဲ့ရသော အမျိုးသမီးတို့သည် ယခုအခါ အနီးကပ်ကြည့်ရှုခွင့်ရသဖြင့် အပျို

တွေဝိုင်းဝိုင်းလည်အောင်ကနေကြသည် ၊

မဏိစန္ဒာမင်းသမီး ခင်ဦးသည် နဂါးမလေးအသွင်ဝတ်ဆင်ကာ စည်းချက်အတိုင်းက၍လူ

အုတ်ထဲသို့ထိုးဖေါက်ဝင်ရောက်လာကာ -ကျန်စစ်သားအနီးသို့တဖြေးဖြေးချဉ်းနိုင်ရန်ကျိုးစားနေ

တော့သည် ၊ အမျိုးသမီး အုတ်စုကများလှသဖြင့် ---

” ဒီနေရာမှာ ငါတကယ်ဘဲ နဂါးမလေးဖြစ်လိုက်ချင်တယ် - ဒါမှ ငါမျက်စောင်းထိုးလိုက်လို့

ဒီဟာမတွေအားလုံး- ပြာကျကုန်မယ် - ” ဟုစိတ်ထဲမှ ရေရွတ်မိနေသည် ၊

နောက်ဆုံးတွင် မဏိစန္ဒာမင်းသမီးလေး ကျန်စစ်သားအနီးသို့ ချဉ်းကပ်မိသွားတော့သည်၊

အမျိုးသမီးများက သူအား နောက်မှရောက်လာသူတဦးအနေဖြင့် အခွင့်အရေးပေး၍ဖယ်ပေးကြ

သည်၊ ပြောင်ပြောင်းလဲ့လဲ့ နဂါးအကြေးများနှင့်တူအောင်ချုပ်ထားသောသူအ၀တ်တန်ဆာမှာ-

ချပ်ချပ်ရပ်ရပ်ရှိ၍ သူမ၏ခါးသေးရင်ချီပဒုမ္မဏီကိုယ်လုံးလေးမှာပေါ်လွင်နေသည် ၊

သူမျက်နှာမှာ မျက်နှာဖုံးစွပ်ထားသည် ၊ ဦးခေါင်းမှ နားဂါးခေါင်းစွပ်၍နားဂါးမောက် ရှိသည်

အကြံသမားနဂါးမကလေးသည်ကျန်စစ်သားရင်ခွင်ရှေ့တွင်ကျောခိုင်းကာဒူးညွှတ်ကရင်း ကျန်စစ်

သားရင်ခွင်မှာခေါက်တွန့်ချည်ထားသော မြပုဝါခေါက်တွန့်ဂွင်းထဲသို့ သူ့နဂါးမေါက်ကိုထိုးသွင်းချိတ်

ဆွဲလိုက်သည် ၊ တဖြေးဖြေးပြေသွားသောအခါ ကိုယ် ကို တပတ်လှည့်၍ နဂါးမောက်နှင့်မြပုဝါကို ရစ်ပတ်ယူလိုက်သည်၊ထိုအခါ သူတို့နှစ်ဦးမှာ ပုဝါတန်းလန်းနှင့်ဖြစ်နေကြ၍ ဘေးမှကြည့်နေသော

ပရိတ်သတ်များက

” ဟေ့  ဒို့ မင်းသားနဂါးပတ်ကျော့ကွင်းမိနေပြီဟေ့ ” ဟု အားပေးကြ၏

သူတို့ နှစ်ယောက်သည် ပုဝါတကမ်း လက်တလှမ်း တမင်ထွင်၍ကနေသည်ထင်၍ တီးဝိုင်း

ကလည်း လိုက်ဖက်အောင် အလိုက်သင့်တီးပေးလေသည် ၊သို့သော်ခင်ဦးက သူတို့စုံတွဲ လူအုပ်

ထဲမှ ထွက်လာရအောင်ကကြိုးကကွက်နှင့် အပြင်သို့ လှဲ့ခေါ်ခဲ့သည် ၊

အပြင်သို့ရောက်သောအခါ ကျွတ်လာသော မြပုဝါကလေးကိုလက်နှင့် ဆွဲယူ၍ နဂါးမလေး

ထွက်ပြေးသွားတော့သည် ၊

စစ်သားကြီး နှင့် မင်းသမီး ဘယ်လွတ်လိမ့်မည်နည်း - အုန်းတောတနေရာမှာ ခင်ဦးလက်

မောင်းကို ဆုတ်ကိုင် ဖမ်းမိလေသည် ၊

” အမလေး လက်မောင်းအိုးကွဲရချည့်ရဲ့ လွှတ်ပါတော့ ”

” ကျုပ် ပုဝါလေး ပြန်ပေးမှ လွှတ်မယ် ဗျ ”

” ဒီ ပုဝါ ကို ရှင့် ကို ဘာဖြစ်လို့ ပြန်ပေးရမှာလဲရှင့် ”

” ဒီ ပုဝါကလေးက ကျုပ် အသက်ပါ ဒီပုဝါကလေးမှာ ကျုပ်အသက်ရှိပါတယ် ”

” ရှင်တို့ ပုဂံ သူရဲကောင်းတွေရဲ့ အသက်က ပုဝါနဲ့ထုပ်ထားသကိုး ”

” ဒီ အဓိပ္ပါယ် မဟုတ်ပါဘူး - ကျုပ်အချစ်ရဲ့ အမှတ်လက္ခဏာပါ - ဒါ ကျုပ်ချစ်သူရဲ့

ကိုယ်သုံးပစ္စည်းပါ ”

” အော် ပုဂံပြည်ကပေါ့နော် ”

ဟုတ်ပါဘူး ဒီ ဥဿာပဲခုးက ပါဘဲ ”

” ဟင် - ရှင် ဒီမြို့ကို ရောက်တာဖြင့် မကြာသေးဘူး ”

” ဟုတ် တယ် ကျုပ် သူ့ကိုတွေ့လိုက်ရတာ တော့ တဒင်္ဂက ဘဲ ”

” ဒါဖြင့် ရှင့်အချစ်က မရေရာသေးပါဘူး - ခဏလေး ရှိသေးတာဘဲ ”

” အချစ်ကို ဒီလို အချိန်နဲ့တိုင်းလို့ မရဘူး ဗျ - အချစ်က ဆေးမှင်ရည်ထိုးတာနဲ့ တူတယ်

စုတ်တချက်ထိုးပြီးတာနဲ့ - ဒီဆေးချက်ဟာ တသက်လုံးမပျောက်တော့ဘူး ဗျ ”

” အလဲ့ ပုဂံ စစ်သားက အချစ်စကားလဲကျွမ်းလှပါလား ရှင့် ”

ဟု ဆို၍ ကျန်စစ်သားအား မျက်နှားဖုံးထဲမှ ရွှန်းလဲသော မျက်လုံးအစုံဖြင့် ရွန်းရွှန်းစားစား

ကြည့်နေ၏ ၊

ရွှန်းလဲ့သော တန်ဆောင်မုန်းလပြည့်ဝန်း၏လင်းရောင်ခြည်အောက်မှ ခင်ဦး၏ မျက်ဝန်းလဲ့

ပြာပြာမှာ ကျန်စစ်သား၏ အသဲနှလုံးကို ဖမ်းစားလျက်နေလေသည် ၊ ခင်ဦး ၏ အညှိ့ဓါတ်ကို အခံ

နိုင်တော့သည့် စစ်သားကြီးမှာ -

” အို မျက်နှာ ဖုံးရှင် ကျုပ်ကို ဒီလို မကြည့်ပါနဲ့ ဗျာ ” ကျုပ်စကားတွေ ဘယ်ရောက်လို့ ဘယ် ရောက်မှန်းမသိတော့ဘူး ဗျာ ကျုပ်ပုဝါကလေး သာ ပြန်ပေးပါ ”

ထိုအခါ ခင်ဦး မျက်နှာ တွင်ပြုံးရိတ်ဝင်လာကာ

” အော် ကျမ မျက်လုံးက ဒီလောက်တောင် ဆိုရင် လဲ ရှင့်  မြပုဝါရှင်ကို မေ့မပစ် နိုင်ဘူး

လား ”

ထို အခိုက် ကျန်းစစ်သားပျောက် သွားသဖြင့် လိုက်ရှာနေသော သူ့အဖွဲ့များက အုန်းပင်

အောက်မှာ နှစ်ယောက်သားကို တွေ့သွားသည် ၊

” ဟော ဟိုမှာ ဗျို့ ကျုပ်တို့ သူရဲကောင်းကြီးကို နဂါးမလေးဖမ်းသွားတာ - လာလာ ပြန်

ပေး ဘယ့်နယ် တယောက်ထဲ အပိုင် စီးထားလို့ ဖြစ်မလဲ ”

ထို လူစုရောက်လာသည် မှာ ကျန်စစ်သားအတွက် အခါတော် သင့် အခွင့်တော်သာ သွား

လေသည် ကျန်စစ်သားက ခုန ခင်ဦးမေးလိုက်သောမေးခွန်းကို အဖြေခက်နေစဉ်အခိုက်အတန့်

တွင်ဖြစ်သည် ၊ ထိုအချိန်မျိုးတွင် မိန်းခလေးက ယောက်ျားထက်ဖြတ်ထိုးဥာဏ်ထက်လေသည်

ခင်ဦး က ကျန်စစ်သားကို တွန်းထုတ်လိုက်ပြီး တီးတိုး သံလေးဖြင့် ပြောလိုက်ပုံက --

” သွား သွား တွေ့ကြသေးတာပေါ့ - မနက်ဖြန် ရှင်လာမယ့် နေရာမှာ ကျမ ရှိနေမယ် ”

ဟုပြောပြီး ပုဝါကလေးကိုဝှေ့ရမ်းကာ အုန်းပင်များအကြားတွင့် လွင့်ပါးပျောက်ကွယ်သွားလေ

တော့သည်

ကျန်စစ်သားမှာ တော့ ---

” မနက်ဖြန် ရှင်လာမဲ့နေရာ မှာ ကျမရှိနေမယ်တဲ့ - ငါ မနက်ဖြန် ပဲခူးမင်းထံအခစားဝင်

စရာရှိတယ် - ဒါကို သူသိနေသလား ညီလာခံမှာ သူဘယ်လိုရှိနိုင်မလဲ - သူက ဘယ်သူမို့လဲ ”

ဟူသော အတွေးများဖြင့် လာခေါ်သူ အဖေါ်များနောက်သို့လိုက်သွားလေတော့သည် ၊

တန်ဆောင်မုန်းလ နှင့် တိုက်ဆိုင်နေသဖြင့် တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိသော

ကြတ္တိကာ ပွဲ အကြောင်း တင်ပြလိုက်ခြင်းဖြစ်ပါသည် ယခု အခါတွင်တော့ သည်လိုပွဲမျိုး

ကျင်းပလေ့ မရှိတော့ပါ

မောင်သုံည

Tuesday 1 November 2011

တချိန်က နှစ်သက်ခံစားခဲ့သောတေးသီချင်းများ( ၃ )

တချိန်က နှစ်သက်စွဲလန်းခဲ့သောတေးသီချင်းများ( ၃ )

ချစ်မိသူတယောက်အကြောင်း

မူရင်းအဆိုတော် - ကိုသန်းလှိုင်

ပြန်လည်ခံစားသီဆိုသူ - ရာဇာဝင်းတင့်


ချစ်မိသူ သူတယောက်အကြောင်းသိသူရယ် -- မိုးနဲ့မြေသာထိစေတော့မုန်းရန်

မရွယ် -- မေတ္တာမွှန်ကိုယ်စားနှင့်ပင် --လှဝတ်ရည်ပန်းကလေးလိုကွယ် - ချစ်အာရုံတန်

ဘိုးထားလို့ - အသဲဘ၀င်ထဲမှာ - အချစ်စစ်နဲ့လန်းဆန်းစေချင်တယ် --

ခင်မင်မေတ္တာများရယ် - - သစ္စာဘက်တော်သားနှယ် -- လှရာရာကိုယ်တိုင်ရွေး

ချယ်-နှစ်ယောက်အသဲချင်းဖလှယ်ချစ်ခဲ့ကြလေပြီးမို့ကွယ် - ( မပြေလည်စရာအကြောင်း

ကိုမရှိတယ် - ) ၂ -- ကိုယ့်ချစ်တဲ့သူသက်ဆုံးတိုင်အောင်ကြင်နာမယ် --ယောက်ထဲခွဲ

ထွက်ရမဲ့ဘ၀လမ်းခရီးကိုမောင်မရွေးချယ် -- ယုံကြည်တွေအကြွင်းမဲ့ မေတ္တာ သစ္စာများ

ထားခဲ့ပြီလားမောင့်ဘ၀အဖေါ်မွန်ရယ် --

( ချစ်မိလေသူ သူ တယောက်ဝယ် -- အသဲလဲပေးထားပြီကောကွယ် -- ပန်းပမာ

လန်းကာမနွမ်းစေကြောင်းရယ် -- ဆုတောင်းရသူ စိတ်ထဲဝယ် -- အစဉ်မပြေကြတုန်းမုန်း

တော့ အသင်္ချေဘ၀ဆုံးလဲ မရည်ရွယ် -- ) ၂

`“ မောင်တယောက်ထဲခွဲထွက်ရမယ် ဘ၀ လမ်းခရီးကို မောင်မရွေးချယ်ခဲ့ပါဘူးကွယ်

အေးအတူပူအမျှဘ၀ကို ရဲ ရဲ ၀ံ့ဝံ့ရင်ဆိုင်လက်တွဲကြပါစို့လား နော် အချစ်ရယ် `“

မေတ္တာရှင်မလေး

မူရင်းအဆိုတော် - ကိုခင်လတ်

ပြန်လည်ခံစားသီဆိုသူ - ရာဇာဝင်းတင့်

( ချစ်ရာက မုန်းရမှာ - အသဲဘ၀င်နှုလုံးဝယ်တွေးရင်မချိတယ် -- ကမ္ဘာသင်္ချေပျက်

ပြုန်းဆုံးစေကွယ် -- အဏ္ဏ၀ါရေခန်းခြောက်ပျောက်စေ-ဖေါက်မသွေနိုင်တယ် - ချစ်တာ

တခုကိုဘဲ - မေတ္တာထုနိုင်ယုံစေချင်တယ် --

( အော်-- မေ့ပျောက်လို့ကွယ် -- ရှောင်သွေမှာမောင်စိုးတယ် -- မျှော်-- ဘ၀ရဲ့အရိပ်ဝယ် --

မေသာလျင်မောင့်အသဲဝယ် -- အော်- မှေးမှိတ်မရတယ် --

တကိုယ်ရေသာ ဘ၀သံသရာထဲဝယ် )

( သံသရာ ဘ၀အဆက်ဆက်ဖြစ်တဲ့ကမ္ဘာဝယ် - တူနှစ်ကိုယ် ဆုံရပါစေသားလို့

သစ္စာတွေတိုင်တည်ရသေးတယ် -- ချစ်သူရယ် - အမှန်မှာအသဲထဲချစ်ခဲ့လို့လဲ --

မသိရက်တာတကယ် -ခင်တွယ်တာလဲ - - တမိုးအောက်တယောက်ထဲ ကွယ် -

မခွဲအတူ ကြင်မယ် - မရေရာတဲ့မောင့်ဘ၀တခွင်ဝယ် - ဖွေရှာခဲ့မောင့်အလှဒါလင်ရယ်

သစ္စာသွေလွဲ နှင့်ကွယ် - မေတ္တာရှင်သခင်မလေးရယ် --

အော်-- မေ့ပျောက်လို့ကွယ် -- ရှောင်သွေမှာမောင်စိုးတယ် --

မျှော်-- ဘ၀ရဲ့အရိပ်ဝယ် -- မေသာလျင်မောင့်အသဲဝယ် --

အော်- မှေးမှိတ်မရတယ် -- တကိုယ်ရေသာ ဘ၀သံသရာထဲဝယ် )

`“ ချစ်ရာက မုန်းရမှာ - အသဲဘ၀င်နှုလုံးဝယ်တွေးရင်မချိတယ် ချစ်သူရယ်

ချစ်ခြင်းတရားရဲ့ အဆုံးမှာ အမုန်းဆိုတာ သို့မဟုတ် ခွဲခွါခြင်း နဲ့ အဆုံး

မသတ်ချင်းဘူး နော် `“

မောင်သုည

Friday 21 October 2011

တချိန်က နှစ်သက်ခံစားခဲ့သောသီချင်းများ


မောင်းမကန်ကေသီဦး - ကိုမင်းနောင်

ဂီတစာဆို - မြတ်လေး

ရတု - နှစ်ဦးဖြစ်စုံ - ကမ်းသောင်ခုံ ၀ယ် -

ကြေးမှုံ မှန်ဝ - ရောင်နီခသို့ -

နောင်တ စိတ်တွင်-ဟပ်ရောင်ထင်သော် -

သောင်ပြင်သျှင်မှူး - ကေသီဦး နှင့် -

ချစ်ဖူးငုံငင် ချစ်ဖူးငုံငင် တူစုံထွင်လျက် -

သိုဝှက်ချစ်သည်း -

သွေးမြှင်ကမ္ပည်းတင် - ခရီးစဉ်သည် -

ပုံပြင် သစ္စာ ကိန္နရာသို့ - ဋီကာ စေလေ တည့်မှ -- စေတည့်လေ ---

မောင်းမကန်မှာ - စောင်းသံတျာချွေသီးခူးစဉ်က - ကေသီဦးခင်နဲ့ ဖူးစာပန်-

ခုအခါအမှန် - မြူးကာရန် နဘေ မထပ်တာက -( တမြေရပ်ရွာနဲ့ ) ၂ တမြို့ ကွာ

( မောင်းမကန်ကမ်းခြေဦးမှာလဲ --လွမ်းလို့သာငေးကျန်နေမယ် -- အကြောင်း

ကံ အလွမ်းပြေမြူးစရာမွဲ - - စခမ်းမြို့ကွာဝေးပြန်လေတယ် -- စောင်းသံကမ်းခြေဦး

ကလဲ - မှန်းမြို့ကာ ဆွေးရန်မပြေဘွယ် )2

တရံရောအခါက - အဖြစ်ကိုသာကွယ် - ပြန်ပြောပါမှ -အချစ်ပိုစရာရယ် - သူ

နဲ့လေတွဲ တွဲပြီး- ကမ်းတလျောက်မှာလဲ - လမ်းလျောက်ခါသာလည် - သဲပွင့်ကလေး

တွေ ဖွကာ ဖွကာ - ကစားရင်း - သည်လိုသာဘဲ အပမ်းဖြေဘ၀မယ် - သစ္စာကိုပြိုင်

တူဘဲ - သဲပွင့်ပေါ်မှာရေးခြယ် - နှစ်ယောက်သာခေါင်းငြိမ့်ခါနားလည်မှုကိုဖလှယ် -

သဲသာသောင်ခြေဦးရဲ့ - ရေစပ်ဝယ် - နွဲလာတာင်လေမြူးတဲ့လေဟပ်ဝယ် -

မခွဲလာမောင်မြေနှစ်ဦးရဲ့ အခြေဇာတ်လယ် -- အဲဒီတုန်းကများဆိုရင်ကွယ် - စင်ယော်

ငှက်ကလေးနှစ်ကောင်က ကြင်ဖေါ်သက်ပေးယောင်ပြတော့ -- အားရပါးရရယ်လိုက်

တာများရယ် -- ကမ်းခြေတစ်ပြင်လုံးပဲ့တင်ဟီးတော့တယ် -- အဲဒီချိန်မှာဘဲ ----

( လှိုင်းဇာပါးလွှာကလေး - ဗောင်ဗင်ကူးတက်ခါပြေးဆော့ - အရိုင်းစာသား-

ကဗျာလေး -သောင်ပြင်ဦးထက်မှာကြွေးနော့- သိုင်းရှာထားအသာဖေး - မောင်+ခင်

မြူးယှက်ခါပြေးဆော့ - ပြေးဆော့ခဲံ့တာကိုကွယ် - တေးကြော့ဖွဲ့ကာဆိုမယ် - ) ၂

( အိမ်မက်များပင်မက်ပါစေလို့ --- ကြိတ်ခါမှိတ်ခါဆုတောင်းတယ် -ထိမ်ဝှက်

စကားတွင် အသက်ပါနေသမို့ - စိတ်မှာ စိတ်မှာ သူ့အကြောင်းကွယ် - ပေါင်းရန်အရှည်

ရည်စူးရွယ် - အကြောင်းကံ ပြေမည်အထူးကွယ် - စောင်းသံချွေသီခူးတယ် - မောင်းမကန်ကေသီဦးရယ် -- ) 2

မောင်းမကန်က ပြန်ရောက်တော့ ကေသီ ရဲ့ 

အကို ဟုတ်တဟုတ် - ဟုတ်တဟုတ် ဆိုတဲံ့

အသံကလေး ကိုကြားရောင်နေတယ်

ပြန်လည် တွေ့ဆုံချင်ပါသေးတယ် ကေသီရယ်

ကေသီကော ဒီလိုဘဲ နော် ဟုတ်တယ် ဟုတ်

မောင်သုည

မောင်းမကန် အိပ်မက်များ

မောင်းမကန်အလှ - အိမ်မက်ညတွေ
ကာလရှည်စွာ မက်ခဲ့မိ ။
* ကိုလေးတို့ မောင်းမကန် . . . . . နဲ့ 
မောင်းမကန် ကေသီဦး . . . . . . . တဲ့
ပျိုမြစ်ရွယ်လူး ၊ ဘ၀ဦး . . . . . . . က
ကြည်နှူးဖွယ်တေးတွေ . . . . . . . . . .
ရင်မှာဝေမြဲ ၊ ပျံ့လွင့်ဆဲမို့  ။
* မောင်းမကန်ဆီသို့ 
အကြောင်းဖန်လို့ ဝေး ၊ မရောက်သေးလည်း
အေးမြဆိပ်သာ ၊ ပင်လယ်ပြာနှင့်
သဲသာသည့်လမ်း ၊ စိတ်ကမှန်း၍
လွမ်းမိနေလျက် ၊ ယနေ့ ထက်တိုင်
အိပ်မက်မက်ဆဲ ၊ တမ်းတမြဲပါ ။

( ရောင်စဉ်ငြိမ်း )

Tuesday 18 October 2011

တချိန်ကနှစ်သက်ခံစားခဲ့သော သီချင်းများ

နှောင်းသစ္စာ

ဘယ်လိုပင်ဟောင်းပေမဲ့ - နှောင်းသစ္စာက မပျယ်လေ--တယ် - ပြောင်းချစ်ကာ

ပြောင်းချစ်ခါမရခဲ့တာ မို့  -- - မေအသက်ရယ်တဲ့ - အော် - မေအသက်ရယ်တဲ့

ခက်တယ်ကွယ် --

( အတိတ်ကို အတိတ်မှာဘဲ ထားခဲ့ပါရစေလား --နှောင်းခဲ့တဲ့သစ္စာရှင်ကြီးရယ်

ပြန်ကာလှန်ကာ - မတွေးပါရစေနဲ့ကွယ် -- ချစ်ခြင်းမေတ္တာဆိုတာ - အက္ခရာသင်္ချာ

နည်းနဲ့ တွက်ဆလို့ရမယ် မထင်နဲ့ အသက်ပျိုဖြူရယ် -- အသက်လောက်မကဘဲ

အသက်လောက်တာဘဲ စွဲချစ်ရသူပါကွယ် -- မပျယ်နွမ်းတဲ့ နှောင်းသစ္စာရှင်ရယ် ) 2

လောက ကမ္ဘာမြေထုနဲ့ - အဏ္ဏ၀ါလဲ - ပျောက်ကွယ်စေတော့ - မောင်ဟာမေ့

အတွက် - အသက်ရှင်ကာရပ်တည်နေပါမယ် -- မျှော်လင့်ခြင်းကင်းပေမဲ့လဲ -- သစ္စာ

တွေရယ် - အယွင်းခဲ့တာအမှန်တကယ် -- ဘယ်လိုပင်ဟောင်းပေမဲ့ကွယ် --

( စိတ်ကူးယဉ် ကဏ္ဍထဲမှာဘဲ -- နှစ်သိပ်နေတာ ကောင်းပါသေးတယ်ကွယ် --

နောင်လာမဲ့ ကမ္ဘာမှာ လဲ --ရှောင်ခွါလွဲမရနိုင်ပါတယ် -- နှေင်းဘ၀ ရဲ့  သံသရာဝဲမှာ

လည် --- အကြောင်းမလှတဲ့ မောင်တယောက်ထဲပါကွယ် --- ) 2


မုန်းရစ်လေဦး

ရွက်ဝါ ကြွေနွေအဦိး - လေရူးပွေစ ညနေဆည်းဆာ - ဥသြဆွေ - နွေတေးရှင်ငှက်

ပင်ကိုင်းထက်မှာ --သံစာစာ နွေကြိုတေးကိုသာ -- လေးတွဲ့မှန်စွာ - တေးဖွဲ့ပြန်ရှာ --

အဖေါ်ကွဲ တကိုယ်ထည်း - - ကိုယ်လည်းမင်းလိုပါဘဲ - ကိုယ့်ဘ၀မှာ - ညိုဝါရွှေ-ညောင်း

ရွက်လေအနှော့ - မြေလျောကြွေပေါ့ - နွေတကြော့ရောက်ပြန်လေပြီတခါ -

နေ့ပေါင်းများစွာ - လပေါင်းများစွာ ကြာမြင့်သော်လည်း - ကိုယ်မမေ့သည်သာ -

နွေမှာတေးဆိုသော - ဥသြငှက်ဟာ - မိုးအခါဘယ်ဆီမှာများပုန်းရှောင်နေတာ -- ကိုယ့်

ဘ၀ကလဲ သည်သို့မရေရာ -- ကိုယ့်အလွန်ဘဲရှိပါစေလို့သာ --

ရွက်ဝါကြွေ နွေအဦး -- ညှင်းလေမြူးသလိုသာဘဲ -- ပျော်နိုင်ဘူးသည်းညှာ --

အချစ်ဆိုတာ ပြန်တောင်းလို့လဲ ရကောင်းသောအရာ - ဟုတ်ပါသလား -သက်လျာ

ဖြေစမ်းပါ -- နွေကလျာဦး -- မဖြေသာဘူး - လွမ်းမက်မူးမူးနဲ့သာ - မုန်းရစ်လေဦး -

ဘုန်းချစ်တဲ့သူရာ --


အချစ်ဆိုတာပြန်တောင်းလို့ကော ရကောင်းသောအရာ ဟုတ်ပါသလား ထားသက်လျာရယ်


မောင်သုည


Tuesday 13 September 2011

အာရပ်ကြီးတယောက် နဲ့ ကုလားအုတ်ကြီး

အာရပ်ကြီးတယောက် နဲ့ ကုလားအုတ်ကြီး

ပုံပြင်ကလေး တပုဒ်ပြောပြမယ် ကြားဘူးမှာပေါ့

တခါတုန်းက အာရပ်ကြီးတယောက် နဲ့ ကုလားအုတ်ကြီးတကောင်ရှိသတဲ့

တနေ့တော့ အာရပ်ကြီးက သူ့ကုလားအုတ်ကြီးကိုစီးပြီးသဲကန္တာရကြီးထဲကို

ဖြတ်လို့ခရီးထွက်ခဲ့တယ်၊ ညဘက်ရောက်တော့ အိုအေစစ်လေးတခုမှာ ညအိပ်စခန်း

ချနားနေတယ် ၊ ညဘတ်မှာ အာရပ်ကြီးက သူရွတ်ဖျင်တဲကလေးထိုးပြိး တဲ ထဲမှာ

အိပ်တယ် ၊ ကုလားအုတ်ကြီးက တော့အပြင်မှာဘဲအိပ်ရတယ် ၊ သူ့ ခန္ဓာကိုယ်ကအ

ကြီးဆိုတော့ ရွက်ဖျင်တဲနဲ့ က မဆန့်ဘူးလေ ၊ ညသန်းကောင်လောက်ရောက်လာ

တော့အပြင်မှာသိပ်အေးလာတာကြောင့်၊ ကုလားအုတ်ကြိးက ၊

အရှင်သခင် ခင်ဗျာ ကျွန်တော် အပြင်မှာ အေးလွန်းလို့အထဲကို ၀င်လာအိပ်ပါ

ရစေလို့ တောင်းပန်တယ် ၊

အဲဒီတော့ အာရပ်ကြီးက ဟာ ဘယ်ဖြစ်မလဲ တဲကငယ်ငယ်လေးရယ် မင်းခန္ဓာ

ကိုယ်ကြီး က အကြီး မဆန့်ဘူးလို့ ပြောလိုက်တယ်

ဒီတော့ ကုလားအုတ်ကြိး က ” ဒီလိုဆိုလဲ ကျွန်တော့ ခေါင်းလေး ဘဲ ၀င်နေလို့

ရမလားခင်ဗျာ ကျွန်တော်အပြင်မှာ အေးလွန်း လို့ပါ တဲ့ ”

ဒီတော့ အာရပ်ကြီးက သနားပြီး ” ကဲ ကဲ ဒါဖြင့်လဲ မင်းခေါင်းကလေး တဲကို

သွင်းထားလိုက်ဆိုပြီး ခွင့်ပြုလိုက်သတဲ့ ”

` အဲနောက်တခါ ကုလားအုတ်ကြီး က” သခင်ဗျာကျွန်တော့လည်းပင်းတွေကလဲ

အလွန်အေးလာတယ် လည်ပင်းကိုလဲ တဲထဲ သွင်းထားပါရစေခင်ဗျာလို့ တောင်းပန်

ပြန်တယ် ”

ဒီအခါမှာ လဲ အကျင်နာတရားရှိတဲ့ အာရပ်ကြီး က ” ကဲကဲ မင်းလည်းပင်းလဲ

တဲထဲ နဲ နဲ သွင်းလိုက်ဆိုပြီး ” သူ့နေရာလေးကို နဲနဲ ကျုံ့ ပေးလိုက်တယ်

နောက်တော့ ကုလားအုတ်ကြီးက တဲထဲမှာနွေးထွေးတဲ့ အရသာကို တွေ့တွေ့

လာတော့ တဖြေးဖြေးနဲ့ သူ့ ခန္ဓာကိုယ်ကြီး ကို တဖြေး ဖြေးချင်းတိုး တိုးဝင်လာပြီး

နောက်ဆုံး မှာတော့ အာရပ်ကြီး ကို သူ့ ကိုယ်လုံးကြီး နဲ့ တွန်းထုတ်လိုက်တော့ တယ်

တယ် တဲ့ ကွယ် အာရပ်ကြီး လဲအပြင်ရောက်သွားတော့တာပေါ့

ပုံပြင်ကလေးကတော့ ဒါပါဘဲ ကွယ်

ဒီသီချင်းလေး ကိုလဲ နာထောင်ကြည့်ပါအုံး

မြန်မာပြည်သိန်းတန် ရဲ့ ငြမ်း ကလေး နဲ့ လှေကလေး တွေ တဲ့

မောင်သုည


Myanmarpyi Thein Than - Nyan | Online Karaoke


မောင်သုည



Wednesday 10 August 2011

ကျွန်တော် ဂိုးဖမ်းသမား


ကျွန်တော် ဂိုးဖမ်းသမား
ဟောခမျာ ဗဟာဒူးဆီဘောလုံးရောက်လာပြီခင်ဗျ
ဗဟာဒူး လွတ်လွတ်ကျွတ်ကြီးဆွဲသွားတယ်ခင်ဗျ
ပိုင်နယ်တီ ဧရိယာထဲရောက်နေတယ် ကိုကိုကြီးကိုပေးတယ်ခင်ဗျ
ကိုကိုကြီး ညာခြေ နဲ့အသာကလေးကန်ပြီး ဆိုင်းကိုပေးတယ်ခင်ဗျ
ဆိုင်းရှူး ပြီ ရှူး ပြီး ကန်လိုက်တယ် ခင်ဗျာ
ဒါပေမဲ့ ဂိုးသမားမိသွားတယ် ခင်ဗျာ
ဘယ်ရမလဲခင်ဗျာ့
ကျွန်တော်က ဘောလုံးကိုသေသေချာချာဂရုစိုက်ကြည့်နေတာကိုး -
****** ****** ******
နောက်တလုံး လာပြန်ပြီခင်ဗျ
ဗဟာဒူးသယ်လာတယ် ။ ဘော်လုံးကို တော့ကာ တော့ကာနဲ့
တလုံးဆင်း တလုံးတက် တလုံးဆင်းတလုံးတက် နဲ့
ကြည့်ရတာ အသဲယားစရာ ခင်ဗျ
ကန်တယ်ခင်ဗျာ ကျွန်တော် ပုတ်ထုတ်လိုက်တယ် ခင်ဗျ
ဘော်လုံးပြန်ထွက်သွားတယ်ခင်ဗျာ
ဒါပေမဲ့ ကျွန်တော့် လက်မကလေးတော့ နဲနဲနာသွားတယ်
ကျွန်တော် တလုံးဆင်း တလုံးတက်ကလေးကို သာ ငေးနေလိုက်ရင်
ဂိုးသွင်းခံရမှာသေချာတယ်
***** ***** ***** *****
ဟောနောက်တလုံးသယ်လာပြန်ပြီခင်ဗျာ
ဗဟာဒူးကို အားပေးသံတွေက တကွင်းလုံးဆူညံနေတယ်
ကန်လိုက်ပါတော့ လား ဟိုဘက်မှာ လွတ်နေတယ်
ဂိုးသမား ပြာနေတယ် ဘာလုပ်နေလဲ ကန်လိုက်လေ
ကန်တယ်ခင်ဗျာ
ဒါပေမဲ့ ဂိုးသမား မိသွားတယ် ခင်ဗျာ
မရဘူးလေ ဘေးကအသံတွေကို ဂရုစိုက်နေရင် ဂိုးဝင်သွားမှာပေါ့
မျက်စိက အဆင်းကိုမြင်တယ် အဲဒါမြင်စိတ်ပဲ
မြင်တာ ကို မြင်မှန်းသိ သတိ
ငါမြင်တယ် ဆိုရင် တော့ လိုချင်တယ် စွဲလမ်းမယ် တပ်မက် မယ်
နောက် တော့ ရအောင် အားထုတ်တော့မယ်
ဒါဆိုရင် သင် ဂိုးသွင်းခံလိုက်ရပြီ
အပါယ် ကျမဲ့ဂိုး
နား က အသံကိုကြားတယ် - အဲတာကြားစိတ်ပေါ်တာပဲ
ကြားတာကို ကြားမှန်းသိ သတိ
ငါကြားတယ် ဆိုရင်တော့ သာယာလိုက်တဲ့အသံလေး
အသံရှင်ကလေးကဘယ်သူလဲ စသည် စသည် နဲ့
တပ်မက်မယ်အားထုတ် ကြိုစားမယ် ဆိုရင်တော့
သင် ဂိုးသွင်းခံလိုက်ရပြီ
အပါယ်ကျ မဲ့ ဂိုး
လျှာ မှာ လဲ ရသာစိတ်ပေါ်မယ်
ကိုယ်အရေပြားမှာ ထိသိစိတ်ပေါ်မယ်
နှခေါင်းမှာ နံသိစိတ်ပေါ်မယ်
မနော မှာတော့ တွေးတော ကြံစည်စိတ်တွေပေါ်မယ်
ခန္ဓာကိုယ် ရဲ နေရာ ၆ နေရာကနေ ဂိုးတွေသွင်းနေတယ်
တနေ့ကို သင် ဂိုးဘယ်နှစ်လုံးသွင်းခံနေရသလဲ
တဂိုးသွင်းခံရရင် အပါယ် တခုကျမယ်
အဲ ဒါ အပါယ်ကျမဲ့ ဂိုတွေနော်
ဒါကြောင့်ဗုဒ္ဓက
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံတဲ့ သတိတရား တို့ဖြင့်..
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..
ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့
==မေ့တတ်တဲ့ ၀ါသနာတွေကို..
==တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
==အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။ တဲ့
မောင်သုည
အမာစိန် - ဘော်လုံးပွဲ


ှ့ဗီဒီယိုကြည့်ချင်ရင်
http://www.divshare.com/download/15492682-c72


Saturday 6 August 2011

သင်သေမဲ့ရက်ကို ကြိုသိရင်


သင်သေမဲ့ရက်ကို ကြိုသိရင်

သင်ဘယ်နေ့သေမလဲဆိုတာ တွက်ကြည့်လိုက်ရအောင် ဆို တဲ့ Post တခု ကို

  • အညာသား က ရေးသားတင်ပြထားပါတယ် ( ဇွန် 23, 2011 )
အောက်ကလင့်လေးကနေသွားလိုက်.....ပါတဲ့
http://www.deathclock.com/index.cfm
အဲဒီ လင့်ကလေးကို သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ကိုယ့် အတွက် ဘ၀လက်ကျန်အချိန်ကလေးကို
တော့ သိထားသင့်ပါတယ် အဲတာကြောင့်
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) က
လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့လို ဆိုပြီး
ဘ၀ရဲ့လက်ကျန်ဇယားကို ဒီလိုတွက်ပေးထားပါတယ်

သင့်အသက်
သင်သုံးခဲ့ပြီးသောအချိန်
ဘ၀၏လက်ကျန်အချိန်
၁၅ နှစ်
၅၄၇၅ ရက်
၂၁၉၀၀ ရက်
၂၀ နှစ်
၇၃၀၀ ရက်
၂၀၀၇၅ ရက်
၂၅ နှစ်
၉၁၂၅ ရက်
၁၈၂၅၀ ရက်
၃၀ နှစ်
၁၀၉၅၀ ရက်
၁၆၄၂၅ ရက်
၃၅ နှစ်
၁၂၇၇၅ ရက်
၁၄၆၀၀ ရက်
၄၀ နှစ်
၁၄၆၀၀ ရက်
၁၂၇၇၅ ရက်
၄၅ နှစ်
၁၆၄၂၅ ရက်
၁၀၉၅၀ ရက်
၅၀ နှစ်
၁၈၂၅၀ ရက်
၉၁၂၅ ရက်
၅၅ နှစ်
၂၀၀၇၅ ရက်
၇၃၀၀ ရက်
၆၀ နှစ်
၂၁၉၀၀ ရက်
၅၄၇၅ ရက်
၆၅ နှစ်
၂၃၇၂၅ ရက်
၃၆၅၀ ရက်
၇၀ နှစ်
၂၅၅၅၀ ရက်
၁၈၂၅ ရက်
၇၅ နှစ်
၂၇၃၇၅ ရက်
ကုန်နေပြိနော်တဲ့










လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။


ဘာဘဲ ဖြစ်ဖြစ် သင့်အနေနဲ့  ကိုယ်သေမဲ့ နေကိုကြိုတင်သိ နေခဲ့ရင် ဘယ်လို လုပ်မလဲ
နောက် ၁၀ နှစ် မှာသေမယ် ။ နောက် ၅ နှစ်မှာသေမယ် နောက် ၁ နှစ် မှာသေမယ်
နောက် အချိန်ပိုင်းအတွင်းမှာသေမယ် ဆိုတာ ကြိုတင်သိနေရင် သင်ဘယ်လို လုပ်မလဲ
သင့်စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်မလဲ ဆိုတာ
သိချင်လို့  နည်းစပ်ရာ မိတ်ဆွေတချို့မေးကြည့်တော့ သူတို့ က ဒီလိုဖြေကြပါတယ်
မေး = ကိုယ်သေမဲ့ နေ့ကို ကြိုသိခဲ့ရင် သင်ဘယ်လို လုပ်မလဲ ဖြေပေးနိုင်မလား
ပြည့်ဖြိုသူ
ဘဝအတွက် အကောင်းဆုံး အလုပ်သင့်ဆုံးထင်တဲ့ အလုပ်တွေပဲ ရွေးလုပ်တော့မှာပေါ့.. မလုပ်သင့်ဘူးထင်တဲ့အလုပ်တွေ မလုပ်တော့ဘူး
knwaing: လုပ်ပေးနိုင်သလောက်ကို အားလုံးအတွက် ဆက်ပြီးဖြည့် ဆည်းပေးသွားမယ် ။ ပြီးရင် ပျော်ပျော်ကြီး သေမယ်
dr.green199: မသေခင်အထိပျော်ပျော်လေးနေမယ်
မေး = ကိုယ် သေမဲ့ ရက်ကို ကြိုသိရင် သင်ဘယ်လို လုပ်မလဲ ဆိုတာလေးဖြေပေးပါလား
Hnin: ဟုတ်ကဲ့
ကာကွယ်လို့ရရင် ကာကွယ်ကြမယ့်သူချည်းပဲလေကာကွယ်လို့မရခဲ့ရင်တော့
စိတ်ညစ်နေကြမှာပဲလူ ၁၀၀ မှာ၃၀ လောက်ကပဲတရားသဘောနဲ့ဆင်ချင်မှာ
သေဖို့ပြင်ဆင်ကြမှာလေလူဆိုတာသေမှာကြောက်ကြတယ် သေမယ့်ရက်ကို
အတတ်တနိုင်ဆုံး လူတိုင်းက သေရမှာကြောက်ကြတယ်ဆွဲဆန့်ထားမှာပဲလေ
မေး = သင် သေမဲ့ရက်ကို ကြို သိရင် သင်ဘာလုပ်မလဲ
polen ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်မှာပေါ့
ဒါဘဲ လား
polen ပျော်ပျော်နေမယ် ရတဲ့အချိန်လေးမှာ
nectar သေမယ့်၇က်သာကြိုသိ၇င်မယ်ဆိုရင်
ခရီးတွေအကုန်လျှောက်သွားမယ်
2 me: နောက် ကော
ခ၇ီးဘဲသွားမှာလေ အင်း
ဟုတ်တယ် လျှောက်စားမှာ လျှောက်သွားမှာ ကမ်းးဖြေလိုနေ၇ာတွေကို
htethtetaung သေမယ့်အချိန်သိခဲ့ရင် မလုပ်ဖူးတာတွေလုပ်မယ်
ပြီးရင် ကောင်းမှုကုသိုလ် လုပ်မယ် နောက်ဘ၀အတွက်ပါအောင်လို့
ဖြေထားကတာတွေ ကို ခြုံကြည့်လိုက်ရင်တော့ ဘ၀မှာ ကောင်းတာတွေ လုပ်ချင်တာတွေကိုလုပ်ပြီး ပျော်ပျော်ကလေးနေပြီး ပျော်ပျော်ကလေး သေချင်ကြတယ်ဆိုတာ တွေ့ရပါတယ်
အခု ကိုယ်ရထားတဲ့ ဘ၀ ကလေးဟာအလွန်တန်ဘိုးရှိပါတယ် အဲဒီလို အင်မတန် တန်ဘိုးရှိတဲ့ဘဝ
ကလေးကို တန်ဘိုးရှိအောင် အသုံးမချတက်ရင် အလွန်နစ်နာမှာစိုးပါတယ် ရတဲ့ ဘ၀လေးရဲ့အချိန်ကလဲ အင်
မတန်တိုတောင်းပါတယ် ၊ ဘ၀သံသရာကြီးက ရှည်လျားလွန်းလို့ အခု ဆက်ဆံကြုံတွေ့နေရတဲ့သူတွေဟာ
ဆွေမျိုးညီအကိုမောင်နှမ မတော်ဘူးသူမရှိဘူးလို့ဆိုထားပါတယ်
ဒါကြောင့် မိဘဆွေမျိုး ညီအကိုမောင်နှမ မတော်စပ်ခဲ့ဘူးသူတွေကို ကျေူဇူးဆပ်တဲ့အနေနဲ့ တင်ပြလိုက်ပါတယ်
သတ္တ၀ါတွေဟာ ဘ၀သံသရာကြီးထဲမှာ လူ ဖြစ်လိုက် နတ်ဖြစ်လိုက် ဗြဟ္မာဖြစ်လိုက် တရိစ္ဆာန်ဖြစ်လိုက် နဲ့ မဆုံးနိုင်အောင် လည်ပတ်နေကြတယ်ဆိုတာယုံကြည် လက်ခံထားကြရဲ့လား
( ကိုယ်သေတဲ့အရိုးတွေကို တောင်လိုပုံထားမယ်ဆိုရင်( ၇ ) ရက်တက် ( ၇ ) ဆင်းရတဲ့တောင်လောက်မြင့်
တယ်တဲ့ - ဒါတောင် အရိုးမရှိတဲ့ သတ္တ၀ါအဖြစ်နဲ့သေတဲ့ ဘ၀ တွေမပါသေးဘူးနော်)
အခု လူ့ဘ၀ ရပြီး နောက် သေရင် ဘယ်ဘ၀ရောက်မယ်ထင်သလဲ
တနေ့မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ချစ်သားအာနန္ဒာ ငါ၏လက်သဲပေါ်ရှိမြေမှုံအရေအတွက်နဲ့
ဟောဒီမဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့ မြေမှုံအရေ အတွက်ဘယ် ကများသလဲ လို့ မေးလိုက်တဲ့အခါမှာ
အရှင်အာနန္ဒာ က အရှင်ဘုရားလက်သဲပေါ်မှာရှိတဲံ မြေမှုံ အရေအတွက် ကဘာမှ မပြောပလောက်ပါ
မဟာပထီမြေကြီးပေါ်ရှိမြေမှုံအရေးအတွက် က အဆမတန်များပါ တယ်ဘုရားလို့ ပြန်လျှောက်တယ်
ဒီအခါ မှာ မြတ်စွာဘုရား က ဟုတ်တယ် လူတယောက်သေပြီး ကောင်းရာသုဂတိ ရောက်တဲ့ အရေအတွက်
ဟာ ငါရဲ့  လက်သဲပေါ်မှာရှိတဲံ့မြေမှုံလောက်သာရှိတယ်ကျန်တဲ့ ဟောဒီမဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့မြေမှုံ
အရေအတွက်ကတော့ မကောင်းတဲ့ အပါယ်ဘုံကိုရောက်ကြတာဘဲလို့ မိန့်တော် မူသတဲံ့
သင်ကော ဘယ်အထဲမှာ ပါချင်သလဲ လက်သဲပေါ်ကမြေမှုံထဲမှာ လား
မဟာ ပထ၀ီမြေကြီးအထု ရှိတဲ့မြေမှုံထဲမှာ လား
အခု ဒီဘ၀ မှာ လူအဖြစ်နဲ့လာတွေ့ဆုံနေကြရတယ် နောက် နှုတ်ဆက်ပြီး ခွဲခွါသွားတဲ့အခါမှာ ငါတော့ ဒီထက်ကောင်းတဲ့နေရာကို သွားပြိဟေ့လို့ ဆိုပြီး နှုတ်ဆက်သွားရင် တာ့တာ့ လုပ်တဲ့လူက က လဲ ၀မ်းသာ
ရွှင်မြူစွာနဲ့ တာ့တာ့ လုပ်ရမှာပေါ့ ၊
ဒါပေမဲ့ ဒါတော့ ဒီထက် ပိုဆိုးတဲ့နေရာကို သွားရတော့မယ် ဟေ့ဆို ရင်တော့ နှုတ်ဆက် တဲ့သူ က ဘယ်စိတ်
ကောင်းပါ့မလဲ နော်
ဒါကြောင့် မိုးကုတ်ဆရာတော် ဘုရား ကြီး က
အသေ မဦိးခင် ဥာဏ် ဦးအောင်လုပ် ပါလို့  ဆုံးမထားပါတယ်
ဥာဏ် က မဦးဘဲ အသေက ဦးသွားမှာ စိုးလို့ ဖြစ်ပါတယ်
ဥာဏ် ဦးတယ်ဆိုတာ ဘာလဲ
သေရင် အပါယ် မကျအောင် လုပ်ထား တာကို ဆိုလိုပါတယ်
သေရင် အပါယ် မကျအောင် ဘယ်လို လုပ်ရမလဲ
ဒိဋ္ဌိပြုတ်ရင် အပါယ် မကျ နိုင်ဘူး
ဒိဋ္ဌိဆိုတာဘာလဲ
၁ - အခု ရထားတဲံ့ ခန္ဓာကြီး ကို ငါဘဲ ယေက်ျားဘဲ မိန်းမ ဘဲ ပုဂ္ဂိုလ်ဘဲ သတ္တ၀ါဘဲလို့ ထင်နေတာ
မှတ်နေတာ ၊ စွဲ နေတာ ၊
၂ - သေပြိးရင် နောက် ဘ၀ တခုဖြစ်သေးတယ်လို့ ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
ဝိညာဉ် ဟာခိုင်တယ်မြဲတယ် ဘယ်တော့မှ မသေဘူး နောက်ဘ၀မှာ နောက်ခန္ဓာတခုမှာ
ပြန်ဖြစ်တယ်လို့ ယူတဲ့အယူ
( လောက်လန်းသဘွယ်ဝိညာဉ်တွယ်ဆိုသလို လူတယောက်သေသွားရင်နောက်ဘ၀မှာတခုတခု
သွားဖြစ်တယ် ၀ိညာဉ်ကလေးကတော့ မသေဘူး ဒီခန္ဓာကို စွန့်ပြီးနောက်ခန္ဓာမှာ ၀င်တယ်လို့ယူ
တဲ့အယူ ( အသက် ထွက်သွားတယ် ဆိုတဲ့အယူ )
၃ - သေပြီးရင် နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
တချို့ တော့ သေပြိး ရင် ပြိးတာဘဲ နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ယူတဲ့အယူ
သင် ဘယ် အယူကိုယူထားသလဲ အဲဒီအယူ တမျိုးမျိုး ယူထားရင်တော့ သေရင် အပါယ်ကျမှာဘဲ
ဒါကြောင့် ရင်ဝလှံစူး - ဦးခေါင်းမီးလောင် ဒိဋ္ဌိအမြန်ရှောင်ပါတဲ့
ကိုယ့်ရင်ဝကို လှံစူးမယ် ဆိုလျင် အလျှင်ဆွဲနှုတ်မယ် မဟုတ်လား
ကိုယ် ဦးခေါင်းက ဆံပင်ကို မီးလောင်ရင် အလျှင်ငြိမ်းသတ်မယ် မဟုတ်လား
အဲ ဒါ ထက် အလျင်ဦးအောင် ကိုယ့်မှာ စွဲနေတဲ့ ဒိဋ္ဌိ အယူကို အမြန် ပျြတ်အောင်ဖြုတ်ပါတဲ့
ဒိဋ္ဌိအယူအမပြုတ်ဘဲ သေရင် သံသရာ ထဲမှာ လည်နေအုံးမှာ ဘဲ အရိုးတွေတောင်လိုပုံနေအုံးမှာဘဲ
ဒိဋ္ဌိပြုတ်ပြိးသေမယ်ဆိုရင်တော့ အနဲဆုံး ခုနှစ် ဘ၀ ဘဲ သေစရာရှိတော့ တယ် နောက်ဆုံးဘ၀ မှာ
မအိုရာ မနာရာ မသေရာ ( နိဗ္ဗာန် ) ကို မျက်မှောက်ပြု နှိင်မှာဖြစ်ပါတယ်
ကဲ ဒိဋ္ဌြိ့ဖုတ်ကြရအောင်
ဒိဋ္ဌိဖြုတ်တာ အဆင့် ၂ ဆင့် ရှိ ပါတယ်
ပထမ အဆင့်က အသိ နဲ့ အလျင် ဖြုတ်တဲ့ နည်းပါ
ဒုတိယ အဆင့် က အပွါးဥာဏ် အပါယ် ဥာဏ်နဲံ ပြုတ်တဲ့ နည်းပါ
ပထမအဆင့် အသိ နဲံ့ ပြုတ်ရင်တောင် တစ်ဘ၀ နှစ်ဘ၀ တော့ အပါယ် မကျနိုင်ဘူး
ဒုတိယ တတိယ ဘ၀ မှာ အပွါးဥဏ် နဲ့ပြုတ်ပြီး မအိုရာ မနာရာ မသေရာ ( နိဗ္ဗာန် ) ကို မျက်မှောက်ပြု နှိင်ပါတယ်
ကဲ ဒိဋ္ဌိကို အသိ နဲ့အလျင်ဖြုတ် ကြရအောင်
အမှတ် ၁
၁ - အခု ရထားတဲံ့ ခန္ဓာကြီး ကို ငါဘဲ ယေက်ျားဘဲ မိန်းမ ဘဲ ပုဂ္ဂိုလ်ဘဲ သတ္တ၀ါဘဲလို့ ထင်နေတာ
မှတ်နေတာ ၊ စွဲ နေတာ ၊ ကို အမှန်ဘယ်လို မြင်ရမလဲ
အခု ကိုယ်ရထားတဲ့ ခန္ဓာ ဆိုတာ ဘာလဲ
ခန္ဓာ ဆို တာ အခု မျက်လုံးနဲံ့မြင်နေရတဲ့ အလုံး အရပ် ပုံသဏ္ဌာန် အလေးချိန် ရှိတဲ့ ယောက်ျား ၊ မိန်းမ
တိရိစ္ဆာန် စတဲ့ အကောင်အထည် ခန္ဓာကို ဆိုလိုတာ မဟုတ်ပါ ( ရုပ် + နမ် ) ဘယ်ခန္ဓာဘဲ ဖြစ်ဖြစ် ရုပ် နဲ့
နမ် ဘဲရှိပါတယ် ၊
ရုပ်ဆိုတဲ့ ခန္ဓာ မှာ ( ရေဓါတ် မြေဓါတ် လေဓါတ် မီးဓါတ် တို့ပါ ၀င်ပါတယ် )
နမ် ဆိုတဲံ ခန္ဓာမှာ ( သိတတ်တဲံ့သဘော ။ ခံစားတက်တဲ့သဘော ၊ မှတ်သားတက်တဲ့သဘော ၊ ပြုပြင်စေ့စော်
တက်တဲ့သဘော ) ပါဝင်နေပါတယ် ၊
ရုပ် က တပါး + နမ်ခန္ဓာ က ၄ ပါး ( ဒါကို ခန္ဓာ ၅ ပါး လို့ ဆိုပါတယ် )
အဲဒီ ခန္ဓာတွေပေါ်တဲ့ နေရာ က ၆ နေရာ မှာ ပေါ်ပါတယ်
၁ - နားမှာ ပေါ်တယ် ၂ - မျက်လုံးမှာ ပေါ်တယ် ၊ ၃- နှာခေါင်းမှာပေါ်တယ် ။ ၄ လျှာ မှာပေါ်တယ်
၅ - ကိုယ် ဆိုတဲ့ အရေးပြား မှာပေါ်တယ် ၆ -နှလုံး အိမ် လို့ခေါ် တဲ့ မနော မှာပေါ်တယ် ၊
ဥပမာ တခုပြောပါမယ်
၁ - နား ကအသံတခုကိုကြား ရင် ခန္ဓာ တခုပေါ်ပါတယ်
ရုပ် = နား နဲ့ အသံဟာ ရုပ် ဖြစ်ပါတယ် ၊
နမ် = နားက ကြား တဲ့ အသံကို ကြားမှန်းသိတယ် ၊ စကားပြောသံ ကားသံ လို့ သိတယ်
အဲဒီလို သိတာ က နမ် ပါ
နားမှာ အသံတခု ကြားတာနဲ့  ခန္ဓာတခုပေါ်တာပါ
အသံက ရုပ် + သိတာက နမ် = အဲဒါ ရုပ်နဲ့ နမ်ပါ ( ခန္ဓာ တခုပေါ်တာပါ )
အဲ ခန္ဒာ ဟာ ငါလား ယေက်ျးလား မိန်းမ လား မဟုတ် ပါ ခန္ဓာ တခုသာဖြစ်ပါတယ် ၊
အခုပြောတာလေးကို နားလည်တယ် သဘောပေါက်တယ် ဆိုရင် ငါဆို တဲ့ ဒိဋ္ဌိ ပြုတ်နေပါပြီ
( အဲဒါကို ပါဠိလို သက္ကာယ ဒီဋ္ဌိပြုတ်တယ် လို့ ခေါ်ပါတယ် )
` နံပါတ် ( ၁ ) ဒိဋ္ဌိပြုတ်ပါတယ် ၊ အသိနဲံ့ ပြုတ်တယ် လို့ ခေါ်နိုင်ပါ တယ် ၊
မျက်လုံး မှာ လဲ ဒီအတိုင်းဘဲ အဆင်းတခုခု နဲ့တွေ့ ရင် မြင်စိတ်ပေါ်တယ်
မြင်တဲ့ ရုပ် နဲ့ မြင်တဲ့စိတ် ပေါ်တဲ့ တွက် ရုပ် နဲ့ နမ် စုံပါတယ် ( ခန္ဓာတခုပေါ်တာပါ )
အဲဒီ ခန္ဓာ ဟာ ယောက်ျား မဟုတ်ပါ မိန်းမ မဟုတ် ပါ ပုံသဏ္ဌာန်အဆင်း လဲ မရှိပါ
ကိုင်လို့ တွယ်လို့ ရတဲ့ ခန္ဓာ လဲ မဟုတ်ပါ အဲဒါကို ငါလို့  မှတ်လို့ ရော ရပါ့မလား ငါလဲ မဟုတ်ပါ
နှာခေါင်းမှာ လျှာ မှာ ကိုယ်ပေါ်မှာ မနော မှာ အကြောင်းတိုက်ဆိုင်ရင် ခန္ဓာတွေပေါ်ပါတယ်
သဘောပေါက် အောင် စဉ်းစားကြည့်ပါ
အခုပြောတာလေးကို နားလည်တယ် သဘောပေါက်တယ် ဆိုရင် ငါဆို တဲ့ ဒိဋ္ဌိ ပြုတ်နေပါပြီ
` နံပါတ် ( ၁ ) ဒိဋ္ဌိပြုတ်ပါတယ် ၊ အသိနဲံ့ ပြုတ်တယ် လို့ ခေါ်နိုင်ပါ တယ် ၊
နံပါတ် ၂ နဲ့  ၃
၂ - သေပြိးရင် နောက် ဘ၀ တခုဖြစ်သေးတယ်လို့ ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
၃ - သေပြီးရင် နောက် ဘာမှ မဖြစ်တော့ ဘူးလို့  ထင်နေတာ မှတ်နေတာ ၊ စွဲနေတာ ၊
နံပါတ် ( ၁ ) ခန္ဓာ စစ်ပေါ်တာ ကို သိရင် ၂ နဲ့  ၃ က လွယ်ပါတယ်
ခုန နားမှာ ပေါ်တဲ့ ကြားတယ်ဆိုတဲ့ ခန္ဓာလေးဟာ နားမှာပေါ်ပြီးတာနဲ့ မနောကိုပို့လိုက်တာပါ
မနော က လူသံဘဲ ကားသံဘဲ ဆူညံသံဘဲ သီချင်းသံဘဲလို့  ခံစားပေးရတာပါ မနောက သိလဲသိတယ်
ခံစားတဲ့အလုပ်လဲ လုပ်ပေးပါတယ် ပြီးရင် အဲဒီ ခန္ဓာလေးဟာ ကြာကြာနေလို့ မရပါဘူး
နောက်ထပ်ကြားတဲ့အသံတခု ပေါ်လာတနဲံသူ ကဖယ်ပေးလိုက်ရပါတယ် ( မနောဆိုတဲ့ ဒွါရမှာလဲ
စိတ်နှစ်ခု ကတပြိုင်နက် ပေါ်လို့ မရတော့ နောက်တခု ပေါ်လာရင်ရှေ့က ခန္ဓာတခု က ချုပ်ပေးရပါ
တယ် ( အဲဒါကို တစ်ခန္ဓာသေတယ်လို့ ခေါ်ပါတယ် ) နောက် ခန္ဓာတခုပေါ်လို့ အတွက် ရှေ့  ကခန္ဓာ
ချုပ်ပေးရတာပါ အဲဒီတော့ တည်နေတယ် မြဲနေတယ် ဆိုတဲ့အယူဟာ ဒီနေရာမှာ သဘောပေါက်ရင်
ယူလို့ မရတော့ပါဘူး
ဒါပေမဲ့ ချုပ်သွား ပျောက်သွားတဲ ခန္ဓာနဲ့နောက်ခန္ဒာ ဟာ အကြောင်းအကျိုးတော့ မကင်းဘူး
ချုပ်ပျောက်သွားတဲ့ခန္ဓာ ဟာ နောက်ပေါ်မဲ့ခန္ဓာပေါ်ဘို့အတွက် ဖယ်ပေးလိုက်ရသလို သူဖယ်ပေးလိုက်
လို့လဲ နောက် ခန္ဓာပေါ်ခွင့်ရတာ ဒီလို တခန္ဓာ နဲ့တခန္ဓာ ချုပ်ပျောက်သွားရတာ ပေါ်လာရတာတွေဟာ
အကြောင်းအကျိုးမကင်းဘူးဆိုတာသိရင် နံပါတ် ၂ နဲ့  ၃ အယူ ဟာ လိုလို ကင်းစင်နိုင်ပါတယ်
အခုပြောပြတာလေးလောက်ကိုနားလည်တယ် သဘောက်တယ်ဆိုတရင် ဒိဋ္ဌိကို အသိနဲပြုတ်တယ်
လို့ ခေါ်ပါတယ် ၊
အခု ပြောပြတာတွေဟာ ကိုယ့်ညာဏ်နဲ့ပြောပြေတယ်လို့ မထင်ပါနဲ့  ဆရာတော်သံဃာတော်များ
ရဲ့ ဆုံးမတားတဲ့တရား များကို နာကြားပြိး တဆင့်မျှဝေပေးလိုက်ခြင်းသာဖြစ်ပါတယ်
အောက် က ဒီတရားလေး ကိုနား ကြည့်ကြပါလို့ မျှဝေရင်း ကျေးဇုးဆပ်လိုက်ပါတယ်


မောင်သုည