Thursday 1 July 2010

အကြွေး
အကြွေးဆိုတာဘာလဲ
ငွေအကြွေး ၊ အလုပ်အကြွေး ၊ စကားအကြွေး ၊ စာအကြွေးစသည်တို့ ဖြစ်ပါတယ် ၊
ငွေ အကြွေးကတော့ ရှင်းပါတယ် ၊ တပါးသူထံမှ ဒါမှမဟုတ် အစိုးရထံမှချေးယူထားတဲ့အကြွေးများဘဲဖြစ်ပါတယ် ။
အလုပ်အကြွေးဆိုတာကတော့ ၊ မိမိအလုပ်လုပ်ကိုင်တဲ့ အလုပ်ဌာနမှာဖြစ်စေ ၊ မိမိနေအိမ်မှာဖြစ်စေ ၊ မပြီးပြတ်သေးတဲ့အလုပ်များ ။ အပြီးသတ်ရန်ကျန်နေသောအလုပ်များ
ဖြစ်ပါတယ် ။
စကားအကြွေးဆိုတာကတော့ ၊ တဉီးကတဉီးကို စကားပြောရာမှာ အမှတ်မထင်ဂတိပေးပြောလိုက်တဲ့ ဂတိစကားများ ၊ ဟိုဟာလုပ်ပေးမယ် ၊ ဒီဟာလုပ်ပေးမ၊ စသည်ဖြင့် ပြောထားလိုက်တဲ့ ဂတိစကားများ ၊ တချို့က ရဟန်းသံဃာများထံ ဟိုဟာလှုမယ် ၊ ဒီဟာလှုမယ်လို့ ပြေထားတဲ့ ဂတိ စကားများ ဖြစ်ပါတယ် ၊
စာအကြွေးဆိုတာကတော့ ကျောင်းသူကျောင်းသားများ ၊ ကျောင်းကပေးလိုက်တဲ့ အိမ်စာအလုပ်ကို မလုပ်ရသေးဘဲ လုပ်ရန်ကျန်နေတဲ့ ကျောင်းစာများဖြစ်ပါတယ် ၊
အကြွေးဆို ဘယ်အကြွေးဘဲဖြစ်ဖြစ် တင်နေ တာ မကောင်းတာအမှန်ပါဘဲတစုံတခုကို
လုပ်ဘို့ လိုနေရင် ပေးစရာတခုခုကို မပေးရသေးရင် စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မရှိဘဲ ဒီအ
တွေးက မိမိကို ထာဝစဉ်ခြောက်လှန့်နေတက်ပါတယ် ။ အကြွေးမကင်းသူရဲ့ဘဝဟာလွတ်လပ်
ပျော်ရွှင်မှု ကင်းမဲ့ပါတယ် ။ တချို့အကြွေးတွေဟာအတိုးကနှိပ်စက်နေတာကြောင့်တော်တော်မကျေနိုင်ဘဲ အတိုးကိုသာ
ဖိဆပ်နေရတာကြောင့် အတိုးနဲ့သာလုံးလည်ခြာလည်လိုက်ပြိး ဘဝရဲ့ တိုးတက်မှုတွေ့ ကိုလဲ နှောင့်နှေးစေပါတယ် ၊ အကြွေးလုံးဝကင်းလွတ်သွားတဲ့လူတယောက်ရဲ့ ဘ၀ဟာ အလွန်ပျော် ရွှင်စရာကောင်းပါတယ် ၊

ရှေးလူကြီးမိဘာများက မင်းမှာအကြွေးရှိလား အကြွေးကင်းရဲ့ လား လို့မေးလေ့ရှိပြီး ၊ အကြွေးမရှိဘူးဆိုရင် ၊ အေးအေးကောင်းတယ် အကြွေးကင်းအောင်နေလို့ ဆိုပြီးဆုံးမလေ့ရှိ
ပါတယ် ။
ငွေချေးတဲ့အကျင့်ကိုမလုပ် ဘို့ အကြွေးမတင်အောင်နေဘို့ဆုံးမတက်ကြပါတယ် ။
ပစ္စည်းတခုခုကိုတောင်ငှါးပြီးကိုယ့်ဆီမှာအကြာကြီးမထားဘဲပြန်ပေးတဲ့အကျင့်လုပ်ဘို့
ဆုံးမတက်ကြပါတယ် ။
အခုခောတ်မှာတော့ ဒီလိုမဟုတ်ပြောင်းပြန်ဖြစ်နေပြီး အကြွေးရှိမှ ဂုဏ်ရှိဆိုသလိုဖြစ်
နေပါတယ် ၊ မိုးကုတ်ရိပ်သာက ဓမ္မကဓိက ဆရာတော် ဉီးဓမ္မသာရက သူအမေရိက ရောက်
တော့ တကာတယောက်က လျောက် ဘူးသတဲ့ အရှင်ဘုရား ဒီမှာလူတွေက အကြွေးဝယ်နိုင်
မှဂုဏ်ရှိတယ် ၊ အကြွေးကပ်လက်ထဲရှိတဲ့လူက ပိုဂုဏ်ရှိတယ်လို့လျောက် တော့ ဟဲ့ တကာ
ဘာဖြစ်လို့လဲကွ သူကပိုက်ဆံမရှိလို့ အကြွေးဝယ် ရတာ ဘယ်က ဂုဏ်ရှိရမှာလဲဆိုတော့
ဟာ အရှင်ဘုရားကလဲ လက်ငင်းဝယ်တဲ့လူတွေက သူတို့ ကို မယုံလို့ အကြွေးမရောင်းတာ
ဒါကြောင့် သူလက်ငင်းဝယ်ရတာ ၊ အကြွေးဝယ်နိုင်သူတွေကတော့ သူတို့ ကိုယုံလို့ အကြွေး
ရောင်းတာ ၊ ဒါကြောင့်ဒီနိုင်ငံမှာအကြွေးဝယ်နိုင်မှ ဂုဏ်ရှိတယ်ဘုရားလို့ ပြန်လျှေက်သတဲ့
လူတွေက Visa Card , American Express , Ctty Bank Card ,ဆိုတာတွေကိုပိတ်ဆံအိတ်
ထဲ အပုံကြီးထုတ်ထုတ်ပြီးကြွားတက်ကြပါတယ် ။ သူ့မှာအကြွေးကပ်တွေအများရှိတယ် ပေါ့
တကယ်တော့ ဒါတွေဟာ မကောင်းတဲ့လဏ္ခာတွေပါဘဲ ၊ ဘာအကြွေးမှမရှိဘဲကင်းကင်းရှင်း
ရှင်းရှိတာအကောင်းဆုံးမဟုတ်ပါလား ၊
ငယ်စဉ်က ကျောင်းက အိမ်စာမပြီးသေးဘဲ ထွက်ကစား ရတာ စိတ်ထဲ လွတ်လွတ်လပ်လပ်
မရှိသလို ၊ ရုပ်ရှင်ကြည့်ရတာလဲ စိတ်ထဲ မပျော်ဖြစ်ခဲ့ရပြီး ၊ ဒီနေ့အိမ်စာမရှိဘူးဆို၇င်အလွန်
ပျော်ခဲ့ရပါတယ် ။
အရင်တုန်းကတော့ထောင်ကလွတ်တဲ့ နေ့ ၊ ရှင်လိန်ပျံတဲ့နေ့ ဟာအပျော်ဆုံးလို့ ဆို
ကြပါတယ် ။ ကျွန်တော်ကတော့ အကြွေးကင်းတဲ့နေ့ ဟာလဲ အပျော်ဆုံးနေ့ ဆိုပြီး တရက်
ထပ်တိုးပေးရင်ကောင်းမယ်ထင်ပါတယ် ၊
မိမိကိုယ်ပေါ်မှာ တင်ရှိနေတဲ့ အကြွေးဝန်ထုပ်ဝန်ပိုးကြီးကျသွားတဲ့နေ့ဟာ အပျော်ဆုံးနေ့ဖြစ်
မှာ သေချာပါတယ် ၊

ကဲကျနောတို့အကြွေးဘာကြောင့်တင်ကြရသလဲ၊အကြွေးမတင်အောင်ဘယ်လိုလုပ် သင့်သလဲဆိုတာကို လေ့လာသုံးသတ်ကြည့်ကြပါစို့၊အကြွေးတင်တဲ့ပြဿနာကို ဆင်းရဲလို့ 
စီးပွါးရေးကြပ်တဲလို့ ၊ ကုန်ဈေးနုံးကြီးမြင့်လို့ဝင်ငွေနဲ့ ထွက်ငွေမမျှလို့  စသဖြင့် စီးပွါးရေးတခု
ထဲအပေါ်ပုံချလို့တော့ မဖြစ်ပါဘူး ၊
ဒီကိစ္စနဲ့ပတ်သက်လို့ တရုပ်စကားပုံကလေးတခုကဒီလိုဆိုပါတယ် ၊ ဖိနပ်အသစ်ခြေ
လှမ်းကျဲ ကျဲ ကျဲ တဲ့
သင် ရရှိပိုင်ဆိုင်ထားတဲ့ ဝင်ငွေထက် အပို ဖွံ့ကားကို စိတ်မကူးပါနဲ့ တဲ့ မှန်ပါတယ်
မိမိရဲ့ဝင်ငွေထက်ပို မသုံးသင့်ပါဘူး သုံးရင်တော့ အကြွေးတင်မှာဖြစ်ပါတယ် ၊
ပစ္စည်းတခုကိုမြင်လိုက်လို့ လိုချင်တဲ့စိတ်ပေါ်လာရင် ၊ ကိုယ့် ကိုယ် ကိုမေးကြည့်လိုက်ပါ
ဒီပစ္စည်းဟာ ကိုယ့်မှာအမှန်တကယ် မဝယ်မဖြစ်လို့အပ်နေပြီလားဆိုတာကိုအရင်မေးကြည့်
လိုက်ပါ ၊ ဒီပစ္စည်းမရှိရင် ဘာဖြစ်သွားနိုင်သလဲ မေးကြည့်လို့ဘာမှမဖြစ်သွားဘူးတကယ်လဲ မလိုအပ်သေးဘူးဆိုရင်မ၀ယ်သင့်ပါဘူး ၊
အလုပ်တခုကို အပြီးသတ်အောင်မလုပ်ဘဲ တပိုင်းတစထားတက်တဲ့အကျင့်ရှိသူဟာ
အလုပ်အကြွေးမွေးတက်သူဖြစ်ပါတယ် အလုပ်တခုကိုပြိးသတ်အောင်လုပ်ပါအကြွေးမထား
ပါနဲ့ ၊ လုပ်စရာရှိရင် ချက်ခြင်းထလုပ်ရန်အပျင်းပါနဲ့လို့ စိတ်ကိုဆုံးမထားပါ ။
စကားကို ဆင်ချင်ပြီးမှပြောပါ ၊ အလုပ်နိုင်ဘဲ အရမ်း ဂတိမပေးပါနဲ့နုတ်ကြွေးတင် တင်တက်ပါတယ် ၊ စကားကျွံရင်နုတ်ရခက်ပါတယ်
တဖြေးဖြေး သတိထား ပြိး လေ့ကျင့်သွားမယ်ဆိုရင်တော့ အကြွေးကင်းတဲ့လူတယောက်
ဖြစ်နိုင်ပါတယ် ။
အဓိကချက်က မိမိရဲ့ ရရှိလာတဲ့ဝင်ငွေကို ကောင်းမွန်စွားစီမံခန့်ခွဲမှု ရှိခြင်း မရှိခြင်း နဲ့ဆိုင်ပါတယ် ၊ မိမိရဲ့ ဝင်ငွေနဲ့ထွက်ငွေကို စံနစ်တကိစီမံခန့်ခွဲမှုမတက်ဘူးဆိုရင်တော့အကြွေး တင်မှာအမှန်ပါဘဲ ၊

ကျွန်တော်တို့ အကြွေးမတင်အောင် မိမိရဲ့ ဝင်ငွေကိုဘယ်လိုစီမံခန့်ခွဲကြသလဲဆိုတာနဲ့
ပတ်သက်လို့ လူတချို့ရဲ့ပြောကြားတွေကိုနားထောင်ကြည့်ကြရအောင်ပါ ။

မြန်မာတိုင်းစာစောင်က ဆောင်းပါးရှင်မိုးမိုးကဝင်ငွေစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ရန်ကုန်မြို့က
အဂ်လိပ်စာ ပြနေတဲ့ ဆရာ ဉီးတင့်ဆွေ ကို မေးမြန်းထားချက်လေ့လာကြည့်ရအောင်၊

အဂ်လိပ်ဆရာ ဉီးတင့်ဆွေ ကဒီလိုပြောပါတယ် ၊
ဝင်ငွေစီမံခန့် ခွဲမှုဆိုတာ အိမ်ထောင်တစုမှာအလွန်အရေးပါပြီး အခြေခံလဲကျတဲ့အရာ
တခုပါ၊တကယ်တမ်းဝင်ငွေထွက်ငွေကိုနိုင်နိုင်နင်းနင်းစီမံခန့် ခွဲနိုင်ရင်နောင်ရေးအတွက်လဲစီစဉ်
နိုင်ပါတယ် ၊ ကျွန်တော်တို့ မိသားစုမှာဆိုရင်ဝင်ငွေနဲ့ ထွက်ငွေကိုဘယ်လိုသုံးရမယ်ဆိုတာကို
အကြမ်းဖျင်းအနေနဲ့ တော့လျာထားပါတယ် ၊ ဒါပေမဲ့ လျာထားငွေထက် ၁၀ ရာခိုင်နုံးလောက်
တော့ အတိုးအလျော့ရှိပါတယ် ၊ တကယ်လိုအပ်လို့ ပိုသုံးလိုက်ရတဲ့အတွက်များသွားရင်တော့
ကိစ္စမရှိပေမဲ့ ၊ မလိုအပ်တဲ့နေရာမှာကုန်သွားခဲ့ရင်တော့ ၊ နောက်လမှာ တခြားအသုံးစားရိတ်
အသုံးစားရိတ်တခုခုမှာလျော့ရပါတယ် ၊ ထွက်ငွေပိုမသွာအောင်ဂရုစိုက်၇ပါတယ် ၊နောက်ထပ်
ထပ်မကုန်အောင်ဂရုစိုက်၇ပါမယ် ၊
ဝင်ငွေနဲ့ ထွက်ငွေမျှအောင်သုံးစွဲဘို့ဆိုတာတော့ဝင်ငွေအနည်းအများအပေါ်မှာမူတည်
တယ်လို့ ထင်ပါတယ် ၊ ၀င်ငွေအရမ်းနဲပြီး မိသားစုစားအိုးကြီးလွန်းနေရင်၊၀င်ငွေနဲ့ ထွက်ငွေကို
စီမံခန့် ခွဲဘို့ ခက်ပါတယ် ပညာသင်စ၇ိတ်တို့ ကျန်းမာရေးစ၇ိတ်တို့ ကတို့ က၀င်ငွေထက်များ
နေရင် စီမံခန့် ခွဲဘို့ ခက်ပါတယ် ၊အသုံးစရိတ်ကိုစီမံခန့် ခွဲံရာမှာ ပညာရေးတို့ ၊ကျန်းမားရေးတို့ 
ကို မသုံးမဖြစ်သုံးရမဲ့ခေါင်းစဉ်ထဲ့ မှာထားရမှာဖြစ်ပါတယ် ၊ အပန်းဖြေစ၇ိတ်တို့ ရုပ်ရှင်ဘိုးတို့ 
သီချင်းနဲ့ ရုပ်ရှင်စီဒီဘိုးတွေကိုတော့ဦးစားပေးခေါင်းစဉ်ထဲမှာထားလို့ မဖြစ်ပါဘူး ၊ စီမံခန့် ခွဲမှု
မနိုင်လို့ ဘဲဖြစ်ဖြစ် ၊ ၀င်ငွေနဲလို့ ပဲဖြစ်ဖြစ် ကြွေးတင်ရင်တော့ စိတ်ညစ်ရပါလိမ့်မယ် ၊ အဓိက
နဲ့ သာမညကိုခွဲခြားတက်ပြီး ၊မိသားစုစားဝတ်နေရေးဖူလုံအောင်၊ကြွေးမတင်အောင်လုပ်နိုင်ဘို့ 
အရေးကြီးပါတယ် ၊ ဒီနေ့ ကုန်သွားတဲ့ ငွေတွေဟာကိုယ့်ဘ၀ရဲ့ အနာဂတ်၊ကိုယ်သားသမီးတွေ
ရဲ့ အနာဂတ်အတွက်ရင်းနှီးမြုပ်နှံမှုတခုအဖြစ်သေချာမယ်ဆိုရင်ဒီနေ့ သုံးလိုက်တဲ့ငွေဟာဖြန်း
လိုက်တာမဟုတ်ပါဘူး ၊

နောက် တယောက် အချိုရည် အရောင်းဖြန့်ဖြူးရေးကိုယ်စားလှယ် ဒေါ်မိုမိုးကတော့
ကတော့ သူ့ရဲ့ ဝင်ငွေ စီမံခန့်ခွဲမှုကို အခုလိုပြောပြထားပါတယ် ၊

ဒေါ်မိုးမိုး
ကျမအနေနဲ့ ကတော့ ၀င်ငွေစီမံခန့် ခွဲတယ်ဆိုတာမိသားစုတစုအတွက်အတော်က
လေးအရေးပါတယ်လို့ ထင်ပါတယ် ၊ ကျမတို့ လင်မယား ၁၉၈၆ ခုနှစ်မှာအအိမ်ထောင်စကျ
ကထည်းက ၀င်ငွေနဲ့ ထွက်ငွေကိုချင့်ချိန်ပြီးသုံးစြွလာကြတာပါ ၊ ကျမတို့ မှာခလေးကျောင်း
စရိတ်ကလဲရှိသေးတော့ဝင်ငေါထွက်ငွေကိုမခန့် ခွဲလို မရပါဘူး ၊ ပုံမှန်အားဖြင့်စားသောက်စ
ရိတ်ကဘယ်လောက်၊လှူဘို့ တန်းဘို့ ကဘယ်လောက်၊ဆေးဝါးကဘယ်လောက်ဆိုပြီးခွဲခြမ်း
ရပါတယ် ၊ တခါတလေသာရေးနာရေးပေါ်လာရင်သုံးတဲ့ငွေကလျာထားတာထက်ကျော်သွား
တာမျိုးလဲဖြစ်တာပေါ့ ၊ အဲဒီလိုအခါမျိုးရင်တော့သိပ်အရေးမကြီးတဲ့ကိစ္စတွေမှာငွေလျော့သုံး
တာမျိုးလုပ်လိုက်ပါတယ် ၊ချွေတာသင့်တဲ့နေရာမှာချွေတာပြီးသုံးလိုက်ပေမဲ့ကပ်စေးနဲတာမျိုး
တော့ဘယ်တော့မျမလုပ်ပါဘူး၊ငွေရှိရင်ပြည့်စုံပြီလို့ မပြေနိုင်ပေမဲ့ ငွေကမိသားစုပျော်ရွှင်မှုအ
တွက်တော်တော်ကလေး အရေးပါ ပါတယ် ၊ ပိုက်ဆံမရှိလို့ စိတ်ညစ်ရသလိုရှိတဲ့ပိုက်ဆံကို
ကောင်းကောင်းအသုံးမချတက်လို့ ဒုကရောက်ရတာမျိုးလဲဖြစ်တက်ပါတယ် ၊ ငွေကိုကောင်း
ကောင်းစီမံခန့် ခွဲပြီးမသုံးတက်ရင်တတိတိနဲ့ အကြွေးတင်လာမျိုးဖြစ်တက်ပါတယ် ၊ငွေကြေး
အဆင်မပြေတဲ့အခါအိမ်ထောင်ရေးအဆင်မပြေတာတွေလဲဖြစ်လာနိုင်ပါတယ် ၊
ကျမတို့ အခုဝင်ငွေထက်အများကြီးတက်လာမယ်ဆိုရင်တော့ ဘဏ်မှာစုပေါ့ ၊ဒါမှမ
ဟုတ်လဲေ၇ွှတို့ ၇တနာတို့ စုဆောင်းရမှာပေါ့
လို ဆိုပါတယ် ၊

နောက် တယောက် သာမန်ဈေးသည် မလေး မထက်ထက်ကတော့ ကြွေးမတင်အောင်
ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲပြီးသုံးတယ် ဆိုတာကို အခုလိုပြောပြပါတယ် ။

ဈေးသည်မလေး မထက်ထက်
ကျမက ဈေးသည်ဆိုတော့ဝင်ငွေစီမံခန့် ခွဲမှုကိုနေ့ တိုင်းလုပ်နေရပါတယ် ၊ကျမက
အသုပ်၊မုန့် ဟင်းခါးနဲ့ ငှက်ပျောကြော် ၊ ကော်ပြန့် ကြော်တွေရောင်းပါတယ် ၊ ၀င်ငွေကတော့
တနေ့ ကို ၄၀၀၀ ကနေ ၆၀၀၀ လောက်ရပါတယ် ၊ အမြတ်ကိုဖါယ်ပြီး ၊ ကျန်တာကိုနောက်တ
နေ့ အတွက်ဈေးရင်း၇ပါတယ် ၊ ကျမကအသုံးစရိတ်အတွက်တနေ့ ကို ၁၀၀၀ သတ်မှတ်ထား
ပါတယ်၊ကျမတို့ ကခလေးလဲမရှိလင်မယားနှစ်ယောက်ဆိုတော့အသုံးစရိတ်ကလဲ၊သိပ်ပြီးအများ
ကြီးမရှိပါဘူး၊တနေ့ ကို ၃၀၀ လောက်တော့စုမိပါတယ်၊အဲဒါကလဲဖျားနာတဲ့အခါသုံးဘို့  ။ လှူဘို့ 
တန်းဘို့ ပေါ်လာတဲ့အခါသုံးရအောင်လို့ ပါ ၊ကျမကတော့ ငွေကိုစီမံခန့် ခွဲပြီးသုံးတာအကျိုးများ
တယ်လို့ ထင်တာဘဲ၊ကျမတို့ ဈေးစရောင်းခ့စကဆိုရင် အရင်းအနှီးတောင်မရှိဘူး၊ညီမကရင်းနှီး
ဘို့ ငွေ ၃၀၀၀ ထုတ်ပေးတာပါ၊အခုဆိုရင်သူ့ ဆီကချေးထားတဲ့ငွေလဲပြန်ဆပ်နိုင်ပြီ၊လက်ရှိဈေး
ရင်းထားတဲ့ငွေကလဲကိုယ်ပိုက်ဆံဖြစ်သွားပြီ၊နောက်ဆိုင်အတွက်လိုအပ်တဲ့ ပန်းကန်၊တို့ ဇွန်းတို့ 
ဘာတို့ တဖြေးဖြေးဝယ်လာနိုင်ပြီလေ၊ အခုကျမတို့ ထမင်းဆိုင်တဆိုင်မှာ ၀င်လုပ်ဘို့ စဉ်းစားကြ
တယ်၊ ဆိုင်ရှင်ကတလကို စားရိတ်ငြိမ်း ၁၅၀၀၀ ပေးမယ်လို့ ပြောတယ် ၊ဒါပေမဲ့ကျမခင်ပွန်းက
သူများဆီမှာလုပ်တာထက် ကိုယ်ပိုင်လုပ်တာကပိုလွတ်လပ်တယ် ၊ ကိုယ်ပိုင်စီးပွါးရေးဆိုတော့
ဘယ်သူ့ မျက်နှာမှကြည့်စရာမလိုဘူးလေ ----- လို့ ဆိုပါတယ် ၊

ကဲသောတရှင်များ ကြားခဲ့ရတဲ့အတိုင်းဘဲ လူတချို့ဟာ အကြွေး မတင်အောင် မိမိတို့ရဲ့
ဝင်ငွေ နဲ့ထွက်ငွေကို ဘယ်လို့စီမံခန့်ခွဲကြတယ်ဆိုတာ ကို ကြားကြရတဲ့အတိုင်းပါဘဲ
သောတရှင်များအနေနဲ့လဲ မိမိရရှိလာတဲ့ ဝင်ငွေကို စံနစ်တကျ စီမံခန့်ခွဲပြီး သုံးစွဲခြင်းဖြင့်
အကြွေး မတင် ကျွန်မဖြစ် သဌေးကြီးများ ဘဝကို တက်လှမ်းနိုင်ကြပါစေခင်ဗျာ
သောတရှင်များ ရွှင်လန်းချမ်းမြေ့ကြပါစေ
မောင်သုည

( အကြွေးဆောင်းပါးမှာ တချိန်က ဘန်ကောက်သံသာနားဆင်စရာ ရေဒီယိုအစီအစဉ်မှာထုတ်
လွင့်ခဲ့သော ဆောင်းပါး ဖြစ်သဖြင့် သောတရှင်များ ဆိုသည့် အသုံးအနှံးကို သုံးထားပါသည် )

No comments:

Post a Comment