Saturday 3 August 2013

နှောင်းခောတ်ကြေးမုံ

မန်မာမှု မြန်မာ့ဟန် မြန်မာဓလေ့ကလေးများ ( အပိုင်း ၁ )
စကားထာဝှက်မယ်
လာ ဒို့စကားထာဝှက်တမ်းကစားကြရအောင်
ဘာကြေးလဲ
ပန်းပေးတမ်းပေါ့ဟ
ကဲဘယ်သူစ၀ှက်မလဲ
ငါအရင်စ၀ှက်မယ်
သွားတော့ခွေခွေ နေတာ့စင်းစင်း တဲ့ အဲဒါဘာလဲ
ငါမသိဘူး မသိရင်ပန်းပေး ငါပြောမယ်
ငါကဘယ်ကပန်းကိုပေးရမှာလဲ
အိုနင်ကလဲ ပါးစပ်ကဘဲပန်းပေးတယ်ပြောလိုက်ပေါ့ဟ ဒါလေးများ
မှတ်ထား ငါပြောမယ် - သွားတော့ခွေခွေနေတော့စင်းစင်း ဆိုတာ ခေါင်းခုကိုပြောတာ
ဘာလဲဟ ခေါင်းခုဆိုတာ ငါမသိဘူး
အို နင်ကလဲ ဈေးရောင်းတဲ့သူတွေ ပစ္စည်း၇ွက်သွားတဲ့သူတွေ ခေါင်းပေါ်တင်ပြီးရွက်ရင်
ခေါင်းမနာအောင်ခု ရတဲ့ အ၀တ်တခုတခုပေါ့ဟ အဲဒီအ၀တ်ကို ခွေပြိးခေါင်းပေါ်တင်သွား
တယ် အိမ်ရောက်တော့ ဖြန့်ပြီး တန်းမှာလှမ်းထားတော့ စင်းစင်းလေးဖြစ်နေတာပေါ့
ဒါကိုပြောတာ ဟဲ့
ကဲ ငါဝှက်မယ် ပင်လယ်ဓါးပြ
အောင်မယ် နင်က ရည်းစား စကားပြောတာလား ရိုးနေပြီး တောမှာသွားပြော
ကဲ ငါပြန်ဖြေမယ် ကြွက်ရန်သူ ငါးထောင်ချောက်
ဘာလဲ ဟ ကြွက်ရန်သူ ငါးထောင်ချောက်ဆိုတာ
အို နင်က ငါကို ပင်လယ်ဓါးမြ ဆိုတာ ကြိုက်တယ် ဆိုတော့
ကြွက်ရန်သူက ကြောင် ငါးထောင်ချောက်က ပိုက် ကြောင်ပိုက် ကြိုက်ပေါင်လို့ပြောတာပေါ့ဟဲ့

ကျွန်တော်တို့ငယ်ငယ်တုန်းက လသာတဲ့ညဆိုရင် ထုတ်စည်းထိုးတမ်းတို့ သူခိုးပလိပ်
လိုက်တမ်းတို့ စကားလို့ ပြီးရင် အေးအေးဆေးဆေးထိုင်ပြီးကစားလို့ရတဲ့စကားထားဝှက်တမ်း
ကစားကြပါတယ်၊ ၀ှက်တဲ့စကားထားများက လူကြီးတွေပြောတာကြားဘူးပြိးသားတွေကိုဝှက်
ကြတာဘဲဖြစ်ပါတယ်၊တကယ်တော့ ဒီမြန်မာ့ဓလေ့များဟာယခင့်ယခင်အကို အမ အဘိုး
အဘွားများထံမှလက်ဆင့်ကမ်းယူလာကြတဲ ဓလေ့ကလေးလေးများဘဲဖြစ်ပါတယ်၊

ရှေးတုန်းကချစ်စရာကောင်းတဲ့မြန်မာ့ဓလေ့ကလေးများကိုရေးဖွဲ့ထားတဲ့စာတွေကို
ဘတ်တော့ အခုခောတ်လူငယ်ကလေးများကိုပြန်လည်ဖေါက်သယ်ချချင်တဲ့ဆန္ဒလေးတွေ
ဖြစ်ပေါ့်လာလို့ ရှာဖွေတင်ပြလိုက်ခြင်းဖြစ်ပါတယ်

ဟိုတုန်းက မြန်မာလူပျိုအပျိုမိန်းခလးများဟာလယ်ယာလုပ်ငန်းတွေလုပ်ရင်း၊ပျိုးနှုတ်
ကောက်စိုက်၊ကောက်ရိုတ်စတဲ့အလုပ်တွေလုပ်ရင်းမှာ၎င်း၊
အိမ်ရဲ့လုပ်ငန်းတာဝန်တွေဖြစ်တဲ့လုပ်ရင်း၊ရက်ကန်းရက်ရင်း၊ဗျိုင်းရင်း၊ဆန်ဖွတ်ဆန်ထောင်းရင်း စောင်းကာချိတ်ကာနဲ့စကားထာလေးတွေလင်္ကာလေးတွေဖွဲ့ဆိုကြပြီးကိုယ့်စိတ်ထဲကဆန္ဒလေး
တွေကိုဖေါ်ထုတ်ခဲ့ကြတယ်၊လူပျိုအပျိုနောက်ပိုးလှည့်ပုံကလေးတွေ၊အင်မတန်ချစ်စရာကောင်း
တဲ့ဓလေ့လေးတွေပါ၊ဟိုတုန်းကအခုလိုစက်နာရီတွေကလဲမပေါ်သေးတော့အချိန်သတ်မှတ်ပုံ
ကိုကာလသားတွေရဲ့သွားလာလှုတ်ရှားပုံကိုကြည့်ပြီးကာလသားပြန်ချိန်၊သက်ငယ်ခေါင်းချ
သက်ကြီးခေါင်းချ၊လင်းကြက်တွန်သံစသည်ဖြင့်သတ်မှတ်ခဲ့ရပုံ၊ယောက်ျားမှန်ရင်ထိုးကွင်းဆေး
မှင်ကြောင်ထိုးကြရပုံ၊လူပျိုအပျိုကလေးတွေမြန်မားများရဲ့ရှေးတုန်းက၀တ်စားဆင်ရင်ပုံတို့ကို
ရန်ကုန်ဘဆွေရေးတဲ့မြန်မာပြည်သားစာအုပ်ထဲမှာတွေ့ရပါတယ်၊ချစ်စရာကောင်းတဲ့
မြန်မာ့ဓလေ့ကလေးတွေပါ၊
ဟိုတုန်းဆိုတာဘယ်အချိန်လောက်ကလဲဆိုတော့ကုန်းဘောင်ခောတ်အလောင်းဘုရား
တို့ဆင်ဖြူရှင်မင်းတရားတို့ခောတ်လို့ဆိုရမှာပေါ့၊ရှမ်းစော်ဘွားများနဲ့ ယိုးဒယားကိုစစ်ဆင်နေ
ရတဲ့အချိန်လောက်ဖြစ်ပါတယ်၊

နှောင်းခောတ်ကြေးမုံ ( အပိုင်း ၁ )

“ ရွာလမ်းသည်တိတ်ဆိပ်နေ၏၊အမှောင်ရပ်ခိုညောင်ရွက်တွေအကြားမှဖိုးရွှေလသည်
အေးမြစွာပြုံးကြည့်နေသည်၊ဆိတ်ဖလူးပန်းတို့၏သင်းစစရနံ့များသည်လေချိုအေးနှင့်လိုက်ပါ
လျက်နေရာအနှံ့သင်းပျံ့နေ၏၊အဝေးမှကိုရင်စံတုတ်၏တေးသံနှင့်ငပြိုင်း၏ပုလွေသံသဲသဲကလေး
သည်လရောင်အောက်ရှိညောင်ပင်သာရွာကလေးကိုနုတ်ဆက်နေသည်၊
မြခက်သည်လရောင်အောင်တွင်ဆိတ်ဖလူးပန်းခြုံဘက်သို့ဝင်လိုက်သည်၊မကြာမှီမိမိ
အားပိုးကြပန်းကြချစ်ရေးဆိုကြမည့်ကလားသားတစုတို့ရောက်လာကြတော့မည်၊မိမိသည်ထို
ကာလသားတို့အားဧည့်ခံရပေအုံးမည်၊စကားနိုင်လုစကားထာဝှက်ခြင်းများပြုကြအုံးတော့မည်
ထိုအခါရှုံးလျှင်ပေးရန်အတွက်အခုကတည်းကပန်းများခူးထားပေမည်၊
မြခက်သည်ဆိတ်ဖလူးပင်အောင်တွင်ပန်းကောက်၍နေလေသည်၊မြခက်၏မျက်နှာ
သည်ပြုံးနေသည်၊မြခက်၏စိတ်ထဲ၌မိမိအားစွဲစွဲမြဲနှင့်လာရောက်လှည့်ပတ်ကြမည့်မိမိနှင့်ရွယ်
တူကာလသားကလေးများ၏မျက်နှာကိုစိတ်ကူးကြည့်ရင်း-မြခက်သည်ရင်ခုံနေသည်။
ဒေါ်မယ်ရှင်၏သားငတော၊လှမယ်၏မောင်ငနပ်၊ကိုရင်ဖိုး၊ထိန်သားငတိုး၊ငယ်ငယ်က
ကစားဘက်စံတုတ်၊မမယ်သားငပြိုင်၊ပြီးတော့ငယ်ငယ်ကစားဘတ်ရန်ဖြစ်ဘက်ကောင်းမြတ်။
ဒီကနေ့ဘယ်သူများလာလိမ့်ဦးမည်နည်း၊ပြီတော့ဘယ်လောက်ကြာကြာစိတ်ရှည်ရှည်
မိမိအားလာရောက်လည်ပတ်ကြပါမည်နည်း၊မြခက်အပျိုပေါက်ကလေးဖြစ်လာမှလာရောက်
လည်ပတ်ကြသူတွေမနည်း၊တချို့ကတပတ်နှစ်ပတ်၊တချို့ကလေးငါးရက်၊နှင့်တဖြေးဖြေးဝေး
ခဲ့ကြသည်၊ငတော၊ငနပ်၊ငတိုး၊စံတုတ်၊ငပြိုင်းတို့သာဇွဲကောင်းကောင်းနှင့်ကျန်ရစ်နေကြသည်၊
မိမိရင်၌လှုတ်ရှားခဲ့ရသောမနေ့ကမှရောက်လာသည့်ကောင်းမြတ်သည်မိမိအားဘယ်လောက်
ကြာကြာချစ်ရေးချူနိုင်ပါမည်နည်း၊
မြခက်၏လက်ခုပ်ထဲတွင်မွှေးကြုနေသောဆိတ်ပလူးပွင့်ကလေးများပြည့်လျံနေပြေပြီ၊
၇ွာထိပ်လမ်းမှုလွေသံသည်တဖြေးဖြေးနီးလာသည်၊ကာလသားများစကားပြောသံကိုပင်ကြား
နေရပြီ မြခက်သည်ငေးစိုက်နေရာမှ လှုတ်နှိုးခြင်းခံလိုက်သလိုတကိုယ်လုံးပူထူပြီးရသမျှပန်း
တို့ကိုလက်ခုပ်ထဲထဲ့ပြီးအိမ်ပေးသို့ပြေးတက်သွားသည်၊ပန်းများကိုအစ်ထဲထည့်သည်၊
အဖ၀ိုင်းမှအဖန်အိုးကိုယူ၍လိုလျင်အသင့်ရရန်ထပ်ကျိုလိုက်သည်၊မီးအင်များကိုငြိမ်း
သပ်လိုက်သည်၊အမိအိပ်ယာဝင်သည်အထိစောင့်ပြီး ၀ဲလင်းဆောင်သို့ပြန်လာသည်၊ထို့နောက်
ကွမ်းအစ်ဆေးလိပ်အစ်၊သနပ်ခါးတောင်း၊ကျောက်ပျဉ်၊မှန်တို့ကိုမိမိနှင့်မနီးမဝေးသူ့နေရာနှ့င့်သူ
ထားလိုက်သည်၊ ရက်ဖေါက်ကိုတပ်လိုက်သည်၊ဗိုင်းတောင့်ကိုယူသည်၊ရစ်လုံးကိုလှည့်လိုက်၏
မသိုးသင်္ဃန်းရက်နေသကဲ့သို့အလုပ်ခွင်တွင်စိတ်ဝင်စားနေသလိုနှင့်နားကလမ်းကစကားသံကို
နားစွင့်နေလိုက်သည်၊
လရောင်သည်အိမ်ပြင်ထက်၌၀င်းဝင်းပပဖြစ်လာသည်၊လေရူးသည်ဆိတ်ပလူးပန်းနှင့်
အတူအဝေးမှပျံ့လွင့်လာနေသောတေးသံသည်မြခက်၏ရင်ကိုပက်ဖြန်းနေသည်၊
သူတို့ဘာဖြစ်လို့နောက်ကျပါလိမ့် သက်ကြီးခေါင်ချကြက်တွန်တာတောင် တော်တော်
ကြာမင့်ကဘဲ၊
ပုလွေသံသည်မြခက်တို့ဝဲလင်းဆောင်ဝတွင်ရပ်သွားသည်၊မြခက်သည်အိပ်ငိုက်သူကို
ရေနှင့်ပတ်ဖြန်းခြင်းခံလိုက်ရသူကဲ့သို့သတိဝင်လာလျက်ကြိုဆိုသောမျက်လုံးနှင့်လှမ်းကြည့်
လိုက်သည် ငနပ်နှင့်ငတောတို့ရှေ့ဆုံးမှဝင်လာသည်၊စံတုတ်နှင့်ငပြိုင်းတို့ကနောက်မှကပ်လိုက်လာ
သည်၊ငပြိုင်းသည်ဝါးပုလေကိုခါလိုက်ပြီးပိတ်ဖြူနှင့်ရောနှောပေါင်းထားသည့်ယောင်သို့ထိုးလိုက်
ရင်းဘေးမှပါလာသောစံတုတ်ကိုပြုံးပြီးပြောလိုက်သည်၊
“ ဒီနေ့ စံတုတ်ကြီးသီချင်းဆိုတာအလွန်ကောင်းပါသလား ဟ ခါတိုင်းနေ့နဲ့မတူဘူး “
စံတုတ်ကဘာမှပြန်မပြော
“ ကေင်းဆို ကိုရင်စံတုတ်က အူထဲအသဲထဲကလှိုက်လှိုက်လှဲလှဲဆိုတာဗျ ကျုပ်လဲသူ့လို
ဆိုတက်ရင် ကြားရသူရင်ထဲလွမ်းဆွေးသွားမလာမသိဘူး “
“ တော်စမ်းပါဗျာ မင်းများမဆိုလိုက်ပါနဲ့ တောင်ကျောင်းကလဲ ကြေးစည်မထု မြောက်
ကျောင်းကလဲကျေးစည်မထုဘဲနဲ့ ဘယ်လိုဖြစ်ပါလိမ့်လို့ ရွာထဲကလူတွေအံ့သြနေပါအုံးမယ် “
“ သယ် သယ် ကြည့်စမ်း သဟာ မင်းက ငါ့ကို ခွေးအူသံနဲ့တူတယ်လို့ဆိုလိုက်သာပ
ဟုတ်လား မင်းစော်ကးတာတော့ မခံဘူး ငါအခု အူလိုက်မယ် “ မြောင် အူး အူး “
ငနှပ်သည် ပြောပြောဆိုဆိုနှင့် ၀င်ထိုင်လိုက်ရင်း
“ ရှင်မရယ် ဒီကလေးတွေ ဆူဆူပူပူနဲ့ အခုထိမအပ်သေးဘူး ကြာရင်ငါရိုက်မိလိုက်မယ်
“ ကျုပ် လဲသိပ်တာဘဲမောင်ကြီးရဲ့ ဒီကလေးနှစ်ယောက်က သူအမေဆီရော်ကမှအိပ်
မယ်တဲ့ ဒီတော့ မောင်ကြီးဘဲ သူ့အမေ ကျုပ်ယောင်းမဆီသွားပို့လိုက်အုံး “
“ မြခက် ကလဲ အတိုင်အဖေါက်ညီအောင်လိုက်ပြောပေးလိုက်ရင်း အားလုံးဝိုင်းရယ်ကြသည်

စံတုတ်နှင့်ငပြိုင်းတို့လဲမျက်လုံးအပြူးသားပါးစပ်အဟောင်းသားနှင့်အံအားသင့်နေဟန်ပြုလုပ်နေကြသည်၊
နောက်တော့မှ စံတုတ်က “ ကဲမင်းသွားအိပ်တော့ ခလေးဆိုတာစောစောအိပ်
ရတယ် “ ဟုပြောပြီး ငပြိုင်းကို တွန်းထုတ်လိုက်သည်၊
မြခက်သည်ရယ်မောရင်း အဖန်ရည် နှင့် ပန်းကန်များလာချသည်၊၀ဲလင်းဆောင်သို့လာ
ရောက်ကြသည့်ဧည့်သည်များကိုဧည့်ခံလေ့ရှိသည့်ထုံးစံအတိုင်း မြခက်သည်ဆေးအစ်နှင့်ကွမ်း
အစ်တို့ကိုချပေးသည်၊သနပ်ခါးတောင်း၊ရေခွက်၊ကျောက်ပျဉ်တို့ကိုချပေးသည်၊
ကိုကာလသားတို့က ဆေးလိပ်အစ်ထဲမှဆေးရွက်များယူပြီး ကိုယ်တိုင်လိပ်၍သောက်ကြ
သည်၊ကွမ်းယာစားကြသည်၊ သနပ်ခါးကျောက်ပျဉ်ရှေ့ချလျက်သနပ်ခါးတုန်း နံသာဖြူတုံးများကို
ေ၇ွးချယ်ကာတင်ပြင်ကြီးခွေကာ တဂျိဂျိနှင့်သွေးကြသည်၊ ကိုယ်တိုင်လည်းလိမ်း၏ဘေးကလူကို
လဲလိမ်းပေးသည်၊အားနေသူများကမီးစလောင်းအင်ကိုကြေးဇွန်းဖြင့်မီးဆွ၍ရေနံချေးလောင်း
ပေးနေ၏၊
ကိုကာလသားတို့၏ပုဆိုးရှည်ခါးပုံထဲ၌ပန်းတွေပါလာနေကြဖြစ်သည်၊ထိုပန်းတို့ကားတ
ပွင့်ကောင်း နှစ်ပွင့်ကောင်းပန်ဆင်ရသည့်အလှပန်းမျိုးမဟုတ် အ၇ွယ်ညီအစုလိုက်ပန်ရသော
ခရေပန်း၊စကားစိမ်းပန်း၊စကားဝါပန်း၊တတိုင်းမွှေးပန်း၊တောင်ဇလပ်ပန်းစသည်တို့ဖြစ်သည်၊
အိမ်ရှင်မြခက်သည်ငှက်ပြောဖက်စိမ်းများကိုဖြတ်ယူ၍ဆေးကြောသန့်စင်ကာသနပ်ခါး
တောင်းပေါ်တွင်တင်ထားပြီးဖြစ်သည်၊ကိုကာလသားတို့သည်သနပ်ခါးကျောက်ပျဉ်ကိုဝိုင်းမိကြ
သည်နှင့်ထိုငှက်ပြောဖက်များကိုမိမိရှေ့တွင်ခင်းပြီးမိမိတို့ခါးပုံစတွင်ထဲ့ာူလာသောပန်းတို့ကိုငှက်
ပျောဖက်စိမ်းပေါ်တွင်ကြွားကြွားဝင့်ဝင့်ပုံချထားလိုက်သည်၊ရှားရှားပါးပါး၊လှပလပ်ဆပ်သောပန်း
တို့ကိုယူဆောင်လာသူတို့မျက်နှာမှာကြွားကြွားဝင့်ဝင့်ရှိနေသည်၊
မြခက်သည်ဗျိုင်းငင်ရာမှကိုလသားတို့၏ပန်းပုံကိုမျက်လုံးတချက်ဝင့်၍ကြည့်လိုက်သည်၊
တချို့ကမိမိကြိုက်နှစ်သက်သည့်ပန်းမျိုးပါလာသည့်တိုင်မနှစ်သက်လေဟန်ဆောင်၍နေတတ်ကြ
သည်၊တချို့ကမိမိနှစ်သက်သည့်ပန်းကိုတွေ့သည်နှင့်ပွင့်ပွင့်လင်းလင်းပင် လှလိုက်တာမွေးလိုက်
တာနှင့်ချီးကျူးတတ်ကသည်၊ ဒေါ်လေးနုကမြတ်ခက်ကို ကိုကာလသားများယူလာသောပန်းများ
ကိုအပြုံးဖြင့်ကြည့်လျက်နှစ်သက်မြတ်နိုးကြောင်းအမူအရာကိုပြရမည်ဟုသင်ထား၏၊
“ ဟာလှလိုက်တာ တယ်မွှေးပါလားဟေ့ ပန်းတွေကလဲသူတို့ရဲ့ပိုင်ရှင်သခင်မလိုဘဲ
ငတို့တော့ ပန်းရဲ့ပိုင်ရှင်သခင်မကိုယ်တိုင်ပေးမှယူမှာ နောက်ပြီး ဒီပန်းတွေဟာဒီညအဖို့ ငါ့ဆီ
အကုန်လုံးရောက် မှာကွ”
“ တပွင့်တော့ ကျန်မှာပါကွာ အဲဒီကျန်တဲ့တပွင့်က ငါ့ဆီရောက်မှာသေခြာတယ် ”
တယောက်နှင့်တယောက်စကားနိုင်လုနေစဉ်
“ ဟေ့ ဟေ့ သဟာ ဘဇာဖြစ်နေကြတာလဲဗျို့  ဘာဖြစ်နေကြတာလဲဗျို့ “
အပြင်မှအသံများထွက်ပေါ်လာသဖြင့် အားလုံးအသံလာရာဝဲလင်းဆောင်ရှေ့သို့လှမ်း
ကြည့်လိုက်ကြသည်၊ ကောင်းမြတ်နှင့် ငတိုးတို့ဝင်လာခြင်းဖြစ်သည်၊သူတို့မျက်နှာများသည်
ရွှင်ပြနေကြသည်၊သူတို့၏ခါးပုံစများမှာလည်းဖေါင်းနေသည်၊နဂိုရောက်နေသူများကနေရာချဲ
ပေးလိုက်ကြသည်။ကောင်းမြန်က သနပ်ခါးတောင်းပေါ်မှငှက်ပျောဖက်စိမ်းတရွက်ကိုယူပြီး
ခါးပုံစထဲမှပါလာသည့်ပန်းများကိုခင်းချလိုက်သည်၊ပန်းမျိုးစုံမွှေးကြိုင်စွာထွက်ပေါ်လာသည်၊
ကောင်းမြတ်တို့ဝင်လာကတည်းကရင်ထဲ၌လှုတ်ရှားနေမိသောမြခက်သည်ကောင်းမြတ်
ပုံချလိုက်သောပန်းပုံကြီးကိုမြင်သောအခါမနာလိုစိတ်များဖြစ်လာသည်၊
သူတို့တခြားအပျိုအိမ်တအိမ်ကထွက်လာကြတာဘဲဟုချက်ချင်းသိလိုက်သည်၊ဘေးကအဖေါ်
တွေနှင့်ဝှက်သလား၊အပျိုတွေနှင့်ဝှက်သလား၊အပျိုတွေနှင့်ဝှက်လျှင် အပျိုတွေကဘာတွေ
ဝှက်၍သူကဘာတွေဝှက်များဝှက်သလဲတွေးနေသည်၊
မြခက်ကိုလာရောက်လူပျိုလှည့်ကြသောလုလင်ပျိုတို့တွင် ငနှပ်ကစကားအ၀ှက်ကြယ်
သည်၊ငတောကစကားပြောပိုင်သည်၊ငပြိုင်ကနိပတ်အပြောကောင်းသည်၊စံတုတ်နှင့်ငတုတ်က
သူလိုငါလို၊မနေ့ကမှပေါက်လာသောကောင်းမြတ်ကားဘာတွေတော်သလဲမသိကြသေး၊
ငပြိုင်ကဘာမပြောညာမပြောနှင့် စကားစလိုက်သည်။
“ ရေလည် သောင်ထွန်း နံသာနေတဲ့ကျွန်းကလေး ”
“ မြောက်ပိုင်းက မနေ့ကမှမွေးတဲ့ခလေးတွေဝှက်သွားပြီကွ “
ငတောက၀င်ပိတ်လိုက်သောအခါ ငပြိုင်းကဘာပြောရမှန်းမသိဘဲ လျောချလိုက်သည်
“ စကားဝှက်တာမဟုတ်သေးပါဘူးကွာ ဟိုဘက်ကကျောက်ပျဉ်ကလေးဒီဘက်ကိုပေးပါ
လို့တောင်းတာပါ “
“ ဟဲ ဟဲ ဘယ်ရမလဲ ကျောက်ပျဉ်ကမမာလား ၊ တောင်းလိုက်တော့မပေးလား ၊ မာပေး
မေးပါ တဲ့ကွ ဒီကောင့်ကို ၀ိုင်းမေးကြဟေ့ “ ငနှပ်က ပြောပြာဆိုဆိုနှင့်ပေးပန်းတပွင့်ငါဖြေတာမှန်
တဲ့အတွက် ၊ ကျန်လူများကလဲ
“ ဒို့လဲပါတယ် ပေးဒို့ကို တပွင့်စီ “
ငနှပ်ကငပြိုင်းရှေ့ပန်းပုံထဲမှပန်းတပွင်းကိုလှမ်းယူလိုက်သည်၊ကျန်လူများကလဲတပွင့်စီယူ
လိုက်ကြသည်၊နှမြောတက်သောငပြိုင်းက လက်ဖြင့်သူပန်းပုံကိုကာနေသည်၊အားလုံးက၀ိုင်းရယ်
ကြသည်၊
ဤသို့နှင့်စကားထားဝှက်သောဝိုင်းကလေးမှအသက်ဝင်လာသည်၊တယောက်နှင့်တ
ယောက်အကြိတ်အနယ်ဝှက်ကြ၊ဖေါ်ကြရှုံးသူကပန်းပေးကြနှင့်ပျော်စရာပင်၊ ထိုစဉ်ငနှပ်က
အများသိပြီးသားစကားကိုပင်တမင်ဝှက်လိုက်သည်
“ ကဲ ငါအခက်ဆုံးတခုဝှက်လိုက်မယ် ပန်း သုံးပွင့်ပေးတမ်းနော် မင်းတို့အသာနေ မြခက်
အရင်ဖေါ်
” ပဒုမ္မာယုံထောင် တဲ့ “
“ ဟာ မင်းဟာက ရေကန့်တာဆာ တံငါလက်စွဲ ပေါ့ကွ “
မြခက်ကို ၀ိုင်းကြည့်နေစဉ် အောင့်နိုင်တဲ့ ငပြိုင်းက လွှတ်ကနဲဝင်ဖြေလိုက်သည်
ပဒုမ္မာယုန်ထောင်သည် ကလေးတွေကအစသိပြီးသားဖြစ်သည် ၊ ပဒုမ္မာက ကြာ ၊ ယုန်ထောင်
တာက ပိုက် ၊ ကြာပိုက် ကြိုက်ပါ ၊ ဖြစ်၏၊
မိန်းကလေးကအဖြေကိုဖေါ်လျင်သူ့ကိုကြိုက်ပါဟုပြောသလိုဖြစ်နေမှာမို့ မြခက်ကမဖြေသေးဘဲ
နေစဉ် ငပြိုင်းက ၀င်ဖြေလိုက်ခြင်းဖြစ်သည် ။ ငပြိုင်း၏အဖြေတွင် ရေကန်၏တန်ဆာမှာကြာ
တံငါသည်၏လက်စွဲမှာ ပိုက်ဖြစ်သဖြင့် ကြာပိုက် ၊ ကြိုက်ပါ ပင်ဖြစ်သည်၊
ငနှပ်သည်ရုတ်တရက်ထ၍ငပြိုင်း၏ရောင်ကိုနှိမ်လျက်ကျောကုန်းကိုအသံမည်အောင်
အုံးကနဲတချက်ထောင်းလိုက်သည်၊
“ ကဲကွာ မင်းကိုဘယ်သူက ခုံတော်ခေါ်ထားလို့ သာလောက်ရှေ့ကနေ လွတ်ကနဲလွှတ်
ကနဲပြောချင်နေရတာလဲ “
အဖေါ်များက နောက်တချက်ထပ်ထောင်းရန်အားပေးရင်းဝိုင်းကြိမ်းမောင်းနေကြသည်၊
ငပြိုင်းကအလွန်နာကြင်ဟန်ဖြင့်ကျောကိုကော့၍ရှုံမဲ့ပြနေ၏၊
“မြခက် ပန်းပေးရင်မင်းပန်းသုံးပွင့်ရမယ်မဟုတ်လား ဒါကြောင့်ငါက၀င်ဖြေတာ နော်
မြခက် ဒို့မောင်နှမ နှစ်ယောက်ကတဘက် ဟိုကောင်တွေကတဘက် ဒို့ကသာကီဝင်မောင်နှမ “
ထိုအခါကျမှမြခက်အသံထွက်လာသည်
“ သြ ကိုပြိုင်းတို့မယ်မှုံတို့ကသာကီဝင်မျိုးလား ကျမတို့ကတော့ တောင်သူမိလက္ခုတွေဘဲတော့် “
မယ်မှုံသည် ငပြိုင်း၏အမဖြစ်သည်၊ထို့ကြောင့်ကျန်လူများကရယ်မောရင်း ငပြိုင်းခေါင်း
ကို ၀ိုင်းထုရင်းပြောကြသည်၊
“ ဟုတ်တယ် ဟုတ်တယ် တို့တရွာလုံးမှာသူရို့အိမ်တအိမ်ပဲ သာကီဝင်မျိုး သာကီဝင်မျိုး “
“ မင်းတို့ဝိုင်းပြောနေတာနဲ့ ငါမေးထားတဲ့စကားဝှက်တောင်မြခက်မဖြေရသေးဘူး နဲတာ
ကြီးမဟုတ်ဘူးနော် ပန်းသုံးပွင့်ကြေးဗျ “
ငနှပ်ကသတိပေးလိုက်သဖြင့်အဖေါ်တစုအရယ်ရပ်ပြီး မြခက်မျက်နှာကိုဝိုင်းကြည့်နေကြ
သည်၊မြခက်ကဗျိုင်းတောင့်ကလေးကိုင်ထားသည့်လက်ကိုဝှေ့ကာဝှေ့ကာ ၀င့်နေရာမှလှပသော
အပြုံးများဖြင့်မျက်လွှာပင့်၍ငနှပ်၏မျက်နှာကိုကြည့်ပြီးပြောလိုက်သည် ၊
“ ကြွက်ရဲ့ရန်သူမြစ်ကိုဆင်း အပျင်းထူ၊ဒေါင်းဒိန်းဆူ၊သူ့ရဲ့လက်နက်အကွက်အကွက်ရဲ့
အတိုင်းပေါ့ ဟုတ်ဘူးလား “
အပိုင်း ၂ သို့ဆက်ရန်

1 comment:

  1. မင်္ဂလာတောင်ညွန့်မှာနေတဲ့ ကျွန်တော် ဒီဘလော့ဂ်ကိုရောက်ပြီးမှ ကိုယ့်ပါတ်ဝန်းကျင်အကြောင်း ပိုသိလာရတယ်။ ကျနော်စိတ်ဝင်စားတဲ့ ဂီတသမိုင်းဝင်ပုဂ္ဂိုလ်တွေနဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို ဖတ်သိရလို့ အဟောင်းဆိုင်နဲ့ ပိုင်ရှင်ကို ကျေးဇူးအထပ်ထပ်တင်မိပါတယ်။

    ReplyDelete