ဇွဲသီချင်းကိုမွေးဖွါးခဲ့သူ

ဇွဲ သီချင်းကိုမွေးဖွားခဲ့သူ ( ဂီတာစာဆိုမြကလောင် )
သို့မဟုတ် ကျွန်တော်သိသမျှ အဖေ့အကြောင်း
တက္ကသိုလ်မောင်သုံည
















 ဂီတစာဆို ( မြကလောင် ) သို့မဟုတ်  ဇွဲသီချင်းကိုမွေးဖွါးခဲ့သူ
ဗမာတမျိုးလုံး၇ဲ့ တာဝန်တွေကို++လုံ့ လ၀ီ၇ိယဇွဲနဲ့ ခဲ၇င်+ ဧကန်မလွဲ အမြဲအောင်နိုင်မည် ) ၂
အခုတော့လဲ ကျွန်တော်တို့ ဗမာပြည်ေ၇တက်ငဇင်၇ိုင်းလိုပ ပုံခိုင်းလို့ ဆိုပြန်သည် ၊ ကောက်ရိုးမီး၊ သမျှဟုန်းကနဲထသည်++ ပြီးတော့တလီ ကျွန်တော့အသဲထဲမှာစွဲလောက်
အောင်နာပြန်ပါသည် ၊ဆော်ဒါလင်မနစ်၇ည် +ဖေါက်လိုက်၇င်မြည်သတဲ့ ဘာသာခြားနဲ့ အများက ဆိုပြန်သည် ++၊အဲဒါကြောင့်မခံချင်သည် စံတင်ကာပြကြစို့ ၇ဲ့ 
အမှန်ပင် ၀ီ၇ိယ နဲ့  ဗမာမှန်သမျှ လုပ်ပြစေချင်သည် ၊
( ဇွဲ ကိုပင်အတည် +နွဲကြဘို့ စိတ်၇င်းကောင်းနဲ့ ၇ည်+ အမျိုးသားအမျိုးသမီးတို့ သည် ) ၂ အ၇ာ၇ာမျိုး ( ကြံစည်ကာတိုး ) ၂ ဒို့ ဗမာမျိုး + ဖြိုးကြွယ်ဘို့ အတည်
 ( ဇွဲ ) ၃ ရှိမှအောင်နိုင်မည် ၊
လုံ့ လ၀ီ၇ိယဇွဲကို ( မြဲအောင်လဲအတည် ) ၂ အသဲထဲမှာစွဲကာ ပိုင်ပိုင်နိုင်နိုင်မြိုင်မြိုင်ဆိုင်ဆိုင်
အထက်တန်းကျကျနန သတ္တိဗျတ္တိရှိကြစေချင်သည် ++ ဗမာပီပီ စွမ်းဆောင်ကြဘို့် အတည်
ယောက်ျားအာဇာနည်+ ကောင်းကင်ကြယ်ကိုမလွတ်တမ်း ဆွတ်လှမ်းနိုင်ဘို့ အတည် ၊ အထက်ပါစကား၇ည် ၊မြွတ်ခါကြားမည် + မြွတ်ခါကြားမည်အထက်ပါစကား၇ည် + ကြံကာစည် အဖန်ဖန်ဝန္နာထားလို့ ပန်ကြား
ရပါသည် ၊
ပင်လယ်ပြင်ကူးခတ်သည် ၊ တကယ်ပင်ထူးမြတ်သည် ၊ သူဇွဲကောင်းလို့ အောင်ပါသည် အလောင်းတော်ဇနက္ကပြုမူချက်သည် ၊ ယောက်ျားလုံ့ လ အသုံးချလို့ ထီးနန်းစံ၇သည်

 ( အဲဒီပမာထုံးကိုအစဉ်သုံး ဘို့  ကျွန်တော် နှိုးဆော်သည် ) ၂
( ဇွဲ ကိုပင်အတည် နွဲကြဘို့ စိတ်၇င်းကောင်းနဲ့ ၇ည် + အမျိုးသားအမျိုးသမီးတို့ သည် ) ၂ အ၇ာ၇ာမျိုး ( ကြံစည်ကာတိုး ) ၂ ဒို့ ဗမာမျိုး ၊ ဖြိုးကြွယ်ဘို့ အတည် ( ဇွဲ ) ၃ ရှိမှအောင်နိုင်မည် ၊




ထက်ပါဇွဲသီချင်းသည် နယ်ချဲ့ ဆန့်ကျင်ေ၇းနှင့် အမျိုးသားလွတ်မြောက်ေ၇းကာလတွင် ပြည်သူတို့ အားနိုးကြားစေခဲ့သည်ကိုလိုနီနယ်ချဲ့ တို့ကိုတော်လှန်၇န်မီးမောင်းထိုးပြခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်း နှင့်၇ဲဘော်သုံးကြိတ်ဝင်များ ဗြိတိသျှနယ်ချဲ့ တို့ ကိုတော်လှန်၇န် တိတ်တဆိတ်ကျိုးပမ်းနေစဉ် တနေ့ တွင် ဒေါက်တာဘသန်း ( ဒေါ်ခင်မေသန်း ၏ဘခင် ) ကျနော်၏ဘခင်နှင့်တွေ့ ဆုံ၍မြမောင်အောင်ဆန်းတိ့အင်္ဂလိပ်ကိုတော်လှန်ဘို့လုပ်နေကြတယ်

အဲဒါဒို့ မြှောက်ပေးရအောင်မင်းကရေးငါဆိုမယ်လို့ နှစ်ယောက်သားတိုင်ပင်ပြီးရေးခဲ့ကြသော
သီချင်းဖြစ်ပါသည် ၊
စတင်သီဆိုစဉ်က ဒေါံက်တာဘသန်းကိုယ်တိုင်ဆိုပါသည်။ဓါတ်ပြားသွင်းသောအခါမှသာ
ပြည်လှဖေ အသံနှင့် အသံသွင်းခဲ့ပါသည် ၊

နယ်ချဲ့ ဆန့်ကျင်ေ၇းကာလ အမျိုးသားေ၇းစိတ်ဓါတ်နိုးကြားစေခဲ့သောသီချင်းများကို
မြကလောင် အမည်ဖြင့် အတော်များများရေးသားခဲ့ပါသည် ။
၁ ။ ရှင်ဘု၇င်ဘယ်မှာလဲ ဆို ဟံသာထွန်း
၂ ။ ကျွန်တော့ ဖေဖေ ဆို ရွှေမြိုင်ကြည် မောင်သောင်း
၃ ။ မုဆိုးဆက် ဆို ဥက္ကလာမောင်
၎ ။ စကြ်ာသိုက် သီဆိုသူ မမှတ်မိတော့ပါ တို့ မှာ နယ်ချဲ့ ဆန့်ကျင်ေ၇းကိုနှိုးကြွစေ
သောကြောင့် ဗြိတိသျှအစိုးရလက်ထက်က ပိတ်ပင်ခြင်းခံခဲ့ရသည်ဟုသိရှိခဲ့ရပါသည် ၊

ဂီတစာဆိုမြကလောင် ( စစ်ကိုင်းလှရွှေ ) ဟူသောခေါင်းစဉ်ဖြင့်
၁၉၇၁ ခုနှစ် မတ်လ တွင်ထုတ်ဝေသောဂီတပဒေသာ မဂ္ဂဇင်း၌ ဆ၇ာစစ်ကိုင်းလှရွှေရေးသားထား
သောဆောင်းပါအား ပြန်လည်ဖေါ်ပြလိုက်ပါသည်

နောင်တချိန်တွင် မြန်မာ့ဂီတလောကတွင်မြကလောင်ဟုကျော်ကြားလာမည့် သားလှရတနာ
မောင်မြမောင် ကလေးကို ကန်တော်ကလေးရပ်နေ ဆေးကုန်သည်ကြီး ဦးဘိုးချစ် ဒေါ်ဖွားရှင်
တို့ မှ သက္ကရဇ် ၁၂၆၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ၇က် အင်္ဂါနေ့ တွင် ဖွားမြင်ခဲ့ပါသည် ၊ မွေးချင်း ၄ယောက်အနက် အကြီးဆုံးသားဖြစ်သည် ။ ၆ နှစ်သားအ၇ွယ်မှစ၍ ကန်တော်ကလေး ဦးဘိုးအိမ်ကျောင်းတွင်စတင်ပညာသင်ကြားခဲ့ပြီး ၇ တန်းကိုလန်ကစ်တကာလမ်းရှိအင်္ဂလိပ်မက်
သတစ်ကျောင်း( ယခု ဒဂုံ ၁ )တွင်ဆက်လက်ပညသင်ယူခဲ့သည်။
၁၉၂၀ ခုနှစ်တွင်ကျောင်းသားသပိတ်ကြီးပေါ်ပေါက်လာသောအခါကျောင်းမှထွက်လိုက်သည် ၊
နဂိုဗီဇက ဂီတတွင်ဝါသနာအထုံပါခဲ့သော မောင်မြမောင်ကလေးသည် ကျောင်းသားသပိတ်ကို
ကိုအကြောင်းပြခါ သူဝါသနာပါသော တေးဂီတကိုဇောက်ချလေ့လာလိုက်စားနေလေတော့သည်
ကျောင်းများပြန်ဖွင့်သော်လဲ ကျောင်းသင်ခန်းစာတွင် စိတ်မ၀င်စားတော့ပေ ၊
နေ့ စဉ်ကျောင်းပြေးကာကန်တော်ကြီးဇောင်းတွင်ဘင်ဂျိုတီးလေ့ကျင့်နေလေ့ရှိသည်၊သားဖြစ်သူ
၏၀ါသနာကိုမတားသာသည့်အဆုံး၌သူ့ကိုကျောင်းနုတ်လိုက်ရတော့သည် ။
ထိုအချိန်မှစ၍ဆရာကြီးဦးဖေထံတွင်သူငယ်ချင်းများဖြစ်သည့် ကိုသောင်းဖေ၊ကိုသုခ တို့ နှင့်
အတူအဆိုနှင့်ဗျက်စောင်းအတီးကိုသင်ကြားခဲ့သည် ၊ ကိုသောင်းဖေမှာ ခင်မောင်ရင် သီဆိုသော
ဆိပ်ကမ်းသာ၊တောသားကြီး သီချင်းများကိုရေးသားသောဂီတာသောင်းဖြစ်ပါသည်၊ကိုသုခမှာ
ဗိုလ်အောင်ဒင်ဇာတ်ကားတွင်လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့သော သုခဖြစ်ပါသည် ၊
ထိုစဉ်က ဘင်ဂျို ခေါ် တရုပ်ဗျက်စောင်းမှာ အလွန်ခောတ်စားခဲ့ရာ ဘင်ဂျိုပြိုင်ပွဲတွင်ပထမဆု၇ရှိ
ခဲ့သည် ။ ဗြိတိသျှဘာမားရုပ်ရှင်၏တီးဝိုင်းခေါင်းဆောင် ကိုမာမွတ်က ရုပ်ရှင်တီးဝိုင်းနောက်ပိုင်းတွင်
ဘင်ဂျိုတီးရန်တိုက်တွန်းသဖြင့် နောက်ခံတီးဝိုင်းသမားအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည် ။
ထိုစဉ်က အသံတိတ်ရုပ်ရှင်ကားများသာပြသနိုင်သောကြောင့်နောက်ခံတီးလုံးများကိုတနေ့ ၁၂နာရီမျှအလုပ်လုပ်ရသည်ဟုဆိုပါသည်၊အသံတိတ်ရုပ်ရှင်ကာလတွင်ဗြိတိသျှဘာမားမှ၁၂ လမ်းဆရာဖေါင်၊ဥသြဘသောင်၊နှင့်ဘင်ဂျိုမြမောင်တို့ မှာအလွန်တွဲဘက်ညီသည်ဟုသိရပါသည်
သူသည်မူလကဘင်ဂျိုအတီးဆရာအဖြစ်လုပ်ကိုင်နေရာမှမမျှော်လင့်ဘဲသီချင်းရေးဆရာဖြစ်လာ
ပုံမှာ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္မဏီမှ မင်းသားထွန်းအေးပါဝင်သော ။ ဗုဒ္ဓသာသနာရောင်
ရုပ်ရှင်ဇာတ်ကား အဖွင့်သီချင်းရေးပေးရန်ဆရာရွှေတိုင်ညွန့် ကိုတာဝန်ပေးထားခဲ့သော်လဲ
အဖွင့်ဇာတ်ဝင်သီချင်းမှာအချိန်မှီရောက်မလာသဖြင့်ဘင်ဂျိုဆရာမြမောင်ကိုရေးစပ်ခိုင်းသဖြင့်
ဆရာမြမောင်ကဗုဒ္ဓသာသာရောင်သီချင်းဇာတ်ဖွင့်သီချင်းကို ရေးစပ်ပေးလိုက်ရာမှစ၍သီချင်းရေး
ဆရာ ဘ၀ သို့ ရောက်ခဲ့သည် ။
( ဗုဒ္ဓသာသနာရောင် ++ ဓမ္မသာသနာရောင်++ သံဃသံသနာရောင် ++ ) အစချီ
သောတေးသီချင်းမှာသူ၏ပထမဆုံးသီချင်းဖြစ်ပါသည်။မူလအမည်မြမောင်မှမြကလောင်အမည်ကိုလဲဆရာဖြစ်သူ
၁၂ လမ်း ဆရာဖေါင်ကမှည့်ပေးလိုက်သောနာမည်ဖြစ်ပါသည် ၊
သီချင်းသီဆိုသူမှာဥသြဘသောင် ဖြစ်ပါသည် ၊
နောက်ပိုင်းတွင်ဗြိတိသျှဘားမားမှရိုက်ကူးသောဇတ်ကားများ၏နောက်ခံသီချင်းများ ၊
ခွေးတံဆိပ်ဓါတ်ပြားကုမ္မဏီမှထုတ်လုပ်သောသီချင်းများကိုရေးသားပေးခဲ့သည် ၊

၁ ၊ ရှေးခောတ်ဟောင်း ခင်မောင်ရင်
၂ ၊ ဖွားဘက်တော် ခင်မောင်ရင်
၃ ၊ စကးပုံစုံတွဲ ခင်မောင်ရင် + မေမေ၀င်း
၎ ၊ ရှင်မောဂ္ဂလန် - မေမေ၀င်း
၅ ၊ သူတော်ကောင်းနတ်ကောင်းမ- ခင်ခင်ရီ
၆ ၊ မဟော်သဓာစုံတွဲ - ခင်မောင်၇င် + ခင်ခင်ရီ
၇ ၊ သာသာနာပြုမင်း - ဥက္ကလာမောင်
၈ ၊ တွယ်၇ာမဲ့လမ်း - ဥက္ကလာမောင်
၉ ၊ မွေးမိခင် - ဥက္ကလာမောင်
၁၀ ၊ ဂုဏ်တော်ကိုးပါး - ဥက္ကလာမောင်
၁၁ ၊ ငါးပါးပဉ္စသီ  -  ဥသြဘသောင်
၁၂ ၊ မုဆိုးဆက် - ဥက္ကလာမောင် ( ဗြိတိသျှအစိုး၇ကပိတ်ပင်ခြင်းခံ၇သည် )
၁၃၊ ကျွန်တော့ဖေဖေ ရွှေမြိင်ကြည်မောင်သောင်း ( ဗြိတိသျှအစိုး၇ကပိတ်ပင်ခြင်းခံရသည် )
၁၄ ၊ ရှင်ဘု၇င်ဘယ်မှာလဲ ဟံသာထွန်း ( ဗြိတိသျှအစိုး၇ကပိတ်ပင်ခြင်းခံရသည် )
၁၅ ၊ စကြ်ာသိုက် - ခင်မောင်ရင်  ( ဗြိတိသျှအစိုး၇ကပိတ်ပင်ခြင်းခံရသည် )

အဆိုတော်ကြီး ဥသြဘသောင်၏အကူအညီဖြင့်ကိုလံဘီယာဓါတ်ပြားကုမ္မဏီနှင့်အဆက်အသွယ်ရခဲ့ ပြီး အောက်ပါသီချင်း

များရေးသားပေးခဲ့ပါသည် ၊့
၁ ၊ ပန်းပဒေသာ-  ဥ သြဘသောင်
၂ ၊ ဆင်ချင်တော့မယ်- ဥသြဘသောင်
၃ ၊ ဗေဒင်ဆရာ - ဥသြဘသောင်
၎ ၊ ဘဲကျောင်းသား-  ဥသြဘသောင်
၅ ၊ နွားကျောင်းသား - ဥသြဘသောင်

၆ ၊ လက္ခာဏာရေးသုံးပါး -ရတနာမြင့်
၇ ၊ အဘိုးတို့ ခြံအဘွားတို့ ခြံ ဥသြဘသောင်
စသောသီချင်းများဖြစ်ပါသည် ။
ဂျပန်ခောတ်တွင်ကန်တော်ကြီးရှိ မြိုင်ပြဇာတ်ရုံ ။ နေသူ၇ိန် နှင့် ပပ၀င်းရုံတို့ အပြိုင်ခောတ်စားနေ
ချိန်တွင် ၊ မြိုင်ရုံမှာ အဒေါ် ဖြစ်သူ ဒေါ်ခင်မြိုင်တည်ထောင်သောပြဇာတ်ရုံဖြစ်သဖြင့်
ပြဇာတ်ဒါရိုက်တာ
အဖြစ် ၄င်း တီးဝိုင်းခေါင်းဆောင်အဖြစ်၎င်း ဇနီးသားသမီးများနှင့်အတူ
အသက်မွေး ၀မ်းကြောင်းပြုခဲ့သည် ၊
မြိုင်ရုံတွင် ပြသခဲ့သောဤစစ်ကြီး ၊ စကြ်ာသိုက်တို့ မှာအလွန်နာမည်ကျော်ပြဇတ်များဖြစ်သည်
စစ်ပြီးခောတ်တွင်ဆရာမြကလောင်သည်ဇာတ်သဘင်လောကသို့ကူးပြောင်းသွားတော့သည်
တလိုင်းစိန်။မွန်ကျော်မြင့်၊ဘိုကေသိန်းစိန်။ဦးအောင်မောင်း တို့ ၏သဘင်များတွင်တီးဝိုင်းခေါင်း
ဆောင်အဖြစ်၎င်း၊သီချင်းရေးဆရာအဖြစ်ကျင်လည်ခဲ့သည် ၊
လွပ်လပ်ေ၇း၇ပြိးနောက်ပိုင်းတွင်ကိုကျော့မှူး၏စူပါဝှိုက်ဓါတ်ပြားကုမ္မဏီတွင်သီချင်းများ
ရေးသားပေးခဲ့ရာတွင်အောက်ပါတေးသီချင်းများမှာထင်ရှားသောတေးသီချင်းများဖြစ်ခဲ့သည် ၊

၁ ၊ ဥမ္မာဒန္တီ -ကိုထွန်းရွှေ + ခင်သစ်လွင်
၂ ၊ ရှင်မောဂ္ဂလန်- ခင်ခင်ညွန့် 
၃ ၊ ငဘတို့ ရွာ -ကိုထွန်းရွှေ
၎ ၊ မီးသတိပြု -ကိုထွန်းရွှေ
၅ ၊ ဂုဏ်တော်ကိုးပါး- ကိုထွန်းရွှေ
၆ ၊ ဒိုးပတ်သံစမ်းများ- ကိုထွန်းရွှေ
၇ ၊ အကပဒေသာ -ကိုထွန်းရွှေ + ခင်သစ်လွင်
၈ ၊ ပုဂံမြို့  ဟောင်းတနေ၇ာ ၁ ၊ ၂ -  တင်တင်မြ ( ကိုကျော့မှူးနှင့် တွဲဘက် ) ရေးသားစပ်ဆို
ခဲ့သောသီချင်းဖြစ်ပါသည် ၊
ဆ၇ာမြကလာင်သည် ၁၉၇၁ ခုနှစ် ဧပြီလ ၄ ၇က်နေ့ တွင် သူချစ်မြတ်နိုးသောဂီတလောကကို
စွန့် ခွါသွားခဲ့ပါသည် ၊

သားဖြစ်သူ ( တက္ကသိုလ်မောင်သုံည )

No comments:

Post a Comment