Wednesday 13 June 2012

ဘိတ်သိက်ပြိုင်

 ဘိတ်သိက်ပြိုင်

ပြိုင်ပွဲထုံးစံ
ရှုံးမခံလည်း
နိုင်ပြန်အရှုံး
ဇာတ်မဆုံးဘူး
အမုန်းသံသရာ လည်ကြပြီ ...

အမှန်ကိုမြင်
အမှားပြင်မှ
ကင်းစင်မာန
အတ္တမပါ
သာယာအေးချမ်းရှိလေမည်...

ပြိုင်ပွဲတို့ထုံးစံတွင် အနိုင်နှင့်အရှုံးရှိရစမြဲပင်  သို့သော်ထိုပြိုင်တွက်ကား ဘယ်သူမှုမရှုံး
ရှုံးသူမရှိ နှစ်ယောက်စလုးံအနိုင်ရကြသည်
ဘာပြိုင်ပွဲများပါလိမ့် သိချင်ကြပေမည်

ရှေးမြန်မာ့ထုံးတမ်းစဉ်လာအရ ရှင်ပြုနားသမင်္ဂလာ - ထိမ်းမြားမင်္ဂလာအခန်းအနား
များတွင်အခန်းအနားဖွင့်လှစ်သော အခါဘိတ်သိက်ဆရာများက မင်္ဂလာသြဘာစာများဘတ်
ကြား၍ဖွင့်လှစ်ပေးကြသည်၊ဘိတ်သိက်ဆရာတို့၏စာပေကျမ်းဂမ်ကြွယ်ဝမှု-အင်္လကာတေး
ထပ်-ရတုရကန် တို့ကိုအသံနေအသံထားကောင်းမွန်စွာဖြင့်ရွတ်ဖတ်ပေး၍အခန်းအနားကိုဖွင့်
လှစ်ပေးကြသည်သည်၊
          ထိုအလေ့ထိုဓလေ့မှာ ယခုအခါတိမ်မြုပ်ပျောက်ကွယ်လုလုဖြစ်နေပါပြိ -
          ထိုနေရာတွင်အခမ်းနားမှုး ( Master of ceremonie ) တယောက်က တာဝန်ယူလုပ်
ဆောင်ပေးကြသည်  အခုခောတ်တော့ ( Presenter ) ဟုပြောင်းလဲခေါ်ဆိုကြပြီးထိုနေရာတွင်
လုပ်ဆောင်ကြသည်၊ ( Master of ceremonie ) နှင့် ( Presenter ) တို့မှာ အနည်းငယ်ကွာ
ခြားပါသည် ( Presenter ) က ကုန်ပစ္စည်းကြော်ငြာ မှုကိုလဲ အပြောကေင်းကောင်းဖြင့်ကြော်ြ့ငာ
ပေးနိင်သူဖြစ်ပါသည်၊

12 – 06 – 2012 အင်္ဂါနေညပိုင်းတွင် MRTV3 INTERNATIONAL ရုပ်သံလိုင်း မှ ဘိတ်သိက်ပြိုင်
ဟူသောဇာတ်လမ်းတခုထုတ်လွှင့်ခဲ့သည်၊(ထိုဇာတ်လမ်းကို 2010 ခုနှစ်ကတည်ကပြသခဲ့ဘူးသည်
ဟုသိရပါသည်။ စာရေးသူသည်ယခုတကြိမ်ပထမဦးဆုံးကြည့်ရှုလိုက်ရခြင်းဖြစ်သည် )
          ထိုဇာတ်လမ်းမှာ သဘင်မဂ္ဂဇင်းပါဆိုင်းဆရာစိန်တင်ဟန်ရေးသားသောကိုယ်တွေ့ဆောင်းပါး
ကိုအခြေခံရိုက်ကူးထားသောဇာတ်ကားဖြစ်သည်၊
ဘိတ်သိက်ပြိုင် တဲ့ အလွန်ထူးဆန်းနေသည် - ဘိတ်သိက်ဆရာနှစ်ဦးကဘိတ်သက်ကိုသူနိုင်ကိုယ်
နိုင်အပြိုင်၇ွက်ဖတ်ကြသည့်ပွဲဖြစ်သည် -ပျောက်ကွယ်လုလုဖြစ်နေသောမြန်မာ့ရိုးရာအဆင်အလာကို
ပြန်လည်ဖေါ်ထုတ်ပေးသောဇာတ်ကားတကားဖြစ်သလိုအလွန်တန်ဘိုးရှိသောအသိတရားများကိုပါ
ထည့်သွင်းဖေါ်ညွန်းထားသောဇာတ်လမ်းပြကွက်တခုဖြစ်ပါသည်၊
ဆက်လက်ပြီး အရှည် အရှည် အညွှန်းလိုတော့ပါ ဇာတ်လမ်းတွင်ပါဝင်သော စကားပြောခန်းတချို့ကို
အသံဖိုင်ဖြင့် တင်ပြလိုက်ပါသည် ၊

စာရေးဆရာချစ်ဦးညို နှင့် စာရေးဆရာလယ်တွင်းသားစောချစ်တို့ ဆောင်းပါးနှင့်ပတ်သက်ပြီး
ပြောဆိုကြသောစကားများ


 




ဇာတ်လမ်း၏နောက်ဆုံးတွင် ဘိတ်သိက်ဆရာ နှစ်ဦး  အပြန်အလှန် ၀န်ချတောင်းပန်ကြသော
စကားများ 



 



သူ့ဂုဏ်ကိုယ်မြှင့်ကိုယ့်ဂုဏ်မြင့်၏
သူဂုဏ်နှိမ့်ချ- ကိုယ့်ဂုဏ်ကျ၏

မောင်သုည

ဇတ်လမ်းကို ကြည့်ရှုခံစားလိုပါက

အောက်ကလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါသည်




 


 Myint Swe


No comments:

Post a Comment