Monday 1 February 2016

ကမ္ဘာကုန်ကျယ်သ၍ ၀တ္ထုကို

ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ တစ်ပုဒ်ဆို တစ်ပုဒ် အင်မတန်ထူးခြားတဲ့ တေးသွားနဲ့ အနုပညာကဗျာအလင်္ကာမြောက်တဲ့ စာသားတို့ ဖွဲ့စည်းထားပြီး အဆိုပညာရှင် ဆရာရေနံ့သာစိုးလှိုင်ရဲ့ သူ့သီချင်းတွေထဲမှာ သူကိုယ်တိုင်အနှစ်သက်ဆုံးအားအရဆုံးလို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဂီတမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကမ္ဘာကုန်ကျယ်သ၍ ၀တ္ထုကို ဖတ်ဖူးသူဆိုရင်တော့ ဒီသီချင်းရဲ့ နက်နဲသော ဆိုလိုရင်းကို နားလည်လွယ်ကြမှာပါ
မဖတ်ဖူးရင်တော့ နားလည်ဖို့ရာမလွယ်ပါ
ကျွန်တော့အမြင်အရ ဒီသီချင်းရဲ့ အမြုတေ စာသားတွေကတော့
---- ဆောင်းရက်ကြွင်းသည့်နှယ် နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည် ------
----ညောင်းရွက်ဝါတို့ ဈာန်ယာဉ်ပြောင်း ပြယ်ကောင်းလေသော စိတ်ဇော မနဿီမည် ------
ဒီနှစ်ခုပါပဲ ။ ဘာလို့ အမြုတေဖြစ်ရသလဲပေါ့ ။
ဒီလိုပါ ---- နွေဂိမ္ဘာန်ရဲ့ အစ ဆောင်းအကုန် ကာလမှာ ဆောင်းရဲ့ အအေးဓါတ်အကြွင်းအကျန်လေးကို နွေဦးရဲ့ အလွန်သာယာလှပတဲ့ နေ့တိုင်းမှာ ရှိစေချင်လို့ မျှော်လင့်မိသလို
ဆယ့်နှစ်လရာသီမှာ အလှဆုံးဖြစ်တဲ့ ဒီကာလကို သာယာစွာထိန်းသိမ်းချင်မိတဲ့ စိတ်ဆန္ဒကြောင့် အအေးဓါတ်အကြွင်းအကျန်လေးကို တောင့်တမိသလို
ထိုကဗျာရှင် ရဲ့ ချစ်ရသူနဲ့ ခွဲခွာရတော့မယ့် နွေကာလတွေလိုပူလောင်မယ့် ဘ၀ရာသီ အချိန်တိုင်း အချိန်တိုင်းကို ချစ်ခင်တွယ်တာသံယောဇဉ်နွယ်ရစ်ငင်စေတဲ့ အချစ်ဦးထံလွမ်းတဲ့ အလွမ်းငွေ့ခြုံထားတဲ့ အချစ်မေတ္တာဓါတ်တွေနဲ့ ကမ္ဘာ့ရာသီ ဆောင်းအကုန်နွေအကူး နွေဦးလို ကိုယ့်ရဲ့ ဘ၀ရာသီကိုလည်း သာယာအောင်ထိန်းထားမယ်လို့ နက်နက်နဲနဲ ဆိုလိုရင်း ရှိပါတယ်
ဒါက ဆောင်းရက်ကြွင်းသည့်နှယ် နွယ်ဦးမွန့်မို့ ချစ်ထွဋ်တင်သည် ရဲ့ ဆိုလိုရင်းပါ
ထိုသို့သော ကမ္ဘာမြေရဲ့ နွေဦးရာသီမှာ ကိုယ့်ရဲ့ဘ၀ရာသီကိုလည်း နွေဦးမှာမြဲအောင် ထိန်းထားမယ်လို့ မျှော်လင့်ဆဲအခိုက်မှာပဲ ညောင်းရွက်ဝါလေးတွေရဲ့ လေသင့်ရာလျောကျ မြောပါလာတဲ့ အချင်းအရာကို ကြည့်ပြီး ကိုယ့်ရဲ့စိတ်အစဉ်မှာရှိနေတဲ့ အလွမ်းဓါတ်တွေ ပြယ်ကောင်းနေပြီ ပြယ်သင့်နေပါပြီဒါပေမယ့် မပြယ်နိုင်သေးပါဘူးလေ ဆိုပြီး သက်ပြင်းချတဲ့လေသံမျိုးနဲ့ ----ပြယ်ကောင်းလေသော စိတ်ဇောမနဿီမည်----လို့ ဆိုသွားပါတယ် ။
ကျွန်တော်ခံစားမိသမျှပါ
----နီလာ မိုး မိုးတခွင် ဖြန့်ဝန်းနှံ့ စင်
ငွေမင်ရည်မြ ဆွေရှင်သီတ စန်းလ ပုဏ်ဏမီ မှုန်ရည် ပြာလဲ့
သိုင်းဖွဲ့ဖွဲ့ ဝေေ၀စည် န၀င်းလ သင်္ခါညီ
ပင်ထက်ဟိုဆီ ဘယ်ရေးကိုဆိုသည် နွေတေးရှင် ငှက်မောင် တစ်ကိုယ်ရည်
လွမ်းတေးကိုသူပင် သီရော့မည်
ရော်ရည်မှန်းဆသည် အိပ်မက်ဆန်တဲ့ နွေညပန်းချီ နွေညပန်းချီ
နှင်းမြူရိပ်ကို မြင်လျှင် အမှတ်မထင်
ဝေေ၀၀ါး ဘ၀ပမာလေလား တင်စားမိသည်
ဆီးတာကာဝှက် လရက်နာရီ ချိန်မင်ရည် အုံ့ကာဆိုင်းလို့မပီ
တပိုင်းပြယ်လွင့် နွေအဖွင့်သို့ လေသင့်ရာလျော မြော ရွှေရင့်လွှာသိင်္ဂီ
လွမ်း မော သီကရီ မေ့မရလေပြီ ဂိမ္ဘာန်ခါတွင်းမည်
ဆောင်းရက်ကြွင်းသည့်နှယ် နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်
ကမ္ဘာကုန် ကျယ်သရွေ့ဝယ် ကမ္ဘာကုန် ကျယ်သရွေ့ဝယ်
လွမ်းရမည်
သံသာဝဲရစ်တွဲ နှောင်ချည် မိန်ရတု ခုချိန်ဆီ
ညောင်းရက်ဝါတို့ ဈန်ယာဉ်ပြောင်း
ပြယ်ကောင်းလေသော စိတ်ဇောမနဿီမည် ။
အားလုံး ရယူရန် https://www.dropbox.com/…/st8gqe…/AABHbAtL-x2gNmjD1LMMNKCoa…
ရေနံ့သာစိုးလှိုင်ဓါတ်ပြားမူ? https://www.dropbox.com/…/%E1%80%80%E1%80%99%E1%80%AC%E1%81…
ရေနံ့သာစိုးလှိုင် ဆွေးနွေးခန်းမှ မူ https://www.dropbox.com/…/%E1%80%80%E1%80%99%E1%80%AC%E1%81…
ရေနံ့သာစိုးလှိုင် စတူရီယိုမူ https://www.dropbox.com/…/%E1%80%80%E1%80%99%E1%80%AC%E1%81…
ခင်ညွန့်ရည် တီး-စန္ဒရားတင်ဝင်းလှိုင် https://www.dropbox.com/…/%E1%80%80%E1%80%99%E1%81%BB%E1%80…
ရေနံ့သာစိုးလှိုင် ရေဒီယိုမူ https://www.dropbox.com/…/%E1%80%80%E1%80%99%E1%81%BB%E1%80…
ရေနံ့သာစိုးလှိုင် သံပတ္တလားမူ https://www.dropbox.com/…/%E1%80%80%E1%80%99%E1%81%BB%E1%80…
လွှမ်းမိုး တီး- စန္ဒရားလှထွဋ် မူ https://www.dropbox.com/…/%E1%80%80%E1%80%99%E1%81%BBcomment...

No comments:

Post a Comment