Tuesday 5 April 2011

တချိန်က နှစ်သက်ခံစားခဲ့သောတေးများ

ချစ်ခွင့်ပေးပါချစ်သူရယ်

ချစ်ခွင့်ပေးပါချစ်သူရယ်

ရွှေလသာသာ သာသောညမှာဘဲကွယ်- မေ့ကိုမောင်ငေးလို့ဖြင့်အတွေးနယ်ကျယ်ခဲ့တယ်

တဒင်ကမြင်ရခဲ့တဲ့ ခင်နှမသက်လယ်သူဇာနွယ် - မေ့နိုင်ပါဘဲစိတ်ထဲ မောင်စွဲမိပြီကွယ်

ညချမ်းချိန်ဝယ် လေညှင်းသင်းလေတုန်းဝယ် -မွှေထုံကြိုင်လန်းဆန်းတဲ့ပန်းမာရ်ရနံ့သွယ်

မျှော်လင့်စောင့်စားလို့သူ နတ်ပန်းမြင့်ဇူပုံနှယ် - မောင့်မှာ စိတ်စောပါလို့ရင်မောမိတယ်ကွယ်

တံချူကိုင်ကာမှိုင်ငေးနေရပါတယ် - ချစ်ခွင့်ပေးပါတော့မေရယ် - တရွာသူကိုကြင်မိလို့အခက်ပို

ရတယ်- မုန်းစိတ်တွေကိုတော်ရာဖယ် - ချစ်သူရယ် - ကြယ်ကလေးတွေ

ဝိုင်းဝိုင်းလည်လမင်းအနားမယ် ။ ၀င်းပကြည်လင်ကာရယ်ထက်ကောင်းကင်ဝယ် - မိုးတိမ်မြင့်

မယ်အရှိန်တင့်တယ် ပမာသို့ကွယ် - ချစ်သူကိုယ်စား ချစ်အားကြွယ်ချစ်ခွင့်ပေးကွယ်

ချစ်အားကိုးနဲ့မောင်အမျိုးမျိုးသာတောင်းပန်ပါတယ် - သံသရာဆုံးတိုင်မမုန်းနိုင်ဘဲချစ်ပါမယ်

ချစ်တေးနော့လို့ချော့မြူပါ့မယ်ချစ်သူရယ်


အသဲစကား

အသဲနှုလုံးက ပေါက်ဖွါးချစ်ခဲ့တာပင် တကယ်နက်နဲလွန်းလို့ပင် - မဖွဲ့တက်အစဉ်

အသဲသ၀ဏ်လွှာတွေကိုလဲဆင့်သူခင် -အသဲစကားနဲ့သာဆိုမယ်ခင် -

ချစ်တဲ့သူခင်သက်ထားပျိုစင် -ချစ်ချစ်ရင်ပြုံးနေစေချင် -

နှစ်ကိုယ်ချစ်ရေး - ချင့်တွေးပါမှပင် တောင်မြင့်မိုရ်ပုံပမာတင် -

မယိုင်မလဲ- ခိုင်ခိုင်မြံ -မယိုင်မလဲမေတ္တာတရားလဲ တည်မြဲံမယ်ခင်

အသဲထဲချစ်တာလျင်- မျေတ္တာပင် - အပြစ်အနာမထင်သံသရာဆုံးမမုန်းတမ်းပင်

စွဲမြဲတဲ့အချစ်တာလျှင်-မေတ္တာဝင် - ချစ်ကမ္ဘာတွင်တည်စေကြောင်းထာဝစဉ်--

သို့ပါသော်လဲ - သို့ပေမဲ့ခင်အသဲချင်းထာဝစဉ် - နှီးနှောကြမှပင် -

တဦးကိုတဦးသိနားလည်မယ်ထင် - မောင့်သက်ပိုင်တဦးသို့သာညွန်းတယ်ထာဝစဉ် -

သံသရာဘုံအတွင်းတွင် - ဖန်လာပုံအပြစ်မမြင် -ခိုင်ခိုင်မြဲ အသဲထဲတွင် - မယိုင်မလဲစွဲမြဲထင်

ချစ်သ၀ဏ်လွှာတင် သံသရာဆုံးတိုင် မောင့်အသဲစကားပါခင်


မောင်သုည





မောင်သုံည





မေတ္တာစကား -

( မေရယ် --- ပြုံး - ပြုံး နေစမ်းကွယ် ကိုယ့်ရင်ထဲစွဲတဲ့သူရယ် - အသဲနဲ့အတူကွယ်-

သန္တာသွေး- နှုတ်ခမ်းကလေးက-ချစ်ရေးမြူစွယ် - အခွင့်ပေးသလိုကွယ် -

ချိုပြုံးရောင်မျက်နှာကလေးကို - ကိုယ်မမုန်းပေါင်-တသက်တာမွှေးချင်တယ် - ) ၂

ချစ်ပါသလားပျိုရယ် - မေတ္တာစကားဆိုမယ် -

မုန်းမေ့ပါဘူးသက်လယ် - ပြုံးမေ့အလှမှူးမျက်ချယ် -

အသဲဒေါင့်တနေရာထဲစွဲတယ် -အသက်လောက်မေကညှာပုလဲ ပုလဲ သွယ် -

ဟိုရှစ်ကမ္ဘာထိစေရော့မယ် -ကိုယ်ချစ်တာသိစေညွှန်းတယ် ကွယ် -



လန်းလန်းလှလှကြကြူလွင်

လှလဲလှလှ ချောနှမထံသို့ဝယ် -

ရင့်ရူရွယ်ရွယ် -- နှင်းမချယ်နိုင်သည့်ပန်း နှယ် --

နွယ်နယ်နုနု -- နွမ်းမှုဖြေသိမ့်ယူသော်မလွယ် --

ငြိမ့်ငြိမ့်ငြောင်းငြောင်း -- ချစ်သိအကြောင်းရွယ်

တောင်းတောင်းတတ --

ပြောင်းပြောင်းပျပျ - နှုတ်ခွန်းချိုသာ -- တေးအလှသီရရင်ကွယ် --

မုန်းမည်မှန်မှား -- ကိုယ်ထင်စားတယ် --

ဝမ်းေ၀၀ိုးဝါး - စိတ်အားငယ်ငယ် --

သွယ်သွယ်တန်းတန်း - ချစ်မုံပန်းကိုကွယ် --

လန်းလန်းလှလှကြူလွင်စေဘွယ် - တမ်းတမ်းတတ ပူပင်စေတယ် --

ပြယ်ပြယ်ပြေးပြေး - နှင်းလိုဖွေးတဲ့ -- အချစ်ဆိုတာ ရယ် - အနှစ်ဆိုဗလာကွယ် --

မြင့်မိုရ်မြင့်မြင့် --နှိုင်းချင့်တဲ့အချစ်ပိုပါတယ် -

ရည်ရွယ်ရော်ရမ်း - လှမျိုးဆန်းသူရယ် --

တင့်တောင့်တင်တတယ် - လင့်မနှောင်းနှင့်ကွယ် - ချစ်တဲ့ငုံဦး ပပဖူးပန်ဘွယ် --

မုန်းမည်မှန်မှား -- ကိုယ်ထင်စားတယ် --

ဝမ်းေ၀၀ိုးဝါး - စိတ်အားငယ်ငယ် --

သွယ်သွယ်တန်းတန်း - ချစ်မုံပန်းကိုကွယ် --

လန်းလန်းလှလှကြူလွင်စေဘွယ် - တမ်းတမ်းတတ ပူပင်နေပါ တယ် --




မောင်သုည

1 comment:

  1. အစ်ကိုေေ၇...... အစ်ကို ဆိုဒ်ကလေးကိုတွေ့ ၇တော့ ကျနော့် ရဲ့ အညာကိုလွမ်းရသလို့ သီချင်တွေ ကိုနာထောင်ရင်းအလွမ်းလည်းပြောခဲ့ ပါတယ် ကျေးဇူးတင်းပါတယ်အစ်ကို
    အစ်ကို့ ဆီ မှာ အဟောင်းတွေ အများကြီးရှီနေဦးမယ်လို့ မျော်လင့်ပါတယ် ကျနော်လည်း အဟောင်းချစ်သူတယောက်ပါ
    ( အဟောင်းလေး တပုဒ်လောက်ရှာပေးပါဦးနော် ) .......( တွန်တေးသိန်တန် ရဲ့ မောင်ကြီးရှာပုံတော် အပိုင်း ၁ ၂ ၃ ရှီတယ် အဖေတို့ ဖွင့်တုန်းက ကတည်းက သဘောကျခဲ့ တဲ့ သီချင်းလေးပါ ခု ကျနော်ရှာမ၇တော့လို့ အစ်ကိုကြီးကို ရှာပုံတော်ဖွင့်ဖို့ အကူအညီလေးတောင်းပါ၇စေနော်) ကျေးဇူးတင်ပါတယ်အစ်ကို.....အဟောင်ချစ်သူတစ်ဦး

    ReplyDelete