Tuesday 8 May 2012

ရန်ကုန်မြို့ ကဈေးသည်ကြီးလေးဉီး

ပြောရအုံးမယ်ဟိုတုန်းကရန်ကုန်မြို့အကြောင်း ဟိုတုန်းကအတိတ်တို့တဘောင်တို့ဆိုတာပေါ်ခဲ့ဘူးတယ်၊ရှေးလူကြီးများကပြောတယ် နောက်ဆိုရင်မင်းခောတ်မှာကုလား နဲ့ ငါး ကို အရုပ်ရေးပြရမယ်တဲ့၊အဲဒီတုန်းကတော့ဘယ်သိမလဲ၊ အခုမှ ဟုတ်နေပါလားလို့ အောင်းမေ့မိတော့တယ် ၊အင်းရှေးလူကြီးများရဲ့ အတိတ်တဘောင်များ တယ်မှန်ပါကလားနော် ၊အခုတော့ ကုလားဆိုတာလဲမရှိကြတော့၊ငါးဆိုတာလဲရှားလို့မစားနိုင်တော့ မမြင်ရတာကြာနေပြီပေါ့လေအရင်တုန်းကတော့ မြန်မာနိုင်ငံမှာ တရုပ်ကလားဆိုတာပေါမှပေါဘဲ နေရာတကာမှာကုလားတွေကိုဘဲတွေ့ရတယ်၊လန်ခြားစွဲလဲကုလား၊အမှိုက်ကြုံးလဲကုလား၊မိလ္လာသိမ်းလဲကုလား၊ကူလီထမ်းလဲကုလား၊ အားလုံးဗမာတွေမလုပ်ချင်တဲ့အလုပ်ဆိုရင်ကုလားတွေလုပ်ကြတာ ချည့်ဘဲလေ ၊ အခုထိုင်းနိုင်ငံကို ဗမာတွေအလုပ်လာလုပ်ကြတော့ သူတို့ကပြောတယ် သူတို့လူမျိုးတွေမလုပ်ချင်တာကို လုပ်ခိုင်းတာပါတဲ့၊ အင်းတို့ဗမာတွေများ ဝတ်လည်တာလားမသိဘူးနော် ကဲဟိုတုန်းက ရန်ကုန်မြို့မှာ နိုင်ငံခြားသားတွေဈေးရောင်းပုံကိုကြည့်ကြရအောင် ကုလားတွေအလုပ်ဟူသမျှအကုန်လုပ်ကြတဲအထဲကသဲဆပ်ပြာရောင်းတဲ့ကုလားကြီးနဲ့မုန့်လုံးကြီး ရောင်းတဲ့တရုပ်ကြီးအကြောင်းပြောပြရအုံးမယ် သဲဆပ်ပြာဆိုတာသိရဲ့လား ဟိုတုန်းက အခုခောတ်လိုလပ်စတို့ဖွေးလက်တို့အမွေးဆပ်ပြာတွေမရှိဘူး၊ပင်လယ်ကမ်းခြေမှာရေကျသွားရင် သဲသောင်ပြင်တွေပေါ်မှာကျန်ခဲ့တဲ့သဲဖြူလေးတွေကိုသဲ့ယူလိုက်ရင်သဲဆပ်ပြာဆိုတာရတယ် အဲတာကိုဘဲ ဆပ်ပြာအနေနဲ့သုံးရလို့ရတယ်။ချေးတွန်းလို့တော်တော်ကောင်းတယ်၊ဂျီးပြောင်တယ်၊ အဲဒီဆပ်ပြာကို ကုလားတွေကရောင်းတယ် ။ ကုလားကတောင်းကြီးကိုထမ်းပြီး ဆဲပြာ ဆဲပြာ လို့ မပီ ကလာပီကလာနဲ့ အော်အော်ရောင်း လေ့ရှိတယ် ။ အဲ တရုပ်ကြီးတယောက်ကတော့ ပေါက်စီ တို့ မုန့်လုံးကြီးတို့ရောင်းတယ် သူလဲ တရုပ်ဆိုတော့ တရုပ် လို မပီကလာ ပီကလာ နဲ့ မေ လုံး ကြီး မေလုံးကြီး လို့အော်အော်ရောင်းတယ် ။ တနေတော့ တရုပ်ကြီးကရှေ့ကရောက်နေပြီး ကုလား ကနောက်ကရောက်နေတယ်သူတို့နှစ် အတိုင်အဖေါက်ညီညီ ဈေးရောင်းသွားကြတာကိုနားထောင်ကြည့်ပါအုံး တရုပ်က ရှေ့ကနေ မေ လုံးကြီး မေလုံကြီး လို့အော်တယ် ကုလားကနောက်ကနေ ဆဲပြ ဆဲပြာ တဲ့ မေလုံးကြီး မေလုံးကြီး ဆဲပြာ ဆဲပြာ နဲ့ သွားလိုက်ကြတာ ဘေးကလူတွေကတော့ တော် တော် သဘောကောင်းတဲ့ကုလားပေါ့နော် နောက်ဈေးသည် နှစ်ဉီးကတော့ ဗေဒင်ဆရာ နဲ့ ဓါတ်ပုံမှန်ဘောင်ရောင်းတဲ့သူ သူတို့နှစ်ဉီးလဲ ကြုံကြိုက်ချင်တော့ ဗေဒင်ဆရာက ရှေ့ကရောက်နေပြီး ဓါတ်ပုံမှန်ဘောင်ဆရာ နောက်ကရောက်နေတယ် ။ သူတို့နှစ် အတိုင်အဖေါက်ညီညီ ဈေးရောင်းသွားကြတာကိုနားထောင်ကြည့်ပါအုံးေ ဗဒင်ဆရာ က ဗေဒင်ဆရာခင်ဗျာ ဗေဒင်များ မေးနိင်ကြတယ် ဓါတ်ပုံဆရာက မှန်ဘောင် မှန်ဘောင် တဲ့ ဗေဒင်ဆရာခင်ဗျာ ဗေဒင်များ မေးနိင်ကြတယ် မှန်ဘောင် မှန်ဘောင် ဗေဒင်ဆရာခင်ဗျာ ဗေဒင်များ မေးနိင်ကြတယ် မှန်ဘောင် မှန်ဘောင် ရွှင်လမ်းချမ်းမြေကြပါစေ ရယ်သောသူအသက်ရှည်၏ မောင်သုည

No comments:

Post a Comment