Saturday 12 June 2010

လောကဓမ္မဂျာနယ်

လောကဓမ္မဂျာနယ်

တရားမသိရင် အသိတရားမရှိဘူး၊
အသိတရားမရှိရင် တရားနဲ့လျော်စွာ မနေတတ်ဘူး၊
တရားနဲ့လျော်စွာ မနေတတ်ရင် အပြစ်မကင်းဘူး၊
အပြစ်မကင်းရင် ဆင်းရဲမယ်။
ဦးသုမဂ်လ

ဆရာတော် ဦးသုမင်္ဂလ
ဟောကြားသောတရားများမှ ကောက်နှုတ်ချက်
သိစရာ တွေးစရာ


+ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး အမှားအမှန်ကို ပိုင်းခြားသိတာ-ဥာဏ်
+ သီလစောင့်မှ အူမတောင့်မယ်။ အူမတောင့်အောင် သီလစောင့်ကြပါ။
+ အသုဘခန္ဓာကြီးအတွက် အကုသိုလ်နဲ့လုပ်မကျွေးပါနဲ့ အများစားပြီး တစ်ယောက်ထဲခံရလိမ့်မယ်။
+ ငတ်သေရင် တစ်ဘ၀ပဲ၊ သီလပျက်ရင် ဘ၀များစွာသေရမယ်။
+ ကုသိုလ်ဆိုတာ - လောဘ ဒေါသ မောဟမပါတဲ့အလုပ်၊ ဖြစ်သမျှအကြာင်း မကောင်း ကောင်းအောင်လုပ်ကြ။
+ ကာယကံ ၀စီကံ မနောကံ ပြုတိုင်းပြုတိုင်းမှာ တရားနဲ့လျော်အောင် ကျင့်ကြံနေထိုင်ပါ။
+ တရားမသိရင် အသိတရားမရှိဘူး၊ အသိတရားမရှိရင် တရားနဲ့လျော်စွာ မနေတတ်ဘူး၊ တရားနဲ့လျော်စွာ မနေတတ်ရင် အပြစ်မကင်းဘူး၊ အပြစ်မကင်းရင် ဆင်းရဲမယ်။
+ ချစ်ခြင်း မုန်းခြင်းကင်းအောင်ကျင့်ကြ။ မချစ်တတ် မမုန်းတတ်မှ သံသရာဝဋ်ဆင်းရဲက လွတ်ကင်းနိုင်မယ်။
ท ဘုရားကိုယုံသလား? တရားကိုယုံသလား? သံဃာကိုယုံသလား? ဘာကြောင့်ယုံသလဲ? ဘယ်လိုယုံတာလဲ? ဘယ်လောက်အထိ ယုံသလဲ? ကိုယ်တိုင်ပိုင်းခြားပြီး ဖြေကြည့်ကြ။
+ သာသနာနဲ့တွေ့ခိုက် မရှုံးစေနဲ့၊ သစ္စာမသိတာ ကြောက်စရာအကောင်းဆုံး၊ ရထားတဲ့ ဘ၀တန်ဘိုးကို ကောင်းကောင်းအသုံးချတတ်မှ လူ။
+ ကုသိုလ်တစ်ခုပြုတဲ့အခါမှာ နာမည်ပေါ်ချင်တာ သမုဒယရဲ့သတ္တိ။
+ အထက်တန်းအကျဆုံးပုဂ္ဂိုလ်အနား ချဉ်းကပ်လိုသူသည် အထက်တန်းကျသူတွေမှ ချဉ်းကပ်နိုင်မယ်။
+ ဓနကြောင့် မာနတက်တဲ့နေ့ ဓနပျောက်တဲ့နေ့။ အလှကြောင့်မာနတက်တဲ့နေ့ အလှပျောက်တဲ့နေ့။ နေရာကြောင့်မာနတတ်တဲ့နေ့ နေရာပျောက်တဲ့နေ့။ ပညာကြောင့်မာနတက်တဲ့နေ့ ပညာပျောက်တဲ့နေ့။ အလုပ်ကြောင့်မာနတက်တဲ့နေ့ အလုပ်ပျောက်တဲ့နေ့။
+ ပုထုဇဉ်ဆိုတာ အင်မတန်စပ်စုတယ် လျှာရှည်တယ် အငြိမ်မနေဘူး သူများအတင်းပြောတယ် ကိုယ့်အကြောင်းမကြည့်ဘူး သူများအကြောင်းကြည့်တယ်။ အဲဒါ --- ပုထုဇဉ်အရှုး
+ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့။ ဘ၀ပြတ်အောင်လုပ်ပါ။ ဒါနက သံသရာရှည်တာမဟုတ်ဘူး။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာ။ "ကုသိုလ်အားကြီးရင် အနှောင်အဖွဲ့မှလွတ်၍ အကုသိုလ် အားကြီးရင်တော့ ခံရမယ်။"

လူကြီးအင်္ဂါ (၄) ချက်

1. ကိုယ်ကျင့်တရားကောင်းရမယ်။ သီလကိုပြည့်စုံအောင် စင်ကြယ်အောင်လုပ်နိုင်ရမယ်။
2. ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲပြီး သေဘေးကြုံရင်တောင် သီလလုံသူဖြစ်ရမယ်။
3. ကြားမြင်သုတများပြီး ဝေဖန်သုံးသပ် ပိုင်းခြားနိုင်သူ အနာဂတ်အရေးလည်း ကြိုတင်စီမံနိုင်သူ ပစ္စုပ္ပန်အရေးလည်း ကျွမ်းကျင်နားလည်သူဖြစ်ရမယ်။
4. ခိုင်မာတိကျပြတ်သားတဲ့ စိတ်ဓါတ်ခွန်အားရှိပြီး သီလ သမာဓိ ပညာသုတတို့မှာ သာမာန်ပုထုဇဉ်တို့ထက် သာလွန်မြင့်မြတ်သောစိတ်ဓါတ်ရှိရမယ်။

"သမ္မပ္ပဓာန် ၄-မျိုး"

1. ဖြစ်ခဲ့ပြီးတဲ့ အကုသိုလ်မကောင်းမှုကံတွေကိုပပျောက်အောင် အားထုတ်ရမယ်။
2. မဖြစ်သေးတဲ့ မကောင်းမှု အကုသိုလ်ကံတွေကို မလုပ်ဖြစ်အောင် အားထုတ်ရမယ်။
3. မဖြစ်သေးတဲ့ကုသိုလ်ကောင်းမှုကံတွေကို လုပ်ဖြစ်အောင်အားထုတ်ရမယ်။
4. ဖြစ်ပြီးသားကုသိုလ်ကောင်းမှုကံတွေကို အတိုင်းထက်အလွန် ပွားများအောင် အားထုတ်ရမယ်။ အတိတ်ကံဆိုတာ ဖျက်လို့လဲရတယ်။ ဆက်လို့လည်းရတယ်။ ဒီတော့မကောင်းမှုမှန်သမျှမလုပ်ကြနဲ့။ ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်ကြ။

လောကမှာ ဖြစ်စဉ်အားလုံးဖြေရှင်းနိုင်တာ ဘုရားပဲရှိတယ်။ ဗုဒ္ဓဘာသာမှန်ရင် နူးညံ့တဲ့စိတ်ထား၊ သိမ်မွေ့တဲ့နှလုံးသား၊ အကောင်းမြင်ဝါဒ လက်ကိုင်ပြုကြပါ။
1. ဘုရားအပေါ် ဘယ်လောက်ယုံကြည်မှုရှိလဲဆိုတာ ကိုယ့်စိတ်ကိုယ်ပြန်စစ်။
2. မကောင်းမှုမှန်သမျှ မလုပ်ကြနဲ့။ ကောင်းမှုမှန်သမျှ လုပ်ဖြစ်အောင်လုပ်။ မဟုတ်တာလုပ်ရမှာကို ရှက်လဲရှက်ပါ၊ ကြောက်လဲကြောက်ပါ၊ သီလမလုံခြုံမှာကို ရှက်လဲရှက်ပါ။ ကြောက်လဲကြောက်ပါ။ အ. သုဒ္ဓသီလော ဒုပ္ပညော။
3. သီလမရှိရင် ပညာလည်းမရှိဘူး။ ပညာမပါရင် ယုံကြည်မှုလည်းမစင်ကြယ်ဘူး။ ကုသိုလ်လိုချင် ကုသိုလ်ရအောင်လုပ်။
4. ကုသိုလ်ပြုချင်ရင် ကုသိုလ်ဖြစ်အောင်လုပ် ရယူပိုင်ဆိုင်လိုမှုထက် စွန့်လွှတ်အနစ်နာခံခြင်းက ပို၍မြင့်မြတ်၊ တရားမြင်မှ ဘုရားမြင်မယ်။
5. တရားသိဖို့ တရားနာရမယ်။ တရားမြင်နိုင်တဲ့နေ့ အေးချမ်းတဲ့နေ့၊


ဦးသုမင်္ဂလ ဓမ္မ ၀ဂ်ဆိုက် မှ ကူးယူဖေါ်ပြပါသည် ၊
မောင်သုံည

No comments:

Post a Comment