Wednesday 18 July 2012

အာဇာနည် သတိရှိဘို့လိုမယ်

လူ့အဖွဲ့အစည်းတခုမှာဖြစ်ဖြစ်၊ နိင်ငံတနိုင်ငံမှာဖြစ်ဖြစ် ။အရည်အချင်းရှိပြီး ဦးဆောင်နိုင်တဲ့သူတယောက်ပေါ်လာရင်၊အဲဒီလူကိုနေရာမပေးချင်ဘူး၊သူ့ပညာ သူ့ရဲ့အရည်အချင်းတွေဖေါ်ထုတ်ခွင့်မရနိုင်အောင်ပိတ်ပင်ထားချင်ကြတယ်၊ တနည်းနည်းနဲ့ဖယ်ရှားပြစ်ချင်တယ်၊နောက်ဆုံးတော့လုပ်ကြံသတ်ဖြတ်ပြီး-ဖျောက် ဖျက်လိုက်ချင်ကြတယ်၊ ဒီလိုအဖြစ်မျိုးကိုကျွန်တော်တို့မြန်မာနိုင်ငံမှာ၊မြန်မာလူမျိုးတွေအကြားမှာ သမိုင်းအဆက်ဆက်မှာတွေ့ကြုံခဲ့ရတာတွေအများကြီးရှိတယ်- သူတည်းတယောက်ကောင်းဘို့ရောက်မူ - သူတယောက်မှာ-ပျက်လင့်ကာတာ ဓမ္မတာတည်း လို့ ဆိုခဲ့တဲ့အနန္တသူရိယ အမတ်ကြီးတို့လက်ထက်ကစပြီး - ကနောင်မင်းသာတို့လက်ထက်အထိဘဲ အခု ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ - အရည်အချင်းရှိတဲ့သူတွေ-တိုင်းပြည်ကို ဦးဆောင်ပေးနိုင်တဲ့သူတွေကို-သတ်ဖြတ်ဖျောက်ဖြတ်ပစ်လိုက်တာဟာနောက်ဆုံး သာဓကတခုဘဲ - ဘယ်သူ့ကိုအပြစ်ဘို့မလဲ - တရားခံကိုဘယ်လိုရှာမလဲ လူကိုမကြည့်ဘဲ - လူကိုအာဂါတ မထားဘဲ မူကိုကြည့်ပြီးပြောမယ်ဆိုရင် ကျွှန်တော်တို့နိုင်ငံဟာနယ်ချဲ့စံနစ်-ကိုလိုနီစံနစ်-ဖက်စစ်စံနစ်တွေရဲ့အောက်မှာ နှစ် ပေါင်းရာနဲ့ချီပြီးကျရောက်ခဲ့တယ်-အဲဒီစံနစ်တွေရဲ့ဆိုးကျိုးတွေကြောင့်ဘဲလိုဆိုရမယ် မယ် -အဲဒီ စံနစ်ရဲ့ဆိုးကျိုးအမွေတွေကိုဒို့ဆက်လက်ပြီးယူထားကြသလား ဆိုတာကို ပြန်လည်သုံးသပ်ကြည့်ဘို့လိုမယ် - ကဲအခုဘာလုပ်ကြမလဲ - ဘာကိုသင်ခန်းစာယူကြမလဲ - ကိုယ့်တိုင်းပြည်မှာ - ကိုယ်လူ့အဖွဲ့အစည်းတခုအတွင်းမှာ အရည်အချင်းရှီတဲ့သူ တွေပေါ်လာပြီဆိုရင် -- အရည်အချင်းတွေဖေါ်ထုတ်ခွင့်မရအောင်-ပိတ်ဆို့ထားချင်ကြ သလား နေရာမရအောင်လုပ်ချင်ကြပြီလားတနည်းနည်းနဲ့ဖျောက်ဖျက်အောင်ကျိုးစား နေချင်ကြသလား - ပြန်ပြီးသုံးသပ်ကြပါ သတိရှိရမယ် သတိထားနေရမယ်- ပေါ့ပေါ့ဆဆတော့နေလို့တော့ မဖြစ်ဘူး -အာဇာနည် သတိရှိဘို့လိုမယ်လို့ပြောချင်ပါတယ် ဗိုလ်ချုပ်ကိုလဲ - သတိပေးခဲ့တယ်လို့ဆိုတယ် ကျုပ်ကိုအခုချိန်မှာလုပ်ကြံမဲ့သူ ဘယ်သူမှရှီိမှာမဟုတ်ဘူးလို့ပေါ့ပေါ့ဘဲတွေးခဲ့တယ် ဆိုတယ် ဘာဘဲဖြစ်ဖြစ် အာဇာနည်သတိ ရှိဘို့တော့လိုမယ် မောင်သုည

No comments:

Post a Comment