Saturday 27 September 2014

တို့ဗမာနိုင်ပြီ

Lyric typing by Khaing Su Latt on Saturday, March 3, 2012 at 2:00am
တို့မြန်မာနိုင်ပြီ

တေးရေးသူ - စန္ဒရားလှထွတ်
တေးဆိုသူ - ဂီတကောင်စီဝင်များ
ကျား။ ။ {(ငါး)ကြိမ်မြောက် အာရှအိုလံပစ် ဘောလုံးပွဲဆီ…
မ။ ။ မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီ တိုင်းပြည်ကပေး ပေးအပ်လိုက်တဲ့ တာဝန်များ ကျေပွန်ပါပြီ …
အများ။ ။ တကယ့်ကို ကျေပွန်ပြီ သောင်းသောင်းဖျဖျ ကြိုဆိုလို့အတည် ပြည်သူအများ ဂုဏ်ပြုကြပေသည်}၂….
မ။ ။ မြန်မာဘောလုံး အစွမ်းထက်ပြီ အဆင့်အတန်းကဖြင့် မြင့်မားပါသည်
ကျား။ ။ အာရှနိုင်ငံများဆီ မြန်မာက ပြိုင်စံရှားသည်
မ။ ။ ယဉ်ယဉ်ကျေးကျေး …. လှလှပပ …. ချစ်ချစ်ကြည်ကြည် … ပြသနိုင်ခဲ့ပြီ ထို့အတူပင် ကမ္ဘာသို့လည်း ပြသနိုင်လိမ့်မည်
ကျား။ ။ တို့မျှော်လင့်ယုံကြည် … အာရှသမိုင်းတွင် ထွန်းပြောင်ရစ်မည် …. ကမ္ဘာမှာလည်း ထင်ရှားဖို့သာရည် …
မ။ ။ (မြန်မာသားကောင်းရတနာများ မွေးဖွားဖို့ရည်
ကျား။ ။ ကမ္ဘာတစ်လွှား ယှဉ်ပြိုင်ကစား အားထားရမည် ….
အများ။ ။ တို့အောင်ပွဲခံခဲ့ပါပြီ)၂ မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီ …. တိုင်းပြည်ကပေး ပေးအပ်လိုက်တဲ့ တာဝန်များ ကျေပွန်ပါပြီ …. တကယ့်ကိုကျေပွန်ပြီ သောင်းသောင်းဖျဖျကြိုဆိုလို့အတည် …. ပြည်သူအများ ဂုဏ်ပြုကြပေသည် … ။
Radio BBS Group
https://soundcloud.com/khinthidakhin/myanmarnaingpyi-radio-bbs-1
MyanmarNaingPyi - Radio BBS

No comments:

Post a Comment