Monday 14 June 2010

လောကဓမ္မဂျာနယ်

လောကဓမ္မဂျာနယ်

ကိုယ်ပိုင်သာသနာ

ဒါန လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အား၇၍လည်းမနေနဲ့ 

သီလ လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အား၇၍လည်းမနေနဲ

သမထ လောက်သာ ပြည့်စုံကာဖြင့် လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အား၇၍လည်းမနေနဲ

ဦးဓမ္မသာရ ( မိုးကုတ်ဝိပဿနာ )
ဒါန သီလ သမထ တရားများသည် ဘုရားမပွင့်မီ သာသနာပမှာလဲ ရှိသည်သာသနာတွင်းမှာလဲရှိသည်
သစ္စာ ၄ ပါး မဂ်တရားများသည် ၊ ဘုရားပွင့်ထွန်းတော်မူလာပြီးမှသာပေါ်ထွန်းလာသော တရားများဖြစ်သည်
ဝိပဿနာ အလုပ်တရားသည် ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းသော နိဗ္ဗာန်သို့ ဥာဏ်အားဖြင့် မျက်မှောက်ပြုနိုင်သည်
သင့်အားတစုံတယောက်က ငါတိုင်တလုံးမှမပါဘဲ အိမ်ဆောက်ခဲ့သည် ဆိုလာလျှင်သော် ၄င်း
ငါမင်းမောနေလို့  ဇီးဖြူ၇ွက်နဲ့ေ၇ထုပ်လာခဲ့တယ် ဟုဆိုလာခဲ့သည်ရှိသည်ရှိသော် မဖြစ်နိုင်၍ ယုံနိုင်စရာမရှိ
` သကဲ့ သို့  ငါသစ္စာမသိဘဲ နိဗ္ဗာန်ကို ဥာဏ်အားဖြင့် မျက်မှောက်ပြုနိုင်ခဲ့တယ် ဆိုလျင် မယုံနှင့် ဟုဆိုပါသည်
ဓမ္မစကြ်ာတရားဦးတွင် ဗုဒ္ဓက
ငါသည် အကြင်အခါ၌ သစ္စာ ၄ ပါး တရားကို မသိသေး ထိုအခါ၌ ငါသည် ဘုရားဖြစ်ပြီဟုဝန်ခံတော်မူသေး
ငါသည် အကြင်အခါ၌ သစ္စာ ၄ ပါး တရားကို သိ၏ ထိုအခါ၌ ငါသည် ဘုရားဖြစ်ပြီဟု သုံးလောက၌၀န်ခံ၏
ဟု ပါရှိပါသည် ၊

` သောတပန် သကဒါဂါမ် အနာဂါမ် ၇ဟန္တာ ဘုရားဖြစ်ရန်အတွက် သစ္စာ ၄ ပါးကို သိရန်လိုအပ်သည်
ဗုဒ္ဓသာသာဝင်တယောက် ဖြစ်ရန်အတွက် ဘုရားအဆုံးအမ နှင့် ဘုရား၏အယူဝါဒ ၊ သစ္စာ တရားများသိရန်
လိုအပ်သည် ။
ယခုအချိန်သည် ဗုဒ္ဓသာသာနာ ထွန်းကားနေသော အချိန်ဖြစ်သည် ၊ ဗုဒ္ဓတရားတော်များကို ဆ၇ာတော်
သံဃာတော်များက နေရာအနှံ့ ဟောကြားလျက်ရှိနေသည် ၊ Computer Internet ပေါ်တွင် ကြိုက်နှစ်
သက်ရာ Dama webite များတွင် ကိုယ်နှစ်သက်ရာ ဆရာတော်ကို ရွေး၍ နာကြားနိုင်သည် ၊
တရားအားထုတ်ရန်အတွက် ၀ိပဿနာတရားစခမ်းများ များစွာရှိနေသည် ၊ Internet မှ တိုက်ရိုက်
တရားထိုင်နိုင်သော website များလဲ ရှိနေသည် ၊
သာသနာတော် နှင့် ကြုံ သောယခုလို ခောတ်ကြီးတွင် လူဘ၀ ရရှိလာသော သင်သည် ကုသိုလ်ထူး
လှပေသည် ၊
သင့်တွင် ထောင်နိုင်သော ဥာဏ်နားပါလျှင် သစ္စာတရားနှင့်တွေ့ မည်မှာအမှန်ပင်ဖြစ်သည် ၊
နောက်ဘုရားပွင့်မှာကို မမျှော်ပါနှင့် ။ သာသနာ ၅၀၀၀ ရှိနေသေးသည်ဟူ၍အချိန်စွဲမနေပါနှင့်
ဘုရားနှင့်တွေ့ သော်လဲ တရားနှင့် မတွေ့ သော် ဘာမှမထူး ။ သာသနာပေါ်ထွန်းနေသော်လဲ
ကိုယ့် ဝမ်းထဲ သာသနာမကိန်းလျှင် ထိုပွင့်ထွန်းနေသောသာသနာသည် ကိုယ်နှင့်ဘာမှ မဆိုင်
ယနေ့ ကိုယ်သေလျှင် ကိုယ့်အတွက် သသနာလည်းကွယ်သွားပြီဟုသာမှတ်ပါ ၊

ထိုကြောင့် အသေမဦးခင် ဥာဏ်ဦးအောင် အရင်လုပ်ကြပါဟုတိုက်တွန်းလိုက်၇ပေတော့သည်

မောင်သုံည

No comments:

Post a Comment