Wednesday 10 August 2011

ကျွန်တော် ဂိုးဖမ်းသမား


ကျွန်တော် ဂိုးဖမ်းသမား
ဟောခမျာ ဗဟာဒူးဆီဘောလုံးရောက်လာပြီခင်ဗျ
ဗဟာဒူး လွတ်လွတ်ကျွတ်ကြီးဆွဲသွားတယ်ခင်ဗျ
ပိုင်နယ်တီ ဧရိယာထဲရောက်နေတယ် ကိုကိုကြီးကိုပေးတယ်ခင်ဗျ
ကိုကိုကြီး ညာခြေ နဲ့အသာကလေးကန်ပြီး ဆိုင်းကိုပေးတယ်ခင်ဗျ
ဆိုင်းရှူး ပြီ ရှူး ပြီး ကန်လိုက်တယ် ခင်ဗျာ
ဒါပေမဲ့ ဂိုးသမားမိသွားတယ် ခင်ဗျာ
ဘယ်ရမလဲခင်ဗျာ့
ကျွန်တော်က ဘောလုံးကိုသေသေချာချာဂရုစိုက်ကြည့်နေတာကိုး -
****** ****** ******
နောက်တလုံး လာပြန်ပြီခင်ဗျ
ဗဟာဒူးသယ်လာတယ် ။ ဘော်လုံးကို တော့ကာ တော့ကာနဲ့
တလုံးဆင်း တလုံးတက် တလုံးဆင်းတလုံးတက် နဲ့
ကြည့်ရတာ အသဲယားစရာ ခင်ဗျ
ကန်တယ်ခင်ဗျာ ကျွန်တော် ပုတ်ထုတ်လိုက်တယ် ခင်ဗျ
ဘော်လုံးပြန်ထွက်သွားတယ်ခင်ဗျာ
ဒါပေမဲ့ ကျွန်တော့် လက်မကလေးတော့ နဲနဲနာသွားတယ်
ကျွန်တော် တလုံးဆင်း တလုံးတက်ကလေးကို သာ ငေးနေလိုက်ရင်
ဂိုးသွင်းခံရမှာသေချာတယ်
***** ***** ***** *****
ဟောနောက်တလုံးသယ်လာပြန်ပြီခင်ဗျာ
ဗဟာဒူးကို အားပေးသံတွေက တကွင်းလုံးဆူညံနေတယ်
ကန်လိုက်ပါတော့ လား ဟိုဘက်မှာ လွတ်နေတယ်
ဂိုးသမား ပြာနေတယ် ဘာလုပ်နေလဲ ကန်လိုက်လေ
ကန်တယ်ခင်ဗျာ
ဒါပေမဲ့ ဂိုးသမား မိသွားတယ် ခင်ဗျာ
မရဘူးလေ ဘေးကအသံတွေကို ဂရုစိုက်နေရင် ဂိုးဝင်သွားမှာပေါ့
မျက်စိက အဆင်းကိုမြင်တယ် အဲဒါမြင်စိတ်ပဲ
မြင်တာ ကို မြင်မှန်းသိ သတိ
ငါမြင်တယ် ဆိုရင် တော့ လိုချင်တယ် စွဲလမ်းမယ် တပ်မက် မယ်
နောက် တော့ ရအောင် အားထုတ်တော့မယ်
ဒါဆိုရင် သင် ဂိုးသွင်းခံလိုက်ရပြီ
အပါယ် ကျမဲ့ဂိုး
နား က အသံကိုကြားတယ် - အဲတာကြားစိတ်ပေါ်တာပဲ
ကြားတာကို ကြားမှန်းသိ သတိ
ငါကြားတယ် ဆိုရင်တော့ သာယာလိုက်တဲ့အသံလေး
အသံရှင်ကလေးကဘယ်သူလဲ စသည် စသည် နဲ့
တပ်မက်မယ်အားထုတ် ကြိုစားမယ် ဆိုရင်တော့
သင် ဂိုးသွင်းခံလိုက်ရပြီ
အပါယ်ကျ မဲ့ ဂိုး
လျှာ မှာ လဲ ရသာစိတ်ပေါ်မယ်
ကိုယ်အရေပြားမှာ ထိသိစိတ်ပေါ်မယ်
နှခေါင်းမှာ နံသိစိတ်ပေါ်မယ်
မနော မှာတော့ တွေးတော ကြံစည်စိတ်တွေပေါ်မယ်
ခန္ဓာကိုယ် ရဲ နေရာ ၆ နေရာကနေ ဂိုးတွေသွင်းနေတယ်
တနေ့ကို သင် ဂိုးဘယ်နှစ်လုံးသွင်းခံနေရသလဲ
တဂိုးသွင်းခံရရင် အပါယ် တခုကျမယ်
အဲ ဒါ အပါယ်ကျမဲ့ ဂိုတွေနော်
ဒါကြောင့်ဗုဒ္ဓက
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံတဲ့ သတိတရား တို့ဖြင့်..
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..
ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့
==မေ့တတ်တဲ့ ၀ါသနာတွေကို..
==တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
==အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။ တဲ့
မောင်သုည
အမာစိန် - ဘော်လုံးပွဲ


ှ့ဗီဒီယိုကြည့်ချင်ရင်
http://www.divshare.com/download/15492682-c72


No comments:

Post a Comment