Saturday 12 December 2020

ထေရ၀ါဒဗုဒ္ဓဘာသာနှင့်စိမ်ခေါ်မှုများ


တက္ကသိုလ်မောင်သုည

စာရေးသူ၏ နိဒါန်း

စာရေးသူသည်၂၀၁၈ခုနှစ်ဦးပိုင်းကရန်ကုန်မြို့ရှိအပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်တွင်ယနေ့ ကမ္ဘာ နဲ့  ထေရ၀ါဒဗုဒ္ဓဘာသာဟူသောခေါင်းစဉ်ဖြင့်

စာပေဟောပြောခဲ့ပါတယ်၊ဟောပြောပွဲဘိတ်ကြားသူများကဆရာတို့ကနို်င်ငံခြားမှာနေ

တာဆိုတော့တစ်ခြားနိုင်ငံတွေရဲ့ထေရ၀ါဒဗုဒ္ဓဘာသာအခြေအနေများလဲသိချင်ပါတယ်

ဆိုတဲ့အတွက်လက်လှမ်းမှီသမျှရှာဖွေပြုစုပြီးဟောပြောခဲ့တာဖြစ်ပါတယ် ။

ဟောပြောတဲ့အချက်အလက်တွေထဲမှာကမ္ဘာပေါ်ရှိဘာသာကြီး၎မျိုးနဲ့ကိုးကွယ်သူ

ဦးရေစာရင်းများ၊ထေရ၀ါဒ ( )နိုင်ငံရှိလူဦးရေနဲ့ကိုးကွယ်သူစာရင်းများကိုနှိင်းယှဉ်

တင်ပြတဲ့ အခါမှာ (Power Point ) မရှိတဲ့အတွက်လိုက်ပြီးရေးမှတ်ဘို့အဆင်မပြေတာတွေ့ရပါတယ်။ယခုအခါမြန်မာနိုင်ငံတွင်တစ်ခြားဘာသာဝင်များကဗုဒ္ဓဘာသာဝင်များ

ကိုနည်းမျိုးစုံဖြင့်မက်လုံးများပေးပြီးသိမ်းသွင်းစည်းရုံးမှုများပိုမိုများပြားလာနေတာတွေ့

နေရပါတယ်၊ ဗုဒ္ဓဘာသာဝင်များအနေနှင့် ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုခြေခြေ

မြစ်မြစ်လေ့လာသိရှိလိုက်နာကျင့်သုံးမှုမရှိသူများအနေနှင့် တစ်ခြားဘာသာများရဲ့ စည်းရုံးမှုများကိုဟုတ်သလိုလိုနှင့်နားရောင်ပြီးဘာသာကူးပြောင်းသွားသူများလဲတွေ့နေရတဲ့အတွက် ။

          ထေရ၀ါဒဗုဒ္ဓဘာသာနှင့်စိမ်ခေါ်မှုများအမည်နှင့် စာတမ်းအဖြစ်ရေးသားပြုစု

တင်ပြလိုက်ပါတယ်။ယခုစာတမ်းတွင် ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာဘာလဲ၊

ဗုဒ္ဓသည် ကယ်တင်ရှင် ၊ ဖန်ဆင်းရှင်မဟုတ် ၊ မိမိပြုလုပ်သောမကောင်းမှုများကိုဘုရား

က၀င်ခံပေးမှာမဟုတ် ၊ မိမိသာခံရမယ်၊ ကောင်းတာလုပ်ရင် ကောင်းတာခံရမယ်၊မကောင်းတာလုပ် ရင် မကောင်းတာခံရမယ်။ဘုရားကိုဘာလို့ရှစ်ခိုးတာလဲစတဲ့ အကြောင်းများကိုရှင်းလင်းတင်ပြထားတာဖြစ်ပါတယ် ။

No comments:

Post a Comment