Saturday 22 February 2014

"လွမ်းတေးမဆုံးစေနဲ့ စောသခင်"


"လွမ်းတေးမဆုံးစေနဲ့ စောသခင်"
=================
ရေး/တက္ကသိုလ်ဘုန်းနိုင်...ဆို/ရေနံ့သာစိုးလှိုင်

♬လွမ်း....တေးကို မဆုံး.....စေနဲ့...ကမ္ဘောဇစော...သခင်..
မြစ်မင်းသံလွင် ပမာပုံခိုင်း..အစော...တို့တိုင်း....♪ ♪ ♪ ♪
တောညိုညိုမှိုင်းပါလို့...မောမြေကို..လှိုင်း...
နှင်းမြူဆိုင်းတဲ့ တောင်ရိုင်းဘွေတခွင်...
စီးသွင်ညိုရစ် နဒီမြစ်အဟုန်သွင်သွင်...
သံသာလေ သောင်ငွေဦး..သမုဒယနယ်စွန်း ပန်းတည်းရိပ်မွန်
ကမ်းဟိုဆီကူးလေတည့်...
ပြန့်ပြူးကြိုင်လန်း မြရေစမ်းသို့
သည်...တွင်...ဆွေသုံးလေမယ့်
မောင်ရဲ့မေတ္တာရေအလျင် ဖျန်းပက်သန့်စင် သစ္စာမြေနန်းမှ
မြတ်ပန်းဂီတ တေးမှုန်းအလှကို ယုယရစ်သို့ထာဝစဉ် စော..သခင်..♪ ♪

{[အချစ်တည်း..ပလ္လင်...ကိုယ်ပြန်ဦး..ဒေဝီမူးသို့ မှတ်ယူရွယ်ထင်
မောင့်မေတ္တာ မဏ္ဍိဋ်တော်ဝင် ရွှေစင်မင်းလို မြအဆင်းသန်းမှောင်
ပိတုန်းရောင်ကေသျှောင် ဝေး....ထက် ..ဝေဖြာ ရွက်ဆောင်ယူဆင်ရန်
ခက်သည့်..[[စော...သက်..မောင့်သခင်]]
အိမ်မက်တစ်ည သြော်...ဘဝထိုစဉ်..
[[လွမ်း....မကုန်ရုံသာ...ဆန်းဆုံကြုံလာ..]]
ဘုံမယာဇာချဲ့ ကြမ္မာဧည့်သည် ယာယီတွင်
[[အပြစ်တော့ဖြင့် စောအတွက်.. မောင်မတင်ချင်]]
စခန်းသည်တွင် ဝေးခဲ့ပြီထင်..
လွမ်းတေးကိုပင် မဆုံးစေနဲ့တော့ အလှကျေးရယ်စိန်မှုန်နှစ်လို့..
ဖုန်း...ဖုန်းချစ်ရ...နှေးတဲ.့.....
ကမ္ဘောဇစော......သခင်......]}

No comments:

Post a Comment