Wednesday 15 December 2010

နတ်တော်လ


နတ်တော်လ




နတ်တော်လဖွဲ့

ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို
ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချို ညင်းက
သုတ်သွင်းဘယ်ညာ နှံ့၊ သင်းပျံ့ပျံ့ချို
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဒီနှင့် ၊ မိဂသီရောင် ခြည်ဖျန်းတယ်
မြန်းတူကြွသွား။

(ဖိုးသူတော် ဦးမင်း)


နတ်တော်လ

ငွေနှင်းငယ်တဲ့မှုံဝေေ၀

ပျံ့မွှေခိုင်သဇင်နှင့်

ဂမုန်းအင်ပန်တော်ဦးကြတယ်

ထူးတဲ့လပေ

မိဂသီ ပုဏ္ဏာလင်းပါလို့

ရွှေင်္ဟသာတာရာငွေလို

ဖြာဖြာဝေလျက်စံကွန့်မြူး

ပဏ္ဏာတင်

ပိန္နဲမဟာရှင်၏

ခါသဘင်ပျော်ရွှင်ပွဲမှာလ

ဖေါ်ကွဲသူမကြည်သာဘို့

ရထည်လွှာခြုံလို့ကွေးရတယ်

အေးတဲ့လထူး

နတ်တော်လသည် မြန်မာလများတွင် န၀မ မြောက်လဖြစ်ပြီး မိုးအနှောင်းဆောင်းအ


ကူးကာလဖြစ်သည် ၊ ရာသီဥတုသာယာသေလဖြစ်သဖြင့် မြန်မာတို့၏ရိုးရာပွဲလမ်းသဘင်များ


ဇာတ်ပွဲ နတ်ပွဲများအလွန်စည်းကားလဖြစ်သည်၊အင်္ဂလိပ်ပြက္ခဒိန်တွင် နိုဝင်ဘာ ၊ဒီဇင်ဘာလ


တွင် ကျရောက်တတ်ပါသည်၊


ရာသီအားဖြင့်ဓနုရာသီ ၊ စန်းယှဉ်သောနက္ခမှာမိဂသီနက္ခဖြစ်ပါသည်၊ ရာသီအရုပ်မှာ

မြင်းခြေ နှင့်လူကိုယ်လေးသမားမြှားပစ်နေပုံဖြစ်သည်၊ရာသီပန်းများမှာသဇင်ပန်းနှင့် ဂမုန်းပန်း

တို့ဖြစ်သည် ၊

နတ်တော်လဟူသောဝေါဟရတွင် ” နတ် ” ဟူသည်နာတပုဒ်မှဆင်းသက်လာသော

ပါဠိသက်ဝေါဟာရဖြစ်ပြီး၊အဓိပါယ်မှာကိုးကွယ်ရာဟုဆိုလိုသည်၊ ” တော် ” ဟူသောစကားမှာ

ပေါရာဏစကားဖြစ်ပြီး အရှင်သခင် ၊ ကြီးကဲသူ ၊မြင့်မြတ်သူဟုအဓိပါယ်ရသည်၊ မြန်မာစာပေ

တွင် ရတနာသုံးပါးနှင့်သော်လည်းကောင်း မင်း မိဖုရား နှင့်ပတ်သက်၍သော်လည်းကောင်း ၊

သုံးစွဲသောအခါ ” တော် ” ကိုသုံးစွဲလေ့ရှိသည်၊နတ်တော်လဟူသည်အရှင်နတ်မင်းများကိုပူ

ဇော်ပသသောလဖြစ်ခဲ့သည်၊မဟာဂီရိနတ်မောင်နှမကိုပူဇော်သောပွဲများရှေးအခါကပြုလုပ်ခဲ့

ကြသည်၊ထို့ကြောင့် ရှေးအခါက နတ်တော်လ၏ ရာသီပွဲမှာ နတ်ပူဇော်ပွဲဖြစ်ပြီး မြန်မာ

သက္ကရာဇ် ၁၂၄၇ (၁၈၈၅) ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်. . . ထိုအချိန်မှစ၍နတ်တော်လ

တွင် နတ်များကိုပူဇော်သည့်ရာသီပွဲတော် ဆိတ်သုဉ်းနေခဲ့သည်မှာ ၁၃၀၅ ခုနှစ်တိုင်အောင်

ဖြစ်သည်.၁၃၀၆ ခုနှစ်သို့ရောက်သော အခါ နတ်တော်လအတွက်ရာသီပွဲတော်တစ်ခုထူးခြား

စွာ ထွက်ပေါ်လာခဲ့သည်. . ယင်းပွဲတော်ကားမျက်မှောက်ခောတ် တွင်ကျင်းပနေသော

စာဆိုတော်ပွဲပင်ဖြစ်သည်. . . စာဆိုပွဲတော်ဆိုသည်မှာ ဘုရင်ခောတ်ကတွင်ကျယ်ခဲ့သည့်

ထီးသုံးနန်းသုံးဝေါဟာရတစ်ခုဖြစ်သည်

စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့် ပတ်သက်၍ အထိမ်းအမှတ်နေ့တနေ့ရှိသည်၊

ကုန်းဘောင်ခေတ်နောက်ပိုင်းတွင်အလွန်ထင်ရှားသည့်စာဆိုတော်ကြီး ဦးပုည ကိုချီးကျူးသည့်

ဦးပုည နေ့ ပင်ဖြစ်သည်. . . စာဆိုတော်နေ့ပွဲတော်သည် ဦးပုညနေ့နှင့်ဆက်စပ်ဖြစ်ပေါ်လာသ

ဦးပုညနေ့ကို မြစ်ဖျားခံသည် ဟု ဆိုနိုင်ပါသည်. ပထမအကြိမ် စာဆိုတော်ပွဲကို ၁၉၄၄ ခုနှစ်

တွင်စတင်ကျင်းပခဲ့သည်. . ၁၃၀၆ ခု နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ်

သတ်မှတ်ခဲ့သည် ၊

စာပေသည်အနုပညာအားလုံး၏ကိန်းဝပ်ရာဖြစ်သည်သာမက၊ယဉ်ကျေးမှု၏အသက်

သွေးခဲဖြစ်သည်၊အလိမ်မာစာမှာရှိဆိုသည့်စကားအတိုင်းအသိပညာဥာဏ်ပညာထွန်းကားရေး

ဘ၀တိုးတက်ရေးတို့အတွက်၊အဓိကကျသည်၊စာပေနှင့်လူမျိုးသည်ခွဲခြား၍မရနိုင်စာပေပျောက်

လျှင်လူမျိုးလည်းပျောက်ပေမည်၊ထို့ကြောင့်ရှေးရှေးသောကျမ်းပြုဆရာအကျော်အမော်များ ၊

ရဟန်းပညာရှိ၊လူပညာရှိများကယဉ်ကျေးမှုအမွေအနှစ်များကိုရေးသား၍မြန်မာ့စာပေနှင့်ယဉ်

ကျေးမှုအမွေအနှစ်များကိုမြုပ်နှံပေးခဲ့ကြကုန်သော---------

” သူတည်းတယောက်ကောင်းဘို့ရောက်မူ ” အစချီအမျက်ဖြေလင်္ကကိုရေးသားခဲ့

သော ပုဂံစာဆိုတော်ကြီး အန္တသူရိယအမတ်ကြီးမှအစချီ၍ ------

ပုဂံ ပင်းယ တောင်ငူ အင်းဝ ကုန်းဘောင် ခောတ်အဆက်ဆက်တို့တွင်ထင်ရှားခဲ့သော

အချစ်ရေး၊အိမ်ထောင်ရေး၊စီးပွါးရေး၊ပေါင်းသင်းဆက်ဆံရေး၊ပညာရေး၊အုပ်ချုပ်ရေး၊

သာသနာရေး၊စသည်တို့ကိုအချက်ကျကျလမ်းညွှန်ပြသခဲ့သောလောကနိတိကျမ်းများ၊ကိုရေး

သားခဲ့သည့်ပင်းယခေတ်တွင်ထင်းရှားကျော်ကြားခဲ့သောစတုင်္ရဂဗလအမတ်ကြီး---

ဟတ္တိပါလာပျို့၊ စတ္တုဓမ္မသာရပျို့၊ကိုးခန်းပျို့၊ကဗျာ၊လင်္ကကာ၊မော်ကွန်း၊ရတုနှင့်ဆုံးမစာများကို

ဂုဏ်ယူဝမ်းမြောက်ဘွယ်ရေးဘွဲ့ခဲ့သည့် အင်းဝခေတ်စာဆိုတော်များဖြစ်ကြသည့်ပေလေးပင်

ရှင်လေးပါးတွင်အပါအ၀င်ရှင်မဟာရဌသာရ နှင့် ရှင်ဟာသီလ၀ံသ တို့အား၎င်း ---

တောင်ငူ ခောတ်စာဆိုတော် နတ်ရှင်နောင် လှိုင်ထိပ်ခေါင်တင် ၊ရဝေရှင်ထွေး

န၀ဒေး ၊ မြ၀တီမင်းကြီးဦးစ ။ ၀န်ကြီးပဒေသရာဇာ ။ လက်ဝဲသုန္ဒရအမတ်ကြီး

ဗုဒ္ဓဘာသာဝင်များသီလခံယူဆောက်တည်ရာတွင်ရွတ်ဆိုလျက်ရှိသော ”အဟံဘန္တေ ”

အစချီသီလတောင်းစာချိုးကိုရေးသားပေးခဲ့တော်မူခဲ့သည့် - တောင်ဖီလာဆရာတော်

ပါဠိ နိဿယ ၊ စကာပြေ ၊ ကဗျာ ၊ သတ်ပုံကျမ်းအမျိုးမျိုးတို့ကိုရေးသားတော်မူခဲ့သည့်

( ဗုဓ် အစ ၊ ဗုဓ်အလယ် ၊ ဗုဓ်အဆုံး ) ဟုခေါ်စမှတ်ပြုလောက်အောင် စာပေတွင်အတော်ဆုံး

အတက်ဆုံး အသိဆုံးဟု ကျော်ကြားခဲ့သည် ကုန်းဘောင်ခေတ်စာဆိုတော်ကြီး ဆရာတော်

ဦးဗုဓ်

ကုန်းဘောင်ခောတ်စာဆိုတော်များဖြစ်ကြသော ဦးပုည ၊ဦးကြီး ၊ ဦးကြော့ ။မယ်ခွေ

ဖိုးသူတာ်ဦးမင်း လူဦးမင်း ၊စသည်များ

ခလေးလူကြီး ၊ယောက်ျားမိန်းမ ရဟန်းရှင်လူတို့၏နှုတ်ဇျားတွင်အလွတ်ရနေစေသည့်

လွယ်သူသောကဗျာကလေးများဖြင့် သီကုးစပ်ဆိုထာသော သိင်္ဂါလောဝါဒ ဆုံးမစာများကိုရေး

သားတော်မူခဲ့သည့် သင်္ဂဇာဆရာတော်

ပိဋကတ်စာပေကျမ်းဂန်များကို ဘာသာမျိုးစုံကိုပါရရူမြောက်အောင်တက်မြောက်ပြီး

အရေး အဟော အကျင့် ဘတ်စုံထူးချွန်၍ ကျမ်းစာပေါင်း ၆၀ ကျော် ဘုရားရှစ်ခိုး ၁၁ မျိုး ၊

မောင်းထောင်းတေး ၊ အံတော်သီချင်း ၊ ဒွေးချိုး ၊ လေးချိုး ၊တေးထပ် ၊ ရတုသံချို ၊ ဘုန်းကြီးပျံ

ငိုချင်းမှအစ ၊ ကဗျာမျိုးစုံ ၊ နက္ခကျမ်း ၊ ဆေးကျမ်း ၊ အဂ္ဂရကျမ်းများနှင့် စာပေ၀ါဒနာပါသူတိုင်း

လက်ကိုင်ထားရသည့် မဟာသုတကာရီ ၊ မဃဒေ၀လင်္ကာတို့ကိုရေးသားပြုစုတော်မူခဲ့သည်

ကိုလိုနီခောတ်စာဆို မန်လည်ဆရာတော် - ဒီပနီကျမ်းစာအမျိုးမျိုး ၊ မေတ္တာစာအမျိုးမျိုး၊ဆုံးမ

စာအမျိုးမျိုး ၊တို့ကိုရေးသားပြုစုခဲ့သော လယ်တီဆရာတော် -

အနာဂတ်သာသနာရေး ၊ ဘာသာသွေး ၊ ရတနာ့ဂုဏ်ရည် ၊ ကိုယ်ကျင့်အဘိဓမ္မာ ၊

စသည့်ကျမ်းစာအမျိုးမျိုးတို့ကိုရေးသားခဲ့ပြီး ။ ဘာသာ ၊ သာသနာ ကိုအခြေခံမှစ၍မြင့်တင်ပေး

ခဲ့သော မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၊ တိပိဋကဓရ ဆရာတော်

ဦးဝိစိတ္တသာရာဘိဝံသ မှ သည် ခောတ်စမ်းမြန်မာစာပေကိုစတင်ခဲ့သော သိပ္ပံမောင်ဝ ၊ ဆရာ

ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ၂၀ ရာစု စာရေးဆရာများ အားလုံးကို မြန်မာမှု မြန်မာ့အမွေအနှစ်

များကိုရင်းနှီးမြုပ်နှံပေးကြသူများအဖြစ်သဇင်သင်း၍နှင်းတွေဝေသောစာဆိုတော်နတ်တော်လ

တွင်ဂုဏ်ပြုမှတ်တမ်းတင်ရင်းနှင့် ကဗျာဆရာ ထီယု ၏ ကဗျာ လေးဖြင့်နိဂုံချုပ်လိုက်ပါသည်

ပန်းလှသဇင် ပြည်တခွင်၌

ဝေလွင်ပြည့်သိပ် အလှဖိတ်၍

ဆောင်းရိပ်စံမြန်း သင်းထုံလွမ်းသည်

လန်ဆန်းပါသည့် နတ်တော်လ

ဤသည်ချိန်ခါ ဒို့ပြည်မှာကွယ်

စဉ်လာကျင်းပ စာဆိုလဟု

စကားရည်ပွဲ ၊ ကျပမ်းပွဲနှင့်

ပြိုင်ပွဲစာပေ ၊ ကျင်းပလေ၏

ရှေးကစာဆို ထူးကြည်ညို၍

စာဆိုသီရာ တေးကဗျာကို

ရွေးကာသီဆိုကြပါ၏

စာပေရေးရာစုံလင်စွာပင်

ဟောကာပြောကြ ဆွေးနွေးကြနှင့်

သုတထွေထွေရပါ၏

သက်ကြီးစာဆိုဂုဏ်ပြုကြိုလျက်

စာဆိုနေ့မှာသိုက်မျြိုက်စွာပင်

ကျန်းမာစေကြောင်းဆုမွန်တောင်းကာ

စုပေါင်းကန်တော့ကြပါ၏

စာပေဆုဝင် ကလောင်ရှင်ကို

ဂုဏ်တင်ထွန်းလင်း ချီးမြှင့်ခြင်းဖြင့်

ဆုနှင်းသဘင်ကျင်းပပါ၏

သြော် --- ပြည်လူထုအကျိုးပြုသည့်

ရှေးရှုစာပေအထွေထွေကို -ခောတ်တွေဆက်ဆက်ရေးသားလျက်ဖြင့်

ထမ်းရွက်စဉ်လာ - ထိန်းသိမ်းလာသော ရှင်လူများကို

စာဆိုတော်နေ့ ရက်မြတ်နေ့ဝယ်

ဦးညွှတ်ကော်ရော် ကန်တော့ပါသည်

မြန်မာ နှင့် စာပေအဒွန့်ရှည်စေသော်

မောင်သုည

မှီငြမ်းသောဆောင်းပါးများ

မောင်ထင် ၁၂ လရာသီဆောင်းပါးများ

ဒေါ်ခင်မျိုးချစ် ၁၂ လရာသီဆောင်းပါးများ

တင်ထွဋ် ( အစိုးရတိုင်းရင်းဆေး ) သဇင်နှင်းစို လစာဆို

No comments:

Post a Comment