Sunday 21 July 2013

လမြတ်ဝါဆို

ဝါဆိုလ

ပုန်းညက်ညိုပွင့်ဖူး -- ၀ါဆိုဦးမမို့ ထူးလှသည် --

ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်သောလ တလဖြစ်သည် ။ ဂေါတမမြတ်စွာဘုရားသည် ။
၁ ၊ မယ်တော်မာယာဒေ၀ီမိဖုရားဝမ်းတွင် ပဋိသန္ဓေယူသောနေ့  ၊
၂ ၊ တရားကျင့်ရန်အတွက် တောထွက်တော်မူသောနေ့  ၊
၃ ၊ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြ်ာတရားဦးဟောတော်မူသောနေ့  ၊
၎၊ ဓမ္မစကြ်ာတရားဟော်ပြီး နောက် ၅ ရက်မြောက်သောနေ့ တွင် အနတ္တလဏ္ခသုတ်ကိုဟော
တော်မူသောနေ့  (ရဟန္တာနေ့  )
၅ ၊ တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားစတင်ဟောတော်မူသောနေ့ 
များမှာ ၀ါဆိုလတွင်ဖြစ်ပေါ်ခဲ့ပါသည် ၊

ဝါဆိုလသည် ပူအိုက်သော နွေရာသီကုန်ဆုံး၍ မိုးဥတုသို့ လုံးဝကူးပြောင်းသည် ။ ရှေးက ၀ါဆိုလကို မြယ်တာလ ၊ နွယ်တာလ ၊ နွေတာလ ခေါ်ဆိုခဲ့ကြသည် ။ ၀ါဆိုလတွင် ကောင်းကင်တွင် ငွေစန္ဒာလမင်းနှင့်အတူ ပြုဗ္ဗာသဠ်နက္ခ ထွန်းလင်းသည် ။ ရာသီပန်း မှာ ပုန်းညက်ပန်း ဖြစ်သည် ၊

တခုသောဝါဆိုလမှစ၍ ဘု၇ားရှင်သည် ရဟန်းများခရီးသွားလာမှုကြောင့် လူတို့ စိုက်ပျိုးထားသော လယ်ယာတို့ မပျက်စီးခြင်းအလို့ ငှါရည်ရွယ် ၍ ၀ါတွင်း ၃ လ ပတ်လုံး ခရီးသွားလာခြင်းမပြုကြ၇န် ပညတ်တော်မူခဲ့သည် ၊ ထိုအချိန်မှစ၍ ရဟန်းများ ၀ါတွင်းကာလတွင် တနေရာထဲတွင် သီတင်းသုံးနေထိုင်တော်မူကြ၇သည် ။ ဤ သည်ကို ၀ါဆိုသည်ဟုခေါ်သည် ။
ထိုလတွင် ကျေးငှက်များပင် အသိုက်မပြောင်းကြဟုသိ၇သည် ။ လူတို့ သည်လဲ အိမ်တောင်သားမွေးရန်အတွက် ထိမ်းမြားလက်ထက်ခြင်းမပြုကြကုန်ပေ ၊
ထိုကာလ တွင် ရဟန်းများအားဝါဆိုသင်္ဃန်းကပ်လှူခြင်းကိုပြုကြသည် ။ ၀ါဆိုသင်္ဃန်းကပ်လှူခြင်းသည် မြတ်သောအလှူဖြစ်သည် ၊
ထို့ ကြောင့် ဗုဒ္ဓဘာသာဝင်များ သည် ၀ါဆိုလတွင် ရဟန်းတော်များကို ၀ါဆိုသင်္ဃန်းကပ်လှူခြင်း ၊ ဥပုသ်သီတင်းစောင့်တည်ခြင်း ၊ ဓမ္မစကြာတ၇ားနာယူခြင်း ။ စသည်တို့ကိုပြုလုပ်ကြသည်

ထို့ ကြောင့် ကန်တော်ရိပ်သို့ လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို

ဓမ္မစကြ်ာတ၇ား ၊
အနတ္တလက္ခဏ သုတ်တော်တို့ ဖြင့် ကြည်ညိုသဒ္ဒါပွါးများနိုင်၇န် စီစဉ်တင်ဆက်လိုက်ပါသည် ၊
မောင်သုံည


ဓမ္မစကြ်ာတရားတော် ( ယခင်မြန်မာ့အသံကထုတ်လွင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ် )
နာကြားတော်မူကြပါ








 

တရား ၂ ပုဒ်ကို Download ပြီး ထပ်ဆင့် ဓမ္မဒါနပြုလုပ်နိုင်ပါသည် ၊


ဓမ္မစကြ်ာတရားဟောပြိး ၅ ၇က် မြောက်နေ့  မှာ အနတ္တလက္ခဏသုတ်ကိုဟောပါတယ်
ဒါလဲ ယခင်က မြန်မာ့အသံကထုတ်လွင့်ခဲ့တဲ့အစီအစဉ်ကလေးဖြစ်ပါတယ်
နာကြားတော်မူကြပါ ၊









No comments:

Post a Comment