Wednesday 30 May 2012
တပြည်သူမရွှေထား
အသံထွက်ဇာတ်လမ်းကလေးးတပုဒ်
မောင်သုည
ဒီဇာတ်လမ်းမှာ
ထားအဖြစ် ကလေးတို့ဆရာမကပါဝင်သရုပ်ထားပါတယ် ၊
လွမ်းမောဘွယ်ရာ တက္ကသိုလ်နွေရက်များ
ဘွဲ့နှင်းသဘင်အဆောက်အဦ
အဓိပတိလမ်းမ
သစ်ပုတ်ပင်
ဂျပ်ဆင်ဟော
သထုံဆောင်
သူဘယ်သူလဲ
သူဘယ်သူလဲ
ညကတော်တော်နဲ့အိပ်လို့မရဘူးနေ့လည်ကလုပ်ခဲ့တဲ့အလုပ်တွေအကြောင်း
စဉ်းစားခိုင်းတယ် -
 ဘာဖြစ်လို့ဒီလိုလုပ်ခဲ့တာလဲ -
ဘာဖြစ်လို့ဒီလိုမပြောလိုက်တာလဲ ပြောထဲ့လိုက်ပါလားတဲ့ (ဒေါသ )
ငါသူကိုသတ်ချင်တယ်  (၁။ ပါဏာတိပါတာ )
မနက်ကျဘာတွေလုပ်ရမလဲ-တွေးခိုင်းပြန်တယ်-ဟိုကိစ္စဘယ်လိုလုပ်ရင်
ကောင်းမလဲမှုသားမပါလင်္ကကာမချောတဲ့အဆင်ပြေအောင်ကြည့်ပြောလိုက်ပေါ့
( မုသာဝါဒါ )
ဟိုဥစ္စာလိုချင်တယ်မဟုတ်လားယူချင်ရင်ယူလိုက်ပေါ့ဘယ်သူမှသိတာမှမဟုတ်ဘဲ
(  အဒိန္နာဒါနာ )
မနက်ဖြန်ညနေပါတီပွဲရှိတယ် အရက်လဲသောက်ကြမယ်- မင်းလဲသောက်ချင်
သောက်လိုက်ပေါ့ နဲနဲပါးပါးဘာဖြစ်လဲရပါတယ် ( သုရာမေရယ )
ပါတီမှာ ဟိုချာတိတ်မလေးနဲ့တွေ့မယ် - သူကမင်းကိုဘာလိုလိုနဲ့-အင်းစလိုက်ရ
ကောင်းမလား-ငါကလူပျိုမှမဟုတ်တာ-ရပါတယ် - အပျော်ပေါ့
 ကာမေသုမိစ္ဆာစာရာ
အင်းခိုင်းတာတွေ တပုံကြီးဘဲ -
ဟော မနက်ကျရင်ဆိတ်သားစားချင်သတဲ့-အင်းဘန်ကောက်မှာဆိတ်သားဆို
ကနေရာတိုင်းမှာရတာမဟုတ်ဘူး-Bangrak-ဈေးဘက်မှာမှရတာနောက်ပြီးအစော
ကြီးထသွားရတာ ၇ နာရီလောက်ဆိုကုန်ပြီ -( ရသာတဏှာ )
မိုးလင်းလင်းလုလုအချိန်ရောက်လာတော့ - မိုးကရွာလာတယ် - အေးလာ
တယ်-ကွေးကောင်းကောင်းနဲ့ဆက်ကွေးနေလိုက်တယ် - ဟောသူဖေါက်လာတယ်
အပေါ့သွားချင်တယ်တဲ့-ငါကမထချင်ဘူးဆက်အိပ်ချင်နေသေးတယ်-မရဘူးတဲ့-
ထမတယ်ရင်အိပ်ယာထဲပေါက်ချလိုက်မယ်တဲ့-ဒါနဲ့ဘဲထတယ်လိုက်ရတယ်
ဟောအခုငါစာရေးနေတယ် - စာထဲစိတ်ဝင်စားနေတယ် စိတ်ကူးပေါက်တုန်း
ရေးရတာ -ရေးလို့ကောင်နေတယ် - ဟောသူကဖေါက်လာတယ် နောက်ကျောက
ယားလာတယ် တော်တော်လေးယားလားတယ်ကုတ်ပေးမှဖြစ်မယ် လက်ကမမှိဘူး
လက်ခုယူပြီးကုတ်မှဖြစ်မယ် ထပြိးသွားယူရမယ် -မျက်လုံးကရေကိုမြင်တယ်သောက်
ချင်လာတယ်သောက်လိုက်တယ်ပြီးတော့တခါထဲအိမ်သာဝင်လိုက်ပါစာရေးရင်နောက်
တခါမထရတော့ဘူးပေါ့တဲ့
အိမ်သာကထွက်လာတော့ ဖုန်းကမြည်လာတယ် - ကိုင်လိုက်မှဘဲ -
ဟဲလို ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာ အခုလာခဲ့ပါမယ် -
သူခိုင်းတာသွားလုပ်ပေးရအုံးမယ် သွားမှ သွားမှဖြစ်မယ်
အင်း တော်တော်နှီပ်စက်တဲ့သူပါလား သူဘယ်သူလဲ
သိပြိ - သိပြီ အခုတော့ငါသိပြိ
ငါဟာ ငါမဟုတ်ဘူး
ငါမဟုတ်လို့ ငါမလုပ်ချင်တာတွေလုပ်ပေးနေရတာပေါ့
ငါ့အလိုငါ့အကြိုက်တခုမှမလုပ်ရဘဲ သူ့အလိုသူအကြိုက်ကိုသာလုပ်ပေး
နေရတာ -
အခုတော့ ကောင်းကောင်းသိပြီ
ငါဟာ ငါမဟုတ်ဘူး
မောင်သုည
( တဏှာယောက်ျားလက်သမား၏ဆိုးရွားယုတ်မာပြုပြင်ရာကိုရံခါမသွေ အမြဲခံနေရခြင်း
သည် ခန္ဓာရသူတိုင်း၏ ဒုက္ခပါတကား ) သစ္စာအနက် ၁၆ ချက် မှကောက်နုတ်ချက်
အဲဒီလောက်ကလေးဆင်ခြင်သတိထားမိတယ်ဆိုရင်ဘဲ သက္ကာယ ဒိဋ္ဌိ အတ္တဒိဋ္ဌိကင်းနိုင်ပါတယ်
Monday 28 May 2012
ပဋ္ဌာန်းစာအုပ်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပဋ္ဌာန်းဒေသနာတော် ( ပါဠိ - မြန်မာပြန်အကျဉ်း )
ဓမ္မဒါန
မောင်သုည
စာအုပ်ကို ဘတ်ရှု လိုပါက အောာက်က လင့်ကို ယူပြီး Download လုပ်၍ ဖတ်ရှုနိုင်ပါသည်
ပဋ္ဌာန်းစာမြန်ပြန်အကျဉ်း
ရာသီမေထုံ - လနယုန် - သင်းထုံမြတ်လေး - စံပယ်မွေး
ရာသီမေထုံ - လနယုန် - သင်းထုံမြတ်လေး - စံပယ်မွေး
နယုန်လ ဘွဲ့
ရိုက်ချိုန်းရယ်တဲ့စည်ပုစွန်။
ငွေဝန်းစန္ဒာနှင့်
ကြယ်ဇေဠာယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။
နွေနယုန်မေထုန်ရက်မှာလ
နဘေဘုံရေမှုန်တက်ပါလို့
လေဟုတ်စက်ထိန့်ထိန့်လွန်
ခြိမ့်ခြိမ့်သွန်ပါလို့စွေကာသဲ။
ခါပျော်ရန်
စာတော်ပြန်သဘင်ခန်းမှာလ
ဆင်မြန်းရန်ရဝေမယ်လို့
ငွေစံပယ်ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာကုံးဆင်ဖို့ရွေးကြလိမ့်
မွှေးတဲ့လပဲ။
 နယုန်လကို ပုဂံခေတ်ကာလက နံယုန်၊ နံမျုန် ဟုခေါ်ဆိုကြောင်း သိရှိရပါသည်။ နယုန်လ၏ အဓိပ္ပါယ်မှာ “နံ”ဟူသည် အချိန်ကာလကို ကိုယ်စားပြုခြင်း ဖြစ်သည်။ “ယုန်” ဟူသောစကားလုံးအဓိပ္ပါယ် မှာ  “မိုး” ကို၎င်း “စီးဆင်းခြင်း” ကို၎င်း ကိုယ်စားပြုသည်ကို တွေ့ရပါသည်။ ထို့ကြောင့် နယုန်လ၏ အနက်အဓိပ္ပါယ်မှာ မိုးရေများစတင် စီးဆင်းသောလ သို့မဟုတ် မိုးရွာသောလ ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကဆုန်နယုန်ဆွေ့ ဆွေ့ ခုန်ဟူသောပူပြင်းသည့်နွေကာလမှ မိုးဥတုသို့ ကူးပြောင်းသောလဖြစ်သည်
နယုန်လတွင်မြတ်လေးပန်းတို့ဖူးပွင့်ကြည်-မြတ်လေးနှင့်စပါယ်မှာနယုန်လ၏ရာသီပန်းများဖြစ်သည်
ရှေးစာဆိုတော်ကြီး စလေဦးပုညက နယုန်တွင်ပွင့်သောရာသီပန်းများကိုရည်ညွန်း၍
အောက်ပါကဗျာဖြင့် ရေးဖွဲ့သီကုံးထားခဲ့ပါသည်
ပန်းစံယ်
နန်းလယ်မှာမပေါ် ခိုက်ဟာမို့
အလိုက် တော်တန်သင့်႟ရုံ ပ
ခံပွင်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့ တယ်
တော့လေ့ရွာသုံး။
နယုန်လကိုဗေဒင်ဝေါဟာရအားဖြင့် မေထုံရာသီဟုခေါ်ဆိုသည်၊မေထုံရာသီတွင်လမင်းသည်ဇေဠ
နှက္ခနှင့်၎င်းနေမင်းသည်မိဂသီနက္ခနှင့်၎င်းယှဉ်ပြိုင်မွန်းတည့်ကြသည်ကောင်းကင်တွင်မြင်းတာရာထွန်းလင်းပ
သည်ရာသီရုပ်မှာ ကျားမစုံတွဲအမြွာပူးလူရုပ်ဖြစ်သည်၊အနောက်တိုင်းပြက္ခဒိန်တွင်နယုန်လသည်ဇွန်လတွင်
ကျရောက်သည် ( June ) ဟူသည် ( Juno )နတ်သမီး၏အမည်ကိုရည်ညွန်း၍ခေါ်သောလဖြစ် သည်( Juno )နတ်သမီးသည်ရောမလူမျိုးတို့၏အချစ်ရေးအိမ်ထောင်ရေးနတ်သမီးဖြစ်သည်၊
နယုန်လသည်မိုးဥိးကျသောကာလဖြစ်သဖြင့်တောင်သူလယ်သမားတို့လည်းလယ်ယာလုပ်ငန်းကိုတင်လုပ်
ဆောင်ကြသည့်အချိန်ဖြစ်သည်။တောင်သူလုပ်ငန်းစတင်လုပ်ဆောင်ရာတွင်တောင်သူလယ်သမားများ
သည်သီးနှံအထွက်ကောင်းရေး အောင်မြင်ရေးတို့အတွက် ပုန်းမကြည်ပွဲတော်ကို ကျင်းပကြပါသည်။ ပုန်းမကြည်ဟူသောစကားမှာအများထင်နေသလိုစုန်း၊ကဝေ၊ နတ်များကို ဆိုလိုခြင်းမဟုတ်ပေ။ ပါဠိဘာသာစကား ပုဗ္ဗကြယ် ကိုဆိုလိုခြင်းဖြစ်ပါသည်။ ပုဗ္ဗကြယ်ကို ပသခြင်းကြောင့် ပုန်းမကြည်ပွဲဟု
ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပသပုံမှာ ကောတ်ညှင်းပေါင်းနှင့်ဘဲဥပြုတ်ကို ပန်းကန်တွင်ထည့်ကာ လယ်မြေတစ်ဝိုက်၌ ပသပြီးလျှင် မြေပြင်ကိုရေလောင်းကာ ပသသော ပွဲဖြစ်သည်။
နယုန်လတွင်မိုးဦးတုစတင်လာပြီဖြစ်သဖြင့်လယ်သမားများထွန်တုံးပြင်၍လယ်ယာလုပ်ငန်းစတင်ကြရ
သောလဖြစ်သည်၊ရှေးမြန်မာမင်းများလက်ထက်တွင်နယုန်လတွင်လည်ထွန်မင်္ဂလာပွဲများဆင်နွဲခဲ့ကြသည်
ဘုရားအလောင်းတောင်သိဒ္ဓတ္ထမင်းသားဖွါးမြင်ပြီးတလသားအရွယ်တွင်ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည်လယ်ထွန်မင်္ဂလာပြုလုပ်တော်မူသည်ဟုဇီနတ္တပကာသနီကျမ်းတွင်တွေ့ရသည်၊
နယုန်လ၏အဓိကကျသောပွဲတော်မှာပထမပြန်စာမေးပွဲများကျင်းပသောစာပြန်တော်ပွဲ   ဖြစ်ပါသည်။
 နယုန်လသည် စာဆိုတော်လပင် ဖြစ်ပါသည်။ စာပြန်တော်ပွဲ စာဆိုတော်ပွဲများကို ကျင်းပသောလပင်ဖြစ်ပါသည်။ ပထမပြန်စာမေးပွဲများကို အင်းဝပြည့်ရှင် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည် ဟု မြန်မာရာဇ၀င်တွင် ရေးသားခဲ့ကြပါသည်။ စာပြန်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တိ သာသာနာ ထွန်းကားလာစေရန်ဖြစ်ပါသည်။ သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန်စာမေးပွဲကို စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေထုတ်ပြန်၍ ကျင်းပခဲ့ပါသည်။ သီပေါမင်းပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲ များသည် ၉ နှစ်ခန့် အဆက်ပြတ်ခဲ့ရသည်။ ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၆) နယုန်လမှစတင်ကာ ပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။
မြန်မာ ၁၂ လ ရာသီများတွင် လတလ စီတွင် ဗုဒ္ဓနှင့်ပတ်သက်၍ထူးခြားသောထူးခြားသော အကြောင်းအဖြစ်အပျက်ကခုစီပါရှိမြဲဖြစ်ပါသည်
ဘုရားရှင်လက်ထက်တော်ကာလတွင်ရေကိုအကြောင်းပြု၍ကပိလ၀တ်နှင့်ကောလိယနှစ်ပြည်ထောင်မင်းတို့
စစ်ခင်းကြမည်ကိုသိတော်မူသဖြင့် ဂင်္ဂါမြစ်ကိုဗဟိုပြု၍တဘက်မှကောလိယ တဘက်ကမ်းမှကပိလ၀တ် နှစ်ပြည်ထောင်အကြားကောင်းကင်ယံမှဈာန်ဖြင့်နေတော်မူ၍ ငြိမ်းချမ်းရေးတရား (မဟာသမယသုတ် )ကိုဟောတော်မူသည။် ထိုနေ့သည်ကား နယုန်လပြည့်နေ့ဖြစ်သည်
မြတ်ဗုဒ္ဓကောင်းကင်မှ မဟာသမယသုတ်ဟောတော်မူသည်ကိုစကြ်ာသဠာတိုက်တစ်သောင်းမှနတ်
ဗြဟ္မာတို့လာရောက်တရားနာကြသည်၊နတ်ဗြဟ္မာများစွာကျွတ်တန်းဝင်တရားရကြ၍၊စစ်ခင်းကြမည့်နှစ်ပြည်
ထောင်မင်းတို့လည်းသင့်မြတ်သွားကြသည်၊နယုန်လပြည့်နေ့တွင်ဗုဒ္ဓက မဟာသမယသုတ်တော်ကိုဟောကြား
တော်မူခဲ့ခြင်းကို အစွဲပြု၍ "မဟာသမယ အခါတော်နေ့" ပွဲတော်ကို နှစ်စဉ်အနှစ်သာရပြည့်စွာကျင်းပကြပါသည် ကျင်းပကြပါသည်. .
ဖြည့်စွပ်ချက်
မဟာသမယသုတ်မှာ အဓိကအားဖြင့် စက်ြကာဝဠာသိုက်တသောင်းမှလာရောက်
တရားနာကြကုန်သောနတ်ဗြဟ္မာအပေါင်းတို့ကို စရိုက်နှင့် အညီဟောကြားသော
တရားများဖြစ်ပါသည် -
ဥပမာ  ရာဂစရိုက်ရှိသူများ - ဒေသစရိုက်ရှိသူများ- မောဟစရိုက်ရှိသူများ
စသည်ဖြင့်နတ်ဗြဟ္မာများကို အသီးသီး စရိုက်ခွဲခြား၍ဟောထားသောတရားများဖြစ်ပါသည်
မဟာသမယသုတ်၏နိဒါန်းမှာ စက်ြဝဠာသိုက်တသောင်းမှာရောက်ကြကုန်သော
နတ်ဗြဟ္မများကိုအသီးသီး နုတ်ဆက်သော ပမာဏနုတ်ခွန်းဆက်သောသုတ်ဖြစ်ပါသည်
သမာသမယနေ့တွင်အများအားဖြင့် ရွတ်ဆိုသော သုတ်မှာ အဆိုပါ နိဒါန်းတရားသားဖြစ်နေပါသည်
ဤအကြောင်းနှင့်ပတ်သက်၍ ဆရာတော်ရှင်ဇနကာဘိဝံသ၏ဟောကြားရှင်းလင်းထားသောတရားကို
နားကြားကြပါကုန် 
မဟာသမယသုတ် နိဒါန်း ၁ 
မဟာသမယသုတ် ၂ 
မောင်သုည
မှီငြမ်းသောဆောင်းပါး
မောင်ထင် (မြန်မာ့ဆယ့်နှစ်လအကြောင်းဆောင်းပါး)
ကြေးမုံသတင်းစာ တင်ထွဋ် ( တိုင်း၇င်းဆေးပညာ ) နှင့်
ဝိဿဇ္ဖက(ပဲခူး)
မြန်မာ့အလင်းသတင်းစား ရွှေဘိုသီ၇ိမာလာတို့ ရေးသားထားသော
နယုန်လပြည့် နှင့်ပတ်သက်သော ဆောင်းပါးများ
Wednesday 23 May 2012
သီချင်းနားထောင်ရင်းပျော်မယ်
သီချင်းနားထောင်ရင်းပျော်မယ်
 မောင်သုည
တခါတလေတော့လဲ မြူးမြူးကြွကြွသီချင်လေးတွေကိုနားထောင်ရတာ သူတို့နဲ့အတူကိုယ်လဲပျော်မိသလိုဘဲ သီချင်းရေးစာရေးစရာတွေရဲ့တွေးကလေးတွေတူသလိုလို ချစ်သူက ကိုယ့်ကို ချစ်တယ်လို့အဖြေပေးတဲ့နေဟာ အပျော်ဆုံးနေ့တခုဘဲ တယောက်က တနင်္ဂနွေမှာ
သူချစ်သူဆီကအဖြေရတဲ့နေမို့ ဒီတနင်္ဂနွေနေဟာ လှပတဲ့ တနင်္ဂနွေနေတဲ့
Beautiful sun day DANIEL BOONE
Sunday morning up with the lark
Think I’will take walk in the party Hey Hey Hey it’s a beautiful day
I have got someone waiting for me.
And when I see her I know that she will say
 Hay Hay Hay - It’s a beautiful day
 Ha Ha Ha - beautiful Sunday This is my my my beautiful day
 When you said said said -said thatyoulove me woo my my my beautiful day It’s a beautiful day
Birds are singing You are by my sade Let take it car go for ride
 Hay Hay Hay - It’s a beautiful day
 We will drive on and follow the sun Making Sunday go on and on Hay Hay Hay - It’s a beautiful day
( Ha Ha Ha - beautiful sun day This is my my my beautiful day
 When you said said said said that you love me woo my my my beautiful day ) 2
 နောက်တယာက် ကတော့ ချစ်သူ ကသူကိုချစ်ပါတယ်ဆိုတဲ့ပြန်စာရတာ ရွှေရုပ်ကလေးကောက်ရသလိုဘဲတဲ့ ကိုကို့ ကိုချစ်ပါတယ် ကိုကို လို့ခေါ်လိုက်တဲ့အသံဟာသိန်းဆုပေါက်တာထက်တော်ပျော်တယ်တဲ့
အာဇာနည် - ရွှေရုပ်ကလေးကောက်ရသလို - ( မူရင်းတေးသံရှင် မြန်မာပြည်သိန်းတန် )
 သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ် -- ပြန်စာ ပြန်စာ သူကလေးကပေးလာ
 သာသာကြည်ကြည် မောင့်ရဲ့ ချစ်သူ-ပေးလိုက်တဲ့စာလေးကြောင့်အသဲလေးရွှင် --ကိုကိုခေါ်သံသိန်းဆုထက်ပင် မိုးလင်းပြင်ခုန်ကာတက်ချင် -
 သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ် -- ပြန်စာ ပြန်စာ သူကလေးကပေးလာ
- (ချစ်သူရှိတယ် ဆိုနိုင်ပြီကွယ် - လူလူသူသူအချစ်ကလေးကိုယ့်နားဘေးမှာ-
 ထမင်း လဲမဆာ ရင်မှာပြည့်လာ - ဘယ်လိုမင်းကလေးကကူ - အိမ်မက်လေးထဲဆွဲလန်းရသူ - လှပတဲ့အချစ်ကလေး တချစ်ရှိတယ် -- ငွေလမင်းလေးမောင့်အချစ်နဲ့အတူ -
-နှလုံးသားလေး ကိုပီတိလေးကူ -- မေတ္တာမြို့ ဝယ်တူတူနေမယ် -- အဖြူရောင်မကြင်နာလက်ကလေးကမ်းလိုက်ကွယ် ရေပြင်ကျယ်ကျော်ကာဖြတ်မယ် --အိမ်မက်လေးထဲလာခဲ့ကွယ် ---- ရှာလား လာ လာလာ ဂုဏ်ရည်လေးများတူရင်နော် - အပြေးကလေးလက်ထပ်ကြမယ် အဟုတ်တကယ် -- ) ၂ ---- ရှာလား လာ လာလာ ဂုဏ်ရည်လေးများတူရင်နော် - အပြေးကလေးလက်ထပ်ကြမယ် အဟုတ်တကယ်
 မောင်သုည
Friday 18 May 2012
MRTV 4 တွင်ပြနေသောအချစ်သင်္ကေတ အခန်းဆက် ၅
http://www.mrtv4.com.mm/video/album/item:4777?qt-video_album_program=0#qt-video_album_program မောင်သုည
Saturday 12 May 2012
MRTv 4 တွင်ပြနေသော အခန်းဆက်ဇာတ်လမ်း
အချစ်သင်္ကေတ အခန်းဆက်ဇာတ်လမ်းတွဲ 3 မောင်သုည
MRTV 4 တွင်ပြနေသော အခန်ဒဆက်ဇာတ်လမ်းတွဲ
အချစ်သင်္ကေတ အခန်းဆက်ဇာတ်လမ်းတွဲ 1 + 2 မောင်သုည
Friday 11 May 2012
ရေနံချောင်း ဖေကံကောင်း
ဓါတ်ဆီ + ဓါတ်ဆံ ဟာသပျက်လုံးများ
မောင်သုည
ဓာတ်ဆီ၊ ဓာတ်ဆံ အပါအဝင် ရှေးဟာသပျက်လုံးများ
ဓာတ်ဆီ၊ဓာတ်ဆံ၊ ချစ်ဖွယ်၊ ချစ်စရာ၊ ဒံပေါက်၊ ညှပ်ကြီး၊ စံမတူ၊ သော်တာ စသည့် လူရွှင်တော်ကြီးများ ပါဝင်ပါသည်။ မောင်သုည
Tuesday 8 May 2012
ရန်ကုန်မြို့ ကဈေးသည်ကြီးလေးဉီး
ပြောရအုံးမယ်ဟိုတုန်းကရန်ကုန်မြို့အကြောင်း ဟိုတုန်းကအတိတ်တို့တဘောင်တို့ဆိုတာပေါ်ခဲ့ဘူးတယ်၊ရှေးလူကြီးများကပြောတယ် နောက်ဆိုရင်မင်းခောတ်မှာကုလား နဲ့ ငါး ကို အရုပ်ရေးပြရမယ်တဲ့၊အဲဒီတုန်းကတော့ဘယ်သိမလဲ၊ အခုမှ ဟုတ်နေပါလားလို့ အောင်းမေ့မိတော့တယ် ၊အင်းရှေးလူကြီးများရဲ့ အတိတ်တဘောင်များ တယ်မှန်ပါကလားနော် ၊အခုတော့ ကုလားဆိုတာလဲမရှိကြတော့၊ငါးဆိုတာလဲရှားလို့မစားနိုင်တော့ မမြင်ရတာကြာနေပြီပေါ့လေအရင်တုန်းကတော့ မြန်မာနိုင်ငံမှာ တရုပ်ကလားဆိုတာပေါမှပေါဘဲ နေရာတကာမှာကုလားတွေကိုဘဲတွေ့ရတယ်၊လန်ခြားစွဲလဲကုလား၊အမှိုက်ကြုံးလဲကုလား၊မိလ္လာသိမ်းလဲကုလား၊ကူလီထမ်းလဲကုလား၊ အားလုံးဗမာတွေမလုပ်ချင်တဲ့အလုပ်ဆိုရင်ကုလားတွေလုပ်ကြတာ ချည့်ဘဲလေ ၊ အခုထိုင်းနိုင်ငံကို ဗမာတွေအလုပ်လာလုပ်ကြတော့ သူတို့ကပြောတယ် သူတို့လူမျိုးတွေမလုပ်ချင်တာကို လုပ်ခိုင်းတာပါတဲ့၊ အင်းတို့ဗမာတွေများ ဝတ်လည်တာလားမသိဘူးနော် ကဲဟိုတုန်းက ရန်ကုန်မြို့မှာ နိုင်ငံခြားသားတွေဈေးရောင်းပုံကိုကြည့်ကြရအောင် ကုလားတွေအလုပ်ဟူသမျှအကုန်လုပ်ကြတဲအထဲကသဲဆပ်ပြာရောင်းတဲ့ကုလားကြီးနဲ့မုန့်လုံးကြီး ရောင်းတဲ့တရုပ်ကြီးအကြောင်းပြောပြရအုံးမယ် သဲဆပ်ပြာဆိုတာသိရဲ့လား ဟိုတုန်းက အခုခောတ်လိုလပ်စတို့ဖွေးလက်တို့အမွေးဆပ်ပြာတွေမရှိဘူး၊ပင်လယ်ကမ်းခြေမှာရေကျသွားရင် သဲသောင်ပြင်တွေပေါ်မှာကျန်ခဲ့တဲ့သဲဖြူလေးတွေကိုသဲ့ယူလိုက်ရင်သဲဆပ်ပြာဆိုတာရတယ် အဲတာကိုဘဲ ဆပ်ပြာအနေနဲ့သုံးရလို့ရတယ်။ချေးတွန်းလို့တော်တော်ကောင်းတယ်၊ဂျီးပြောင်တယ်၊ အဲဒီဆပ်ပြာကို ကုလားတွေကရောင်းတယ် ။ ကုလားကတောင်းကြီးကိုထမ်းပြီး ဆဲပြာ ဆဲပြာ လို့ မပီ ကလာပီကလာနဲ့ အော်အော်ရောင်း လေ့ရှိတယ် ။ အဲ တရုပ်ကြီးတယောက်ကတော့ ပေါက်စီ တို့ မုန့်လုံးကြီးတို့ရောင်းတယ် သူလဲ တရုပ်ဆိုတော့ တရုပ် လို မပီကလာ ပီကလာ နဲ့ မေ လုံး ကြီး မေလုံးကြီး လို့အော်အော်ရောင်းတယ် ။ တနေတော့ တရုပ်ကြီးကရှေ့ကရောက်နေပြီး ကုလား ကနောက်ကရောက်နေတယ်သူတို့နှစ် အတိုင်အဖေါက်ညီညီ ဈေးရောင်းသွားကြတာကိုနားထောင်ကြည့်ပါအုံး တရုပ်က ရှေ့ကနေ မေ လုံးကြီး မေလုံကြီး လို့အော်တယ် ကုလားကနောက်ကနေ ဆဲပြ ဆဲပြာ တဲ့ မေလုံးကြီး မေလုံးကြီး ဆဲပြာ ဆဲပြာ နဲ့ သွားလိုက်ကြတာ ဘေးကလူတွေကတော့ တော် တော် သဘောကောင်းတဲ့ကုလားပေါ့နော် နောက်ဈေးသည် နှစ်ဉီးကတော့ ဗေဒင်ဆရာ နဲ့ ဓါတ်ပုံမှန်ဘောင်ရောင်းတဲ့သူ သူတို့နှစ်ဉီးလဲ ကြုံကြိုက်ချင်တော့ ဗေဒင်ဆရာက ရှေ့ကရောက်နေပြီး ဓါတ်ပုံမှန်ဘောင်ဆရာ နောက်ကရောက်နေတယ် ။ သူတို့နှစ် အတိုင်အဖေါက်ညီညီ ဈေးရောင်းသွားကြတာကိုနားထောင်ကြည့်ပါအုံးေ ဗဒင်ဆရာ က ဗေဒင်ဆရာခင်ဗျာ ဗေဒင်များ မေးနိင်ကြတယ် ဓါတ်ပုံဆရာက မှန်ဘောင် မှန်ဘောင် တဲ့ ဗေဒင်ဆရာခင်ဗျာ ဗေဒင်များ မေးနိင်ကြတယ် မှန်ဘောင် မှန်ဘောင် ဗေဒင်ဆရာခင်ဗျာ ဗေဒင်များ မေးနိင်ကြတယ် မှန်ဘောင် မှန်ဘောင် ရွှင်လမ်းချမ်းမြေကြပါစေ ရယ်သောသူအသက်ရှည်၏ မောင်သုည
Tuesday 1 May 2012
ဂန္ဓ၀င်တေးစုစည်းမှု
ကန်ဂေါ်မြိုင်တန်း - ကိုသန်းလှိုင် တချိန်က နှစ်သက်ခံစာဲး့ရသော တေးများ မောင်သုည
ကိုသန်းလှိုင်သီချင်းများ
တချိန်က နှစ်သက်ခံစားခဲ့ရတဲ့တေးများ မောင်သုည
ကျွန်တော်ကြိုက်သောသင်္ကြန်သီချင်းများ
နွေလယ်မိုး - ဂရေဟန် မောင်သုည