Monday 16 May 2011

ညောင်သီတာ ရေတော်သွန်းချိန်မို



ညောင်သီတာ ရေတော်သွန်းချိန်မို



"ကဆုန်လဖွဲ့"

မြူခြေငယ် စွန်းပါလို့၊
နေ၀န်းငယ်စက်ရှိန်၊
တောက်လောက်ငယ်ထိန်သည်၊
ဖန်သူရိန် တေဇောကြောင့်
ပူဗျာပါကဲတဲ့ လကိုလေး။
ရာသီငယ်ပြိသာ၊
မဟေသီလဲ ရွှေညီခလို့၊
ပန်းမြစကားဝါ၊
ဝိသာခါနှင့် တာရာခြံရံ၊
စန်းငွေယုန်ဖန်သည့်နှယ်၊
ဆန္ဒန်ပိုင် ဘွေဘုံမှာ၊
လကဆုန် ညောင်ရေပွဲပေမို့
သဲလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဖွဲ့လွမ်းချင်း)

ကဆုန်လသည် မြန်မာပြက္ခဒိန်၏ တစ်ဆဲ့ နှစ်လတွင်နေပူရှိန်အပြင်းထန်ဆုံးလဖြစ်သည်၊

မြေဆီလွှာအတွင်းတွင်ရေဓါတ်အခမ်းခြောက်ဆုံးလဖြစ်သည်။ထို့ကြောင့်ဤလကို

တန်ခူးရေကုန် - ကဆုန်ရေခမ်း ဟုပြောစမှတ်ပြုကြသည် ၊

ကဆုန်လ၏ရာသီကား ပြိဿရာသီ နက္ခမှာ ၀ိသာခါနက္ခ ဖြစ်ပြီး စန်း(လမင်း)

နှင့်ယှဉ်ပြိုင်ထွန်းလင်းသည် ၊ တာရာမှာ တံငါတာရာဖြစ်ပြိး ရာသီအမှတ်အသားမှာ

နွားထီးရုပ်ဖြစ်သည်၊ရာသီပန်းမှာစကားပန်း၊ ရာသီပွဲတော်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်သည်

သစ်ပင်ပန်းမာလ်တို့မှာ မိုးကိုမျှော်နေသောအချိန်ကာလဖြစ်သည်၊ ဗုဒ္ဓပွင့်တော်မူရာ ဗောဓိပင်

သည် ခြောက်သွေ့ညိုးနွမ်းတော့မည် ဖြစ်သဖြင့် ရေသွန်းလောင်းပေးကြသည်၊

ထို့ ကြောင့် ကဆုန်လကို ” ညောင်သီတာ ရေတော်သွန်းချိန် ” ဟုလဲ တင်စားခေါ်ဆိုကြသည်

ကဆုန်လတွင် ဗုဒ္ဓနှင်ပက်သက်၍အောက်ပါထူးခြားချက်များစွာဖြစ်ခဲ့သည်၊

( ဗျာဒိတ် ၊ ဖွါးမြင် ၊ ဗောဓိပင် ၊ ဟောမြွတ်ဗုဒ္ဓ၀င် - စံဝင်နန်းနိဗ္ဗြူ ) ဆိုသည့်အတိုင်း

၁ ၊ ဂေါတမ ဗုဒ္ဒဘုရားအလောင်းတော်သည် ဒီပင်္ကရာ ဘုရားထံတွင် နောင် လေးသင်္ချေနှင့်

ကမ္ဘာတစ်သိန်းတွင် ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု နိယတ ဗျာတိတ် ခံယူတော်မူခဲ့သည်

မှာ ကဆုန်လပြည့်ဗုဒ္ဒနေ့ ဖြစ်သည် ၊

( လေးသင်္ချေသိန်း တစ်သိန်းကပ်ကြုံ သုမေဓါလောင်း ညွှန်ပြောင်းဗွတ်အုံ ၊ ဒီပင်ထံပါး

ဝမ်းလျားမှောက်ခုန် ဆုပန်နေ့  လပြည့်နွေကဆုန် )

၂ ၊ ဤဘဒ္ဒကမ္ဘာတွင် မဟာသက္ကရဖ် ၆၈ ခုနှစ် ကဆုန်လပြည်နေ့တွင် ဂေါတမမြတ်စွာဘုရား

အလောင်းသိဒ္ဓတ္ထ မင်းသားဖွါးမြင်တော်မူသည် ၊

( မဟာသက္ကရဇ် ၆၈ ကြုံ လုံဗ္ပနီတော သာမောရဂုံ - မာယာမယ်ဖျား -ပတ္တမြားနှုတ်ငုံ -ဖွါးမြင်

နေ့  - လပြည့်နွေကဆုန် )

၃ ၊ မဟာသက္ကရဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေတွင် ဗောဓိပင် တွင် မန်ငါးပါးကိုအောင်မြင်တော်မူ ၍ သဗ္ဗညုတဥာဏ်တော်ကို ရပြီးဘုရားဖြစ်တော်မူသည် ၊

( ၁၀၃ နှစ် သက္ကရဇ်ကြုံ -ဥရုဝေလ သာစွရဂုံ - မန်စွယ်ငါးစင်း နိမ်နင်းအကုန် - ဗုဒ္ဒနေ့ လပြည့်

နွေကဆုန် )

၎ ၊ မြတ်စွာဘုရားသည် သက္ကရဇ် ၁၀၄ ခုနှစ်တွင် ကာဠုဒါရီမထေမြတ် တောင်းပန်လျောက်

ထားချက်အရ ခမည်းတော် သုဓ္ဒေါန မင်းကြီးရှိရာ ကပ္ပိလ၀တ်ပြည်သို့  နှစ် လခရီးဖြင့် ဒေသ

စာရီကြွချီတော်မူပြိး ခမည်းတော်အား ဘုရား၏ဖြစ်စဉ် ဗုဒ္ဓ၀င်ကို ဟောတော်မူသည် )

( တရာ့လေးနှစ် သက္ကရဇ်ကြုံ -ကပ္ပိလနန်း ကြွမြန်းခိုလှုံ - ဗုဒ္ဓ၀င်ဇာတ်ဟောလတ်အဖုံဖုံ -

ပြန်လည်တွေ့ -လပြည့်နွေကဆုန် )

၊ မဟာသက္ကရဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ တွင် မာလာမင်းတို့ ၏ဥယျာဉ်တွင် ပရိနိဗ္ဗာန်

စံဝင်တော်မူသည်

( ရာ လေးဆယ့်ရှစ် -သက္ကရဇ်ကြုံ - မာလာမင်းတို့ အင်ကြင်းရဂုံ - နိဗ္ဗာန်ကြွလို့  - ဘ၀ဇာတ်ခုံ

သိမ်းသောနေ့  လပြည့်နွေကဆုန် )

ဤကဲ့သို့  ကဆုန်လ တွင် ဗုဒ္ဓနှင်ပက်သက်၍ထူးခြားချက်များစွာဖြစ်ခဲ့သဖြင့်ကဆုန် ကို ထူးခြားသော လအဖြစ်သတ်မှတ်၍ သာမောဘွယ် အစုံစုံနွေကဆုန်ဟုလည်းတင်စားထားခဲ့

ကြသည်၊

ကဆုန်လ၏သာယာကြည်နူးလွမ်းဆွတ်ဘွယ်ကောင်းပုံကိုတောင်ငူဘုရင်နတ်ရှင်နောင်

က စစ်ချီရတုပိုဒ်စုံတွင်

ပေါ်နွေလလျှင် - တောင်ကခြိမ့်မြူး

မင်းလွင်ဦးနှင့် - ပျံ့ ပူးချုပ်ဆိုင်း

မုန်တိုင်းဆင်လို - တိမ်ညိုမှိုင်းထပ်

ပြက်လျက်ပြကာ - စိမ်းဝါမိုးပန်း

ထွေထွေစွန်းက - ရေသွန်းသာကြည်

ပျော်ရမည်ကို -------

ဟူ၍ နေပြည်တော်တွင်ကျန်ရစ်ခဲ့သော ချစ်သူ ဓါတုကလျာကို တမ်းတခါစပ်ဆိုခဲ့သည်

` မင်းမြတ်သင့်၍ မဲဇာသို့ရောက်နေသော လက်ဝဲသုန္ဒရအမတ်ကြီးကလဲ- ကဆုန်လ

ရောက်သည်နှင့်

မဲဇာတောင်ခြေ -- ပွဲခါညောင်ရေ - သဲသာသောင်မြေ --ဟု အစချီ၍ ရတုပိုဒ်စုံဖြင့်

နေပြည်တော်တွင် ညောင်ရေသွန်းသည့်ကာလကို လွမ်းဆွတ်တမ်းတခဲ့ဘူးသည်၊

ကဆုန်လ သည်ကား သာယာကြည်နူလွမ်းဆွတ်ဘွယ်ကောင်းလေစွတကား

မောင်သုည

မှီိငြမ်းပြုသော ဆောင်းပါးများ

၁ - မောင်ထင် မြန်မာ့ ၁၂ လ အကြောင်း

၂ ဖိုးရန်နိုင် ( ကျောက်ကြီး ) ကဆုန်လ အကြောင်း ဆောင်းပါး

၁၉ ရာစု နှစ်နောက်ပိုင်း ကဆုန်ညောင်ရေသွန်း ပွဲတော် အကြောင်းကို တော့

သုမောင်ရဲ့  လကဆုန် သီချင်းလေး နားထောင်ကြည့်ရင်း နဲ့ ပျော်လိုက်ကြရအောင်

စကားချပ်

( မဟာဗောဓိပင်နှင့်ပတ်သက်၍ ဘုရားပွင့်သည့်ဗောဓိပင်မှ အခြားသောဗောဓိပင်များ

ဖြစ်ပေါ်လာပုံမှာ -- ) ဤ သို့ တည်း

ဘုရားရှင် သာဝတ္တိပြည်ဇေတ၀န်ကျောင်းတော်တွင်သီတင်းသုံးနေ

တော်မူစဉ် တနေ့သောအခါ သာဝတ္တိပြည်သူပြည်သားများသည် ဘုရားရှင်အားဖူးမြှော်ရန်

ရောက်ရှိလာကြသည်၊ထိုစဉ်ဘုရှင်မှာ ဒေသစာရီခရီးကြွချီတော်မူနေသဖြင့်ဖူးမြှော်ခွင့်မရရှိ

ကြပေ၊ ထိုအခါ ရှင်အန္ဒာက ဘုရားရှင်အား လားတူ ဘုရားရှင်ဒေသစာရီကြွချီတော်မူစဉ်

အရပ်တပါးမှပြည်သူများလာရောက်၍ ဘုရားရှင်အားပူဇော်နိုင်ရန် ၊ ဗောဓိပင်မှအစေ့ကိုစိုက်

ပျိုးလိုကြောင်းလျောက်ထားသဖြင့် ခွင့်ပြုပါမည့်အကြောင်းလျောက်ထားခဲ့ရာ ဘုရားရှင်ကခွင့်

ပြုတော်မူခဲ့သည် ။ ထိုနောက် ရှင်အာနန္ဒာ နှင့် ရှင်မောဂ္ဂလာန် မထေမြတ်တို့ သည် ဘုရားရှင်

၏ခွင့်ပြုချက်အရ ။ မဟာဗောဓိပင်မှသဘောဝအလျှောက်မှဲ့၍ကြွေကျသောညောင်စေ့များကို

မြေသို့ မကျမှီ ခံယူခဲ့ပြီး သာဝတ္တိပြည်စေတ၀န်တံခါးဝတွင်စိုက်ပျိုးခဲ့ရာ အနန္ဒာဗောဓီပင်ဟူ၍

ခေါ်တွင်ခဲ့ပြီး ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့ယနေ့တိုင်ပူဇော်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်၊

အာနန္ဒာဗောဓိနည်းတူထင်ရှားသော ဗောဓိပင်တဆူမှာ သီရီလင်္ကာနိုင်ငံရှိ မဟာဗောဓိ

ပင်ဖြစ်သည် ၊

မြန်မာနိုင်ငံတွင်စိုက်ပျိုးသောဗောဓိပင်များအနက် ထင်ရှားသောဗောဓိပင်များမှာ

၁ - သက္ကရဇ် ၃၃၈ ခုနှစ်တွင် ရှင်အရဟံမထေစိုက်ပျိုးခဲ့သည့် မဟာဗောဓိပင်တဆူကို

မကွေးတိုင်း နတ်မောက်မြို့ နယ် - ပင်းမြို့ တွင်ရှိသည် ၊

၂ - သက္ကရဇ် ၁၂၂၁ တွင် သီရီလင်္ကာနိုင်ငံမှပင်ဆောင်၍ မန္တလေးမြို့ စကြ်ာနွယ်စဉ်ရပ်၍

မင်းတုန်းမင်းကိုယ်တိုင်စိုက်ပျိုးခဲ့သော ဗောဓိပင်တဆူ

၃ - သက္ကရဇ် ၁၂၈၇ ခု ( ခရဇ်နှစ် ၁၉၂၆ ) တွင် မယ်ဒက်ဆရာတော်ဘုရားကြီး အန္ဒိယနိုင်ငံ

ဗုဒ္ဓဂါယာ ရှီ ဗုဒ္ဓပွင့်တော်မူရာ ညောင်ပင်မှအစေ့ကိုယူ၍ ရွှေတိဂုံစေတီရင်ပြင်တော်

အဂါင်္ဒေါင့်စိုက်ပျိုးခဲ့သော မဟာဗောဓိပင်တဆူ

၎ - သက္ကရဇ် ၁၃၄၆ ခုနှစ်တွင် သီရီလင်္ကာနို်င်ငံမှ လက်ဆောင်ရရှိ၍ ရန်ကုန်မြို့ ရှိ မဟာဝိ

ဇယစေတီ ဓမ္မရက္ခတကုန်းတော်ပေါ်တွင် စိုက်ပျိုးခဲ့သော ဗောဓိညောင်ပင်တဆူ

တို့ ဖြစ်သည်