Thursday 24 October 2013

တွေးမိတွေးရာ - ရေးမိရေးရာ





 
စွယ်စုံကျမ်းတစ်အုပ်လုံးအကုန်မဖတ်မိရင်ကိစ္စမရှိဘူး
ဗဟုသုတတွေအများကြီးရှာပြီး -   လက်တွေ့အသုံးမချတက်ရင်အလကားဘဲ
လက်တွေ့အသုံးချဘို့အတွက် -    ဗဟုသုတကိုရှာပါ

ပိဋကတ် ၃ ပုံကုန်စင်အောင်မသိရင်ကိစ္စမရှိဘူး
အသိတရားတွေအများကြီးသိပြီး  - ကိုယ်တိုင်မှာတော့တရားမရှိရင်အလကားဘဲ
ကိုယ်တိုင်တရားရှိဘို့အတွက် -  တရားကိုရှာပါ

ပညာရှင်ပြောတာတွေလိုက်နားမထောင်လိုက်ရလို့စိတ်မကောင်းမဖြစ်နဲ့  - သူများပြောတာတွေအကုန်နားမလည်ချင်နေပါစေ
သင့်ခန္ဓာကပြေတာကိုတော့နားထောင်တက်ပါစေ-
နားလည်အောင်ကျိုးစားပါ - သင့်ခန္ဓာကသင့်ကိုအမြဲပြောနေတယ်
ဘာတဲ့လဲ - သိရဲ့လား ။

မောင်သုည

No comments:

Post a Comment