Friday 10 December 2010

ဒုတိယတန်း ဒေါင်းတံဆိပ် မြန်မာဘတ်စာအုပ်ထဲက ပုံပြင်လေး


ဒုတိယတန်း ဒေါင်းတံဆိပ် မြန်မာဘတ်စာအုပ်ထဲက ပုံပြင်လေး
ဆင်သေနဲ့ကျီးမိုက်
တခါတုန်းကကျီးတကောင်ဟာမြစ်ထဲမှာမြောလာတဲ့ဆင်သေတကောင်ကိုမြင်တွေ့
သတဲ့ ၊ ကျီးလဲဆင်သေကြီးပေါ်ကိုထိုးဆင်းလာပြီး ဆင်သေကြီးရဲ့အသားတွေကိုနှုတ်သီးနဲ့
ထိုးပြီး စားနေလိုက်တယ် ၊ဆင်သေကြီိးဟာ တဖြေးဖြေးနဲ့မြစ်ထဲမှာမြောနေတယ်ဆိုတာကို
သူသတိမထားမိဘဲ အစာကိုသားမဲပြီးစားရင်းလိုက်ပါနေတော့တယ် ၊
ဆင်သေကြီးကလဲ မြစ်ထဲမှာမြောနေရာက တဖြေးဖြေးနဲ့ပင်လယ်ဝနားရောက်လာ တော့တယ် ၊ ကျီးကလဲ ဆင်သေကြီးပေါ်မှာဘဲ အသားတွေကိုနုတ်သီးနဲ့ထိုး ထိုးပြီး စားမြဲ
စားနေတာဘဲတဲ့ ၊
ဆင်သေကြီးတဖြေးဖြေးနဲ့ပင်လယ်ထဲရောက်လာတယ် ၊ ပင်လယ်ထဲရောက်လာတယ်
ဆိုတော့ဆင်သေကြီးကို ငါးတွေ ငမန်းတွေ လိပ်တွေကလဲ ၀ိုင်းစားလိုက်ကြတာတဖြေးဖြေးနဲ့
အသားတွေကုန်ပြိး အရိုးတွေဘဲကျန်တော့တဲ့အတွက် ၊ ရေထဲကိုမြုပ်ဆင်းသွားတော့တယ် ၊
အဲဒီတော့မှ ကျီးလဲ လန့်ပြီးထပျံတော့တယ် ၊
ဒါပေမဲ့ ပင်လယ်ထဲရောက်နေတယ်ဆိုတော့ ကမ်းမမြင်လမ်းမမြင်ဖြစ်နေတာပေါ့ ကျီးဟာဘယ်ဘက်ကိုပျံရမှန်းမသိဘဲ ဦးတည့်ရာပျံနေလိုက်တာနောက်ဆုံးမတော့ အတောင်ညောင်းပြီးပင်လယ်ထဲထိုးကျခါ အသက်ဆုံးသွားရလေသတဲ့
ပုံပြင်ကလေးတတော့ ဒါပါဘဲ
ငယ်ငယ်တုန်းတော့ ဆရာက ဒီ ပုံပြင်ကလေးကိုသင်ပြီးဘာတွေသင်ခန်းစာယူသင့်
တယ်ဆိုတာဆုံးမချင်ဆုံးမ မှာပေါ့ ၊ အဲဒီတုန်းကတော့ ခလေးဆိုတော့ ဘယ်လိုသင်ခန်းစာရ
လိုက်သလဲမသိပါ ။ အင်းကျီးကန်းနယ် သေသာကောင်းတယ် အစားမက်တာကိုးလို့တွေးမလား
အဲဒါကျီးကန်းဖြစ်တာငါနဲ့ဘာဆိုင်လဲလို့ဘဲတွေးခဲ့လေမလား မသိဘူးပေါလေ ၊
အခုအသက်ကလေးတော်တော်ရလာတော့မှာ ဒုတိယတန်းသင်ခန်းစာလေးတခါပြန်
ကြားရပြန်တယ် ၊အင်းလက်စသတ်တောဒီ ပုံပြင်ကလေးက ဗုဒ္ဓရဲ့ နိပါရ်တော်ထဲက ကိုး --
ဂေါတမမြတ်စွာဘုရားအလောင်းသောနကရဟန်းဖြစ်စဉ်က အရိန္ဒမမင်းသားကိုဟော
တဲ့တရားဖြစ်နေတာသိရတော့တယ် ၊ ( မိုးကုတ်ဝိပဿနာကမ္မဌာနစရိယဆရာတော်
ဦးဓမ္မသာရ ၂၁ - ၇ - ၁၉၉၀ နေ့ ဟောတရား )
အခုရနေတဲ့ စည်းဇိမ်ဥစ္စာတွေ အာဏာတွေ ၊ ရာထူးဂုဏ်တွေ ၊ နဲ့ ငါတော့ဒီတသက်စား
လို့မကုန်တော့ဘူးဆိုပြီးစည်းဇိမ်ရစ်မူးနေရင်တော့၊ ဒီစည်းဇိမ်တွေ ဒီရာထူးတွေ ၊ဒီအာဏာတွေ
ဟာ လဲမမြဲဘူး ၊ အခုရထားတဲ့ခန္ဓာကြီးကလဲမမြဲဘူး တဖြေးဖြေးနဲ့ ဇရာဘက်ကို သွားနေတယ် ၊
( အသက်ကြီးလို့ဇရာထဲရောက်ခါမှ ) သေတွင်းသေ၀ရောက်ခါမှ ဟ ငါတော့ မှားပြီး လုပ်မှဘဲ
ဆိုပြိး ထပျံမယ်ဆိုရင် ( ကံမွဲဥာဏ်မွဲဖြစ်နေတဲ့အချိန် ) ကျီးမိုက်လိုကမ်းမမြင်လမ်းမမြင် နဲ့
အတောင်ညောင်းပြီး ရေထဲကျသေရုံဘဲရှိတော့တယ်ဆိုတာ သိရပါတော့တယ် ၊
(ငယ်ငယ်ရွယ်ရွယ် အသိဥာဏ်ထက်ထက်မြတ်မြတ်ရှိနေချိန်တွင် တရားအားထုတ်သင့်ကြောင်း
ယခင်ဆောင်းပါးများတွင်ရေးသားခဲ့ပါသည် ၊)
အသေမဦးခင် ဥာဏ်ဦးအောင်ကျိုးစားကြပါလို့တိုက်တွန်းလိုက်ရပါတယ် ၊
( မိုးကုတ်ဝိပဿနာကမ္မဌာနစရိယဆရာတော်
ဦးဓမ္မသာရ ၂၁ - ၇ - ၁၉၉၀နေ့ ဟောတရား )

မောင်သုည

No comments:

Post a Comment