Wednesday 26 June 2013

ရုပ်ရှင်မင်းသားမြတ်လေး နှင့်မခင်နှင်းဆီသီချင်းများ


ရုပ်ရှင်မင်းသားမြတ်လေး နှင့် မခင်နှင်းဆီ သီချင်းများ
( သို့ မဟုတ် ) လှို့ ဝှက်နှင်းဆီ


မောင်သုံည

တကယ်တော့ ကျွန်တော်နှင့်ရုပ်ရှင်မင်းသားမြတ်လေးဟာ ရင်းရင်းနှီးနှီးသိကျွမ်းခဲ့တာမဟုတ်ပါ ၊

ကျွန်တော်ရေးတဲ့ကျွန်တာ့ဘ၀ဇာတ်ကြောင်းထဲမှာေ၇းထားသလိုပေါ့ လုပ်ငန်းအရဆက်စပ်မှုရှိလို့ တွေ့ 

ကြတဲ့သဘောပါ ။ ပန်းချီစိုးမိုးကို သူ့ ၇ဲ့ လက်၇ာလေးတွေနှစ်သက်၇င်အသုံးပြုဘို ကျွန်တော် အယ်ဒီတာ အဖွဲ့ ဝင်လုပ်နေတဲ့ ရုပ်ရှင်သစ်မဂ္ဂဇင်း

တိုက်ကို စာေ၇းပေးလိုက်လို့  သိ၇တာပါ ၊ ( တကယ်တော့ စာကိုလဲ ကျွန်တော့ အကို ဦးပါကြီး နာမယ်နဲ့ လိပ်မူပြီး

ေ၇းပေးလိုက်တာပါ ၊ တာဝန်အ၇ကျွန်တော်က ကျွန်တော်က ဆက်လုပ်ပေးရတာပါ ၊

။ ( ကျွန်တော်နဲ့ ပန်းချီစိုမိုးအကြောင်းမှာေ၇းထားသလိုပေါ့ )အဲဒီအကြောင်းကို ကျွန်တော်

မြတ်လေးနဲ့ (တာမွေကြက်ဂိတ် ) က ကျွန်တော်သူငယ်ချင်း ၇ခိုင်ကြီး စိန်လှအောင် ၇ဲ့  ကုန်မာဆိုင်မှာ တွေ့ 

တုန်းကပြောပြတော့ ဟော် ဟုတ်လားခင်ဗျား သက်သေရှိသေးတယ် တဲ့( ကြက်ဂိတ်ဆိုတာနဲ့ပတ်သက်လို့

ပြော၇အုံးမယ် တော်တော်ကြာတလွဲထင်နေအုံးမယ် ၊ ဟိုတုန်းက
၇န်ကုန်မြို့ မှာဘတ်စကားလိုင်းတွေကို

တိ၇ိစ္ဆာန်အကောင်တံဆိပ်တွေနဲ့ပြေးဆွဲကြတယ် ၊ ကြက်တံဆိပ်ကားက
တာမွေသဂြိုင်းဝင်တဲံ့လမ်းအ၀ ( ၇ာပြည့်

့ကွင်း ) မှာဂိတ်ဆုံးတယ် ၊အဲဒါကို ကြက်တံဆိပ်ဘစ်စကားဂိတ်လို့ 
ခေါ်ကြတာလေ ၊ ကြာတော့ ကြက်ဂိတ် ၊

ကြိတ်ဂိတ်ဆို လူတိုင်းသိနေတာပေါ့ အခုခေတ်လူငယ်တွေကတော့
ဘယ်သိပါ့မလဲ ၊

ပြောလက်စနဲ့ဆက်ပြောလိုက်ပါမယ် ၊


လ၀ိုင်း ၊ လခြမ်းက သင်္ဃာန်းကျွန်းလိုင်း ၊ မြင်းဖြူ ၊ မြင်းနီ ၊မြင်းကျား တံဆိပ် တွေက တာမွေ ၊

၇န်ကင်းလိုင်း
နဂါးတံဆိပ် က ကမ္ဘာအေး ဘု၇ားလိုင်း ၊ ခြင်သေ့ တံဆိပ်ကေ၇ွှတိဂုံဘု၇ားလိုင်း ။ကြံ့ တံဆိပ်က

ထောက်ကြံ့ လိုင်း ၊
ဘတ်စကားလိုင်းတွေအားလုံး သိမ်ကြီးဈေးမှာ လာဆုံကြပါတယ် )

ဲဆက်ပြော၇အုံးမယ် အဲဒီတုန်းက ကျွန်တော်က ဗဟိုတ၇ားရုံးရှေ့နေလုပ်နေတော့ ရုံးချိန်းပြီး၇င်

သူငယ်ချင်း ဆိုင်မှာလာပြီးစကားပြောလေ့ရှိပါတယ် ၊သူကကျွန်တော့ကိုအဝေးကြီးကထဲကမြင်၇င်လဘက်၇ည်မှာထားပြီးနေပြီး )

မြတ်လေးကကြက်တိုက်တာဝါသနာပါတော့ကြက်ကြီးတကောက်ပိုက်ပြိးတာမွေဘက်ကို

ေ၇ာက်လာတက်ပါတယ် ၊

ကျွန်တော်သိသလောက်ကတော့အဲဒီတုန်းက တာမွေက ပါတီယူနစ်ဥက္ကဌ ဦ၀င်းမောင်နဲ့
တော်တော်၇င်းနှီးတယ်ဆိုတော့ဒီဘက်ကအစဉ်ပြေတယ်နဲ့ တူပါတယ.် ၊

နောက်တခါ ဘိုးစိန်လမ်းကကျွန်တော့အိမ်ကို မြတ်လေးေ၇ာက်လာတဲ့အခါမှာတွေ့ ပါတယ်ကျွန်တော့၇ဲ့ 

ဘိုးစိန်လမ်းအိမ်ခြံဝင်းကြီးကကျယ်တော့ အိမ်ရှေ့မှာ ကားဝပ်ရှော့ဖွင့်ထားပါတယ် ၊


ကားဘော်ပြင်တယ်ဆေးမှုတ်တယ် ၊ မြတ်လေး၇ဲ့ လေးဘီးကားကိုကျွန်တော့ခြံမှာလာပြင်၇င်းေ၇ာက်လာတာပါ

။ အမှန်တော့ သူသားကမောင်းနေတာဖြစ်မှာပါ ၊ သူကကားအခြေအနေ၀င်လာကြည့်တာပါ ၊


ြံကုံလို့ အမျိုးသမီးနဲ့မိတ်ဆက်ပေး၇င်း အိမ်ပေါ်မှာစကားပြောကြတာပါ ၊

ကျွန်တော်ေ၇းချင်တာက ဒီအကြောင်းတွေမဟုတ်ပါ ။ အဓိကကျွန်တော်ေ၇းချင်တာကမြတ်လေးေ၇း တဲ့

မခင်နှင်းဆီ ၊ မခင်နှင်းဆီး၇ဲ့ နှင်းဆီ ၊ မခင်နှင်းဆီသို့ ပေးစာ ၊ မခင်နှင်းဆီ၇ဲ့ နှင်းဆီဇာတ်သိမ်း ၊

ဆိုတဲ့သီချင်းများအကြောင်းဘဲဖြစ်ပါတယ် )

မခင်နှင်းဆီ သီချင်းများကို ဇာတ်လမ်းတခုလို ဆက်တိုက်ရေးထားတော့ ဇာတ်လမ်းတော့ရှိရမယ်လို့ ယူဆထားပါတယ် ။ ငယ်ငယ်တုန်းကလဲ မခင်နှင်းဆီသီချင်းနဲ့ ပတ်သက်လို့ ကြားမိသလိုလို ဘဲ ။ဒါပေမဲ့  အခုမှသိ၇တာကတော့ ဘာမှ ဇာတ်လမ်းမရှိဘူး အဲဒီတုန်းက ပေါ်ပြူလာဖြစ်နေတဲ့ Rose ဆိုတဲ့ မိန်းခလေးကို သူက ရှေ့ က မတပ်ပြီး မခင်နှင်းဆီလို့ေ၇းလိုက်တာပါတဲ့ ။ တခုခုတော့ တခုခု ဘဲ လို့ ထင်တယ် ၊ ကျွန်တော် တို့ ကြားခဲ့တာက မခင်နှင်းဆီ ( Rose ) ဆိုတာ ဘယ်သူလဲ ဆိုတာတောင်သိနေကြတာ ဘဲ ၊
ကျွန်တော်ကတော့ မခင်နှင်းဆီ ( သို့ မဟုတ် ) လှို့ ဝှက်နှင်းဆီလို့ ဘဲ ဆိုချင်တယ်
စာေ၇းဆ၇ာ မောင်ညီသစ် နေ့ သစ် စာစောင်မှာေ၇းထားတာလေးအရဆိုရင်တော့ ကျွန်တော်ထင်ထားနဲ့လွဲနေတာပေါ့  ကဲ ဘတ်ကြည့်ပါအုံး

၁၉၉၈ ခု၊ ဧပြီလနှောင်းပိုင်းတရက်မှာ ဆရာမြတ်လေးကို ကျနော်တို့ ရန်ကုန်အရှေ့ပိုင်း ရေကျော်ရှိ ဇေယျာမြိုင်ဥယျာဉ်ထဲမှာ တွေ့ခဲ့ပါ တယ်။ သူက မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပါတယ်။ ကျနော်တို့က လာရခြင်းအကြောင်းရင်းကို ပြောတော့ ခဏထိုင် ခိုင်းပါတယ်။ ပြီးတော့ ဇေယျာမြိုင်ဥယျာဉ်ထဲက လူရှင်းတဲ့နေရာကို ခေါ်သွားပါတယ်။ ထိုင်ခုံပေါ်မှာ ထိုင်ပြီးတဲ့အခါမှာတော့ “ကဲမောင် ရင်တို့ ဘာမေးကြမလို့လဲ” လို့ ပြောပါတယ်။ ကျနော်တို့ လည်း သိချင်တာတွေ မေးချင်တာတွေ မေးပါတယ်။ ဆရာမြတ်ကလည်း စိတ် ရှည်လက်ရှည်နဲ့ ကျနော်တို့မေးသမျှကို အချိန်ပေးပြောခဲ့ပါတယ်တဲ့ ဒီလိုပါ

ဆရာမြတ်ရဲ့ မခင်နှင်းဆီ သီချင်းဟာ တချိန်က တော်တော်နာမည်ကြီးခဲ့တယ် နော်။ အဲဒီသီချင်းကို ဘယ်လိုများ ရေးဖြစ်ခဲ့ပါသလဲ။
"ဒါ ဘာမှမဟုတ်ပါဘူး။ ပေါ်ပြူလာဖြစ်နေတဲ့ နှင်းဆီဆိုတဲ့ မိန်းကလေးနာမည် ကို ရှေ့က “မ” တပ်ပေးလိုက်တာပါ။ နှင်းဆီဆိုတာ ကမ္ဘာမှာ ပေါ်ပြူလာဖြစ်ပြီး သားပါ။ Rosy တို့ Rose တို့ ကမ္ဘာ့သီချင်းရေးဆရာတွေ၊ ကဗျာဆရာတွေ အ များကြီးသုံးကြတာပဲ။ ဖွဲ့ကြတာပဲ။ ကျနော်တို့က နောက်လိုက်ပါ။ နှင်းဆီကိုဖွဲ့ခဲ့ တဲ့ ကဗျာဆရာတွေ မြန်မာပြည်မှာလည်း အများကြီးပါ။ ကျနော်က မခင်နှင်း ဆီ ဆိုပြီး “မ” တပ် သီချင်းရေးလိုက်တာပါပဲ။ သင်္ခါရတရားသဘောပါ။ တချို့ ကတော့ ဆူးတွေကို ဖွဲ့တာပေါ့ဗျာ။ နှင်းဆီက လှတယ်။ ဆူးက ကြောက်စရာ ကောင်းတယ်။ အဲဒီလို ဖွဲ့တဲ့ကဗျာတွေ မြန်မာပြည်မှာ အများကြီးပါ။ ကျနော်တို့ က အသစ်သမားဆိုတော့ develop then new form old ဆိုတဲ့ မော်စီတုန်း သီအိုရီလိုပါပဲ။ ကျနော့်ဟာ ကျနော်သစ်တာမဟုတ်ပါဘူး။ ရှေးဟောင်းစာပေ ပေါ် မူတည်ပြီး ကျနော်သစ်တာပါ။ သဘောပေါက်တယ် မဟုတ်လား။ တချို့ သီချင်းရေးဆရာအတော်များများဟာ ရာသီဖွဲ့တွေ ဖွဲကြတယ်။ အဲဒီအထဲက ထုတ်နုတ်ရေးတတ်ကြတယ်။ ဥပမာ လူ့လောက ဟန်ပန်ရေးရဲ့ ပျမ်းမျှကြေးအ ဖြေ၊ ဥရောပဆန်ဆန် တွေးတဲ့ ရှမ်းမလေးရေ။ ဒါ ပဒေသရာဇာရေးတာမှ မ ဟုတ်တာဗျာ။ ဦးကြင်ဥ အငွေ့အသက်မှ မဟုတ်တာ။ ဦးကြင်ဥတို့၊ ဦးပုညတို့ စာတွေလည်း မသုံးဘူးလားဆိုတော့ သုံးတာပဲ။ ကိုယ့်ဘာသာ ကိုယ်လည်း မြန်မာစာအခြေခံနဲ့ သုံးတာပဲ။ မြန်မာစာ အခြေခံ မရှိဘဲ မင်းဘာသာမင်း အသစ်ထွင်လို့ရသလား။ ဒီဝါကျတွေ ဘယ်လိုလုပ်မလဲ။
အထက်ပါ စာပိုဒ်ကလေးမှာ စာရေးဆ၇ာ မောင်ညီသစ် နေ့ သစ်မှာေ၇းထားတာကို ကူးယူဖေါ်ပြလိုက်တာပါ ၊ မြတ်လေး၇ဲ့ ဓါတ်ပုံကိုလဲ အဲဒိဆောင်းပါက ဘဲ ကူးယူထားပါတယ်ကြိုတင်ခွင့်ပြုချက်မယူဘဲ သုံးတာကိုခွင့်လွှတ်ဘို့ မေတ္တာရပ်ခံအပ်ပါတယ် ၊


ကဲ မခင်နှင်းဆီ သီချင်း ကလေးတွေကိုနားထောင်ကြည့် ကြ၇အောင်
မောင်သုံည
မခင်နှင်းဆီ

ချစ်စ၇ာအမည်ကလေးနဲ့ တသွေးတမွေးကိုဘဲ --လှနိုင်၇က်ရှာသည် ---မခင်နှင်းဆီတဲ့ -- ကြည့်စမ်းပါအုံးလှတဲ့နာမည် --အဟုတ်ကိုလှသည် --- ပေးလဲပေးတက်ပါ၇ဲ့ သူ့ နာမည်မခင်နှင်းဆီ--ဘယ်လောက်များပင် -- ပန်းဆန်လိုက်သလဲလို့  --ဆင်ယဉ်ထုံးဖွဲ့ မှု၇ဲ့  - အယဉ်ကျေး - အယဉ်ကျေးတကာ့နည်မည် --
ထိုနာမည်ပိုင်ရှင်မကို ကျနော်ကတွေ့ တော့ --အော် မေ့ မ၇ပါသည် -- စွဲ စွဲ စွဲ ခဲ့ပါသည် -- အလှထွဋ်ခေါင်စွဲဆောင်မှုကြောင့် --ကျနော့်မှာယစ်မူး--ရူးခဲ့လေပြီ--ချိုမြူနှစ်ကိုယ်တူကြား - စကားမေတ္တာဆိုပြန်သည် --ထားသစ္စာသွေကာဖေါက်လို့ --မောက်လိုက်ပတဲ့ အလှဂုဏ် - ဓနဂုဏ် -- အဲဒါတွေ ကိုယ်စားပြုတော့ ကျနော့မှာကြောက်မိသည် -- ( ပန်းကလေးလိုလှနေတာဘဲ - ကြည့်နေချင်သည် --ပန်းကလေးလိုညှိးမှာကိုလဲ - စိုး၇ိမ်ပြန်သည် --) ၂
မခင်နှင်းဆီ -- မခင်နှင်းဆီ -- လှစမ်းပါပန်းလောက် စောင့်ကြည့်နေမည် -- နောင်တော့ကာ အလိုမကျ၇င် -- သင့်ဘ၀အတွက်ဘဲတွေးကာငိုမိမည် -- ၊



မခင်နှင်းဆီ (2 nd version)
http://minus.com/lbacJRNUu2NgrF




မခင်နှင်းဆီ၇ဲ့ နှင်းဆီ
( နှင်းဆီဆိုတာပန်း ++ မခင်နှင်းဆီဆိုပြန်တော့ + မခင်ပန်းကလေးပေါ့နော် ++ ပန်းဆိုတာလဲ +
မနွမ်းခင်လန်းတာမျိုးဖြစ်သည် ++ ဒါကြောင့်မို့ ဘာဖြစ်လို့ များ + + ဂုဏ်ယူနေချင်ကြတာလဲလို့  ++ သင်္ခါ၇ကို +
အစဉ်ထာ၀၇မှတ်တော့ ++ သင်လေအနာတ၇ဖြစ်မည် ++ ) ၂
ပန်းကလေးလိုလှနေတာဘဲ - ကြည့်နေချင်သည် --ပန်းကလေးလိုညှိးမှာကိုလဲ - စိုး၇ိမ်ပြန်သည် --) ၂

မခင်နှင်းဆီ -- မခင်နှင်းဆီ -- လှစမ်းပါပန်းလောက် စောင့်ကြည့်နေမည် -- နောင်တော့ကာ အလိုမကျ၇င် -- သင့်ဘ၀အတွက်ဘဲတွေးကာငိုမိမည် -- ၊
အိုနှင်း ဆီ + သင်နှင်း ဆီ တကယ်ကိုလှပါသည် + အဟုတ်ကိုချောပါသည် ++ နောက်တော့ ဂုဏ်လဲရှိသည်
နောက်တော့စုံလို့ ပါဘဲ ++ မပြောလဲမပြောတတ်ပါပြီ ++ ( ဟောပြော၇င်းဆို၇င်လေ ) ထိုနှင်းဆီကလေးက ++
ကြွေမွပျက်သုဉ်း + မြေခသက်ဆုံး - သုဉ်းပါပြီ ++ ခုမှယူကျုံးမ၇လို့ + အပူလုံးကြွခဲ့သည် ++
ဒါကိုပင်ပ၇မတ်သူထင် ++ ဒါကိုပင်ပညတ်သူမထင် ++ အမှန်ပင်မှားကာ ++
အလွန်ဘဲသနားစ၇ာကောင်းလိုက်ပြန်ပါသည် ++ မာလာသူက ယထာဘူတနည်းမကျတဲ့ ++ အေ၇းအမျှော် ++
အတွေးအခေါ်ခေါင်လွန်း လှသည် ++ အသိမဟာဖြစ်တဲ့ အဘိမ္မာစစ်နဲ့ ကျုပ်အသဲလွှာ +
သရုပ်ခွဲခါတွေး၇တာတော့ ++ အခြေအမြစ်ကြီးတဲ့ ပဒေသ၇ဇ်သမီး၇ဲ့  + နှင်းဆီဟာ +++
မခင်နှင်းဆီ၇ဲ့  နှင်းဆီ + ပန်းကလေးလို မလှဘဲ + ပန်းကလေးလိုညှိုးပြန်ရှာသည် ++ အဘိုးမတန်တဲ့ဘ၀နဲ့ 
ဆုံးပြန်၇သည် ++ ကံကြမ္မ္မာမွဲလို့  လွဲရှာ ပါပြီ ++ သင့်အတွက်ဆို ++ ပင့်၇တက်ဖို ++ ဟိုလူတယောက်ဖြင့် +
အခုဆိုငိုလှ ပြီ ++ ၊

( သန်းဖေလေးက ပန်းဆိုတာလဲ မနွမ်းခင်လန်းတာမျိုးဖြစ်သည် ဆိုတဲ့နေရာမှာ မပန်းခင်လန်းတာမျိုးဖြစ်သည်လိုဆိုသွားပါတယ် ။ မူလအရေးအသားမှာဘယ်လိုများေ၇းထားသလဲ မသိပါ ။ နားထောင်ရတာတော်တော် ကသိကဖြစ်အောင့်နေပါတယ် )




မခင်နှင်းဆီသို့ ပေးစာ
သို့  မခင်နှင်းဆီ သာယာချမ်းမြေ့ စေကြောင်းတောင်းဆုပြုပါသည် ++ တခါကပသာရမှာ ++ ပဏာရသမို့ 

++ မခင်နှင်းဆီတယေက် မေ့ ၇ဲ့ ဘ၀အတွက် ++ ဖြောင့်ဖြောင့်ကြီးမှတ်ထင်နေခဲ့သည် ++

စခမ်းခုံတလျောက်+အော် ပန်းဂုဏ်မောက်ပါလို့ ++အလှအတွက်မော်ကာ++ထည်ဝါလာခဲ့သည် ++ ဟင် +

မဟုတ်လား ++မခင်နှင်းဆီ


ပန်းကလေးလိုလှနေတာဘဲ - ကြည့်နေချင်သည် --ပန်းကလေးလိုညှိးမှာကိုလဲ - စိုး၇ိမ်ပါသည် --) ၂



ခုတော့အလှတွေမတည် ++ အိုရွယ်အဆင်းကျသည် ++ မော်ခြင်းမတည်မှ ++ ဒေါ်နှင်းဆီဘ၀ေ၇ာက်၇ချေပြီ

++ ဘုံအလွှာကြားမှ + ထောင်ပါလွှားသမျှ++နောင်တတ၇ားဓမ္မ ၇အံ့ပြီထင်သည် ++



အို ++ မခင်နှင်း ဆီ ++လောကအတွေ့ အကြုံမင်းမှာစုံခဲ့ပြီ ++ ချမ်းမြေ့စတာလဲတွေ့ ခဲ့ပြီ ++ လွမ်းမမွေ

့စ၇ာလဲကြုံခဲ့ပြီ ++ မျက်မှောက်ခံစားခြင်း၇ဲ့  + + ၇င်နွမ်းစ၇ာမလှဲ့ အဖြစ်တွေကိုတာအတည် ++

သင်ခမ်းစာအဖြစ်နဲ့ လှစ်ဟစေလိုသည် ++ ငယ်၇ွယ်နှုထွေးညီမလေးတွေအတွက်သာ၇ည် ++အမိကြုံတွေ့ သမျှ ++


အသိစုံပေးပါ့ မခင်နှင်း ဆီ ++ စောင့်မျှော်++မျှော်နေလျက်နဲ့  ++မခင်နှင်းဆီ ( သို့ မဟုတ် ) ဒေါ်နှင်းဆီ ၇ဲ့  +


အခင်မင်မပျက်ပါသော ++


မခင်နှင်းဆီ၇ဲ့  နှင်းဆီ + ပန်းကလေးလို မလှဘဲ + ပန်းကလေးလိုညှိုးပြန်ရှာသည် ++ အဘိုးမတန်တဲ့ဘ၀နဲ့ 

ဆုံးပြန်၇သည် ++ ကံကြမ္မ္မာမွဲလို့  လွဲရှာ ပါပြီ ++ သင့်အတွက်ဆို ++ ပင့်၇တက်ဖို ++ ဟိုလူတယောက်ဖြင့်

+အခုဆိုငိုလှ ပြီ ++ ၊

မခင်နှင်းဆီသို့ပေးစာ (မူရင်း)
http://minus.com/lnSytwTIGGe2Q

မခင်နှင်းဆီ ဇာတ်သိမ်း

( ပန်းရဲ့ ဘိဓမ္မာ သရုပ်လို ++ ဖူးပွင့် နွမ်းပြီးတော့ကြွေရှာမည်++ အပေါင်းလက္ခာ နှစ်ခုနဲ့ တိုးတက်လာခဲ့သိလို ++ အနုတ်လက္ခဏာနှစ်ခုနဲ့ ဆုတ်ယုတ်ပြန်၇သည် ++ အက္ခရာသင်္ချာနည်းနဲ့ တွက်ချက်ကြည် တော့လဲ ++ မက်စရာမမြင်လာသည် ++ အဲဒါဘဲ
အဖြေကွဲ့ နှင်းဆီ ++ အလှကြည့် တာကလွဲလို့ မခင်ပါနဲ့ နှင်းဆီ + နှင်းဆီ + ကမ္ဘာ့နိယာမ
ထဲသို့ မ၀င်လာနဲ့ ထင်းမည် ) ၂
( မောက် မောက်ပါအုံးလား + ဂုဏ် ဂုဏ် ဂုဏ် ပန်းဂုဏ် ++ နောက်တယောက်ရှာအပြုံး
ထား ရုံ ရုံ ရုံ ပန်း ရုံ ++ အဖြစ်ကလေ ++ မထောက်ညှာမုန်းသွား ++ မုန် မုန် မုန်++ကမ်း
ကုန် ) ၂
မခင်နှင်းဆီရဲ့  နှင်းဆီ ++ ပန်းကလေးလို မလှဘဲ ++ ပန်းကလေးလို +ညှိုးပြန်ရှာသည် + အဘိုးမတန်တဲ့ဘ၀ နဲ့  ဆုံးပြန်၇သည် + + ကံကြမ္မာမွဲလို့  လွဲပါပြီ ++ သင့် အတွက်ဆို +
ပင့်၇တတ်ဖို ++ ဟိုလူတယောက်ဖြင့် အခုဆို ငို လှပြီ ++
အော် သွားရှာပြီပေါ့ ++ သနားစရာ့နှင်းဆီ ++ ရှက်ခံငို လိုက်ကာချ ဇာတ်သိမ်းပြီ ++
သဘင်ဆန်ဆန်းစမ်းစစ်ပြန်တော့ ++ အလွမ်းအသော မနိုင်ဘဲ နဲ့ သိပ်ကို ကချင်ရှာတဲ့ +
ကချေသည်မလေး နှင်းဆီ ++
( ပတ်ဝန်းကျင်မြှောက်စားလို့ မောက်ကြွားလှတဲ့ အို နှင်းဆီ ++ အခုမှဘဲ သူ့ ဘ၀လဲ +
ကုမရဘဲ ++ ကြွေရှာပါပြီ ++ ) ၂ သူမျှော်မှန်းထားတဲ့ မော်ခန်းနှင်းဆီးဇာတ်ကို + မကရဘဲ
နဲ့  ++ မုန်းဘဲမုန်းစ၇ာကောင်းတဲ့  ++ အပြုံးထဲက ခြုံန်းဘွဲချ ဇာတ်လမ်းလဲ သိမ်းရရှာပြီ ++
ငိုသူဟိုလူက + မကြည့်ရက်နိုင်လို့  ဟယ် ++ အလွမ်းပြည်ဖုံးကားပိတ် ++ တရှိုက်သာငို +
လိုက်ကာချ ဇာတ်သိမ်း ++ ပြီ

မခင်နှင်းဆီဇတ်သိမ်း (မူရင်း)
http://minus.com/lbdEnebvSdS90K





No comments:

Post a Comment