Wednesday 10 November 2010

အဆိုတော်ကြီးဓနုဖြူစိုးသိန်း ကွယ်လွန်


အဆိုတော်ကြီးဓနုဖြူစိုးသိန်း ကွယ်လွန်







စစ်ကြိုခောတ်လောက်ကတည်းကသီချင်းတွေသီဆိုခဲ့တဲ့အဆိုတော်ကြီးဓနုဖြူစိုးသိန်း
သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက် နံနက် ၂ နာရီ ၁၀ မိနစ်တွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တွင်ကွယ်လွန်သွားခဲ့ကြောင်းသိရှိရပါသည်၊ဓနုဖြူစိုးသိန်းသည်၊ဂီတစာဆိုဦးဒိုးအောင်၏သား
ဖြစ်ပါသည်၊ဓနုဖြူစိုးသိန်းသီဆိုခဲ့သောတေးသီချင်းများမှာ တမူထဲမူ၊မေတ္တာစကား၊စာရေးကြီး၊
မောင်ချော့မြူပါ့မယ်၊ဆုံးသက်တိုင်၊မောင်နွဲ့ဆိုးပျို၊မေ့တယောက်ထည်း၊ဒီကောင်မလေး၊
စတဲ့သီချင်းများဖြစ်ပါသည်၊ဒီကောင်မလေးသီချင်းမှာ ရုပ်ရှင်မင်းသမီးခင်သန်းနုပါဝင်သရုပ်
ဆောင်ထားသော ဒီကောင်မလေးဇာတ်ကားမှဇာတ်ဝင်တေးသီချင်းဖြစ်ပါသည်၊ဓနုဖြူစိုးသိန်း
၏ရုပ်ကလပ်ကို နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မွန်းတည့် ၁၂ နာရီတွင် ထိန်ပင်သုသာန့်၌
သဂြိုလ်ပြီးစီးခဲ့ကြောင်းသိရှိရပါသည်၊
အထက်ပါသတင်းကို အလင်းတန်းဂျာနယ်တွင်တွေ့ရှိရခြင်းဖြစ်ပါသည်၊
ဓနုဖြူစိုးသိန်းဟာ ကျွန်တော်ကြိုက်တဲ့အဆိုတော်များထဲမှာတဦးအပါအ၀င်ဖြစ်ပါတယ်
ဟိုတုန်းကအခုလိုတန်ဆောင်တိုင်ဆိုရင်လသာလမ်းတို့တရုပ်တန်းတို့မှာနာမည်ကြီးအဆိုတော်
များဖြစ်ကြတဲ့ ကိုမင်းနောင်၊သန်းဖေလေး၊စန္ဒားချစ်ဆွေ၊မာမာအေး၊ချိုပြုံး၊စတဲ့အဆိုတော်တွေရဲ့
ဖျော်ဖြေပွဲမှာ ဓနုဖြူစိုးသိန်းလဲတယောက်အပါအ၀င်ဖြစ်ပါတယ်၊အဲဒီတုန်းကစင်ပေါ်မှာသီချင်း
တက်ဆိုကြရင်အခုလိုလှုတ်လှုတ်ရှားရှားကပြီးဆိုကြတာမရှိဘူး၊မက်ကရိုဖုန်းကိုကိုင်ပြိးငြိမ်ငြိမ်
လေးဘဲဆိုကြတာများပါတယ်၊ဒါပေမဲ့ဓနုဖြူစိုးသိန်းကတော့ပေါင်ကလေးကိုလက်ဝါးနဲ့ပုတ်ပုတ်
ပြီးဆိုလေ့ရှိတာတွေ့ရတယ်၊ဓနုဖြူစိုးသိန်းကအရပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်းနဲ့တည်
တည်ခန့်ခန့်ညားညားကြီးပါဘဲ။ ဓနုဖြူစိုးသိန်းရဲ့သီချင်းတွေထဲကကျွန်တော်မကြာခဏဆိုလေ့
ရှိတဲ့သီချင်းလေး နှစ်ပုဒ်ရှိပါတယ် ၊
မောင်ချော့မြူပါ့မယ် နဲ့ မေတ္တာစကား သီချင်းများဖြစ်ပါတယ် ၊ နှစ်ပုဒ်စလုံးက အလိုက်
ကခပ်ဆင်ဆင်တူနေတယ် ၊

မောင်ချော့မြူပါ့မယ်





အသစ်တွေဘယ်လိုကောင်းပေမဲ့ -- အဟောင်းတလယ်လယ်
နှောင်းသရွေ့တော့ -- အပြစ်တွေ့စရာဘဲကွယ် --

မေတ္တာစကား




ဒီသီချင်းကလေးနဲ့ဘဲ ဓနုဖြူစိုးသိန်းကို လွမ်းဆွတ်သတိရကြောင်း ၀မ်းနည်းမှတ်တမ်း
ပြုလိုက်ပါတယ် ၊

ကိုစိုးသိန်းကောင်းရာသုဂတိရောက်ပါစေ

မောင်သုံည + မေကျော့ရှင်း

No comments:

Post a Comment