Monday 16 March 2015

ခွပ်ဒေါင်းအလံ

အခုအချိန်မှာ အလံ ကို ပြသာနာရှာ ဇာချဲ့ မနေစေချင်ပါ...။ အဓိက ကတော့ “ဒေါင်း ဟာ အနှောင် အဖွဲ့ က ရုန်းထွက် နေတဲ့  မာန် ရှိ ရ မယ်” ဆိုတာ ပါပဲ..။ ။
“ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံ”
သမီးတို့ ရေ
သမီးတို့ ကို..ဖေဖေ့ က ဖေဖေတို့ ခေတ်က ကျောင်းသားသမဂ္ဂ လှုပ်ရှားမှု တွေ အကြောင်းမကြာခဏ လက်ဆင့် ကမ်း ပြောပြခဲ့ ဖူးတယ်..။သမီးတို့ ကလည်း အမြဲစိတ်ဝင်တစား ပြန်မေးကြ..ဆွေးနွေးကြနဲ့  မို့  ဖေဖေ ၀မ်းသာမိပါတယ်..။သမိုင်းဆိုတာ လက်ဆင့် ကမ်း သယ်ဆောင်ကြ တာမျိုးကိုး..။အခု ..သမီးတို့  မေးလာတဲ့  ဗကသ သမဂ္ဂ ခွပ်ဒေါင်းအလံ ကို ဘယ်ခေတ်က စတင်ခဲ့ တာလဲ။ဖေဖေ တို့ ခေတ်က ဗကသ ကျောင်းသားသမဂ္ဂ အလံ ပုံစံက..ကော..အခုသုံး နေတဲ့  ဗကသ အလံပုံစံပဲ လား..ဆိုတဲ့ မေးခွန်းကို ဖေဖေ သိသမျှ အချက်အလက် တွေ နဲ့ လက်ဆင့် ကမ်းပါတယ်..။သမီးတို့ လဲ ထပ်ပြီး လေ့ လာ ရှာဖွေ လက်ဆင့် ကမ်းကြ ပေါ့ ..။
၁။ယခု လက်ရှိ သုံးစွဲနေတဲ့  အနီရောင် အောက်ခံ ရွှေဝါရောင်စက်ဝိုင်းတွင်းမှ ရွှေဝါရောင် ခွပ်ဒေါင်းပုံကို ဘယ်အချိန်မှာ စသုံးတယ် ..ဆိုတာ ဦးအုန်းမြင့်  (သခင်အုန်းမြင့် )မဆုံးခင်က မေးခဲ့ ဖူးတယ်..။ သူလည်းအသေ အချာ မပြောနိုင်ပါ..။(စစ်အတွင်းကာလ ကတော့ ခွပ်ဒေါင်း ထက် အာရှ လူငယ်ဒေါင်း နဲ့  မဟာဗမာ ဒေါင်းတို့ ကသာ တွင်ကျယ် နေလို့ သိပ်တောင် မမှတ်မိ တော့ ဘူးတဲ့ ..။စစ်မဖြစ်မီကတော့ ဒေါင်းတော့ ဒေါင်းပဲ..။အနီရောင် နောက်ခံ စက်ဝိုင်း ပါတဲ့  ဒေါင်းမျိုးတော့ မဟုတ်ဖူး လို့  ထင်တာပဲ …တဲ့ ။)
၂။ဦးသိန်းဖေမြင့် ရဲ့  သပိတ်မှောက်ကျောင်းသား စာအုပ်မှာလည်း (စာမျက်နှာ ၁၇၉) တကသ ရဲ့ အခမ်းအနား တခုမှာ “သူရဲကြီး အောင်လံ” လွှင့် လျှက် လို့  ရေးတယ်..။(အဲဒီ အချိန်က တကသ ဥက္ကဌ က ဦးနု..ဆိုတော့ ၁၉၃၈ ပေါ့ )
၃။၁၉၃၈ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက် နေ့  ရွှေတိဂုံ စေတီ ရာဟုထောင့်  ရင်ပြင်..ရန်ကုန်မြို့ လုံးဆိုင်ရာ ကျောင်းပေါင်းစုံ အစည်းအဝေးကြီး မှာ လည်း…..”သူရဲကြီးအောင်လံ တော်ကြီး” ကို စိုက်ထူလွှင့် တင်ကြ ပြီး (အောင်ထွန်း ကျောင်းသားသမိုင်း စာမျက်နှာ ၁၈၁ ) လို့  ဆိုထားတော့ ၁၉၃၈ ခုမှာ “သူရဲကြီးအောင်လံ” ကို သုံးစွဲ တုန်း ပဲ ရှိသေးတယ်။(သူရဲကြီးအောင်လံတော် ဆိုတာ က နတ်မောက် ဘုန်းကျော်ရဲ့  အင်္ဂလိပ်မြန်မာ စစ်သမိုင်းမှာ တတိယ အင်္ဂလိပ် မြ န်မာ စစ် အင်းဝခံတပ်တွင် မြန်မာများလက်နက်ချ ထွက်
ခွါ သွားသော အခါ မြန်မာတို့ ဧ။် “ရဲရဲ နီသော သူရဲကြီး အောင်လံတော်” ကို တိုင်ထိပ်မှ ချကာ ယူနီ ယံဂျက် အလံ လွှင့် ထူလိုက် သည် ..လို့ ပါတော့ ရဲရဲ နီ တယ် ….လို့ ပဲသိရတယ်..။အလံပေါ်မှာ..ဘာတံဆိပ် ဘာအရုပ် ချယ် ထားတယ်..လို့  မပါပါ။)
၎။ဒဂုံတာရာ ရဲ့  စာတပိုဒ်မှာ ဗိုလ်အောင်ကျော် ကျဆုံးပြီး နောက်တနေ့ မှာ သမဂ္ဂ ရှေ့  အလံတိုင်မှာ သမဂ္ဂ အလံ တ၀က်လွှင့် ထားတယ်..လို့  စိတ်မှတ်ရှိတယ်..။ဘယ်စာလဲ တော့ မသိတော့ပါ..။
၅။၁၉၄၇ ခုနှစ် ဖဆပလ ပဏာမ ညီလာခံမှာတော့ အခု သုံးနေတဲ့  ခွပ်ဒေါင်းအလံ အနီခံစက်ဝိုင်းထဲက ခွပ်ဒေါင်းကို (တိုင်းရင်းသား လူမျိုးများအရေး နှင့်  ၁၉၄၇ခုနှစ်အခြေခံဥပဒေ ဒုတိယတွဲ တက္ကသိုလ်များ ပုံနှိပ်တိုက် စာမျက်နှာ ၃၅၁ နဲ့  မျက်နှာချင်းဆိုင် ဓါတ်ပုံ့)…တွေ့ ရပါပြီ..။
၆။ဒီ ပုံကို သုံးနေကြပေမယ့်  တရားဝင်ကတော့  အောင်ထွန်းရဲ ကျောင်းသားသမိုင်း..နောက်ဆက်တွဲ(၃၀)ရဲ့  အခန်း(၁၆) ။အပိုဒ် (၇၀) ကျမှ ပဲ အခိုင်အမာ တွေ့ ရတယ်..။ဒီအချက်ဟာ အခိုင်မာ ဆုံး ဆိုပေမယ့်
ရက်စွဲက တော့ နောက်ကျလှ တယ်။၁၉၅၈ ဖွဲ့ စည်းပုံ ဖြစ်နေတယ်။
၇။(အောင်ထွန်း ကျောင်းသားသမိုင်း စာမျက်နှာ (၆၄၀)မှာ ပါတဲ့  ခွပ်ဒေါင်း နဲ့  (၆၄၁) မှာပါ တဲ့  ခွပ်ဒေါင်း နှစ်ပုံ တောင် မတူကြဘူး။အမောက် ရှေ့ ငိုက် တာ နဲ့  အမောက် နောက်လန် နေတာ ခြားနားတယ်။
အဓိက ကတော့ ကျောင်းသားတုံးက ပြောကြ ဆိုကြ တာမှာ “ဒေါင်း ဟာ အနှောင် အဖွဲ့ က ရုန်းထွက် နေတဲ့  မာန် ရှိ ရ မယ်” ဆိုတာ ပါပဲ..။ ။
ဖေဖေ ( ၁၈.၀၂.၂၀၁၂)
Unlike · ·
  • You and 28 others like this.
  • Kyi Kyi Khin ၁၉၅၆ ဗကသ ကျောင်းသားညီလာခံက အတည်ပြုသတ်မှတ်ထားတဲ့ခွပ်ဒေါင်းအလံက အနီရောင်အောက်ခံအလံရဲ့ အလယ်တည့်တည့်မှာ စက်ဝိုင်းရှိပြီး ခွက်ဒေါင်းရဲ့ ခြေတဖက်(ဘယ်ညာသဲသဲကွဲကွဲမမှတ်မိ)က စက်ဝိုင်းရဲညာဖက်ခြမ်းကို နင်းကန်ထားပြီး တဖက်ကတော့ အတက်ပါ စက်ဝိုင်းရဲ့ ဘယ်အပြင်ထွက်ကို...See More
    Like · Reply · 3 · 11 hrs
  • Kyi Kyi Khin အပေါ်က ကေ့ဖေဖေပြောတာနဲ့ နီးစပ်တဲ့ ခုနှစ်လဲ ဖြစ်တယ်။
    Like · Reply · 1 · 11 hrs
  • Maung Maung Myo Sane သူရဲကြီးအောင်လံက တြိဂံပုံ ဘေးလှည့် အရှည်ပုံစံပဲ။ ဗမာ စစ်အင်္ဂါစဉ် ရှင်းလင်းချက်မှာ ရှာနိုင်မယ်ယူဆတယ်။ ကိုအောင်းထွန်း စာအုပ်မှာ ၁၃၀၀ နောက်ပိုင်း လက်နက်စွဲကိုင် တိုက်မှရမယ် ဆိုတဲ့ တဆက်တည်းမှာ ရဲတပ်ဆိုတာမျိုး ပေါ်ပေါက်ရာမှာ အစိမ်းခံပေါ် စသုံးတယ်လို့ ရေးထားမယ်...See More
    Like · Reply · 1 · 9 hrs
  • Maung Maung Myo Sane ခွပ်ဒေါင်းပုံစံတွေကတော့ နှစ်ကာလကော၊ ဒီဇိုင်းရေးသူရော ပုံစံအရ ကွင်းထဲ ၀င်တာ၊ ထွက်တာ၊ အချိုး မတူတာတွေ့ရတယ်။ ပုံနှိပ်မှာနဲ့ ပိတ်သားအလံ ပေါ် ရေးတာတွေတောင် မတူပါဘူး။ ရသမျှဟာ ပြန်ဆွဲ နောက်ကြောင်းပြန် လိုက်ရင်တောင် စာတမ်းတစောင် ရေးနိုင်ပါလိမ့်မယ်။
    Like · Reply · 1 · 9 hrs
  • Kay Thwel ဟုတ်တယ်..။ အခုအချိန်မှာ အလံ ကို ဇာချဲ့ မနေစေချင်ပါ ။ ပန်းချီသဘောအရ ပဲ ဖြစ်ဖြစ်.. ဒေါင်းပုံက ကွဲလွဲမူတွေ ရှိနိုင်တာပဲ
    Like · Reply · 1 hr
  • Kyi Kyi Khin အလံရဲ့သဘောက အတိတ်တွေ နမိတ်တွေ ဆောင်တယ်ဆိုတော့ ဒါပစ်ထားလို့တော့မရဘူးလို့ မြင်တာပဲ။ ၁၉၅၆ ညီလာခံကနေ လက်ခံထားတဲ့ အလံမို့ တရားဝင်ဆက်ပြီး လက်ခံကျင့်သုံးတဲ့အလံကို ပယ်ပြီး အရင် အလံပြန်သုံးတာမျိုး ဖြစ်နေတယ်လို့ခံစားရတယ်။ ဒီတော့ မဆလအလံကို မသုံးပဲ ကြယ်ငါးပွင့်အလံ...See More
    Like · Reply · 2 · 1 hr
  • Hein Zaw Zaw Kyee ဒါကမောင်စိန်ဝင်း ( ပုတီးကုန်း )တင်ထား တဲ့ပုံ
    ဒါကြတော့ ကဒေါင်းလို့ခေါ်လားKT
    Like · Reply · 1 · 46 mins
  • Myint Swe Mg Thonnya
    Write a comment...

No comments:

Post a Comment