Monday 28 March 2016

“မေတ္တာများနဲ့ စိန်ပန်းနီနီ”

“မေတ္တာများနဲ့ စိန်ပန်းနီနီ”
တေးပြုစာဆို - တက္ကသိုလ်ဘုန်းနိုင်
တေးသံရှင် - ပန်းအိဖြူ
Khin Haw to မူဟန်သွယ်သွယ် နားထောင်ကြမယ် “မေတ္တာများနဲ့ စိန်ပန်းနီနီ”
တေးပြုစာဆို - တက္ကသိုလ်ဘုန်းနိုင်
တေးသံရှင် - ပန်းအိဖြူ
https://soundcloud.com/khinthidakhin/ylj2pbq5rc8o
Full Credit to Dr. Min Nay Hlyan for his Contribution of Track & Lyric Typing.
စိန်ပန်းပန်းချီ ခြယ်ပြနေသည်
ပတ္တမြားသွေးနဲ့ စွေးစွေးနီ
တောရဲကြီးထဲ တင့်လို့နေပြီ
တိမ်တောင်လေနှင်ချီ
ရှုလေတိုင်း ပြာမှိုင်းဝေရီ
ညိုမှောင်အုံ့ပျ နွေနှောင်းကာလချစ်မိပါသည်
သစ္စာစကားဆိုပြဟန်ညီ
မေတ္တာများနဲ့ စိန်ပန်းမိုးအလှ ပန်းချီ ။
မမွှေးပါပြီ သင်းရနံ့တွေ မထုံလေပြီ
ပါရမီ မစုံလှလို့ ချစ်ရသူအား ကိုယ်တောင်းပန်သည်
ခေါင်းမှာလေ မဆင်မြန်းနဲ့
လမ်းမ ကပန်း လမ်းပေါ်ပန်းသည်
လမ်းမ မှာတင့် လမ်းမှာပွင့်မည်
တောတန်းကလေးတွင် ပန်းတို့ရှိသည်
မိုးမှောင်ဖုံးလို့ မိုးချုန်း ထစ်မည်
မိုးလုံးပတ်လည်
မိုးထဲလေထဲ ကိုယ်ပဲ ပွင့်ရသည်
မြရွက်ကလေးတွေ နုနုစိပ်သည်
မြရိပ်လွှာထက် ကိုယ်ရှိသည်
မိုးတွေထန် လေတွေပြင်း
မြေဆင်းရလည်း ကိုယ်မမှုပြီ
နင်းလာသူ ချေလေဦးတော့
အပြုံးလည်း မပျက်ပြီ
အမုန်းလည်း မဖက်ပြီ
ဆေးသစ်လို့ ခြယ်မည်
သစ္စာစကား ဆိုပြဟန်ညီ
မေတ္တာများနဲ့ စိန်ပန်းမိုး အလှပန်းချီ ။

No comments:

Post a Comment