Friday 31 July 2015

ဘုရားဖူးလည်မယ် တေးဆို - မတင်အုန်း

ဘုရားဖူးလည်မယ်
Lyric typing by Ko Yoeyar Kyaw on Saturday, May 18, 2013 at 3:42pm
တေးရေး - ရွှေတိုင်ညွန့်
တေးဆို - မတင်အုန်း
soundcloud.com/khinthidakhin/ma-tin-ohn-01

ဘုရားဖူးလည်မည်… စုံအောင်လည်မည်…မြန်မာပြည် တန်ခိုးကြီးမြတ်တဲ့စေတီ…. ပျိုတင်တင်အုန်း … သုံးတန် စေတနာ မှန်းရည်… လှူဒါန်းခဲ့ပါသည်….
(ရွှေမုဋ္ဌောကို မနော်မှာကြည် ကေလာသမှာ အမျှဝေမည် စေတနာကောင်းနဲ့ ရွှေသာလျောင်းမှာ ဆုတောင်းပါမယ် အတည်… မြသိန်းတန်မှာ သဒ္ဓာပွားလို့ ပုပ္ပါးကို ကျွန်မရောက်ခဲ့ပါပြီ)၂ … အို …[ (ကျိုက်ထိုမြို့ကို ၀င်ဦးမည်)၂ ကျိုက်ထီးရိုး တန်ခိုးကြီးသည်….]၂ စုံအောင် ရေလယ်ဘုရားသွားဦးမယ်ပါ့…. စက်တော်ရာ ရောက်ချင်လွန်းလို့အတည်…. အဟုတ်ကြိုးစားမယ်ကြံစည်…..
[(မြန်မာပြည်လုံးနှံ့စေမည်)၂..လည်မည် အပေါင်းများစုံညီ… ပျိုတင်အုန်းနဲ့ အတည် ဘုရားဖူးခဲ့ပါပြီ]၂…..
+ + + + +
(ကျိုက်ဒေးယျုံ ရွှေတိဂုံ ဘုရားပေါင်း မလပ်အောင် မြတ်စောညီနောင် ရောက်အောင်ပျိုကြံစည်….)၂ ရွှေမော်ဓောမှာ စိတ်မနောကိုပါ့ရည် ပျိုဖူးသည် (ဖူးခဲ့ပြီ)၂ မော်လမြိုင်ကိုသာ ရထားနဲ့သွားမည် ဟို ကျိုက်ခမီ…. မြသပိတ်တောင်ပေါ် ဖူးမျှော်ဖို့အတည် သထုံမြို့ဝင်ဦးမည်…. ရွှေစာရံဘုရားကအတည် သွားရမည် များလှသည်….
[(မြန်မာ………………၀………………..၀…………………..၀…………………ဖူးခဲ့ပါပြီ]၂……….
+ + + + +
[အထက်မြန်မာပြည် မန္တလေးမြို့ကိုအတည်… တင်တင်အုန်း ပျိုသွားမည် စစ်ကိုင်းဘက်ကို ဦးစွာ ကူးကာ ဖူးမယ်အတည်… မန္တလေးတောင် (ရောက်အောင်)၂ သွားချင်သည်]၂… စုံညီ… စေတနာတရားနဲ့ ပွားများခဲ့ပါတယ် အတည်…. မဟာမြတ်မုနိ(တန်ခိုးတော်ကြီးသည်)၂… အားလုံးကုန် ဘုရားစုံလျှင် ရန်ကုန်ပြန်ခဲ့ပါပြီ…..
[( မြန်မာ…………..၀……………….၀…………………..၀………….ဖူးခဲ့ပါပြီ]၂…………..။

No comments:

Post a Comment