Thursday 14 February 2013

February 14 Valentine Day မှာ သူအမြဲခွင့်ယူပါသတဲ့ဗျာ


February 14 Valentine Day မှာ သူအမြဲခွင့်ယူပါသတဲ့ဗျာ

          ကျွန်တော့်ဇာတ်လိုက်ကြီး မောင်မောင်ညှာ အဲအဲ မောင်မောင်တာ တစ်ယောက်တော့
အခု စွံသွားပြီခင်ဗျ - အဲသူ့ဇနီးလေးနဲ့အတူနိုင်ငံခြားထွက်ပြိးအလုပ်သွားလုပ်နေလေရဲ့ 
သူထိုင်းနိုင်ငံရောက်တော့ ပထမဆုံး Muntaz Export Co., မှာ Accountant အလုပ်ရတယ်
အလုပ်ဝင်ပြီးလို့တစ်လနှစ်လလောက်ရောက်တော့ February 14 ရက်နေ့ရောက်လာပါတယ်
ခါတိုင်းဆိုရုံးရာက်ရင် “ ဆ၀ါဒီ “ လို့နှိုတ်ဆက်နေကျ ဒီနေ့ကျတော့
“ ဟက်ပီးဝါလင်တိုင်း လို့စပြောပြိှး မှ “ ဆ၀ါဒီ” လို့နုတ်ဆက်ကြတယ်
ကိုမောင်တာထဲမှာထူဆန်းနေသလိုဘဲ၊ဒါပေမဲ့ဘယ်သူမေးရမှာလဲ၊ရောက်ခါစထိုင်းစကား
ကလဲ သိပ်မတက်သေးတော့ဘာကစလို့ဘာကိုမေးရမှာလဲမသိဖြစ်နေတာပေါ့ဒါနဲ့သူက
ဆ၀ါဒီခရပ် လို့ ဘဲ ပြန်နှတ်ဆက်လိုက်တယ်
နေ့လည် ထမင်းစားချိန် Lunch Time ရောက်တော့ ထမင်းစားခန်းမှာလူစုံကြတယ်
ဟလို Mr.mg tar  ဟက်ပီးဝါလင်ထိုင်းဆိုပြီး - လုပ်ဖေါ်ကိုင်ဖက်အမျိုးသမီးတစ်ဦးကလာနှုတ်
ဆက်တယ်-နောက်ပြီး-သူ့ကော်လံမှာအသဲပုံ(Sticker ) စတစ်ကာလေးလာကပ်ပေးတယ်
သူလဲဘာမသိညာမသိနဲ့-ဟက်ပီးဝါလင်ထိုင်း သင်းကရု လို့ပြန်ပြောလိုက်တယ်၊
သူတစ်ယောက်ထဲမဟုတ်ဘူးတစ်ခြားမိန်းခလေးတွေကော-တစ်ခြားစာရေးတွေပါ-ဒီလို
ဘဲနှုတ်ဆက်နေကြတာ သင်္ကြန်မှာရေပတ်သလားတောင်ထင်ရတယ်၊ရင်းရင်းနှီးနှီးတစ်
ယောက်ကိုတစ်ယောက်ဖက်ပြီးနှုတ်ဆက်ကြတယ်၊နှင်းဆီပန်းအနီလေးတွေပေးကြတယ်၊တစ်ချို
အမှုထမ်းတွေကိုကြည့်လိုက်တော့နက်တိုင်မှာ အသဲပုံအနီ ( Sticker ) စတစ်ကာလေးတွေ
မကြာပါဘူး-နောက်စာရေးမလေးတစ်ယောက်ကိုမောင်တာ ( Nicktile ) နက်တိုင်မှာအသဲပုံ စတစ်ကာလေးလာကပ်ပြိး ဟက်ပီးဝါလင်တိုင်းဆိုပြိးနှုတ်ဆက်သွားပြန်တယ်၊
တောသားမြို့ရောက်တယ်ဆိုတာဒါမျိုးထင်တယ် ၊ဒီနေ့တစ်နေလုံးအလုပ်လုပ်ရတာပျော်စရာ
ကြီးပေါ့၊တစ်ရုံးလုံးလဲဟက်ပိးဝါလင်ထိုင်းအသံတွေနဲ့ လှိုင်နေတာဘဲ-တစ်ယောက်နဲ့
တစ်ယောက်လဲတွေ့ရင်ဖက်ကြနမ်းကြနဲ့-အင်းဒါပေမဲ့သူတို့ဖတ်ကြနမ်းကြတာတွေကြည့်ရတာ
တဏှာမပါဘူး-မောင်ရင်းနှမတွေလိုချစ်ချစ်ခင်ခင်ဖတ်လဲတကင်းနုတ်ဆက်ကြတဲ့ပုံစံမျိုးဘဲ၊-ကြည့်ပြိုးကိုမောင်တာတစ်ယောက်ကြည်နူးဘို့ကောင်းတယ်၊အိမ်ကျရင်မိန်းမကိုပြောပြရမယ်
ဒီလိုနဲ့ ညနေရုံးဆင်းတော့ ထောက်ကြွ ထောက်ကြွ နဲ့ အိမ်ပြန်လာတယ် အိမ်ကမိန်းမကို
ကြွားရမယ်-ပေါ့ -
အိမ်ရောက်တော့ ဒီက အရှိန်နဲ့ကြွားဘို့အားခဲလာခဲ့တာသူ့ မိန်းမကမရှိဘူး အပြင်သွားနေတယ်
ဒါနဲ့  အင်္ကျီခွတ်တိုင်မှာချိတ်ပြီး ရေချိုးလိုက်ပါတယ်-စောင့်နေရင်း -ထမင်းဆာလာနဲ့ကိုယ်တိုင်
တိုင်ထမင်းခူးစားလိုက်ပါတယ်
အင်း ထမင်းစားလို့ပြိးတာတောင် မိန်းမပြန်မလာသေးဘူး ကြွားရမဲ့ဖီလင်တောင်ဘယ်
ပျောက်နေမှန်း မသိဘူး စိတ်တိုတိုနဲ့- အေးဆေးဘဲ တီဗီထိုင်ကြည့်နေလိုက်ပါတယ်-
ဟော ဟော အသံကြားတယ် မိန်းမပြန်လာပြိထင်တယ်- ဟေး မိန်းမ ဘယ်သွားနေလဲကွ
ငြါ့ဖင့်ဒီမှာထမင်းဆာလို့စားလိုက်ပြိ-
“ အော်ကျုပ် - အရေးကြီးကိစ္စရှိလို့သွားရတာတော့ - တော့ကိုစောင့်နေရင် မှီမှာမဟုတ်ဘူး -တကယ်ထဲ ရုံးကပြန်ရင် အိမ်ကိုတန်းပြန်လာတာမဟုတ်ဘူး -ဘယ် သဝေထိုးနေမှန်းမသိဘူး
“ ငါ - ငါ - ဘယ်မှ သဝေမထိုးပါဘူးကွား မင်းသိတဲ့အတိုင်း” Traffic “ဖြစ်နေတာ တစ်နာရီ
လောက် “
“ တော်ပါ ရှင်တို့ တခါလာလဲ ဒီ “ Traffic – Traffic “ နဲ့ ဒါဘဲ အကြောင်းပြနေတာ “
ပြောပြောဆိုဆိုနဲ့ မိန်းမချော အိမ်ခန်းထဲဝင်သွားပါတယ်-
ကိုမောင်တာလဲကြွားမဲ့အရေးမကြွားလိုက်ရဘဲအောင့်သက်သက်နဲ့တီဗီဆက်ကြည်နေလိုက်ပါတယ်
တစ်အောင့်လောက်ကြာတော့
“ ကိုမောင်တာ “ ကိုမောင်တာ 
အိမ်ခန်းထဲက မိန်းမ အသံပြဲကြိးနဲ့ အော်သံထွက်ပေါ်လာပါတယ်
“ ဟေ ဘာလဲ ဟ မိန်းမ ရ အလန့်သကြား “
အလန့်သကြားတွေ အလန့်ထညက်တွေဘာတွေလာလုပ်မနေနဲ့  ဒီမှာ တွေ့လားရှင်ဘယ်မှာ
ဘယ်ကောင်မတွေ့ပလူးလာခဲ့သလဲ - ဒီမှာ တွေ့လား သက်သေ ဘာငြင်းအုံးမလဲ
ရှင့်ကော်လံမှာ နုတ်ခမ်နီိတွေ( Nicktile ) မှာ လဲ ဘာတွေလဲ အသဲတွေဘာတွေနဲ့ 
ရှင်ဘယ်မှာဘယ်ဟာမနဲ့ပလူးလာခဲ့သလဲမှန်မှန်ပြော - ပြောတော့ဖြင့် Traffic – Traffic “နဲ့ ဒီမှာလက်တွေ့  တွေ့နေပြီ ဘာငြင်းအုံးမလဲ “
“ မ မ -- မဟုတ်ပါဘူးကွာ အဲ အဲ ဒါ ဒီနေ့ ရုံးမှာ ၀ါလင်ထိုင်းဆိုလား ဘာဆိုလား
အဲဒါ အဲဒါ -- “
“ အဲဒါ ဘာဖြစ်လဲ ရှင်ကို ဖတ်နမ်းလိုက်ရောလား ဒီမှာလေ နုတ်ခမ်းနီတွေ “
“ ဟ အဲ ဒါ စတစ်ကာ( Sticker ) လေးပါကွ ၀ါလိုင်ထိုင်း ---ထိုင်း “
“ အို ၀ါလင်ထိုင်း တွေ ညာလင်ထိုင်း တွေ လာမလုပ်နေနဲ့  သွား ရှင့်ဟာမတွေနောက်
လိုက်သွား --- ဒီ ည ရှင် ဘုရားခမ်းမှာ သွားအိပ် ----ရော့ “ 
 
 
 
 ဆိုပြိး ခေါင်း အုံးတွေ ဆောင်တွေ အကုန်လုံး ဘုရားခမ်းထဲ ပြေးထွက်လာကြပါတော့
တယ်တဲ့ခင်ဗျာ
 
 
 

အောင်းမလေး ကိုက် တယ်ဗျ ခြင် - အမလေး လုပ်အုံး ကိုက်လိုက်တာ အဲကွန်းကမရှိလို့ပူရတဲ့
အထဲ ကိုက်လိုက်တဲ့ခြင် ---ခြင် - ကြွားချင်အုံးဟဲ့  ၀ါလင်ထိုင်း -
အောင်မလေး ကြောက်ပါပြိ ဗျ ၀ါလင်ထိုင်း ရေ --နောက်နှင့် ၀ါလင်ထိုင်းဆိုရင်တော့ခွင့်ယူမှဖြစ်မယ် ။
ကိုမောင်တာ တစ်ယောက်  February 14 Valentine Day မှာ အမြဲခွင့်ယူပါသတဲ့ဗျာ

မောင်သုည
February 14 Valentine Day ( အမှတ်တရ )

No comments:

Post a Comment