Saturday 1 November 2014

တွေးမိတွေးရာရေးမိရေးရာ ( ၅၇ ) ဓမ္မအကြောင်း

တွေးမိတွေးရာရေးမိရေးရာ ( ၅၇ ) ဓမ္မအကြောင်း
ရည်ညွန်းပါသည်
ငါ့မှာလုပ်စရာတွေကအများကြီးဘဲ
ဘာကစပြိး ဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူး
လုပ်ချင်တာတွေကလဲအများကြိးဘဲ
ကဲ ဘယ်လိုလုပ်မလဲ
လုပ်ချင်တာတွေကိုဘဲလိုက်လုပ်နေမလား
လုပ်သင့်တာကိုလုပ်မလား
မင်း လုပ်သင့်တာဘာလဲဆိုတာကိုကောသိရဲ့ လား
ကောသလမင်းကြီးကိုဘုရားမေးတာလေးကြည့်ရအောင်
အသင်မင်းကြီးချွေတွေသန်တွေနဲ့ဘယ်ကနေပြန်လာတာလဲ
ဘာတွေများလုပ်နေလို့ဒီလောက်ပင်ပန်းနေတာလဲ
အရှင်ဘုရားတပည့်တော်တို့ပဒေသရဇ်ဧကရဇ်တွေဟာအလွန်အလုပ်တယ်ဘုရားတဲ့
တကာကြီးလုပ်ချင်တာတွေလျှောက်လုပ်မနေနဲ့အချိန်မမှီရင်လက်လုပ်လိမ့်မယ်တဲ့
အရှေ့ အရပ်ကအလွန်ကြီးမားတဲ့တောင်ကြိးကလိမ့်ဆင်းလာနေတယ်-သင့်တစ်တိုင်း
တပြည်ကိုဝါးမျိုသွားလိမ့်မယ်တစ်ယောက်မှပြေးလို့လွတ်မှာမဟုတ်ဘူးဆိုရင်
သင်ဘယ်လိုလုပ်မလဲတဲ့
ဒီတော့ကောသလမင်းကြီးက တပည့်တော်ကုသိုလ်ကောင်းမှုတွေလုပ်မယ်၊တရားသော
အလုပ်တွေလုပ်မယ်-တရားအားထုတ်ရမယ်ဘုရားတဲ့
ဒီလိုဘဲ အခုလဲ သင့်ကိုအချိန်တွေက နေ့တိုင်းဝါးမျိုနေတယ်-သင်သိရဲ့ လားတဲ့
တိုတိုချုပ်ပြောရရင်တော့ အချိန်မရှိတော့ဘူး
အသေမဦးခင်ဥာဏ်ဦးအောင်လုပ်ရမယ်ဘုရားပေါ့
ဥာဏ်ဦးအောင်ဆိုတော့ - ဥာဏ်ဆိုတာဘာလဲသိရဲ့ လား
အကောင်းအဆိုး-အကြောင်းအကျိုး - အမှားအမှန်ဝေဖန်ပိုင်းခြားတက်တာကိုခေါ်တယ်
ဥာဏ်အလိုလိုရသလား ဥာဏ်ရအောင်ဘယ်လိုလုပ်ရမလဲ-
ခန္ဓာကိုယ်ကို - သတိထား - ၀ီရိယစိုက် - ပညာနဲ့ ရှု မှရမယ်
ဆိုလိုတာက ၀ိပဿနာရှုရမယ်လို့ပြောတာပါဘဲ
ဘုရားက ၀ိပသနာရှူဘို့် ၁၇၉၂ ကြိမ်တောင်မှာသွားပါသတဲ့
သားရေးသမီးရေးစီးပွါးရေးတွေနဲ့အချိန်ကုန်ပြိး
လုပ်သင့်တာမလုပ်ဘဲ - လုပ်ချင်တာတွေကိုသာလုပ်နေမယ်ဆိုရင်
တော့ - အသေကဦးသွားရင်ခက်လိမ့်မယ်
အသေမဦးခင်ဥာဏ်ဦးအောင်လုပ်ပါ
ဘယ်သူကိုမှမရည်ညှန်းပါ ကိုယ့်ကိုယ် ကိုသာရည်ညွန်းပါသည်

မောင်သုည
1 – November - 2014

No comments:

Post a Comment