.
Lyric typing by Yoeyar Kyaw on Saturday, May 18, 2013 at 3:35pm
လူပျို့ဝါဒ အပျို့ဝါဒ
တေးရေး - ရွှေတိုင်ညွန့်
တေးဆို - သြဥဘသောင်+ စိန်ပါတီ
https://soundcloud.com/khinthidakhin/lupyo-ahpyo
ကျား မိန်းကလေးများ အရွယ်ရောက်လာလျှင် (ထင်ရှား)၃ အောင်ပါ့ မှတ်သားပါတော့ ကျွန်တော်ပြောပြမည် သမီး…. ကညာ…. အခါမလင့်ရသည် (လင်မယူရင်)၂ သာသနာတော် ပိတ်ဆို့မှုဖြစ်မည်…….
မ အမျိုးမျိုးပဲ ပျိုစိုးရိမ်သည်(ထင်ရှား)၃ အောင်ပါ့ (ယောက်ျား)၃ များကို ဘုရားတစ်ဆူ ဂူတစ်လုံးသို့ပင် သဒ္ဓာရွှင်ကြည် ထာဝစဉ်ညီ သဒ္ဓာရွှင်ကြည် ပြုစုရလိမ့်မည်…….
ကျား (မနုဿဒုလ္လဘ ကြုံကြိုက်ရပြီ…..
မ တက္ကသိုလ်ဆရာတစ်ဦးက မှာဖူးခဲ့တော့သည်….
ကျား လောကီဘုံအရေး မျှော်တွေးကြသင့်ပြီ……
မ အိမ်ရာထောင်အရေး မျှော်တွေးရလိမ့်မည်….)၂
ကျား (တိုင်းပြည် စည်ကား စည်ကား)၄ မည်…
မ ၀တ်ငါးပါးနဲ့ ပြည့်စုံကြမည်…. တာဝန်တွေ များလွန်းသည် ရှောင်တော့မည် အကျင့်ဖောက်ပြား ယောက်ျားများကို မလိုချင်ပြီ အပျို့ဝါဒ ကျွန်မစိတ်ထင်သည်….
+ + + + +
ကျား ညီစေ … ညီတယ်…. မိန်းမများ ယူရင်ကွယ် ပိုက်ဆံလည်း ပေါရမယ်……
မ ညီစေ…. ညီမယ်… တို့ယောက်ျားယူရင်ကွယ် ရုပ်ရည်လည်း ချောရမယ်……
ကျား တကယ် … အပြောမှာသွက်ကာ အသက်ပါငယ်…
မ အမေ့ကိုလည်း တည့်အောင်ပေါင်းရမယ်……………
ကျား (ဣတ္ထိဝင်္ကံ အင်မတန်ဆိုး…. ရိုးသားတဲ့ဂုဏ် ရှိမယ်မထင်ဘူးကွယ်….
မ တရားနဲ့ညီစွာ ၀ါမကြွား.. သြော် သဒ္ဓာထားတဲ့ သမ္ဘူလကို သက်သေပြချင်တယ်)၂…..
ကျား သြော်လောကမှာဖြင့် အရင်နှင့် မတူနိုင်စေဖွယ်…
မ ကျွန်မတို့ကာလ ပညာတတ်လွန်ပေါများတယ်…..
ကျား သြော်…လောကမှာဖြင့် အရင်နှင့် မတူနိုင်စေဖွယ် အများကြီးပဲ တွေးသင့်တယ် တကယ်…. လူပျို့ဝါဒ စာသလို့ဆိုမယ်…..
မ ညီစေ…………….၀……………..၀……………..၀……………. ချောရမယ်
ကျား ညီစေ………………..၀………………၀………………၀………….ပေါရမယ်
မ တကယ်…….. ကရုဏာတရားကို ထားကာရယ်… အမေ့ကိုလည်း တည့်အောင်ပေါင်းရမယ်……
+ + + + +
ကျား ( မိန်းမဥက္ကဌ်ဂုဏ်ဒြပ်နဲ့ မြင့်မြတ်သူကို ရှာမယ် ကောင်းခြင်းငါးဖြာ သိက္ခာရှိသူ ယူချင်ပါတယ်)၂
မ (ခုကာလ၀ယ် ဖြစ်လွယ်ပျက်လွယ်)၂ သဘောကောင်း …. မနောကောင်း တစ်သက်လုံးပေါင်းဖို့ လိုပါတယ် တကယ် …. အပျို့ဝါဒကို ပြောကာပြချင်တယ်…..

မ ညီစေ………………..၀………………၀………………၀………….ချောရမယ်
ကျား တကယ်………..၀……………….၀………………..၀………………. အသက်ပါငယ်…..
ကျား+မ အမေ့ကိုလည်း တည့်အောင်ပေါင်းရမယ်………….။
ဗညားဟန် + စိုးစန္ဒာထွန်း version
https://soundcloud.com/khinthi…/lupyowahda-ahpyowahda-banyar
ရန်အောင် + ပိုးအိစံ version
https://soundcloud.com/khinthidakhin/maung-090309-1
စိုင်းထီးဆိုင် + ဟေမာနေ၀င်း version
https://soundcloud.com/khint…/lupyowahda-ahpyowahda-sai-htee

No comments:
Post a Comment