Friday 8 April 2011

တချိန်က နှစ်သက်ခံစားခဲ့သော သီချင်းများ ( ၂ )

တချိန်က နှစ်သက်ခံစားခဲ့သော သီချင်းများ ( ၂ )


ချစ်ထုံးခိုင်ခိုင်နှောင်လိုတယ်

ချစ်သူမေရယ်--အသဲစွဲယုံပါကွယ် - -ထာဝစဉ်မမုန်းရက်တယ်-ဆုံးတသက်ဝယ် -- တည်ကြည်စွာအသဲစကားတွေနဲ့ကွယ် - ချစ်ထုံးခိုင်ခိုင်နှောင်လိုတယ်

မောင်ပြောဆိုဘူးခဲ့တဲ့စကားတွေရယ် --အခြေပြုကာသာ--သစ္စာထားကာ--

ကြင်နာစရာအသဲနဲ့နှစ်မောအောင်--ချစ်ကြတာမခွဲလို့ရယ် --ရစ်ပတ်နှောင်ဖွဲ့လိုနေတယ် --

ချစ်ထုံးတွေသံသရာထဲအမြဲတစေ--ဆယ်ကမ္ဘာတိုင်ကွယ်-တည်ပါ့မယ် --ချစ်ထုံးနှောင်သူရေ-

ချစ်ကြင်နာတဲ့အပြုံးရယ် - ရူငေးလောက်ဖွယ်မောင့်ဘ၀င်ခင်တွယ်နေတယ် --

` (တနေ့မမြင်သော်ကွယ် --မောင်စိတ်ထဲမှာ တနေ့မှနေလို့မရတယ်--ကိုယ်တို့အသဲဝယ်

အသိချင်းဖလှယ် -- ချစ်တဲ့သူမောင်နဲ့မယ်-- ကြင်နာကာဘဲယုယတယ်--ချစ်-ချစ်သူဒီဇဗ္ဘူဝယ်

ချစ်နိဗ္ဗာန်သောင်ကမ်းတိုင်ဝယ်--အတူတွဲကာနွှဲကြမယ်ကွယ်--မေရယ် --) ၂

မိုးကောင်ကင်မြင့်ထက်ဝယ်--ငွေနှင်းတိမ်လွှာ-အုံ့ဆိုင်းကာလဲနေကြတယ် --လေပြေ

တိုက်ခတ်လိုက်လျှင်--လွင့်မြောကွယ်ပျောက်သွားသလိုကွယ် --မောင့်မေတ္တာဒီလိုမဟုတ်တယ်

ချစ်သူမေရယ် -- ပြာလဲ့လဲ့ကောင်းကင်သဖွယ်--တည်တန့်ခိုင်မြဲလို့ရယ် --ချစ်ထုံးခိုင်ခိုင်နှောင်လို

တယ် --

နွေညိုးလို့ရယ် - တမိုးသောက်ခဲ့တယ် --ဒီဆောင်းကိုလဲပြောင်းရပြန်ပြီကွယ်--မိန်ရာသီ

တွေ-ချိန်ခါမှီမသွေ--ဟောင်းပါစေကွယ်-တနေ့မှမောင်မေ့မရပေါင် --ယုံပါကွယ် --

ချစ်ချစ်သက်လျာ --မပစ်ရက်ပါ--ချစ်နှောင်ကြိုးကို ခိုင်ခိုင်--နှောင်- မယ် --



မြစိမ်း သီချင်းလေး



(၀ါရွှေနွဲ့သွေးကို ထာဝစဉ်ဆင်မြန်းတက်တဲ့ ၀ါရောင်ဝါသွေးချစ်သူရယ် -- ကြည်ပြာရောင်

သွေးကိုထာဝစဉ်မောင့်ကရွေးချယ်-- အပြာရောင်မောင်ကကြိုက်ပါတယ် --၀ါရွှေနွဲ့သွေးနဲ့-အပြာ

ရောင်မောင်တို့နှစ်ဦးရဲ့--ရောင်စုံယှဉ်တွဲတဲ့အခါမယ် -အဖြေဟာတယ်ဘဲကွယ့်-သေချာစွာဘဲ

ရှိမယ် - မြစိမ်း - စိမ်းတက်တယ်--) ၂

စိမ်းမြစိမ်း စိမ်းနွယ် - ကိုယ်လေနှစ်သိမ့်ရင်းနဲ့အလွမ်းဖြေပါတယ် -- ဝေးသော်လဲအသဲ

ဝယ် နှစ်သိမ့်လို့သာရောင့်ရဲ့မယ် -- ကိုယ့်ရင်ထဲအသဲဝယ် - သူလေကောင်းစားခြင်းနဲ့ရှိစေလိုတယ် -

လောကဓံရဲ့ဝဲလယ် -- တွေ့ကြတော့ကွယ်ဘယ်မမုန်းတယ် --

ဝါရွှေနွဲ့သွေးကို ထာဝစဉ်ဆင်မြန်းတက်တဲ့ ၀ါဝါမလေးချစ်သူရယ်- အဖြေဟာတကယ်ဘဲ

ကွယ်သေခြာစွာဘဲရှိမယ်- မြစိမ်း -စိမ်းတက်တယ် --









သစ္စာ ပွင့်ပန်းလန်းရာမြေ



သစ္စာပွင့်ပန်းလန်းရာမြေ၀ယ်

( နှစ်ကိုယ်တူချစ်သောဘ၀၀ယ် -- ထာဝစဉ်မခွဲ - အသဲမှဖွင့်လှစ်ရရင်ကွယ် -- ရွေပင်လယ်

ကာစီးလို့-ချောက်ကမ္ဘားတွေလဲခြားပါစေကွယ် --ကျောက်သားကျောက်ပွင့်ပမာ-မေတ္တာဆိုတာလဲ

ခိုင်မြဲနိုင်ရမယ် - တဦးဘ၀တဦးရယ်နားလည်သော်လည်းကွယ် -အသိုင်းအ၀ိုင်းရံရွှေအလယ် တင့်တယ်ဟန်ရေး-အစဉ်တွေးမှ-ရှေ့ဘ၀တွေမှာသာယာမယ်)၂ -

ဘ၀ချင်းခြားစရာရီမတွေးနဲ့ကွယ် - ဆွေးတသက်သက်ဝေးရမဲ့အဖြစ်ဆိုတာရယ်

သောကမုန်တိုင်းပုံနှယ် - တယောက်တလမ်းမခွဲလိုရင် -မိုးမြင့်မှငွေကြယ် စွတ်ခြူမှန်းဆတမ်းတမ

နေနဲ့ကွယ် --လှရာရာကိုယ်တိုင်ရွေးလို့ -- သစ္စာပွင့်ပန်းလမ်းရာမြေ၀ယ် --နှောင်တွယ်ချစ်မြဲချစ်

ခါရယ် - ဆုံးဘ၀တိုင်မုန်းရမှာကိုမလိုလားတယ် --

(အချစ်စစ်ဆိုတာရယ် - တဦးပေါ်တဦးယုံကြည်မှုနဲ့ရယ် -ထာဝစဉ်လက်တွဲဆုံးဖြတ်ရဲရမယ်)၂

နှစ်ဦးသားရဲ့အနာဂတ်ဘ၀တွေများရဲ့နောင်ချိန်ဝယ် - တင်ကြိုတွေးဆခါ ဝေးရမဲ့အဖြစ်ကို ကိုယ်မလိုတယ်-


သုံးရာသီ

( မောင် -မေ့နိုင်ဘူးကွယ်ခင့်ကို - လတွေနှစ်တွေပြောင်းလေပို --အချစ်ဦးလေးပျိုလွမ်းနေတဲ့

ရက်ကို မျှော်ယောင်ကာစာဆို -- နေ့စဉ်ဘဲတမ်းသပို -- နွေဦးကဆိုသွင်းလေရူးရပ်ကို- ဟိုညောင်

ပင်ညိုညိုငှက်ရွှေသြကချွဲပို ချစ်သူဝေးလို့အလွမ်းတွေပို -- ) ၂

( မိုးမင်းလွန်ကဲဝသန်ခါဆို --လျပ်နွယ်မြူးကျူးတော့ကို -- ရှစ်ခွင်တိုင်းမှိုင်းမုံ- ခင်ကိုဘဲမှန်း

ဆို - မေ့နိုင်ဘူးချစ်တဲ့ပျို -- ) ၂

( မြူမှုန် မှုန်ချိန်ခါဆို --မြောက်ပြန်လေညှင်းငွေနှင်းဖွေးဖွေးဆို -- တကိုယ်ရေထဲတော့--ငြီးငွေ့သလိုလို-) ၂

ထင်ယောင်ငယ် ပို -- အစဉ်ဘဲစိမ်းစို- မောင်နေရင်းရပ်ပျို -- နဂိုနေယဉ်ရှာသကို

မခို့တရို့အဆင်းကအလှပို--တွေ့မြင်ခဲ့ရအလွမ်းတွေပို --




မောင်သုည

No comments: