Wednesday 3 August 2011

တ၀က်မေတ္တာ


လွမ်းမောဘွယ်ရာတက္ကသိုလ်နွေရက်များ

တ၀က်မေတ္တာ


နံနက်ခင်း တနေ့

ထား

ကျွန်တော်ထားကိုစတွေ့တော့သာမန်ချောမောလှပတဲ့မိန်းခလေးကတယောက်ကို

သာမန်ယောက်ျားလေးတယောက်ကစိတ်ဝင်စားတာမျိုးထက်မပိုခဲ့တာအမှန်ပါ ၊ ဒါပေမဲ့နေ့တိုင်းထားကိုကျောင်း မှာမြင်တွေ့လာရတော့

ထားရဲ့ယဉ်ကျေးသိမ်မွေ့တဲ့အမူအရာတွေလှပကျော့ရှင်းတဲ့မြန်မာဆန်ဆန်ဝတ်စားဆင်ရင်မှုတွေကိုမြင်တွေ့ရတော့ထားကိုချီးကျူးမြတ်နိုးလာခဲ့မိပါတယ် ၊

ဟိုတနေ့ညနေ ဂျပ်ဆင်ဟောအပေါ်မှာလှိုင်မြစ်ဘက်ကိုငေးကြည့်နေရင်း

ထားနဲ့အမှတ်မထင်ဆုံတွေ့လိုက်တော့ ထားက

” ပြန်သေးဘူးလား ” လို့ ဆိုပြီး

အပြုံးကလေးနဲ့အသိအမှတ်ပြု နှုတ်ဆက်တာကို ကျွန်တော့ရင်ထဲမှာ တသက်မမေ့စရာအဖြစ်သိမ်းထားလိုက်ပါတယ် ၊

ထားကိုချစ်နေတဲ့

( မိုးဆွေ )

ဒို့ သူ့ဆီက ဒီလိုစာမျိုး တနေ့ နေ့မှာ ရေးလာလိမ့်မယ်ဆိုတာ ကြိုသိနေတယ်လေ

ဟုတ်တယ် သူ့ကို အဲဒီနေ့က ပြောမိတာ ဒို့လဲ သတိထားမိတယ်

လေသံက နွဲ့ သလို လို ဖြစ်သွား လို့ ပြန်တွေးပြီး ရှက်လိုက်တာ

ဒါကြောင့် ဒိုင်ယာရီ ရဲ့ ပထမဆုံးစာမျက်နှာ

စိတ်မပူလောင်ချင်ရင် ဘယ်သူကိုမှ မချစ်ပါနဲ့

စိတ်မဆင်းရဲချင်ရင်ဘယ်သူ့ကိုမှလဲမမုန်းပါနဲ့

လို့ ကဗျည်းထိုးမှတ်တမ်းတင်ထားလိုက်တယ် လေ

သူကိုတွေ့တော့

ကိုယ့် နှလုံးသားထဲမှာ အချစ်က ရှင်သန်နိုးထလာသလိုဘဲ

ဒါပေမဲ့ ဘ၀ ကို တစ်က ပြန်မစချင်တော့ ဘူး မပူလောင်ချင်တော့ဘူးလေ

ကိုယ့်ချစ်သူကို ပိုင်ဆိုင်ရမှ၊ ပေါင်းဆုံရမှ ဆိုတာမျိုးမဟုတ်ပဲ ချစ်နိုင်တာ...

တဏှာရာဂတွေ မပါဘဲချစ်သူကို ချစ်သူလိုပဲ သဘောထားကြီး ဖြူဖြူစင်စင်မြတ်မြတ်နိုးနိုးချစ်နိုင်တာ..

. . လိုအပ်ရင်... သူ့ဘ၀အတွက်ကိုယ့်ဘ၀ကို ဖြည့်စည်းပေးပြီး ပူပြင်းတောက်လောင်မှုတွေ ဘာမှမရှိတဲ့အချစ်မျိုးနဲ့ဘဲချစ်ချင်တော့တယ်

တ၀က်မေတ္တာ ပေါ့

ဘာဖြစ်လို့ လဲဆိုတော့ ဒို့  က သူ့ ကိုချစ်တာ 528 ထက်လဲ ပိုတယ် 1500 လဲ မပြည့်ဘူး 750 အချစ်လေ

ဒီ လို အချစ်မျိုးနဲ့ ဒို့ ကချစ်ရင် သူ က ရေရှည်မှာ လက်ခံမနိုင်ပါ့မလား

မသိဘူးနော်

နောက်တနေ့ ၇ျပ်ဆင်မှာ သူ့ကိုတွေ့တော့ မမြင်ချင်ယောက်ဆောင်ပြီး ထွက်သွား

မယ် အလုပ်မှာ

ထား ထား လို့ နောက် က ခေါ်သံကြားလိုက်တယ်

အော် ကို မိုးဆွေ

ဟိုတနေ့ က ထား ခုံ ပေါ်မှာ ဒီ --ဒိုင်ယာရီလေး ကျန်ခဲ့လို့ ကျွန်တော် သိမ်းထားလိုက်

တာ ပါ ဒီမှာ လေ

ဟောတော့

သူ သူ ဖတ်ကြည့်မိလိုက် သေး လား ဟင်

ဟုတ်

ကျွန်တော် ဘယ်သူ့ စာအုပ်များဖြစ်မလဲ လို့ နာမယ် ရှာ ရင်း ဘတ်မိလိုက်ပါတယ်

အော် ဒီမှာ ထား အတွက် ကျွန်တော် လက်ဆောင်

ဒီ ပန်းလေး ပေးပါရစေ

ဆိုပြိး ထွက် သွားလေးရဲ့ 

ပန်း နဲ့ အတူ စာတိုလေး လဲ ရေးထားတယ်

ထား

ဒီပန်း ကလေး က နမ်း ဘို့ အတွက် သက်သက် နော် ပန်ဘို့  မဟုတ်ဘူး

အကြွေပန်း ကလေး မို့ မပန်ပါနဲ့ 

ကြွေ ချင်နေသူ ပါ

တကယ်တော့ ဒို့ နှစ်ယောက် က

ကြွေသူ နှစ်ယောက် ကောက်သူ တစ်ယောက် ပါ

http://api.ning.com/files/lsHBM6R5JtGF6-XR3ZkIAjtvlk4ByMUCTNGliwDL5BGmUkZdXqV-bNHYdeMb3IpQFgOTOYUbyqR-q2iz6iJ7PZHoJeVp4r9a/KwayThu2Koughtthu1.swf

မောင်သုည


No comments:

Post a Comment