Tuesday 7 August 2012

ဝါဆိုလပြည်ကျော် ၅ ရက်နေ့ အနတ္တလက္ခသုတ်ဟောကြားသောနေ့









ရဟန္တာနေ့ဖြစ်ပါတယ်

 



မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် အာရုံတတ်ချိန်မှာ ဗုဒ္ဓဂေါတမ မဟာဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပါတယ်။ ဘုရားရှင်တိုင်းဟာ ဗုဒ္ဓအဖြစ်သို့ ရောက်လျှင်ရောက်ခြင်း တရားဟောတော်မူရိုး မရှိပါ။ ဗုဒ္ဓအဖြစ်သို့ရောက်တော်မူကြပြီး ကဆုန်လပြည့်ကျော် ၁-ရက်နေ့မှစ,ကာ ၀ါဆိုလဆန်း ၆-ရက်နေ့ အထိ ၄၉-ရက်တိုင်တိုင် ၀ိမုတ္တသုခလို့ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူရင်း ဟောရမည့်တရားတော်တို့ကို နှလုံးသွင်း ဆင်ခြင်တော်မူပါတယ်။
၁၀၃-ခုနှစ် ၀ါဆိုလည်ပြည့်ညဥ့်မှာ ဓမ္မစကြာတရားတော်ကို ဟောတော်မူပါတယ်။ တရားနာပုဂ္ဂိုလ်တွေက...

(၁) ကောဏ္ဍည ရသေ့ကြီး (၂)၀ပ္ပရသေ့ကြီး(၃)ဘဒ္ဒိယရသေ့ကြီး(၄)မဟာနာမရသေ့ကြီး နဲ့ 
 (၅)အဿဇိရသေ့ကြီးတို့ဖြစ်ကြပါတယ်။

ဒီရသေ့ကြီး ၅-ဦးနှင့် နတ်ဗြဟ္မာများစွာဖြစ်ပါတယ်။ ဒီရသေ့ ငါးဦးဟာ အတ္တကိလမထ အနုယောဂလမ်းစဉ်ကို ယုံကြည်တဲ့ ရသေ့ကြီးများ ဖြစ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓက "ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ"ဟု အစချီကာ ဟောတာဖြစ်ပါတယ်။ ဒီညမှာ ကောဏ္ဍည ရသေ့ကြီး သောတာပန်တည်ပြီး ဧဟိဘိက္ခု ရဟန်းဖြစ်ပြီး နတ်ဗြဟ္မာအပေါင်း ၁၈-ခုကုဋေလည်းကျွတ်တမ်းဝင်ပါတယ်။
ဝါဆိုလပြည့်ကျော်-၁ရက်နေ့မှာဝပ္ပရသေ့ကြီးသောတာပန်တည်၊ပါတယ်
ဝါဆိုလပြည့်ကျော်၂-ရက်နေ့မှာဘဒ္ဒိယရသေ့ကြီးသောတာပန်တည်၊ပါတယ်
ဝါဆိုလပြည့်ကျော်၃-ရက်နေ့မှာမဟာနာမရသေ့ကြီးသောတာပန်တည်၊ပါတယ်
ဝါဆိုလပြည့်ကျော်၎-ရက်နေ့မှာအဿဇိရသေ့ကြီးသောတာပန်တည်၊ပါတယ်
ထို့ကြောင့် ၀ါဆိုလပြည့်ကျော် ၄-ရက်နေ့မှာပင် ရသေ့ ၅-ဦးလုံး သောတာပန်ဖြစ်နေကြပါပြီ။ ရသေ့ကြီးငါးဦးလုံးသည် တရားနာရလို့ သောတာပန် အရိယာဖြစ်သောကြောင့် ဗုဒ္ဓက "ဧဟိဘိက္ခု - ရဟန်း, လာလို့" ခေါ်လိုက်တဲ့အခါကျမှ ရသေ့အသွင်ပျောက်ပြီး ၀ါ ၆၀-ကျော်ရ မထေရ်ကြီးများလို့ ရဟန်းအသွင် ရဟန်းပုံစံနှင့် ဖြစ်လာကြတာ ဖြစ်ပါသည်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့ရောက်တဲ့အခါ ပဉ္စ၀ဂ္ဂီရဟန်း ငါးပါးကို တစုတဝေးတည်း ခေါ်တော်မူ၍ "ရူပံ ဘိက္ခဝေ အနတ္တာ- ရဟန်းတို့ ရုပ်တရားဟာ အတ္တမဟုတ်ဘူး"လို့ အစချီပြီး ဒီအနတ္တလက္ခဏသုတ်ကိုစတင်ဟောကြားတော်မူပါတယ်။
 အနတ္တလက္ခဏသုတ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရမည်ဆိုလျှင်
"အနတ္တ" ဆိုသည် စကားလုံး၊ အနတ္တဟူသော ဒေသနာဝေါဟာရသည် ဗုဒ္ဓပွင့်မှသာ ကြားခဲ့ရသည့် စကားလုံး ကြားနာခွင့်ရ သည့် စကားလုံးဖြစ်သည်။ ဤတရားတော်ကို ဗုဒ္ဓဟောတော်မူလိုက်သောအခါ သတ္တလောကကြီး တခုလုံး တုန်လှုပ်သွားသည်။ သတ္တလောကကြီးတစ်ခုလုံးမှာ သတ္တ၀ါတွေ အားလုံးသည် "အတ္တ"လို့ယူဆထားကြသည်။
အနတ္တတဲ့ အတ္တမဟုတ်ဘူး မရှိဘူးတဲ့ဟုလည်းကောင်း၊ သြော် အနတ္တပါလား၊ အတ္တဆိုတာမရှိပါလားဟုကြားရသောအခါတုန်လှုပ်သွားကြပါတယ်။
အနတ္တ =င့ါကိုယ် ငါ့ဟာ မဟုတ်တာ အစိုးမရတာ (ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်လို့မရတာ ) ကိုယ်ဖြစ်စေချင်သလိုဖြစ်တာ ကိုဆိုလိုပါတယ်
လက္ခဏ    ဆိုတာ သဘောတရားမျှသာ လို့အဓိပ္ပါယ်ရပါတယ်               
လက္ခဏာ - ဆိုတာ သင်္ကေတ - အမှတ်အသား အထိန်းအမှတ် - ဖြစ်ပါတယ်

အနတ္တလက္ခဏသုတ်  =  ငါ့ကိုယ် ငါ့ဟာ မဟုတ် အစိုးမရခြင်း ( ကိုယ်ဖြစ်စေချင်
                                သလိုမဖြစ်ခြင်းသဘောတရား

သဘောတရား - ဘယ်လိုသဘောတရားလဲ

ရုပ် - ရုပ်ဆိုတာ  ( အလုံး အရပ် ပုံသဏ္ဍာန်အလေးချိန်ရှိတဲ့ခန္ဓာကိုယ်အစိုင်အခဲကြီး ကို မြင် ရမှာမဟုတ်ပါ -ဖေါက်ပြန်တက်တဲ့သဘော ကိုသိရမှာ ဖြစ်ပါတယ် ၊ ဒီဖေါက်ပြန်တက်တဲ့ သဘောကို  လက္ခဏ လို့ ဆိုလိုတာဖြစ်ပါတယ်
ရုပ်မှာ ပထ၀ီ - တေဇော -အာဘောဝါယော ဆိုတဲ့ ဓါတ်သဘောတွေပေါင်းစပ်ထားတာဖြစ်ပါတယ်
မာတဲ့သဘော ပြော့တဲ့သဘော ပူတဲ့သဘော အေးတဲ့သဘော - ယိုစီးတဲ့သဘော ဖွဲ့စည်းတဲ့သဘော - ထောက်ခံတဲ့သဘော လှုံတ်ရှား တဲ့သဘော တရားတွေတာ ပေါင်းစပ်ထားတာဖြစ်ပါတယ် 
          ဒီရုပ် ဆိုတဲ့သဘောကိုလဲ  - ကံ စိတ် - ဥတု  အာဟာရ ဆိုတဲ့ အကြောင်းတရား ၄ ပါး ကြောင့်တာ ရပ်တည်နိုင်တာဖြစ်ပြီးဘယ်သူတဦးတယောက်
( တန်ခိုးရှင် ) က မှ ဖန်တိးစေခိုင်းလို့ဖြစ်ပေါ်နေရတာ မဟုတ်ပါ

နမ်ဆိုတာ - သိတတ်တဲ့သဘော -
                မှတ်သားတက်တဲ့သဘော -
                ခံစားတက်တဲ့သဘော -
                ပြုပြင်စေ့ဆော်တက်တဲ့သဘောဆိုတဲ့သဘောတရားအစုအဝေးမျှသာ ဖြစ်ပါတယ် ။
 နမ်ခန္ဓာဆိုတာလဲ သူ့ ( ဒွါရ ) သူ့အပေါက် နဲ့ သူ အကြောင်းတိုက်ဆိုင်မှပေါ်နိုင်တာ
ဖြစ်ပါတယ်
           မျက်စိဆိုတဲ့ မျက်လုံးနဲ့ မြင်စရာ အဆင်း တခုတခုနဲ့တွေ့မှ စက္ကုအာရုံဆိုတဲ့
 မြင်စိတဖြစ်ပါတယ် ( နမ်ခန္ဓာ တခုဖြစ်ပါတယ် )



နား နဲ့  အသံတခုခု နဲ့ တိုက်မှ( သောတအာရုံ  )ုံ ဆိုတဲ့  ကြားစိတ်ဖြစ်ပေါ်ပါတယ်





နှာခေါင်း နဲ့ အနံ့  တခုတခု နဲ့ တိုက်မှ ( ဂန္ဓာရုံ ) ဆိုတဲ့ နံ စိတ် ဖြစ်ပေါ်ပါတယ်






လျှာပေါ်မှာ  စားစရာ တခုခု နဲ့ တွေ့ မှ  ( ရသာရုံ ) ဆိုတဲ့ အရသာ စိတ်ဖြစ်ပေါ်
ပါတယ်





ခန္ဓာကိုယ် အရေပြားမှာ  ထိတွေ့တဲ့ အရာတခုခု နဲ့ ထိတွေ့မှ  ( ဖောဋ္ဌာပါရုံ ) ထိုတဲ့ 
ထိသိစိတ် ပေါ်ပါတယ်



မနော မှာ တွေးတောစရာ တခုခု နဲ့ တွေ့မှ တွေးတောကြံစည်စိတ်ဖြစ်ပေါ်ပါတယ်





နမ်ခန္ဓာ ၄ ပါး ဟာလဲ သူ့ အပေါက် ( သူ့ဒွါရ ) နဲ့ သူ တိုက်မှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်




ကိုယ်သဘောအတိုင်း ပေါ်ပါဆိုလို့ပေါ်တာမဟုတ်ပါ - ဒါကြောင့် နမ်ခန္ဓာကို လဲ ငါ့ စိတ်
ငါ့နမ်လို့ မှတ်လို့မရပါ











လက္ခဏဉာဏ်နဲ့ပတ်သက်လို့ဆက်လက်ရှင်းပြရမယ်ဆိုရင်

တစုံတစ်ခုကို မကျေမနပ်လို့ ဒေါသဖြစ်နေတယ် ဆိုပါ စို့














တော် တော် နဲ့ မကျေနိုင်မချမ်းနိုင်ဖြစ်နေတယ်














စိတ်ကိုထိန်း မနိုင် သိမ်းမနိုင်ဖြစ်နေတယ်

တစုံတခု တုန့်ပြန်လိုက်တယ်












ကျေနပ်သွားတယ်  တဖြေးဖြေးဒေါသတွေပြေသွားတယ်














ရေ တစ်ခွက်လောက်သောက်လိုက်တော့ တော်တော်လေး ဒေါသတွေလျော့သွားတယ်














ဒါပေမဲ့ ခုဏ ဒေါသဖြစ်ခဲ့တဲ့စိတ်ကလေး က အရှိန်ကျန်နေသေးတယ်လို့ ရင်ခုံနေသေးတယ်














တွေးကြည့်လိုက်ပါ  - အော်ခုဏ ငါ့စိတ်တွေ ဒေါသအရှိန်တက်ခဲ့ပါလား














အော်ခုဏ ငါ့စိတ်တွေ ဒေါသအရှိန်တက်ခဲ့ပါလား -ဒေါသဖြစ်ခဲ့ပါလား ဆိုတဲ့ လက္ခဏာ ကိုတွေးကြည့်
လို့သိတာအဲဒါ လက္ခဏ ဉာဏ် နဲ့သိတာပါ
























































 ကိုယ်နေတဲ့ရပ်ကွက် မီးလောင်နေတယ် ဆိုတဲ့သတင်းကြားရတော့














ရင်ထဲ ထိတ် သွားတယ် စိတ်ထဲပူလောင်သွားတယ်














ငါ့အိမ်များ ပါသွားသလား - အိမ်က ခလေးတွေ ဘယ်လိုနေကြသလဲ














စိတ် ပူလောင်နေတယ် ဘာလုပ်ရ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်














သွားကြည့်တဲ့သူတွေ ရဲ့ သတင်းစကားကြားရတော့














ကိုယ်နေတဲ့ လမ်း မဟုတ်ဘူးလို့ပြောတယ် ဝေးတယ်တဲ့














စိတ်ထဲ့ အေးသွားတယ်  အခုမှ အလုံးကြီးကျသွားတယ်














ရင်ထဲမှာတော့ ခုံနေသေးတယ်














ပြန်တွေးကြည့်လိုက်တော့  အော် ခုဏ ငါ့ စိတ်တွေ ပူလောင်ခဲ့ပါလားဆိုတဲ့ လက္ခဏာကို 
လို့တွေးကြည့်ရင်သိပါတယ်














အဲဒါ လက္ခဏ ဉာဏ် နဲ့သိတာပါ  လက္ခဏ ဉာဏ်ဆိုတာ တွေးကြည့်မှ သိတာ














ဥပမာ -  ညက လယ်ထဲကို ဆင်ကြိးတကောင် ၀င်လာအိပ်သွားတယ်














ဆင်       ခြေရာ တွေကို တွေ့ရတယ် - ဆင်ခြေးတွေတွေ့တယ် - ဆင်တိုးဝှေ့တိုက်သွားလို့ 
သစ်        သစ်ပင်တွေလဲနေတယ်














ဆင်အိပ်သွားတဲ့နေရာ မှာ တွင်းကြီိးဖြစ်နေတယ်














အဲဒါတွေဟာ ဆင်ကောင်ကြီး မရှိတော့ ပေမဲ့ ဆင်ဝင်သွားတယ်ဆိုတဲ့ လက္ခဏာတွေကို
 မြင်လို့သိနိုင်ပါတယ်














ပြန်တွေးကြည့်လိုသိတာ  အဲဒါလက္ခဏဉာဏ် နဲ့သိတာလို့ဆိုလိုပါတယ်





























မောင်သုည












No comments:

Post a Comment