Wednesday 11 November 2015

ဝင်းဦး ၏ “မြိုင်ဂန္ဓမာ နန်းသီဟိုဠ် လွမ်းပိုအောင် ခိုင်ပန်းစုံ”

ဝင်းဦး ၏ “မြိုင်ဂန္ဓမာ နန်းသီဟိုဠ် လွမ်းပိုအောင် ခိုင်ပန်းစုံ”



30 Minutes Non-Stop Version
soundcloud.com/khinthidakhin/kldrnvxuzgkv
ယိုးဒယားတော်ဘွဲ့ (မြိုင်ဂန္ဓမာ)
Lyric typing by Mr. Harry Lwin on Monday, October 8, 2012 at 4:37pm
မြိုင်ဂန္ဓမာ။ ပန်းမျိုးစုံစွာ-ပေါကြ၊ တောလေသည်ဟေမာ။ ။ ဇင်မင်း၊ ဆင်းရွှေဝါ။ ဇီဇဝါငယ်လေးခတ္တာနှော။ သာမောစုံခြေမှာ၊ ညှာကြွေလျော။ မှုံပြာပြာရော။ တောသာဟန်။ ။ အို-ပန်းမာလ်ဝေဆာဖူး။ ရွှေညှာခိုင်ရည်လူး။ ။ ဝသန်လေးချိန်မှန်ကူး။ ပဇ္ဇုန်ကြူးပျော်မြူးစံရွှင်။ ဆော်ပဉ္စင်ရိုက်ညောင်း။ နွေရာသီပြောင်းခါမှီဝယ်။ ။ မိုဃ်းတချုန်းချုန်း။ ရွှေဖီပေါ်တုန်း ကန့် ကော်လေကြက်ရုံး။ လှိုင်လို့ သာ။ ဂနိုင်သည်ဟေမာ။ စမ္ပာယ်ကြိုင်စွာ ပန်းရွှေဆတ်သဝါ။ ။ အို အင်ဖူးကြိုင်လှိုင်လန်း။ ပန်းမဉ္ဇူမွှေးကြူလေပြေဖြန်း-၂။ ဆင်ရာဆန်းကန့် ကော်ပန်း။ မြင်ရာလန်းထွေထူးဆန်း-၂။ (ခင်တန်းစိုစို။ ဆတ်သွားပင်ပျို-၂) မြတ်လေးရုံဆို။ ဟိုပင်ရင်းထုံနံ့ သင်း။ ။ မင်းမူရာဟန်။ ။မြိုင်ယံမှာသာတင့်ဆန်း။ ရုဇနပန်း။ ခိုင်လုံးလန်း။ ။ နန်းဟေဝန် ချာ။ အိုင်ကုဏ္ဍလာ။ ။ ခိုင်ပဒုမ္မာ။ ဝတ်မှုံရွှေကြာ၊ ကြိုင်မွှေးသင်း။ ။
နန်းသီဟိုဠ်
Lyric typing by U Maung Maung Than on Thursday, July 19, 2012 at 1:38am
၄၇။ ။မော်ပြန်ယိုးဒယား။
နန်းသီဟိုဠ်ရေညို ၀န်းခွေရံကာ။ မိမာတာ-သည်းချာ လှော်ရွှေသွေး။ ခွန်ယူကျွေးတဲ့ မော်ရဂုံ တူပျော်စုံ သာပုံ ဂန္ဓာကျေး။ ညီနောင်လေးတို့ တူပျော်စံ။ သည်ကမ်းယံမော်ပြန် ဘောင်နှင့်ကူး။ လူးလာလူးလာ။ ယီးဟိုလေဟာ-
ဆွဲတညီညာ။ ။ ယမုန္နာထဲ၊ တူနွှဲပျော်ပျော်၊ ၀ဲဒီရေမော် လှိုင်းကြက်ခွပ်ဆော်သွင်း။ ။ ငါးမန်းငါးဆင်။ ညီခင်စီရင်ငြား။ အိုဆောင်ရွှေထားနှင့် ရန်ကိုပယ်။ မော်ကမ်းနယ် ပြင်ကျယ်ရောက်လှုနီး။ အို ရေညိုခွေပတ်ခါ မာတာလှယဉ်ကျေး၊ ဂမ္ဘီသူမွေး ညီနှစ်ဖြာ မော်ပြန်ဘောင်စီး ယီးဟိုလေဟာ၊ ကြွေးညံစာ ဇင်ယော်ငှက်ကယ် သဲနှင့်သောင်တင် ကမ်းနှင့် ရေဆိုင်၊ ၀ဲယှဉ်ပြိုင် မော်တင်ကျောက်ဆောင်၊ ပန်းပူလေအောင် ပန်းပူလေအောင်သာ။ မှော်ကျေး ကမ္ဘယံနက်သန်သာတဲ့လမ်း။ ။
လွမ်းပိုအောင် - ညိုမင်းလွင်
Lyric typing by U Maung Maung Than on Friday, July 27, 2012 at 2:35am
၂၁။ မြ၀တီမင်းကြီးရေးသော ဖရင်းယိုးဒယားအလိုက်
လွမ်းပိုအောင် - ညိုမင်းလွင်။ လေပြေပျိုး- တိမ်ခိုးဆင်။ ။ +++မျှော်တိုင်းမှိုင်းလွင်။ ရွှေဘွင်ကြုံရ။ ပင်နန်းသာထွေ။ နွေရာမင်းငယ်။ သာသည်လေ။ အိုကြုံရ- လွမ်းဘွယ်။ လှိုင်ကြွယ်သင်းကြူ၊ ဂေါ်ဇင်ကြိုင် ပျံ့ ရှား။ ရွှေဆပ်သွား- ခိုင်မဉ္ဇူ။
+++ ၄င်းနေရာတွင် မျှော်လဲရွှေဘွင်၊ ကြွေကျင်ဆွေးလျ။ ပင်တိုင်းရွှေလျံ၊ နွေယံမင်းငယ်။ သာသည်လေ။ ။ဟူ၍ အချို့ မူများတွင် ရှိသည်။
ခိုင်ပန်းစုံနှင့်ခွေသွန်ဘွေစွန်
Lyric typing by U Maung Maung Than on Thursday, July 19, 2012 at 3:21am
၅၇။ ။ဗန်းညောင်လှိုင်ဘွဲ့ကိုလိုက်သောယိုဒယား။
ခိုင်ပန်းစုံနှင့်ခွေသွန်ဘွေစွန် ဟေ၀န်နန်းဝယ် ။ရေတံခွန် ထွေသွန်ဖြန်းတယ်။ ပန်းမာလာ ခတ္တာရွှေဖီ နှင်းဆီကြိုင်လှိုင်စွာ။ ပန်းယုဇနာသေလာကမ္ဘာယံစောင်း ။သာပေါင်သာပေါင်းထုံထုံ။ ၀တ်မှုံညီညာ ဇီဇ၀ါသောကပန်း။ မွှေးကြည်လင် ရွှေစင်သွေးငယ်။ ။မြတ်လေးစွယ်တော် ကန့် ကော်မောက္ခိတော။ သာမော မာဂဓ ဘာဝပျော်ကြစွာ။ ။အခါခါ ချစ်ရေးနှံကြရှာ။ ရွှေစက၀ါပင်ရိပ်သာက လောင်းကိန္နရာကိန္နရီစံတဲ့တော ။မြစ်နဒီ ရေကြည်လွန်သာမော။ သောသောလေစီကြွမြည်ကြ ။တောကစပယ်ပေါင်းရယ် ။ဒေါနဒ၀ယ်ညောင်းတယ် ။လောင်းကိန္နရာကြမ္မာဝဋ်စ ကြွင်း ။ပြည်မင်းဗြာဟ္မဒတ်မျှားဒါဏ်ရာ။ ။ကြင်ရာသက်နှင်းကိန္နရီ ။ဆွေမန္ဒီဖြေခက်ရှာလို့ ။နှာတော်ဖျာ့ နှာတော်ရှုပါအုံး။ ခမျာဗျာမှာပါဆူကြွတုန်း။ တနိမ္မာက္ကုန္ဒာသိင်္ဂါနှုန်း ။မြတ်ဘုန်းလေပါရမီရှင်မို့ ။ ရွှေကြာပဒုံပန်းငယ် ။ကေသာအကုန်ဖြန်းတယ်။ ရွှင်လန်းကြည်စွာပျော်ရာစံကြမြန်း ကြိုင်လန်းသာတင့်မောရမြိုင်။ ။ ကေခိုင်ကြော့မူးပန်းဘို့ ရာ။ ဂန္ဂာစုံတောစွန်က။ လွမ်းဝှန်လေ လွမ်းဝှန်ဆူလောင်သဲ။ အထွေထွေပွေပွေကြုံရနဲ။ ပျော်သဲလေသာလို့ ညှာကို့။ ကြိုင်စွာသင်းတဲ့ မြိုင်မင်းဟေမော် ။မြတ်လောင်းတော် ကိန္နရီမောင်မယ်ဘုန်း၊မောရမြိုင် ဂနိုင်သာစွဆုံး။ ။

No comments:

Post a Comment