Wednesday 30 May 2012

သူဘယ်သူလဲ

သူဘယ်သူလဲ
ညကတော်တော်နဲ့အိပ်လို့မရဘူးနေ့လည်ကလုပ်ခဲ့တဲ့အလုပ်တွေအကြောင်း
စဉ်းစားခိုင်းတယ် -

 ဘာဖြစ်လို့ဒီလိုလုပ်ခဲ့တာလဲ -
ဘာဖြစ်လို့ဒီလိုမပြောလိုက်တာလဲ ပြောထဲ့လိုက်ပါလားတဲ့ (ဒေါသ )
ငါသူကိုသတ်ချင်တယ်  (၁။ ပါဏာတိပါတာ )

မနက်ကျဘာတွေလုပ်ရမလဲ-တွေးခိုင်းပြန်တယ်-ဟိုကိစ္စဘယ်လိုလုပ်ရင်
ကောင်းမလဲမှုသားမပါလင်္ကကာမချောတဲ့အဆင်ပြေအောင်ကြည့်ပြောလိုက်ပေါ့

( မုသာဝါဒါ )
ဟိုဥစ္စာလိုချင်တယ်မဟုတ်လားယူချင်ရင်ယူလိုက်ပေါ့ဘယ်သူမှသိတာမှမဟုတ်ဘဲ

(  အဒိန္နာဒါနာ )

မနက်ဖြန်ညနေပါတီပွဲရှိတယ် အရက်လဲသောက်ကြမယ်- မင်းလဲသောက်ချင်
သောက်လိုက်ပေါ့ နဲနဲပါးပါးဘာဖြစ်လဲရပါတယ် ( သုရာမေရယ )
ပါတီမှာ ဟိုချာတိတ်မလေးနဲ့တွေ့မယ် - သူကမင်းကိုဘာလိုလိုနဲ့-အင်းစလိုက်ရ
ကောင်းမလား-ငါကလူပျိုမှမဟုတ်တာ-ရပါတယ် - အပျော်ပေါ့

 ကာမေသုမိစ္ဆာစာရာ


အင်းခိုင်းတာတွေ တပုံကြီးဘဲ -
ဟော မနက်ကျရင်ဆိတ်သားစားချင်သတဲ့-အင်းဘန်ကောက်မှာဆိတ်သားဆို
ကနေရာတိုင်းမှာရတာမဟုတ်ဘူး-Bangrak-ဈေးဘက်မှာမှရတာနောက်ပြီးအစော
ကြီးထသွားရတာ ၇ နာရီလောက်ဆိုကုန်ပြီ -( ရသာတဏှာ )

မိုးလင်းလင်းလုလုအချိန်ရောက်လာတော့ - မိုးကရွာလာတယ် - အေးလာ
တယ်-ကွေးကောင်းကောင်းနဲ့ဆက်ကွေးနေလိုက်တယ် - ဟောသူဖေါက်လာတယ်
အပေါ့သွားချင်တယ်တဲ့-ငါကမထချင်ဘူးဆက်အိပ်ချင်နေသေးတယ်-မရဘူးတဲ့-
ထမတယ်ရင်အိပ်ယာထဲပေါက်ချလိုက်မယ်တဲ့-ဒါနဲ့ဘဲထတယ်လိုက်ရတယ်
ဟောအခုငါစာရေးနေတယ် - စာထဲစိတ်ဝင်စားနေတယ် စိတ်ကူးပေါက်တုန်း
ရေးရတာ -ရေးလို့ကောင်နေတယ် - ဟောသူကဖေါက်လာတယ် နောက်ကျောက
ယားလာတယ် တော်တော်လေးယားလားတယ်ကုတ်ပေးမှဖြစ်မယ် လက်ကမမှိဘူး
လက်ခုယူပြီးကုတ်မှဖြစ်မယ် ထပြိးသွားယူရမယ် -မျက်လုံးကရေကိုမြင်တယ်သောက်
ချင်လာတယ်သောက်လိုက်တယ်ပြီးတော့တခါထဲအိမ်သာဝင်လိုက်ပါစာရေးရင်နောက်
တခါမထရတော့ဘူးပေါ့တဲ့
အိမ်သာကထွက်လာတော့ ဖုန်းကမြည်လာတယ် - ကိုင်လိုက်မှဘဲ -

ဟဲလို ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာ အခုလာခဲ့ပါမယ် -
သူခိုင်းတာသွားလုပ်ပေးရအုံးမယ် သွားမှ သွားမှဖြစ်မယ်
အင်း တော်တော်နှီပ်စက်တဲ့သူပါလား သူဘယ်သူလဲ
သိပြိ - သိပြီ အခုတော့ငါသိပြိ

ငါဟာ ငါမဟုတ်ဘူး
ငါမဟုတ်လို့ ငါမလုပ်ချင်တာတွေလုပ်ပေးနေရတာပေါ့
ငါ့အလိုငါ့အကြိုက်တခုမှမလုပ်ရဘဲ သူ့အလိုသူအကြိုက်ကိုသာလုပ်ပေး
နေရတာ -
အခုတော့ ကောင်းကောင်းသိပြီ
ငါဟာ ငါမဟုတ်ဘူး

မောင်သုည

( တဏှာယောက်ျားလက်သမား၏ဆိုးရွားယုတ်မာပြုပြင်ရာကိုရံခါမသွေ အမြဲခံနေရခြင်း
သည် ခန္ဓာရသူတိုင်း၏ ဒုက္ခပါတကား ) သစ္စာအနက် ၁၆ ချက် မှကောက်နုတ်ချက်
အဲဒီလောက်ကလေးဆင်ခြင်သတိထားမိတယ်ဆိုရင်ဘဲ သက္ကာယ ဒိဋ္ဌိ အတ္တဒိဋ္ဌိကင်းနိုင်ပါတယ်


No comments:

Post a Comment