Monday 28 May 2012
ရာသီမေထုံ - လနယုန် - သင်းထုံမြတ်လေး - စံပယ်မွေး
ရာသီမေထုံ - လနယုန် - သင်းထုံမြတ်လေး - စံပယ်မွေး
နယုန်လ ဘွဲ့
ရိုက်ချိုန်းရယ်တဲ့စည်ပုစွန်။
ငွေဝန်းစန္ဒာနှင့်
ကြယ်ဇေဠာယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။
နွေနယုန်မေထုန်ရက်မှာလ
နဘေဘုံရေမှုန်တက်ပါလို့
လေဟုတ်စက်ထိန့်ထိန့်လွန်
ခြိမ့်ခြိမ့်သွန်ပါလို့စွေကာသဲ။
ခါပျော်ရန်
စာတော်ပြန်သဘင်ခန်းမှာလ
ဆင်မြန်းရန်ရဝေမယ်လို့
ငွေစံပယ်ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာကုံးဆင်ဖို့ရွေးကြလိမ့်
မွှေးတဲ့လပဲ။
 နယုန်လကို ပုဂံခေတ်ကာလက နံယုန်၊ နံမျုန် ဟုခေါ်ဆိုကြောင်း သိရှိရပါသည်။ နယုန်လ၏ အဓိပ္ပါယ်မှာ “နံ”ဟူသည် အချိန်ကာလကို ကိုယ်စားပြုခြင်း ဖြစ်သည်။ “ယုန်” ဟူသောစကားလုံးအဓိပ္ပါယ် မှာ  “မိုး” ကို၎င်း “စီးဆင်းခြင်း” ကို၎င်း ကိုယ်စားပြုသည်ကို တွေ့ရပါသည်။ ထို့ကြောင့် နယုန်လ၏ အနက်အဓိပ္ပါယ်မှာ မိုးရေများစတင် စီးဆင်းသောလ သို့မဟုတ် မိုးရွာသောလ ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကဆုန်နယုန်ဆွေ့ ဆွေ့ ခုန်ဟူသောပူပြင်းသည့်နွေကာလမှ မိုးဥတုသို့ ကူးပြောင်းသောလဖြစ်သည်
နယုန်လတွင်မြတ်လေးပန်းတို့ဖူးပွင့်ကြည်-မြတ်လေးနှင့်စပါယ်မှာနယုန်လ၏ရာသီပန်းများဖြစ်သည်
ရှေးစာဆိုတော်ကြီး စလေဦးပုညက နယုန်တွင်ပွင့်သောရာသီပန်းများကိုရည်ညွန်း၍
အောက်ပါကဗျာဖြင့် ရေးဖွဲ့သီကုံးထားခဲ့ပါသည်
ပန်းစံယ်
နန်းလယ်မှာမပေါ် ခိုက်ဟာမို့
အလိုက် တော်တန်သင့်႟ရုံ ပ
ခံပွင်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့ တယ်
တော့လေ့ရွာသုံး။
နယုန်လကိုဗေဒင်ဝေါဟာရအားဖြင့် မေထုံရာသီဟုခေါ်ဆိုသည်၊မေထုံရာသီတွင်လမင်းသည်ဇေဠ
နှက္ခနှင့်၎င်းနေမင်းသည်မိဂသီနက္ခနှင့်၎င်းယှဉ်ပြိုင်မွန်းတည့်ကြသည်ကောင်းကင်တွင်မြင်းတာရာထွန်းလင်းပ
သည်ရာသီရုပ်မှာ ကျားမစုံတွဲအမြွာပူးလူရုပ်ဖြစ်သည်၊အနောက်တိုင်းပြက္ခဒိန်တွင်နယုန်လသည်ဇွန်လတွင်
ကျရောက်သည် ( June ) ဟူသည် ( Juno )နတ်သမီး၏အမည်ကိုရည်ညွန်း၍ခေါ်သောလဖြစ် သည်( Juno )နတ်သမီးသည်ရောမလူမျိုးတို့၏အချစ်ရေးအိမ်ထောင်ရေးနတ်သမီးဖြစ်သည်၊
နယုန်လသည်မိုးဥိးကျသောကာလဖြစ်သဖြင့်တောင်သူလယ်သမားတို့လည်းလယ်ယာလုပ်ငန်းကိုတင်လုပ်
ဆောင်ကြသည့်အချိန်ဖြစ်သည်။တောင်သူလုပ်ငန်းစတင်လုပ်ဆောင်ရာတွင်တောင်သူလယ်သမားများ
သည်သီးနှံအထွက်ကောင်းရေး အောင်မြင်ရေးတို့အတွက် ပုန်းမကြည်ပွဲတော်ကို ကျင်းပကြပါသည်။ ပုန်းမကြည်ဟူသောစကားမှာအများထင်နေသလိုစုန်း၊ကဝေ၊ နတ်များကို ဆိုလိုခြင်းမဟုတ်ပေ။ ပါဠိဘာသာစကား ပုဗ္ဗကြယ် ကိုဆိုလိုခြင်းဖြစ်ပါသည်။ ပုဗ္ဗကြယ်ကို ပသခြင်းကြောင့် ပုန်းမကြည်ပွဲဟု
ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပသပုံမှာ ကောတ်ညှင်းပေါင်းနှင့်ဘဲဥပြုတ်ကို ပန်းကန်တွင်ထည့်ကာ လယ်မြေတစ်ဝိုက်၌ ပသပြီးလျှင် မြေပြင်ကိုရေလောင်းကာ ပသသော ပွဲဖြစ်သည်။
နယုန်လတွင်မိုးဦးတုစတင်လာပြီဖြစ်သဖြင့်လယ်သမားများထွန်တုံးပြင်၍လယ်ယာလုပ်ငန်းစတင်ကြရ
သောလဖြစ်သည်၊ရှေးမြန်မာမင်းများလက်ထက်တွင်နယုန်လတွင်လည်ထွန်မင်္ဂလာပွဲများဆင်နွဲခဲ့ကြသည်
ဘုရားအလောင်းတောင်သိဒ္ဓတ္ထမင်းသားဖွါးမြင်ပြီးတလသားအရွယ်တွင်ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည်လယ်ထွန်မင်္ဂလာပြုလုပ်တော်မူသည်ဟုဇီနတ္တပကာသနီကျမ်းတွင်တွေ့ရသည်၊
နယုန်လ၏အဓိကကျသောပွဲတော်မှာပထမပြန်စာမေးပွဲများကျင်းပသောစာပြန်တော်ပွဲ   ဖြစ်ပါသည်။
 နယုန်လသည် စာဆိုတော်လပင် ဖြစ်ပါသည်။ စာပြန်တော်ပွဲ စာဆိုတော်ပွဲများကို ကျင်းပသောလပင်ဖြစ်ပါသည်။ ပထမပြန်စာမေးပွဲများကို အင်းဝပြည့်ရှင် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည် ဟု မြန်မာရာဇ၀င်တွင် ရေးသားခဲ့ကြပါသည်။ စာပြန်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တိ သာသာနာ ထွန်းကားလာစေရန်ဖြစ်ပါသည်။ သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန်စာမေးပွဲကို စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေထုတ်ပြန်၍ ကျင်းပခဲ့ပါသည်။ သီပေါမင်းပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲ များသည် ၉ နှစ်ခန့် အဆက်ပြတ်ခဲ့ရသည်။ ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၆) နယုန်လမှစတင်ကာ ပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။
မြန်မာ ၁၂ လ ရာသီများတွင် လတလ စီတွင် ဗုဒ္ဓနှင့်ပတ်သက်၍ထူးခြားသောထူးခြားသော အကြောင်းအဖြစ်အပျက်ကခုစီပါရှိမြဲဖြစ်ပါသည်
ဘုရားရှင်လက်ထက်တော်ကာလတွင်ရေကိုအကြောင်းပြု၍ကပိလ၀တ်နှင့်ကောလိယနှစ်ပြည်ထောင်မင်းတို့
စစ်ခင်းကြမည်ကိုသိတော်မူသဖြင့် ဂင်္ဂါမြစ်ကိုဗဟိုပြု၍တဘက်မှကောလိယ တဘက်ကမ်းမှကပိလ၀တ် နှစ်ပြည်ထောင်အကြားကောင်းကင်ယံမှဈာန်ဖြင့်နေတော်မူ၍ ငြိမ်းချမ်းရေးတရား (မဟာသမယသုတ် )ကိုဟောတော်မူသည။် ထိုနေ့သည်ကား နယုန်လပြည့်နေ့ဖြစ်သည်
မြတ်ဗုဒ္ဓကောင်းကင်မှ မဟာသမယသုတ်ဟောတော်မူသည်ကိုစကြ်ာသဠာတိုက်တစ်သောင်းမှနတ်
ဗြဟ္မာတို့လာရောက်တရားနာကြသည်၊နတ်ဗြဟ္မာများစွာကျွတ်တန်းဝင်တရားရကြ၍၊စစ်ခင်းကြမည့်နှစ်ပြည်
ထောင်မင်းတို့လည်းသင့်မြတ်သွားကြသည်၊နယုန်လပြည့်နေ့တွင်ဗုဒ္ဓက မဟာသမယသုတ်တော်ကိုဟောကြား
တော်မူခဲ့ခြင်းကို အစွဲပြု၍ "မဟာသမယ အခါတော်နေ့" ပွဲတော်ကို နှစ်စဉ်အနှစ်သာရပြည့်စွာကျင်းပကြပါသည် ကျင်းပကြပါသည်. .
ဖြည့်စွပ်ချက်
မဟာသမယသုတ်မှာ အဓိကအားဖြင့် စက်ြကာဝဠာသိုက်တသောင်းမှလာရောက်
တရားနာကြကုန်သောနတ်ဗြဟ္မာအပေါင်းတို့ကို စရိုက်နှင့် အညီဟောကြားသော
တရားများဖြစ်ပါသည် -
ဥပမာ  ရာဂစရိုက်ရှိသူများ - ဒေသစရိုက်ရှိသူများ- မောဟစရိုက်ရှိသူများ
စသည်ဖြင့်နတ်ဗြဟ္မာများကို အသီးသီး စရိုက်ခွဲခြား၍ဟောထားသောတရားများဖြစ်ပါသည်
မဟာသမယသုတ်၏နိဒါန်းမှာ စက်ြဝဠာသိုက်တသောင်းမှာရောက်ကြကုန်သော
နတ်ဗြဟ္မများကိုအသီးသီး နုတ်ဆက်သော ပမာဏနုတ်ခွန်းဆက်သောသုတ်ဖြစ်ပါသည်
သမာသမယနေ့တွင်အများအားဖြင့် ရွတ်ဆိုသော သုတ်မှာ အဆိုပါ နိဒါန်းတရားသားဖြစ်နေပါသည်
ဤအကြောင်းနှင့်ပတ်သက်၍ ဆရာတော်ရှင်ဇနကာဘိဝံသ၏ဟောကြားရှင်းလင်းထားသောတရားကို
နားကြားကြပါကုန် 
မဟာသမယသုတ် နိဒါန်း ၁ 
မဟာသမယသုတ် ၂ 
မောင်သုည
မှီငြမ်းသောဆောင်းပါး
မောင်ထင် (မြန်မာ့ဆယ့်နှစ်လအကြောင်းဆောင်းပါး)
ကြေးမုံသတင်းစာ တင်ထွဋ် ( တိုင်း၇င်းဆေးပညာ ) နှင့်
ဝိဿဇ္ဖက(ပဲခူး)
မြန်မာ့အလင်းသတင်းစား ရွှေဘိုသီ၇ိမာလာတို့ ရေးသားထားသော
နယုန်လပြည့် နှင့်ပတ်သက်သော ဆောင်းပါးများ
No comments:
Post a Comment