Friday 29 January 2016

ရင်နှစ်ပန်း တေးရေး - စန္ဒရားချစ်ဆွေ

ကိုယ့်ရဲ့ ချစ်မေတ္တာ ကို ဖွင့်ဟမဆိုရဲ၊ မဆိုဝံ့ပဲ ကိုယ့်ရင်ထဲမှာသာ သိမ်းဆည်း သိုဝှက်လို့ ချစ်တတ်တာမျိုးတွေလည်း ရှိဖူးတာပါ။
ဒါကြောင့်ပဲ ချစ်ခြင်းမေတ္တာ ဆိုတာ ဆန်းကျယ်တယ်လို့ ပြောတတ်ကြတာပဲမဟုတ်လား။
သူ့ကို စတွေ့တော့ ကိုယ့်ရဲ့ ချစ်မေတ္တာ ကို ဖွင့်ဟမဆိုရဲ၊ မဆိုဝံ့ပဲ ကိုယ့်ရင်ထဲမှာသာ သိမ်းဆည်း သိုဝှက်လို့ ထားနေမိတာ အတော်ကြာခဲ့တယ်။
ဖွင့်ဟပြောလိုက်တော့မှ ကိုယ့်ကို မုန်းသွားလေမလားလို့ စိုးရွံ့စိတ်ကလေးတွေက ရင်ထဲမှာအမြဲတမ်း စိုးမိုးနေတာပေါ့။
အဲဒီတုန်းကတော့ ကိုယ်ကပဲ ချစ်နေရရင် ကျေနပ်နေပါမယ်လို့ ခပ်ရူးရူး ခပ်မိုက်မိုက် တွေးမိနေပါသေးတယ်။
နောင်မှာတော့ စိုးရွံ့စိတ်တွေက မြူတိမ်တွေ ကင်းစင်သွားသလိုပါ။ ဒါပေမယ့် အဲဒီအချိန်တွေတုန်းကတော့…
ရင်နှစ်ပန်း
တေးရေး - စန္ဒရားချစ်ဆွေ
တေးဆို - စန္ဒရားချစ်ဆွေ
ဓါတ်ပုံ - အင်တာနက်မှ မူလတင်သူ
ရန်ကြီးအောင်ဝင်း (တောင်တံခါး) စုဆောင်း မျှဝေသည်
http://vocaroo.com/i/s0GPGv7zbhGJ
http://picosong.com/85rT
https://my.pcloud.com/publink/show…
https://soundcloud.com/yangyiaung-win-taung-da…/qr2fvggtpakj

No comments:

Post a Comment