Monday 1 February 2016

မြန်မာ့ ဇာတ်ပို့ဆိုင်းဝိုင်းကြီး

၂ဝဝ၅ ခုနှစ် ဇွန်လထဲမှာ မန္တလေးမြို့က မြန်မာ့ရိုးရာ ဇာတ်ပို့ဆိုင်းဝိုင်းကြီးရဲ့ အနှစ်သာရကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ် မြင်တွေ့ နားဆင်ခဲ့ရပြီး တစေ့တစောင်း လေ့လာခွင့်ရခဲ့ပါတယ်။
အဲဒီအချိန်တုန်းက သိကျွမ်းခဲ့ရတဲ့ ဇာတ်ပို့ဆိုင်း ပညာရှင်ကြီးတွေ၊ အဆိုပညာရှင်ကြီးတွေရဲ့ တီးမှုတ်ပုံ၊ သီဆိုပုံ၊ ပြောပုံဆိုပုံ ဟန်ပန်တွေကို ဘယ်သောအခါမှ မမေ့နိုင်တော့တဲ့ နှလုံးသားထဲက ခံစားချက်တွေနဲ့အတူ လွမ်းဆွတ်တမ်းတနေရပါပြီကောလေ။
“သည်ဆိုင်းတော် မဟာသိန်က
လွမ်းချိန်တန်ပါဘိလို့
မေသရီမယ် တရှိငယ်လေ
သာဘိညွှတ်နူး”
ဆိုင်းတော်ဖွဲ့ ခွာပြာသင်း ပတ်ပျိုး
မြဝတီမင်းကြီး ဦးစ

မြန်မာ့ ဇာတ်ပို့ဆိုင်းဝိုင်းကြီး သမားစဉ်တီးမှုတ်သော တီးလုံး Overture
တီးမှုတ် ပညာရှင်များ - ဇာတ်ပို့ဆိုင်းဆရာကြီး စိန်ကျော်ဒင်နှင့် အဖွဲ့
ဓါတ်ပုံ - ရှေးခေတ် တစ်ချိန်က မြန်မာ့ဆိုင်းဝိုင်းကြီး
ခရက်ဒစ် - အင်တာနက်မှ မူလတင်သူ
ရန်ကြီးအောင်ဝင်း (တောင်တံခါး) (ခ) ဒေါက်တာကျော်ကျော်ဝင်း စုဆောင်း မျှဝေသည်
http://vocaroo.com/i/s0Zfz378zWDH
https://my.pcloud.com/publink/show…
https://soundcloud.com/yangyiaung-win-taung-da…/kukqzlhbooui

No comments:

Post a Comment