Friday 12 November 2010

နှောင်းခောတ်ကြေးမှုံ အပိုင်း( ၆ )


 တန်ဆောင်မုန်းလ ( ကြက်တ္တိကာနက္ခပွဲသဘင်နှင့်မယ်ဇလီဖူးသုပ်)
 






















အထက်အညာရှိကောင်းမြတ်တို့စံတုတ်ကြီးတို့၏ညောင်သာယာရွာကလေးသည်
ဖုံးတုံးလုံးတုံးတန်ဆောင်မုန်းလတွင်ခြေခင်းလက်ခင်းသာယာလာလေပြီ၊တမိုးတွင်း
လုံးမိုးရေထဲတွင်နွားနှင့်နဘမ်းလုံးနေရာမှအနားရလာပေပြီ၊
ကောက်ပင်တို့တွင်စပါးနှံများသီးစပြု၍နို့ရည်ဆမ်းလေပြီ၊စိမ်းလန်းဆိုပြေနေသော
ကောက်ပင်တို့်ကိုမျက်စိတဆုံးရှုမဆုံးအောင်မြင်နေရသောအခါပင်ပမ်းထားသမျှ
အမောပြေကြည်နူးမဆုံးဖြစ်ရလေသည် ၊
ကောင်းကင်တွင်မကင်းတ၀က်ကင်းတ၀တ်နှင့်တိမ်တောင်တိမ်လိပ်တို့ကစိမ်းစိုနေသော
လယ်တောအလှနှင့်ပဏာတင့်ပေ၏၊တန်ဆောင်မုန်းလညအခါကောင်းတွင်မြူတိမ်ကင်းစင်၍
ကြယ်တာယာတို့သူထက်ငါအပြိုင်ဝင်းပအလှစင်၍ကြတ္တိကာနက္ခပွဲသဘင်ဆင်နွဲနေကြလေတော့
သည်။ ရှေးမြန်မာတို့၏ယုံကြည်ချက်အရကြတ္တိကာနက္ခနှင့်စန်းယှဉ်သောထိုအခါကာလတွင်
ဆေး ၊ မှင် ၊ မှောင် အဟန့် ၊သျှို ၊ သျှိမ်း မျိုးစုံတို့ပြီး၊ဆေးပေါင်းခသည်ဟုယုံကြည်ကြသည်၊
တန်ဆောင်မုန်းလတွင်ကြတ္တိကာပွဲသဘင်ကိုမြန်မာနည်း၊မြန်မာ့ဟန်ဖြင့်ဆင်ယင်ကျင်းပ
ကြသောအခါတန်ဆောင်တိုင်ကျီးမနိုးပွဲကိုလဲပြုလုပ်ကြသည် ၊
ထိုပွဲသည်ညောင်သာယာရွာကလေးအဖို့ပွဲတော်နီးလာသည်နှင့်ရွာတွင်အပျိုတို့၏ရက်ကန်း
ခတ်သံသည်ညနက်သည်အထိပို၍ညံညံစီစီမြည်လာသည်၊ရက်ကန်းစင်များမှတေးသံများသည်
လဲပိုကျယ်လာသည်၊သို့သော်အပျိုလေးတို့ရေခတ်ဆင်းလျှင်၊စောင်းပါးရိပ်ခြေချောင်းကြည့်ကြ
သောအကိုကာသသားများကားပျောက်ခြင်းမလှပျောက်နေကြသည်၊
ညောင်သာယာကိုယ်လူပျိုတို့သည်ကျီးနိုးပွဲနှင့်နက္ခပွဲဆင်နွဲရန်အတွက်ကိုရင်ကြီး၏အစီအမံ
အတိုင်းဆေးဝါရှာဖွေရန်တောတွင်ခရီးထွက်နေကြခြင်းဖြစ်သည်၊ဂမုန်းပေါင်းစုံ၊ပန်းပေါင်းစုံ၊ရှား
ပါးသောဆေးဘက်ဝင်အပင်များကိုရှာနေကြရသည်၊
ရွာတွင်ကျန်ခဲ့သောလူကြီးများနှင့်အပျိုကလေးတို့မှာပွဲတော်အတွက်မုန့်လုပ်ရန်ဆန်ဖွတ်
မောင်းထောင်း၊ထန်းညက်စု၊နှမ်းစု၊ပဲလွန်းမတ်ပဲတို့စုကြသည်၊တအိမ်နှင့်တအိမ်ကူး၍ရက်လက်စ
အဆင်များကိုညှိကြ၏တဦးနှင့်ဦးသင်ပြပေးကြသည်၊မနှစ်ကကျီးမနိုးပွဲတွင်ပျော်ခဲ့ရပုံများကိုပြန်
လည်မစမြုံ့ပြန်ကြသည်၊ပျော်တက်ရွှင်တက်သောလူကြီးတချို့ကထူးထူးဆန်းဆန်းဆီမီးထွန်းရန်
မီးပုံးငယ်များတီထွင်လုပ်ကိုင်နေကြသည်၊ကာလသားကြီးများနှင့်ပေါင်း၍တန်ဆောင်တိုင်မဏ္ဍပ်
အလှအပဆောင်ကြသည်၊ပျော်ပါးလိုသောမိကြီးမထွေးအ၇ွယ်များအားလပ်သည့်အပျိုများကိုခေါ်
၍လမ်းခင်းကြသည်၊သဲဖြူခင်းကြသည်၊ရာမတ်ကာငှက်ပြောပင်စိုက်ကြသည်၊ရွာလမ်းတလျောက်
မှသည်ရွာလည်မဏ္ဍပ်နှင့်အောင်မြေရာကွက်။ဘုရားကျောင်းကန်သို့တိုင်အောင်လူသွားလမ်းတ
လျောက်မီးဇောင်းတန်းများပြုလုပ်ကြသည်၊တကျော်ကျော်တအော်အော်နှင့်လှည်းမောင်းသူမောင်း
ဝါးခုတ်သူခုတ်၊ငှက်ပြောခုတ်သူုခုတ်၊သဲကျုံးသူကျုံး၊နှင့်ပျားပန်းခပ်နေကြဘိသကဲ့သို့တရွာလုံး။
တန်ဆောင်တိုင်ကျီးမနိုးပွဲဆင်နွဲရန်အလုပ်ရှုတ်နေကြတော့သည် ၊

တန်ဆောင်မုန်းလဆန်းအဖိတ်နေညချမ်းချိုးပြောက်ကလေးတွေကူချွဲ၍တေးငှက်ကလေး တွေရွှေလည်တွဲကာတောကြက်ကလေးများအဖေါ်ကွဲနေတက်သောအချိန်၊နေကလေးမှိန်သည်နှင့်
ပျောက်ခြင်းမလှပျောက်နေကြသောလူပျိုကလေးများတယောက်စနှစ်ယောက်စပြန်ရောက်လာကြ
သည်၊ကာလသားတို့လက်ထဲ၌တောမှရလာသောရှားပါးသောတောပန်းများ၊ထူးဆန်းသောငှက်များ
၏အတောင်များ။သားကောင်အရည်များပါလာတက်သည်၊မိမိ၏ချစ်သူရည်းစားကိုလက်ဆောင်ပေး
တက်ကြသည်၊လက်ဆောင်အပေးခံရသောအပျိုကလေးများကတခြားအဖေါ်များကိုရှားပါးသော
လက်ဆောင်များကိုပြ၍ကြွားတတ်ကြသည်၊
မှောင်ရီပျိုးလာသည်နှင့်ဖိုးရွှေလသည်ကောင်းကင်မှငွေခြည်လွှာကိုဖြန့်ချလိုက်လေသည်၊
သူငယ်အိပ်ဆိတ်ကြက်မတွန်မှီကလေးတွင်လွန်ခဲ့သောရက်များကပျောက်သွားသောကာလသား
များစုံစုံလင်လင်ပြန်ရောက်လာကြပြီး၊ဟိုတစု ၊ ဒီတစု နှင့်မီးပုံကလေးများဖိုကာစားလားသောက်
လားနှင့်တောထဲမှာတွေ့ကြုံခဲ့ရပုံများကိုစကားလက်စုံပြောကြသည်၊တောထဲတွင်ရှားပါးသောသစ်
ခွပန်းကိုတက်ခူးစဉ်ပျားအုံနှင့်တိုးခဲ့ပုံ၊ပျားအုံတွေ့၍ပျားဖွက်နေစဉ်ဝတ်ဝံနှင့်တွေ့၍ထွက်ပြေးခဲ့ရပုံ
တို့ကိုပြောရင်းနှင့်အပျိုကလေးများချကြွေးသောမုန့်မျိုးစုံတို့ကိုစားကြပြောကြနှင့်ပျော်စရာကောင်း
လှတော့သည်၊
တခြားမီးပုံပွဲတခုတွင်စံတုတ်ကြီးကတောဝက်နှင့်တွေ့၍မရှောင်သာသဖြင့်ပွဲကျောင်းဆရာ
၏အဟန့်ဂါထာကိုစိတ်ထဲမှရွတ်လျက်သစ်ပင်လိုရပ်နေရပုံ၊တောဝတ်များမိမိကိုမော့မကြည့်ဘဲအ
တင်းတိုးဝှေ့ထွက်ပြေးသွားကြပုံ၊၀က်ခလေးတအုပ်ကမိမိခြေထောက်နှစ်ခြောင်းကြားမှစွပ်ကြောင်း
ပြု၍တိုးဝင်သွားကြပုံများကိုအားပါးတရပြောရင်းကြွေးသမျှကိုလဲအားရပါးရစား၏၊အပျိုကလေး
တွေကလဲတအံ့တသြမေးကြမြန်းကြနှင့်သသောသောရယ်နေကြသည်၊
သူငယ်အိပ်ဆိတ်ကြက်တွန်ပြီးစအချိန်သို့ရောက်သောအခါ ရွာဦးဆီမှ ဗျို့ ဟစ်သံကျယ်
ကြီးများပေါ်လာသည်၊ဗုဒ္ဓသာသနာတော်မပြန့်ပွါးမီပုဂံခေတ်ဆီမှကြွင်းကျန်ခဲ့ဟန်ရှိသောအလွန်
ရှေးကျသည့်တေးမှုတ်သံတစ်မျိုးသည်သုန်သုန်ညှင်းသောလေပြေနှင့်အတူငြိမ့်ငြိမ့်ညောင်းပါလာ
သည်၊ပုစ္ဆန်းသည်တို့၏တေးဂီတအသံသည်တူရိယာတို့၏အကြားမှတချက်တချက်ထိုးဖေါက်လာ
သည်၊ထိုအသံသည်သားကောင်တို့ဟိန်းဟောက်သံကဲ့သို့၎င်း၊လူတို့ရှိုက်ကြီးတငင်ငိုကြွေးသံကဲ့
သို့၎င်းစိတ်နှလုံးတုန်လှုတ်ဘွယ်ရာအဝေးရပ်ဆီမှပျံ့လွင့်လာခြင်းဖြစ်သည်၊
စကားကျယ်ကျယ်ဖေါင်ဖွဲ့၍တ၀ါးဝါးတဟားဟားရယ်နေကြသောသူတို့သည်တစ်ဦးကို
တဦးမျက်လုံးပြူး၍စူးစိုက်စွာကြည့်ပြီးအသံလာရာသို့နားစွင့်နေကြသည်၊အားလုံးတို့သည်တဦးကို
တဦးနှုတ်မဆက်ဘဲနေရာမှထလိုက်ကြသည်၊သူတို့သည်တန်ခိုးရှင်တဦးဦးကစေခိုင်းလိုက်သကဲ့
သို့တိတ်တိတ်ဆိတ်ဆိတ်ပင်မိမိအိမ်သို့ပြန်ကုန်ကြသည်၊အရွယ်လွန်ပြီးသောယောက်ျားကြီးများ
မိန်းမကြီးများသည်မိမိတို့မုန့်ကြော်နေသည့်လုပ်ငန်းကိုလက်စသပ်လိုက်ကြပြီးအပျိုကလေးများ
ကလဲမုန့်နှင့်တကွအိုးခွက်ပုဂံများသိမ်းလိုက်ကြသည်၊အကိုကာလသားနှင့်အပျိုကလေးများသည်
မိမိတို့အိမ်တွင်အ၀တ်အစားအသစ်များကိုတိတ်ဆိတ်စွာဝတ်ဆင်ကြလေသည်၊မိန်းမပျိုက
လေးများသည်မိမိကိုဘယ်သူဘယ်ဝါမှန်းမမှတ်မိအောင်အသွင်တမျိုးဖြင့်ဝတ်ဆင်ကြသည်၊တချို့
ကနဂါးမလေး၊တချို့ကန္ဒရီမလေး၊တချိုကနတ်သမီးစသည်ဖြင့်အမျိုးမျိုးရုပ်ဖျက်၍၀တ်ဆင်ကြသည်
သူတို့တတွေကြတ္တိကာနက္ခပွဲသဘင်တွင်သူမသိကိုယ်မသိအပြိုင်ဆင်နွဲကြမည်ဖြစ်သည်၊
အကိုကာလသားတို့အဘို့ကားအိမ်သို့ဝင်၍အ၀တ်အစားအသစ်များဝတ်ဆင်ကြရာတွင်
မပါလျှင်မပြီးသောအဆောင်အယောင်များကားမင်ကြောင်ထိုးစဉ်က၀တ်ခဲ့ကြသည့်မင်ခံပုဆိုးနှင့်
မိခင်ကအမှတ်တရရက်လုပ်ပေးထားသောသဘက်စသည်တို့ဖြစ်သည်၊အခြားသောအင်း၊အိုင်၊
လက်ဖွဲ့၊ဆေးဝါးပုတီး၊အဆောင်ရုပ်စသည်တို့ကိုယူဆောင်လာရသည်၊သို့သော်မိခင်၏ထမီစကို
နားတွင်ဖေါက်ဆွဲထားလျှင်ခေတ္တဖြုတ်ထားခဲ့ရသည်၊ချစ်သူပေးထားသောလက်ဆောင်နှင့်ချစ်သူ
မဖြစ်သေးသူကပေးထားသောလက်ဆောင်များကိုလဲတချို့ကယူလာကြသည်၊
ထိုပွဲတွင်ကိုရင်ကြီးဒိုးကလေးတို့ကအလေ့အကျင့်ပြုလုပ်ပေးထားသဖြင့်နတ်တို့၏၀ိညာဉ်
တို့နှင့်ယဉ်ပါးနေသောပုစ္ဆန်းတို့သည်ကခုန်ရင်းသတ်မှတ်ထားသောနတ်ကွန်းများရှိရာသို့သွားကြ
လေသည်၊နတ်ကွန်းများသို့မိမိတို့ယူလာသောပန်းနှင့်အမွှေးနံ့သားများပေး၍ဆုတောင်းကြ၏၊
သတ်မှတ်ထားသောနတ်ကွန်း၏အလယ်တွင်ကာလသားတို့ရှာဖွေလာကြသောဆေးပေါင်းစုံ
ဂမုန်းပေါင်းစုံနှင့်ဆေးမြစ်၊သစ်ဥသစ်ဖုများ၊ဆေးကြိန်ရန်ကျောက်ပျဉ်များအစီအရီချထားသည်၊
အလယ်ခေါင်တွင်ကားဒေါင်းလန်းနီကြီးပေါ်တွင်မဲဇလီဖူးနှင့်ပန်းပွင့်များကိုပြည့်လျံနေအောင်
လာရောက်ထည့်ကြသည်၊နတ်ကွန်းထိန်းများကနတ်ကွန်းမှပန်တော်ကျများကိုပြန်စွန့်ပေးသည်၊
ကညင်ဆီတိုင်မှမီးတိုင်များမှေးမှိန်စပြုလာသောအခါ ကိုရင်ကြီး၏ဆေးရင့်ကျူးသံထွက်
ပေါ်လာသည်ပုစ္ဆန်းသည်တို့သည်ကိုယ်ရင်ကြီး၏ဆေးရင့်ကျူးသံနှင့်အတူအလွန်ညင်သာစွာရိမ်း
ထိုးလှုတ်ရှားကြသည်၊ကိုယ်ရင်ကြီးနှင့်တူဝိုင်း၍ဆေးကြိတ်သူတို့ကလဲပထမတွင်ညင်ညင်သာသာ
ဆေးကြိတ်နေရာမှာ တချို့မှာဆေးနတ်များဝင်ဆီးသဖြင့်ကြမ်းကြမ်းတမ်းတမ်းဝင်၍ဆေးကြိတ်ပေ
တော့သည်၊တချိုမှာမူးမေ့လဲကျသည်အထိဆေးကြိတ်ကြသဖြင့်ကိုရင်ကြီးကဆေးနတ်များကို
တောင်းပန်ပေးရသည်၊ဆေးပေါင်းခသည့်ညပေတည်း ၊
ကျန်သူတို့မှာဆေးကျူးသံတေးသံတို့နှင့်အတူဘယ်ညာယိမ်းသွဲ့၍လွင့်ပါးနေသကဲ့သို့ပိုမို ယိမ်း၍လာကြသည်၊ဆေးရင့်ကျူး၍အတော်ကလေးဆေးသားညက်လာသောအခါတီးဝိုင်းမှစည်
တိုသံ၊ လင်ကွင်းသံတို့မှာပိုမိုကျယ်လောင်လာသည်၊ဆေးကြိတ်သူများနှင့်လာရောက်သူအားလုံတို့
မှာဘယ်ညာယိမ်းနေရာဒေါင်းလန်းကြီးကိုဝိုင်း၍ကကြတော့သည်၊တီးဝိုင်းသံကားကမ္ဘာကြီးပေါက်
ကွဲသွားလုမတတ်တီးကြလေသည်၊ဆေးကြိတ်ပွဲသို့လာရောက်ကြည့်ရှုသူများပင်မနေနိုင်တော့ဘဲ
ဝင်ကကြတော့သည်၊နီးရာအချင်းချင်းပွေ့ဖက်လျက်နမ်းရှုတ်ကြခုန်နိုင်ကြသည်၊အ၇ွယ်မရောက်သူ
အကိုကာလသားငယ်ကလေးများကကြီးသူငယ်သူမရွေးနီးရာမိန်းမတဦးဦးကိုပွေ့ဖက်၍ကကြတော့
သည်၊ပါးစပ်မှလဲတေးသံမျိုးစုံသီဆိုကြလေသည်၊

ပုပ္ပကြယ်မြေလူး -- ကောက်ပဲနှမ်းဝါမြူး
ပုပ္ပကြယ်မြေလူး -- အင်းဆေးစက်မင်မြူး
ပုပ္ပကြယ်မြေလူး -- ညည်းရောငါရောမြူး

ဒေါင်းလန်းကြီးကိုဝင်၍ကနေသူတို့သည်ပို၍ပို၍မြန်လာကာလဲပြိုကျကုန်သည်၊ထိုအခါ
ဝေး -- ဝေး ဟူသောအသံနှင့်အတူ ဒေါင်းလန်းကြီးထဲမှ မဲဇလီပန်းများကိုတယောက်ကိုတ
ယောက်ပစ်ပေါက်ကြကုန်သည်၊ထိုအခါလူအုတ်ကြီးထဲမှာလူများကမိမိတို့ထံကျလာသောမဲဇလီ
ပန်းများကအလုအရက်ကောက်ယူသိမ်းကြသည်၊အထူးသဖြင့်မိန်းမပျိုကလေးတို့သည်မိမိကောက်
ရလာသောမဲဇလီဖူးများကိုသေချာစွာထုပ်ပြီးအိမ်ပြန်ကြလေသည်၊သူတို့အတွက်မဲဇလီဖူးသည်အ
ရေးကြီးသည်၊တန်ဆောင်မုန်းလပြည့်နေညတွင်နက္ခပူဇော်ပွဲပြုလုပ်သည့်အခါအသုံးပြုရန်ဖြစ်သည်
ဆေးကြိတ်ပွဲသို့လာရောက်ကြည့်သူများကကြသူများပြန်သွားသောအခါ၊ကိုရင်ကြီးရင်ကြီး
နှင့်ကာလသားတို့ပြန်၍မဖြစ်သေးဆေးကျုးခြင်း၊မန္တာန်စုတ်ခြင်း၊သိဒ္ဓိတင်ခြင်း၊သစ္စာစောင့်ခြင်းများ
ကိုမိုးလင်းသည်အထိပြုလုပ်ကြရသည်၊

နက္ခပွဲလှည့်လည်ခြင်း

နောက်တနေ့ဖြစ်သောတန်ဆောင်မုန်းလပြည့်အဖိတ်နေ့ညတွင်နက္ခပူဇော်ပွဲလှည့်လည်
ခြင်းကိုပြုပ်ကြသည်၊ထိုနက္ခပွဲလည့်လည်ရာတွင်ဂြိုလ်များ၊နတ်များ၊ဆေးအင်းလက်ဖွဲ့တို့ပါသည်၊
နတ်ပွဲသက်သက်ဖြစ်သောကြောင့်ဘုရားနှင့်ရဟန်းသံဃာများမပါ၊သို့သော်ကိုရင်ကြီးဦးဆောင်
ပြုလုပ်သောပွဲဖြစ်သောကြောင့်ကိုယ်တိုင်ပါဝင်လှည့်လည်သည်နက္ခပွဲလှည့်လည်ရာတွင်၊ဆေးမင်
နှိုးကြမည့်သူများ၊သိဒ္ဓတင်ကြမည့်အကိုကာလသားတို့သည်မိမိတို့ယူဆောင်လာသောဆေးမင်ပန်း
နံသာတို့ကိုကိုင်၍သက္ခာတော်ရမထေရ်တော်ကြီးများလိုအစီအစဉ်အတိုင်းလှည့်လည်လာကြရ
သည်၊ပုစ္ဆာန်းသည်(နတ်ကတော်)တို့ကားငှက်ပြောပွဲအုန်းပွဲ၊အမွေးနံ့သာပန်းဆီမီးများ၊အတီး
အမှုတ်အကအခုန်များမြင့်နောက်မှလိုက်ကြရည်၊
မိန်းမပျိးတို့သည်ကားမနေ့ညကရလာသောမဲဇလီဖူးများကိုအခြောက်လှမ်းဘို့အနည်းငယ်
ချန်၍၊အကျန်ကိုမိမိတို့ရှာဖွေခူးယူထားသောမဲဇလီဖူးများဖြင့်ရောပြီးမဲဇလီဖုးသုပ်လုပ်သည်၊
မဲဇလီဖူးသုပ်ကိုဖက်စိမ်းဖြင့်အထုပ်ဖုပ်၍တချို့ကိုဘုရာလှူ၏၊တချို့ကိုသက်ကြီးရွယ်အိုတို့ထံပို့၏
တချို့ကိုနက္ခပွဲသို့လှည့်လည်လာသောအကိုကာလသားတို့ကိုပစ်ပေါက်ရန်သိမ်းထားကြသည်၊
အိမ်အပေါ်ထပ်ရှိပိတ်ထားသောပြတင်းပေါက်(သို့မဟုတ်)အိမ်ရှေ့ပုဏ္ဏားကွယ်တွင်ပန်းကန်၊
လင်ပန်းတွင်အသင့်ထည့်ထား၏၊ထို့နောက်မိမိကိုယ်ကိုအလှပဆုံးဖြစ်အောင်ဝတ်ဆင်ထားပြီး
အသင့်စောင့်နေသည်၊
နက္ခပွဲလှည့်လာသည်နှင့်မိမိပစ်ပေါက်လိုသောအကိုကာလသားပြတင်းပေါက်ရှေ့တဲ့တဲ့
ရောက်သည်နှင့်ဗြူန်ူကနဲလူလုံးပြ၍မဲဇလီဖူးထုပ်နှင့်ပစ်ပေါက်လိုက်ကြရသည်၊
(ဤသို့ပြုလုပ်ခြင်းသည်အဘိပါရကစစ်သူကြီးကတော်ဥမ္မာဒန္တီကသိဝိမင်းကြီးအားတန်
ဆောင်မုန်းလပြည်နေ့တွင်လေသာပြတင်းပေါက်ဗြုန်းကနဲထွက်လာပြီးမဲဇလီပန်းဖြင့်ပေါက်လိုက်
သောကြောင့်ဥမ္မာန္တီကိုအရုးမူးစွဲလန်းခဲ့သည်ကိုအတုယူ၍ပြုလုပ်ခြင်းဖြသ်သည်ဟုယူဆကြသည်)
ညောင်သာယာရွာမိန်းမပျိုတို့သည်ဤထုံးစံအတိုင်းနက္ခပွဲသဘင်တွင်လှည့်လည်လာသော
မိမိချစ်နေသူအကိုကာလသားကိုမိမိပြစ်ပေါက်လိုက်သောမဲဇလီဖူးသုပ်ထိမှန်သွားလျှင်မိမိကိုအရူး
အမူးစွဲမက်လာသည်၊မစွန့်ပစ်နိုင်ဟုယုံကြည်ကြသည်၊သို့သော်ထိသွားသောကာလသားကမိမိအား
ထိမှန်အောင်တန်ပြန်ပြစ်ပေါက်ခြင်းခံရလျင်ဘာမှမဖြစ်ဟုယုံကြည်ထားကြသည်၊
ညနေချမ်းသို့ရောက်နေပြီကြတ္တိကာနက္ခပွဲသဘင်ဆင်နွဲရန်အတွက်ပုစ္ဆာန်းသည်တို့ရှေ့မှဦး
ဆောင်၍ငှက်ပြောပွဲအုန်းပွဲတို့ကိုကိုင်၍အကအခုံအတီးအမှုတ်တို့ဖြင့်လှည့်လည်လာကြသည်၊
နောက်တွင်နက္ခစံအိမ်တို့၌ဆေးမှင်သိဒ္ဓိတင်ရန်အကိုကာလသားတို့လိုက်ပါလာကြသည်၊၄င်းတို့
နောက်မှဆေးအင်းဝါသနာပါသောလူကြီးများလိုက်ပါလာကြသည်၊ပျော်စရာကောင်းလှပေသည်၊
မြခက်သည်နက္ခပွဲလှည့်လာသူတို့မိမိအိမ်ရှေ့သို့ရောက်လာသည်နှင့်အိမ်ခြံဝသို့ဗြုန်းကနဲ
ပြေးထွက်ခါမယ်ဇလီဖူးသုပ်ဖြင့်ကောင်းမြတ်ကိုတည့်တည့်ချိန်၍ပစ်ပေါက်လိုက်သည်၊ကောင်းမြတ်
ကိုသေသေချာချာထိမှန်သွားသဖြင့်မြခက်မျက်နှာမှာကျေနပ်သောအြ့ပုံးများဖြင့်ကောင်းမြတ်ကိုစူး
စူးစိုက်စိုက်ကြည့်ပြီးအိမ်ထဲသို့ပြေးဝင်သွားသည်၊
နက္ခပွဲလှည့်နေစဉ်တွင်ဆေးမင်နှိုးသိဒ္ဓိတင်ကြမည့်အကိုကာလသားတို့သည်၊မိမိတို့ကိုင်
ဆောင်လာကြသောဆေးမင်များ၊ပန်းနံ့သာများကိုဂရုစိုက်နေရသဖြင့်သိက္ခာတော်ရမထေရ်ကြီးများ
ကဲ့သိုက္ကနြေ္ဒရစွာလိုက်ပါနေရသဖြင့်မိမိအားမယ်ဇလီထုပ်ဖြင့်ပစ်ပေါက်သူကိုစိတ်တွင်းကသာမှတ်
သားလိုက်ကြရသည်၊လှည့်လည်ပွဲပြီး၍နက္ခပွဲစတင်သည့်အချိန်ကြယ်စုံထွက်သောညအခါရောက်
မှသာကိုယ်တိုင်ပြုလုပ်လာသည်မယ်ဇလီဖူးသုပ်ဖြင့်ပြန်လည်ပစ်ပေါက်နိုင်ခွင့်ရှိသည်၊
သို့သော်ယောက်ျားလေးတို့ကိုစလိုက်သောမိန်းခလေးတို့မှာအိမ်တွင်းတံခါးကိုအလုံပိတ်၍
တိတ်တတ်ကလေးကျိတ်ရယ်နေကြလေသည်၊
ပန်းသုပ်အပေါက်ခံရသောအကိုကာလသားတို့ကလဲနောင်အခါထိုအပျိုအားအရူးအမူးချစ်
နေသောအချစ်သားကောင်မဖြစ်စေရန်အတွက်ပုန်းနေသောမိန်းခလေးကိုအိမ်ခမ်းတွင်းမှ
ထွက်လာအောင်နည်းမျိုးစုံဖြင့်ကြိုးစားရသည်မှာလည်းပျော်စရာကောင်းလှသည်၊

တန်ဆောင်မုန်းလပြည့်ည(ကျီးမနိုးပွဲ )

တန်ဆောင်မုန်းပြည့်နေ့ညသည်ကြတ္တိကာနက္ခနှင့်ယှဉ်ပြိုင်သည့်နေဖြစ်သည်၊မဲဇလီပင်တို့
၌ဆေးပေါင်းခသောညဆေးမင်ထိုးထားသောဆေးများအစွမ်းထက်သောညဖြစ်သည်၊ကိုရင်ကြီးနှင့်
တပည့်လက်သားအစုံအလင်နှင့်အလုပ်ရှုတ်နေလေသည်၊ထိုည၌ဆေးမင်ကြောင်ထိုးစဉ်ကတမင်
ချန်ခဲ့သောစက်ဝိုင်း၏အလယ်မှကွက်လပ်ကိုဂ၀ံရုပ်၊ကြောင်ရုပ်၊သူရဿတီနတ်သမီးရုပ်၊တို့ကိုဖြည့်
စွပ်ထိုးနှံကြသည်၊ကြတ္တိကာနက္ခသည်အဟန့်၊အမှောင်၊အမှင်၊အရိပ်၊ရှိမ်းတို့အတွက်အစွမ်းထက်
သည်ဟုယုံကြည်ကြသည်၊ဆေးမင်ကြောင်ထိုးပြိးသောကာလသားတို့သည်မိမိတို့ထိုးနှံခဲ့သော
ဆေးများမည်မျှအစွမ်းထက်သည်၊မည်မျှအောင်မြင်ပြီးစီးသည်ကိုလက်တွေစမ်းလိုကြသည်၊ထို့
ကြောင့်ဆေးမှင်ဝိုင်းမှထွက်သည်နှင့်အမှောင်ခို၍သန်းကောင်ဗိုလ်လုပ်ကြတော့သည်၊
သန်းကောင်ဗိုလ်လုပ်ရသည်မှာလွယ်ကူသည်မဟုတ်တရွာလုံးရှိအိမ်ရှင်တို့သည်သူခိုး
ဖမ်းရန်စောင့်နေကြသည်၊မကြီးလေဘုံဦးဆောင်သောမိန်းမကြမ်းကြီးများနှင့်အပျိုတသိုက်တို့သည်
မဏ္ဍပ်ကြီးအတွင်းမှအသင့်စောင့်နေကြသည်၊
သူတို့နှင့်မနီးမဝေးစားပွဲခုံကြီးတခုပေါ်တွင်သူတို့အတွက်အရေးကြီးသောပစ္စည်းများတင်
ထားကြသည်၊သင်တုန်းဓါး၊ကပ်ကြေး၊ကြိုးခွေ၊ကြိမ်လုံး၊ကြိုးခွေ၊ထမင်းခွက်၊စသည်တို့ဖြစ်သည်၊
ထို့ပြင်သင်္ကန်းပရိက္ခရာအစုံလည်းပါသည်၊သူတို့သည်နံနက်ဆွမ်းချက်ရန်အတွက်စုစုရုံးရုံးကြက်
ကြက်သွန်လှီးခြင်း၊ဂျင်းလှီးခြင်းစသောအမှုများကိုရယ်ရယ်မောမော်နှင့်ပြုလုပ်နေကြသည်၊
သူတို့၏အတွဲဖြစ်သောငလုံးတို့၏အရပ်တီးဝိုင်းကလည်းလက်ကောင်းတိုင်းရွလျက်အမြိုင်သားဖြင့်
အယိုင်သွားကိုတီးနေကြသည်၊ထိုညအဘို့ခလေးများပင်မအိပ်ကြဘဲဆိုင်းသံကလေးရွလာတိုင်းက
ကကြခုံကြနှင့်အမောသား၊
ဆေးမင်ကြောင်းမှထွက်လာကြသောကာလသားတို့မှာအမှောင်ရိပ်အောက်ရောက်သည်
နှင့်လူရိပ်လူရောင်ပျောက်သည်ဟုယုံကြည်ကြသည်၊ဟောင်မည်ခွေးကိုအံခဲ၍ကြည့်လိုက်ရုံနှင့်
မဟောင်နိုင်ဘဲအမြီးကုတ်ထွက်သွားအောင်ဟန့်တားနိုင်သည်ဟုဆိုသည်၊အော်မည်ပြုကို ”ဟိတ်”
ဟုချောက်လိုက်ရုံမျှဖြင့်စစ္ဆေသရဲအခြောက်ခံရဘိသကဲ့သို့မှိုင်းမိသတိလစ်ကျန်ရစ်နိုင်သည်ဟုဆို၏
ကြောင်အရုပ်ကိုပုပ်၍ဟုတ်ခနဲခုန်လိုက်သည်နှင့်ဖြုတ်ခနဲအိမ်ခေါင်မိုးပေါ်သို့ရောက်သွားနိုင်သည်
ဆို၏၊လက်ညှိးကအိမ်မြှောင်ရုပ်ကုတ်လိုက်လျှင်လှေခါးကိုမြင်ပါလျက်နံရံကိုတွယ်ကပ်ချင်စိတ်
ပေါက်လာသည်ဆို၏၊ထိုအဆိုများမည်မျှမှန်သည်မှားသည်ကိုစမ်းသပ်ကြရင်းဖြင့်၊နံနက်မိုးသောက်
သော်မဏ္ဍပ်ရှေ့ရှိကြိုးဝိုင်းကြီးအတွင်းသို့နွားများ၊လှည်းများ၊စဉ့်အိုးကြိးများ၊သေတ္တာများ၊ရက်ကန်း
စင်၊လူအိပ်ပျော်လျက်မယူရာသို့ပါလာသောကွပ်ပျစ်များ၊စသည်တို့ကယ်ရောက်နေကြကုန်၏၊
” ဘော အော ဘော အော ”
” အမလေး လန့်လိုက်တာတော့ ”
အမိပျောက်သောနွားငယ်သည်ကျီးမနိုးပဒေသာပင်ကြီး၏ထိပ်ဖျားတွင်လေးဘက်ကား၍
ရပ်လျက်အသီိးခံနေရသည်၊နွားငယ်၏ခြေလေးခြောင်းသည်မလှုတ်နိုင်နရုန်းနိုင်အောင်ချည်နှောင်
ခြင်းခံနေရရှာ၏၊
” ဟယ် ကြည့်ကြစမ်းပါအုံး သူရို့မိုးကြံကြံဖန်ဖန်ကြံကြီးစည်ရာလုပ်တတ်တယ်၊
” ဟဲ့နေစမ်းပါအုံး ဒါဘယ်သူ့နွားတုန်း ဦးကြီးကောက်ရ နွားကလေးမဟုတ်လား ဦးကြီး
ကောက်ရတို့ တော့ ပရိက္ခရာအစုံနဲ့ရွေးရတော့မှာပတော်ရေ့ ”
” ဟဲ့ ဟဲ့ နွားကလေးကရုံးနေသဟဲ့ အောက်ကလှည်းကဘီးကြီးလိမ့်ပြီးပြိုကျလာမှဖြင့်
” ဟိတ်ဟိတ် လှည်းမြီးစွန်းအောက်တဲ့တဲ့ကကွပ်ပျစ်ကိုကြည့်လိုက်စမ်းပါအုံးဟဲ့ -
တင်းတိမ်ကြီးခြုံထားတာလူမဟုတ်လား - အစစ်ပါ့တော် လူကြီးဟဲ့ လူကြီး ”
စီတန်းလာသောအပျိုတစုတို့သည်အတန်းပျက်လျက်စုလူစုလူဝေးကြီးဖြစ်သွား၏၊
တစ်ယောက်နှင့်တယောက်လက်ညှိးဖြင့်ညွန်ပြကာ - ပြကြ၏ မမြင်မတွေ့သူများက
” ဘယ်မှာလဲ ဘယ်မှာလဲဟု ”မေးကြ၏ ။
” ဟုတ်ပါ့တော် တို့များဖြင့်အံ့ပါရဲ့ ဟောတော့ မိန်းမကြီးတော့ ဘယ်သူများပါလိမ့် - တို့များဖြင့်
ခိုးတဲ့သူထက် အခိုးခံရပြိး ပါလာတာကို မသိလိုက်တာအံ့ပါရဲ့ တော် ”
” သူတို့က ဆေးတွေဝါးတွေ အဟန့်တွေနဲ့ အိပ်ငွေ့ချပြီးခိုးလာတာတော့နိုးချင်မှနိုးမှာပေါ့
အေ့ - တို့တော့ ခိုးတဲ့သူဘဲအံ့သြပါရဲ့တော် ”
” အိမ်း တို့ ကခိုးလာသူနိုင်သူကိုဘဲအံ့သြတာပ - ဒီနေ့ ဒီရက် ဒီရက် ဒီလိုလုပ်တန်းမှန်းသိ
ရက်နဲ့ ပေါ့ပေါ့ရော့ရော့အိပ်တာကိုး အေ့ - အခိုးခံရသာနည်းတောင်နည်းသေး -
ခိုးသူကခိုးရုံခိုးလို့သာ ပ ”
” ဗိုင်းနာမ သူများဖြင့် စောစောစီးစီးပြောလိုက်တာ ခိုးရုံမခိုးလို့ညည်းဘယ်လိုများလုပ်စေ
ချင်သေးလို့တုန်း - အဲဒီလိုလူပါခိုးယူနိုင်တဲ့သူခိုးဆိုတာ အင်မတန်သစ္စာရှိပြီး - သမာဓိတည်နိုင်မှ
ခိုးနိုင်တဲ့အစွမ်းရှိတာတော့ - ညည်းကယုတ်မာစေချင်ပေမဲ့သူခိုးက မယုတ်မာနိုင်ဘူး ”
ဟိတ် ဟိတ် ကောင်မတွေ ရေ့  အောင်မလေးကြည့်လိုက်ကြပါအုံး - မြောက်ဖျားကခေါင်း
ကတော်ကြီးရယ်တော့ - ဟိုမှာ ဟိုမှာတင်းတိမ်ကြီးကို လှန်လိုက်ပြီ - ၀မ်းသာလိုက်တာတော်ရေ့ 
အိမ်ခေါင်းကတော်ကြီးဆီက ပရိက္ခာ ငါးစုံလောက်အတောင်းခိုင်းရမယ် -

အိပ်လျက်ပါလာခဲ့သောမိန်းမ၊ယောက်ျားတစုံသည်မနက်မိုးလင်းမှဆိုင်းသံကြောင့်နိုးလာ
သော်မပြေးရစည်းဝိုင်းတွင်းမှမထွက်ရခိုးယူမယူလာသောကာလသားတို့ပိုင်၏၊အပေါ့အပါးသွားလို
သည့်တိုင်ကာလသားတို့ကခွင့်ပြုမှသွာရ၏၊ထိုညအဘို့ကျီးမနိုးပွဲဆင်နွဲရာတွင်အောင်မြင်သူများရှိ
သလို၊မအောင်မြင်၍ဖမ်းမိသူများလည်းရှိသည်၊ထိုသူတို့မှာတစုံတခုသစ္စာဖေါက်မိသောကြောင့်
စည်းပေါက်သွားသောကြောင့်ဆေးမအောင်ခြင်းကြောင့်ဖြစ်သည်၊
အဖမ်းခံရသူတို့မှာမသက်သာလှမကြီးဘုံဦးဆောင်သောမိန်းမကြမ်းကြီးတသိုက်က၊ကြိုး
ခွေ၊ကြိမ်လုံး၊ကပ်ကြေး၊သင်တုန်းဓါးတခုဆီကိုင်လျက်၊ဖမ်းမိသူကိုစားမလိုဝါးမလိုဟန်ရေးပြလျက်
ကခုန်နေကြသည်၊ကြက်သွန်လှီးနေသောမိန်းမပျိုများကဘယ်ဘူကြီးများပါလိမ့်ဟုထွက်၍ကြည့်
ပြီးနေက်ပြောင်နေကြလေသည်၊
ဟယ် ဆင်းရဲလွန်းလို့ခိုးတာထင်ပါ့ ဟုဆို၍ ခိုးသားပုဆိုးကိုဝိုင်းချွတ်ကြ၏၊ခိုးသားမှာပုဆိုး
ချွတ်ယူခြင်းခံရခြင်းကကိစ္စမရှိ အပျိုတွေရှေ့၌ဖြစ်သောကြောင့်ရှက်လှ၏၊မိမိခေါင်းပေါ်မှသဘက်ကို
အမြန်ဖြုတ်၍အရှက်ကိုဖုံးရလေ၏ ၊ ထိုသို့ ” ရှက်ရှာပါသော်ကော ” ဟူ၍ချမ်းသာမပေး

” ဟယ် ငတ်ရှာလွန်းလို့ခိုးသာထင့်ပါ့ ” ဟူ၍ ပါးစပ်ဖြင့်ဝါးထားသော ထမင်းများနို့ရည်ဖြင့်
ဆမ်းထားသောထမင်းများကိုခိုးသား၏ပါးစပ်ထဲသို့အတင်းခွံ့လေတော့၏၊
ရွံလွန်း၍ရုံးလျှင်နကန်သေးသေးဖြင့်စပ်စပ်ပါအောင်ရိုက်သည်၊ကကြိုးအမျိုးမျိုးကခိုင်းတော့
သည်၊ထို့နောက်မကောင်းသည့်အကျင့်ဆိုးကိုဆေးကြောပစ်ရမည်ဟုဆို၍တကိုယ်လုံးခေါင်းပေါ်မှ
ရေလောင်းချပြီး၊ဆံပင်များကိုကပ်ကြေးဖြစ်ညှပ်ဖြစ်၏၊ဦးပြည်းရိတ်ပြီးလျင်မဏ္ဍုပ်တိုင်တွင်ချည်ထား
လိုက်လေသည်၊နောက်ထပ်ခိုးသာတယောက်မရောက်လာမခြင်းမဏ္ဍုပ်တိုင်တွင်နေရလေသည်၊
ဘေးမဲ့စည်းဝိုင်းအတွင်း ပစ္စည်းများအစုစုအပုံပုံရောက်လာသည်နှင့်အမျှ၊မဏ္ဍုပ်တိုင်တွင်
ခိုးသားများလည်းတယောက်ပြိးတယောက်ရောက်လာကြလေသည်၊

မိန်းခလေးများ သူခိုးကိုအမျိုးမျိးနှိပ်စက်နေကြစဉ် ဆိုင်းချိုးသံကြားရသဖြင့်မဏ္ဍပ်အတွင်း
သို့ကြည့်လိုက်ရာသံဃာစင်တွင်သံဃာတော်များဆွမ်းဘုန်းပေးပြီး၍လက်ဘက်ရည်ကြမ်းဘုန်းပေး
နေသည်ကိုတွေ့ရသည်၊ဆိုင်းသံသည်ဖမ်းမိထားသောခိုးသားတို့အားတရားစီရင်ရန်အချိန်ကျရောက်
ကြောင်းအချက်ပေးသောအသံဖြစ်၏၊
ပစ္စည်းအခိုးခံရသောအိမ်ရှင်တို့သည်မဏ္ဍပ်ရှိရာသို့ရောက်လာကြပြိးမိမိတို့ပစ္စည်းများကိုတန်
ဘိုးဖြတ်၍ရွေးယူကြသည်၊တန်ဘိုးပေးရုံဖြင့်မပြီးသေးမိမိတို့ပစ္စည်းကိုယ်တိုင်ဖြုတ်ယူ၍တခြားပစ္စည်း
များအပေါ်ပြုတ်ကျလျင်လျော်ရမည်ဖြစ်သဖြင့်၊ဖြတ်ခပေး၍ဖြုတ်ခိုင်းကြရသည်၊ခိုးရာပါပစ္စည်းများကို
ရောင်းရသောငွေသည်မဏ္ဍပ်အတွင်း၌အသင့်ထားရှိသောသင်္ကန်းပရိက္ခရာတို့ဝယ်ယူရန်ဖြစ်သည်၊
ဝယ်ယူ၍ရသောသင်္ကပရိက္ခရာတို့ဖြင့်ဖမ်းမိ၍ကတုံးတုံးထားသောသူခိုးများကိုရှင်ပြုခြင်းပဉ္စင်းခံခြင်း
များပြုလုပ်ကြရသည်၊
ဘေးမဲ့စည်းဝင်းအတွင်းမှကျီးမနိုးပွဲပစ္စည်းများကိုရောင်းချ၍ရသောငွေဖြင့်သင်္ကပရိက္ခရာဝယ်
ပြီးဖမ်းမိသောသူခိုးများကိုရဟန်းခံပေးရာ၊ဖမ်းမိသောသူခိုးဦးရေထက် သင်္ကန်းကပိုနေသဖြင့်ရွာတွင်း
မှ ၈ နှစ် ၉ နှစ်အ၇ွယ်ခလေးများမှအစအ၇ွယ်ရောက်သူများကိုပါသင်္ကန်းဆီးစေကြ၏ထို့ကြောင့်
ကြတ္တိကာပွဲသဘင်ဟုခေါ်သောကျီးမနိုးပွဲကားယခင်နှစ်များနဲ့မတူတမူထူးခြားစွာဖြင့်တောင်ကျောင်း
မြောက်ကျောင်းနှစ်ကျောင်းစလုံးရှင်သာမဏေတ့ဖြင့်ဝါ၀ါထိန်နေလေတော့သတည်း ၊

မောင်သုည

ရန်ကုန်ဗဆွေ - မြန်မပြည်သားစာအုပ် ကို မှီငြမ်းထားပါသည်

No comments:

Post a Comment