Tuesday 15 June 2010

လောကဓမ္မဂျာနယ်


လောကဓမ္မဂျာနယ်

ဗုဓ္ဒဘာသာဆိုတာဘာလဲ
အမျိုးသားမှတ်ပုံတင်တွင် ကိုးကွယ်သည့်ဘာသာ နေရာတွင် ဗုဒ္ဓဘာသာဟုရေးခဲ့သည် ၊
မိဘကဗုဒ္ဓဘာသာ ဖြစ်သဖြင့် ကိုယ်လဲ ဗုဒ္ဓဘာသာဖြစ်ကောလား ။
အိမ်မှာ ဗုဒ္ဓရုပ်ပွါးတော်ထား၍ နေ့ စဉ် ရေချမ်းကပ် ၊ ဆွမ်းကပ် ဘုရားရှစ်ခိုးရုံဖြင့်ဗုဒ္ဓဘာသာ
လို့ ခေါ်လို့ ရမလား ၊ တန်ခိုးကြီးဘုရားများကို အခါကြီးရက်ကြီးများတွင်သွား၍ဘုးဖူးရုံနှင့်
ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ပြီလား ၊ လားပေါင်းများစွာဖြင့် မိမိကိုယ်မိမိစမ်းစစ်ကြည့်
သင့်သည် ၊

ဗုဒ္ဓ ဆိုသည်မှာ ဘုရား ( ဂေါတမမြတ်စွာဘုရားကိုဆိုလိုသည် )
ဘာသာ ဆိုသည်မှာ အယူဝါဒ ( ဘုရား၏အယူဝါ ) ဆိုလိုပါသည်

ဘုရား၏အယူဝါဒ ကားအဘယ်နည်း
ဒီမေးခွန်းမျိုးကို ဘုရားရှင်လက်ထက်တော်အခါကာလမှာပင် အခြားအယူ ယူသော သူများက
မကြာထဏမေးခဲ့ဘူးပါသည် ၊

ဘုရားရှင်အား အဂိဝိစ္စပုဏ္ဏား က
၁ ၊ သတ္တလောကကြီးမြဲသလား သတ္တလောကကြီးမမြဲဘူးလား
၂ ၊ မမြဲသည်လည်းမဟုတ် မြဲံသယောင် ယောင်လား
၃ ၊ သတ္တ၀ါသေလျှင်ဖြစ်သေသလား သတ္တ၀ါသေလျှင်မဖြစ်တော့ဘူးလား
၎ ၊ မဖြစ်သည်လည်းမဟုတ် ဖြစ်သယောက် ယောင်လား
ဟုမေးမြန်းသောအခါ ၊ မြတ်စွာဘုရားက ငါဒီအယူမယူဘူးဟုပါယ်ချခဲ့သည် ၊
ဗုဒ္ဓ ၏ ဓမ္မ ဗုဒ္ဓ ၏ တရားတော်များသည် အမှန်တကယ်မရှိသော ( အမည်နာမအားဖြင့်
သမုတ်ထားသော ( ပညတ်တရားများအပေါ်တွင်အခြေမခံဘဲ ၊ အမှန်တကယ်ရှိသော (ပ၇မထ ) သဘောတရားများအပေါ်တွင်သာအခြေခံထားသည်ဖြစ်သောကြောင့် ၊ (ပ၇မထ )
သစ္စာတရားကိုကောင်းစွာနားလည်သဘောပေါက်ခြင်းမရှိလျှင် ဗုဒ္ဓ ဓမ္မကိုနားလည်သဘော
ပေါက်ရန်ခက်ခဲပေမည် ၊ အမေးလျောက်လာသော အဂိဝစ္စပုဏ္ဏားသည် ဘုရားရှင်၏အယူကို
ဥာဏ်မမှီသောကြောင့် ဘုရား၏အယူကိုဖွင့်ပြောရန်တောင်းပန်ခဲ့သည် ၊
ထိုအခါ မြတ်စွာဘုရားက

ခန္ဓာ ၅ ပါး ရှိသည်လို့ ယူသည် ၊ ထိုခန္ဓာ ၅ ပါးသည် ဖြစ်လည်းဖြစ်သည် ပျက်လည်းပျက်သည်
ဟု သိသောအယူသည် ငါ့အယူဖြစ်သည် ဟုမိန့် တော်မူခဲ့သည် ၊
ဘုရားအယူကိုယူသော ဗုဒ္ဓဘာသာဝင်တယောက်အနေနှင့် မိမိကိုယ်တိုင် ထိုအယူစင်
ကြယ်ရဲ့ လားဟုပြန်လည်သုံးသပ်သင့်ပေသည် ၊ သို့ မဟုတ်ပါက မိရိုးဖလာဗုဒ္ဓဘာသာအဖြစ်
နှင့်သာဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်၇ကျိုးနပ်မည်မဟုတ်ပေ ၊
ထို့ ကြောင့်
ရုပ်နမ်နှစ်ပါးတို့ ၏ ဖြစ်ခြင်းပျက်ခြင်းကို မသိပါ ဘဲလျက်နှစ်ပေါင်းတရာကြာအောင်
အသက်ရှင်၍နေရခြင်းထက် ၊
ရုပ်နမ်နှစ်ပါးတို့ ၏ ဖြစ်ခြင်းပျက်ခြင်းကိုသိမြင်သော ပုဂ္ဂိုလ် ၏ တနေ့ တရက် တနံနက်
မျှအသက်ရှင်၍နေရခြင်းကသာ၍မြတ်၏ ဟု
( ဓမ္မပဒ ပါဌိတော်တွင် ပါရှိပါသည် )
ယောစ ၀ဿသတံင်္ဇီဝေ ၊ အပဿံ ဥဒယဗ္ဗယံ ၊ ဧကာယံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ

( ခုဒ္ဒပနိကယ် ဓမ္မပဒပါဌိတော် ဂါထာ ၁၁၃ )

မောင်သုံည
မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့် ဗုဒ္ဓဘာသာ တရားကို ဆရာတော် အရှင်ဇ၀န ( မေတ္တာရှင် ) ဟောကြား
ထားသော တရားတော်ကို ဆက်လက်နားကြားတော်မူကြပါ


No comments:

Post a Comment