Tuesday 25 August 2015

ဇော်ဝမ်းသီချင်းများ

“ကျောက်ခဲ ဆိုတဲ့သူ”
(နောက်တစ်ယောက်ကတော့ ထီးဆိုင်နဲ့အတူတူ ပရိသတ်တွေနဲ့ ယာယီဝေးသွားသောနေရာကို ခေတ္တရောက်သွားခဲ့ဘူးတဲ့ အဆိုတော် ရုပ်ရှင်မင်းသားဇော်ဝမ်းပါ၊
တစ်ခုသောသင်္ကြန်မှာ “ကျောက်ခဲ”ဆိုတဲ့သီချင်းလေးက မန်းလေးမြို့ကနေ
မြန်မာတပြည်လုံးကို ပျံ့လွင်သွား ခဲ့ဘူးပါတယ်။နောက်တော့
ရူ့မ၀ဦးကျော်ရိုက်ကူးတဲ့ “စေလိုရာစေ” ဆိုတဲ့ဇာတ်ကားထဲမှာ
” ဇော်ဝမ်း လင်းထင် ဆွေဇင်ထိုက်”ဆိုတဲ့သရုပ်ဆောင်သစ် သုံးယောက်ကို
ပွဲထုတ်ခဲ့တာကနေ “ဇော်ဝမ်း”ဆိုတဲ့ ရုပ်မလှပေမယ့်အမူအရာကောင်းတဲ့ သဘာဝမင်းသားတစ်လက်ဖြစ်လာရုံတင်မကဘဲ အသံကောင်းအဆိုကောင်း အဆိုတော်တစ်ယောက်မွေးဖွားလာခဲ့ပါတယ်။
အဲဒီခေတ်က ရုပ်ရှင်သီချင်းတော်တော်များများ ကို သူကိုယ်တိုင်ဆိုခဲ့ ပြီး အရမ်းလဲလူကြိုက်ခဲ့ပါတယ်။ “ သဇင်၊ ပုစ္ဆာဆန်သော မိန်းကလေး၊ချစ်နှင်းဆီလှလှလေး၊ ရန်ကုန်သားနဲ့ မန်းလေးသူ၊“ သီချင်းတွေအပြင်အလွန်အဆိုရခက်တဲ့ “ရွှံ့ပေါ်ရှဉ့်ပြေး ရှဉ့်မွှေး ရွှံ့မလူး”သီချင်းလေးကို သားစိုးထက်အရင်ဆိုပြခဲ့ဘူးသူလည်းဖြစ်ပါတယ်။
ထူးခြားတဲ့အကြောင်းလေးကို ကြုံတုန်းပြောရမယ်ဆိုရင် “မေတ္တာဘုံသို့ နှစ်ခေါက်လေ” ဆိုတဲ့ ရုပ်ရှင်ထဲမှာ ဆေးရောင်စုံဇာတ်ကား အဖြစ် တစ်ဝက်ရိုက်ပြထားခဲ့ဘူးတာပါ။
ဂီတလောက ရုပ်ရှင်လောကမှာ အောင်မြင်နေတဲ့အချိန်မှာ ဒီလောကနဲ့ ဝေးသွားခဲ့ပါတယ်
၊ဒါပေမယ့် အပြင်လောက ကိုရောက်ရောက်ချင်းဘဲ
1980ခုနှစ် မြို့မ သင်္ကြန်သီချင်းများနဲ့ပြန်လည်အောင်မြင်ရာကနေ မောင်ကြေးမုံရေးပြီး မေဆွိနဲ့အတူတွဲလို့ (မိစိမ်းကားရဲ့မာယာတော) စီးရီးကနေတစ်ကျော့ ပြန်အောင်မြင်လို့လာပါတယ်။ အဲဒီကနေစပြီး မြန်မာသံတေးသီချင်းဆီးရီးစ်တော်တော်များများကို ဆိုခဲ့ပြီး နှစ်စဉ်နှစ် တိုင်း သင်္ကြန်ရောက်ရင် သူ့သီချင်းများနဲ့သာ နှစ်သစ်ကို ကြိုဆိုရတာမို့ (သင်္ကြန်မင်းသား)ကြီးလို့တောင်နာမည်တစ်လုံးနဲ့နေနိုင်ခဲ့ပါတယ်။ ဘ၀အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်ရင်း နဲ့ရုပ်ရှင်လောကမှာပျောက်ကွယ်သွားရာကနေ မန်းလေးသက်ြန်နောက်ခံ ဂန္ထ၀င်တွင်တဲ့ “သင်္ကြန်မိုး”ရုပ်ရှင်ကနေ ကျရာအခန်းကနေ သရုပ်ဆောင်ခဲ့ပေမယ့် ကွယ်လွန်သည်အထိ အကယ်ဒမီဆိုတာကို ပိုင်ဆိုင်မသွားခဲ့ရတဲ့ ဇော်ဝမ်းရဲ့အကိုအရင်းကတော့ အကယ်ဒမီများပိုင်ရှင်လည်းဖြစ် တခြားသူတွေကို အကယ်ဒမီရအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ ဒါရိုက်တာ မောင်တင်ဦးဖြစ်နေတာ ပါဘဲ။ အခုတော့လူ့လောက ကို ကံတူ အကျိုးပေး သူငယ်ချင်း ထီးဆိုင် နဲ့ အတူ စွန့်ခွာသွားကြပြီဖြစ်ပါတယ်။)
ဒီစာလေးကတော့ ကျနော် 2010 ခုနှစ်ကရေးခဲ့တဲ့
“နားစည်ကိုထွင်း နှလုံးသားအတွင်းဝင်
သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော
သို့မဟုတ်
နှလုံးသားထဲမှ ဂီတပန်းပွင့်များ ဆိုတဲ့ ဆောင်းပါးထဲမှာရေးထားဘူးတဲ့
ဇော်ဝမ်းအကြောင်းအကျဉ်းချုပ်ပါ။
ဇော်ဝမ်းလဲ ကွယ်လွန်မှ အကယ်ဒမီရခဲ့သလို
24-8-2015 နေ့မှာလဲ သူ့ အကိုဖြစ်သူ ဒါရိုက်တာမောင်တင်ဦးကွယ်လွန်သွားခဲ့ပါပြီ။
တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှာဇော်ဝမ်းသီချင်းမေးလာသူရှိလို့ ဒီပိုစ်လေးတင်ပေးလိုက်ပါတယ်။

ကျောက်ခဲ http://picosong.com/uGUt
မညိုဘဲရွာတဲ့မိုး http://picosong.com/uGdr
ညဉ့်ငှက် http://picosong.com/uGGL ]
ချစ်ရတဲ့အကြောင်း http://picosong.com/uGGD
လိုက် http://picosong.com/uGpF
အသဲဖျက်မလေး http://picosong.com/uGpd
အသဲတစ်ထောင်ဆင်ပါ့မယ် http://picosong.com/uG7r
ဂျိန်းဖောပွဲတော် http://picosong.com/uGWm
ဘယ်သွားနေလဲမရွှေဖဲ http://picosong.com/uGvg
သဇင် http://picosong.com/uGvQ
ကိုပေါက်လက်ဆောင်ဂီတပန်းပွင့်များ
24-8-2015

No comments:

Post a Comment