Wednesday 2 September 2015

မြန်မာ့အသံသမိုင်း

မြန်မာနိုင်ငံတော် အစိုးရ အသံလွှင့်ဌာန
Burma State Broadcasting Service ….ကို
ရန်ကုန်မြို့ ဒါလ်ဟိုစီ(မဟာဗန္ဓုလ)လမ်း နှင့် ပန်းဆိုးတန်း လမ်းထေင့် ရှိ
အဆောက်အဦး မြေအောက်ထပ်တွင်
၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ က
ဘုရင်ခံ ဆာအာသာ ကော့ကရိန်း မှ ဖဲကြိုး ဖြတ်၍ စတင် ဖွင့်လှစ်ပေးခဲ့ပါသည်။
-
၁၉၄၁ ဒီဇင်ဘာလ နောက်ပိုင်းတွင်
ဂျပန် တို့ ရန်ကုန်မြို့ ကို ဗုံးကြဲ တိုက်ခိုက်ပြီးနောက်ပိုင်း..
ရန်ကုန်မြို့ အမှတ် (၄၇) ဖိုက်ခ်ျ လမ်း
(တရုတ်သံရုံး အနီး လှုမှု့ဝန်ထမ်း မူကြိုကျောင်း ) မှ ထုတ်လွှင့်ပြီး
၁၉၄၃ တွင် ချင်းချောင်းနန်းတော် (ကမ္ဘောဇ ရိပ်သာ) သို့ ပြောင်းရွှေ့ကာ
မြန်မာနီူင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန အမည်ဖြင့် အသံလွှင့် ခဲ့ပါသည်။
-
၁၉၄၅ မေလ တွင် ရန်ကုန် ရေဒီယို Rangon Radio အမည်ဖြင့်
အမှတ် (၃၀) လောင်းဝစ် လမ်း ရွှေတောင်ကြား မှ အသံလွှင့် ခဲ့ပါသည်။
-
၁၉၄၆ ဖေဖေါ်ဝါရီ လ ၁၅ ရက်နေ့တွင်
အောအိန္ဒိယရေဒီယို နှင့် လန်ဒန် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင်
အမှု့ထမ်းဆောင်နေသော
ရန်ကုန် တက္ကသိုလ် ပိဋိကတ် တိုက်မှုး ဟောင်း ဦးခင်ဇော် ( K ) ကို
ပြန်လည်ခေါ်ယူ တာဝန်ပေးပြီး
ဗမာ့အသံ Burma Broadcasting Service အမည်ဖြင့်
မြန်မာ့ အသံလွှင့် ကဏ္ဍသစ် ကို ဖွှင့်လှစ်ခဲ့ပါသည်။
-
၁၉၄၈ သြဂုတ်လ ၂၇ ရက်နေ့တွင်
အမှတ် (၃၀) လောင်းဝစ် လမ်း မှ အမှတ် (၂၇) ၀င်ဒါမီယာကရက်ဆင့် သို့
ပြောင်းရွှေ့ကာ အသံလွှင့် ခဲ့ပါသည်။
-
၁၉၅၀ နောက်ပိုင်း ထင်ရှား ကျော်ကြားလာသော
အသံလွှင့် တေးဂီတ အဖွဲ့များ နှင့် တေးသီချင်း များ အဆိုတော်များ
အကြောင်း ကို မြန်မာသံတေးချစ်သူ တို့ အမှတ်ရ စေခြင်းငှာ
လက်လှမ်း မှီသမျှ ကိုးကား တင်ဆက် ပေးပါမည် ဆိုသည့် အကြောင်း
သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ။

No comments:

Post a Comment