Friday 6 July 2012
သစ္စာလေးပါးအပေါ်၌ သညာသိ နှင့် ပညာသိ
        အကြင်သူသည်တိုင်တလုံးမှ မပါဘဲ အိမ်ဆောက်ခဲ့သည်ဟုဆိုလျှင်ယုံနိုင်စရာမရှိ၊
ငါ မင်းမောနေလို့ ဇီးဖြူရွက်နှင့်ရေထုပ်လာခဲ့သည်ဟုဆိုလျှင်ယုံနိုင်စရာမရှိသကဲံ့သို့ 
သစ္စာ လေးပါ မသိဘဲနှင့် နိဗ္ဓာန်ကိုမျက်မှောက်ပြုခဲ့သည် ဆိုလျှင်မဖ်ြစနိင်၊ယုံနိုင်စရာ မရှိဟုဆိုပါသည် ၊
သစ္စာလေးပါဆိုတာဘာလဲ
၁ - ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်တရား ပဋိသန္ဓေနေခြင်းဆင်းရဲ- အိုခြင်းဆင်းရဲ-နာခြင်းဆင်းရဲ- သေခြင်းဆင်းရဲ- မချစ် မနှစ်သက်သူနှင့်အတူယှဉ်တွဲနေရခြင်းသည်ဆင်းရဲ ချစ်ခင်နှစ်သက်သူနှင့်ကွေကွင်းရခြင်းသည်ဆင်းရဲ တောင့်တတိုင်းမရခြင်းဆင်းရဲ
၂- သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်းအမှန်တရား ထိုထိုအာရုံကာမဂုဏ်တို့ ၌ကျက်စားတက်သောတဏှာ အဆင်း၊အသံအနံ့ ၊အရသာ၊အတွေ့ စသည့်ကာမဂုဏ်တို့ကိုတပ်မက်သည့် ကာမတဏှာ ဘ၀သည်မြဲသည်ဟုသဿတဒိဋ္ဌိနှင့်ယှဉ်၍သာယာသော ဘ၀တဏှာ ဘ၀သည်ဖြတ်သည်ဟု ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်၍သာယာသော ၀ိဘ၀တဏှာ ထိုတဏှာတို့သည် ဘ၀သစ်ကိုအဖန်ဖြစ်စေတက်သော သမုဒယသစ္စာမည်၏
၃ - မဂ္ဂသစ္စာ - ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန်မြတ်နိဗ္ဗာန်သို့ဆိုက်ရောက်ရာအကျင့်ကောင်း အကျင့်မှန်တရား ထိုအကျင့်တရားသည် မဂ္ဂင်ရှစ်ပါးဖြစ်၏ (၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်) (၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ) (၃) သမ္မာဝါစာ (မှန်သောစကား) (၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ) (၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း) (၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း) (၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း) (၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း) ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။
 ၄ - နိရောဓသစ္စာ - တဏှာတို့၏ချုပ်ရာ ( ငြိမ်းအေးရာအမှန်တရား ) လောကတဏှာကိလေသာကိုပါယ်ဖျောက်ခြင်းစွန့် လွှတ်ခြင်း ကျွတ်ကျွတ်လွတ်လွတ်-လွတ်မြောက်ခြင်းသည် နှိဗ္ဗာန်ချမ်းသာဖြစ်၏ ဟော အခု သစ္စာ ၄ ပါးဆိုတာ ကိုတွေ့ပါပြီ ၊ စာထဲမှာပါ အလွတ်ကျက်လိုက်ရင်လဲရနိုင်ပါသည်၊ ပြောပြပါဆိုလျှင် ပြန်ရွက်လိုက်နိုင်ပါပြီ ၊ ထိုသူသည် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီလား ၊ စာထဲကအသိက နိဗ္ဗာန်မျက်မှောက်မပြူနိုင်ပါ ၊ မှတ်တမ်းကိုပြန်ဖတ်ပြတာဘဲဖြစ်နိုင်ပါသည် သညာသိ ကျက်မှတ်လို့သိတဲ့အသိ ပညာသိဟုဆိုနိုင်ပါသည်၊ထိုအသိသည် အကျိုးမများနိုင်ပါ၊ ထိုထွင်းအသိ ၊ ပညာသိမှ အကျိုးများနိုင်ပါသည် ၊နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါမည်၊ ဘယ်လိုထိုးထွင်းသိရမလဲ၊ သစ္စာ ၄ ပါးဆိုတာ ဂဏန်းနဲ့ အမှတ်စဉ်ထိုးပြိး ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ဟုဆိုပြနေရသည် အမှန်တော့ ခန္ဒာစစ်ကိုဥာဏ်နှင့် မြင်နိုင်လျှင် ထိုခန္နာ၏ဖြစ်ခြင်းနှင့်ပျက်ခြင်းကိုဥာဏ်ဖြင့်မြင်အောင်ကြည့်နိုင်လျှင် သစ္စာ ၄ ပါး သည် တပြိုင်ထဲ ပေါ် လာတော့သည် ၊ ခန္ဒာကို ဥာဏ်ဖြင့်ထိုးထွင်းကြည့်တက်ဘို့သာလို ပါသည်၊ ၀ိပဿနာတရားအားထုတ်သူသည် ခန္ဒာကိုဥာဏ်ဖြင့်စောင့်ကြည့်နေစဉ်တွင်ခန္ဒာစစ်ကိုမြင် လိုက်ပြီးနောက် ထိုပေါ်လာသော ခန္ဒာ ပျက်သွားသည်ကိုမြင်လိုက်သည်ဆိုပါစို့၊ ထိုခဏကလေးသည် သစ္စာ ၄ ပါး တပြိုင်နက် ဆိုက်လိုက်ခြင်းဖြစ်သည်၊
 ၁ - ဖြစ်ပျက်မြင်တာသည် ဒုက္ခသစ္စာကိုမြင်တာဖြစ်သည်၊
 ၂ - နောက်ခန္ဒာမလာတာ သမုဒယသစ္စာ ထိုသို့ ခန္ဒာအဖြစ်အပျက်ကိုမြင်နေုခိုက်တွင် နောက်ထပ်လာရန်ရှိသောခန္ဒတခုမလာနိုင် ဖြစ်နေ၏ သမုဒယသစ္စာ မ၀င်နိုင်ဖြစ်နေ၍ သမုဒယသစ္စာပါယ်ပြီးဖြစ်နေ၏
 ၃ - ထိုသို့ ခန္ဒာစစ်ကိုမြင်အောင်အားထုတ်နေခြင်းသည်၊( မဂ္ဂသစ္စာဖြစ်၏ ) ဖြစ်ပျက်မြင်အောင်အားထုတ်နေခြင်းသည်၊ (၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်) (၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ) (၃) သမ္မာဝါစာ (မှန်သောစကား) (၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ) (၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း) (၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း) (၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း) (၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း)
ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့် မဂ္ဂသစ္စာ အကျင့် ကိုကျင့်နေခြင်းကြောင့် ဖြစ်သည်၊
၎ - နောက်ခန္ဒာ တခုမလာဘဲဖြစ်နေသောအခိုက်မတန့်သည်၊ ခန္ဒာမရြှိဖစ်နေသော ကြောင့် နိရောဓသစ္စာ ဆိုက်ရောက်နေခြင်းဖြစ်သည် ( ခန္ဒာမရှိတာ နိဗ္ဓာန် ) ဖြစ်ပျက်က သစ္စာ - ဒုက္ခသစ္စာ သေတာက သမုဒယသစ္စာ သိတဲ့ဥာဏ်က - မဂ္ဂသစ္စာ နောင်ခန္ဒာမလာတာက နိရောဓသစ္စာ ထို့ကြောင့် ၀ိပဿနာရှု၍ခန္ဒာစစ်၏ဖြစ်မှုကိုမြင်လျှင် သစ္စာ ၄ ချက်တပြိုင်ထဲဆိုက်ပါသည်၊ ထိုအသိမှသာလျှင် ပညာသိ၊ ထိုးထွင်းသိဖြစ်ပါသည်၊
 မောင်သုည
No comments:
Post a Comment