Friday 24 February 2012

မပြီးသေးသောပန်းချီကား

သူနဲ့ကျွန်တော်စတွေ့ခဲ့တာ တခုသောနွေမှာပါ --

သူက ကျွန်တော်တာဝန်ယူထားတဲ့စိုက်ပျိုးရေးပြခန်းကိုရောက်လာပြီး

ကျွန်တော် ဖန်တီးထားတဲ့ ကိုင်းဆက်နည်းနဲ့စိုက်ထားတဲ့ နှင်းဆီ ရောင်စုံ

ပန်းအိုးကလေးကိုကြည့်ပြီး ” ထူးဆန်းလိုက်တာ ” လို့ဆိုလာတယ်

သူကလဲ နှင်းဆီစိုက်တာ ၀ါသနာပါတယ် -အဲဒါကိုအကြောင်းပြုပြီး

သူနဲ့ကျွန်တော်ရင်းနှီးခဲံ့ရတယ် -သူအိမ်ကိုရောက်ခဲ့တယ် - သူ့ခြံထဲမှာ

နှင်းဆီတွေ လှိုင်လှိုင်ပွင့်နေတာတွေ့ရတယ်--

သူ့တို့အိမ်က အင်းယားနဲ့နီးတယ် - တနေ့သူနဲ့ အင်းယားဘက်

လျောက်လည်ရင်း ( Love Boat ) ကလေးစီးရအောင်နော်ဆိုပြီလှေကလေး

ငှါးလာတယ် အနားရောက်တော့ သူလှေပေါ်တက်ရဲဘူးတဲ့ ရေကြောက်လို့တဲ့

ဒါနဲ့ဘဲ သူနဲ့ အတူ အချစ်လှေကလေး မစီးဖြစ်ခဲ့ဘူးလေ

အခု နောက်ပိုင်း သူနဲ့မတွေ့တော့ဘူး - သူတို့မိသားစု မေမြိုဘက်

ပြောင်းသွားကြတယ် တဲ့ --

ကိုယ်ကတော့ မင်းနဲ့ ပြန်လည်ဆုံတွေ့ ကြဦးမယ်လို့ မျှော်လင့်နေတာဘဲ


ဒီအချစ် ပန်းချီကားလေးက ပြီး မှ မပြီးသေးတာ

ဒါကြောင့် သည်သီချင်းကလေးကို သတိရတိုင်း ဆိုနေမိတာပေါ့


မပြီးသေးသောပန်းချီကား ( ဂီတစာဆို - မြို့မငြိမ်း )




မျက်စိကိုအနားပေး မှေးလျက်ညအိပ်ယာဝင် -အိပ်မက်ကိုအလှဲ့ပေးအတွေးပျံ့လွင်စဉ်

ချောင်းလိုလို - မြစ်လိုလို - တခုသောကမ်းစပ်ကိုရောက်လာသည်တွင် --ချစ်သူဟာလဲ

မလှမ်းမကမ်းမှာရောက်နှင့်ခဲ့တာမြင် --

ထိုစဉ် လှော်ခပ်သူလဲတယောက်မပါ -- သူ့အလိုလိုသာပင်--လှေကြီးတစင်း

ကမ်းသို့ဆိုက်ခါဝင် -- လှေဦးတွင်သဏ္ဌာန်ထူးတခုမြင်- အစုံသောနှလုံးသား-အချစ်

မြှားစူးသည့်အသွင် -- ကြည့်ရင်း - ကြည့်ရင်း အဓိပါယ်ပေါ်လွင်- ကမ်းပေါ်ကနှစ်ယောက်

သားလှုတ်ရှားအသက်ဝင် -- လိုက်တော့မယ် ဟန်ပြင် - မောင်ပင် -မေကတော့က္ကုနြေ္ဒရှင်

အကဲခပ်ရှာထင် --

မပြီးသေးသောပန်းကား ---ခပ်ဝါးဝါးတချပ်ပင် --ညစဉ်ပင် -- ညစဉ်ပင် -- မျက်စိ

မှိတ်လဲ- စိတ်ထဲစွဲကာ မြင် --


မောင်သုည













No comments:

Post a Comment