Wednesday 30 June 2010

မဂ်လာပါ

ထိုင်းနိုင်ငံမှာလာေ၇ာက်အလုပ်လုပ်ကိုင်နေကြတဲ့ဗမာတွေကတော့ပုံစံအမျိုးမျိုး ၊ အခြေအနေအမျိုးမျိုးနဲ့ေ၇ာက်လာကြတာဖြစ်ပါတယ် ၊ တချို့ ကတ၇ားဝင်နိုင်ငံကူးလက်မှတ်နဲ့ဝင်ေ၇ာက်လာကြတာဖြစ်ပြီး ၊ အစိုးရရုံများ ၊ ကုမ္မဏီများတွင် အလုပ်လုပ် ကိုင်နေကြသလို ၊ တချို့ ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ေ၇ာက်လာကြပြီး ၇ာအလုပ်များလုပ်ကိုင်နေကြတာဖြစ်ပါတယ် ၊ အထူးသဖြင့်အရှေ့တိုင်းသားတို့ ၇ဲ့ မျက်နှာပုံသဏ္ဍာန်ဟာ ခပ်ဆင်ဆင်တူနေကြတာမို့ ကိုယ်တိုင်က၀န်ခံမပြော၇င်ဘာလူမျိုးလဲဆိုတာမသိနိုင်ပါ ၊ ကျနော်တို့ ထိုင်းနိုင်ငံေ၇ာက်မြန်မာများကတော့မိမိကိုယ် ကို ဗမာပါလို့ ဖွင့်မပြောလိုကြပါ ။ ဒါကလဲအကြောင်းအမျိုးမျိုးရှိပါတယ် ၊ တချို့ ကတော့ ဗမာဆို၇င် ၇ဲက ငွေနှစ်တက်တာကြောင့်၇ယ် ၊ ထိုင်းလူမျိုးတချို့ ကလဲ ယခင်သမိုင်းကြောင်းမှာ မြန်မာတွေက အယုဒ္ဒယကိုဝင်တိုက်ခဲ့တာကို အစွဲထားပြီး ဗမာကို မုန်းတီးတဲ့စိတ်ရှိနေလို့ဖြစ်ပါတယ.် ၊
ကျွန်တော်ကိုယ်တိုင်ပင် အမှန်ဖွင့်ပြော၇န်မလိုသောသူများကို ဘာလူမျိုးလဲလို့မေးလာ၇င် တခြားနိုင်ငံသားတခုခုကိုလွဲပြောလေ့ရှိပါတယ် ၊ ဥပမာ ဆံပင်ညှပ်သူကမေးတဲ့အခါမျိုး ၊ တက္ကစီသမားကမေးတဲ့အခါမျိုးများမှာဖြစ်ပါတယ် ၊
တနေ့တွင်ရုံးသို့ တက္ကစီဖြင့်အသွားလမ်းတွင် ကားမောင်းသမားကိုစပ်စုက ဘာလူမျိုးလဲလို့ 
မေးပါတော့တယ် ၊ ကျတော်မဖြေချင်တဲ့မေးခွန်းမို့ ပါးစပ်ထဲရှိ၇ာလွယ်လွယ်ကူကူပင် ဗီယက်နမ်လို့ပြောလိုက်ပါတယ် ၊ အဲဒါမှ ပိုဆိုးပါလေရော ခင်ဗျာတို့ ဗယက်နမ်တွေက ဆ၀ါဒီ ( ထိုင်းလို နှုတ်ဆက်စကား ) ကိုဘယ်လိုပြောသလဲတဲ့ -- အင်း - တော်တော်ခက်ပါလား မတက်နိုင်ဘူး လှိမ့်လက်စနဲ့ဆက်လှိမ့်မှဖြစ်မယ် ။ အာကလန်ပါကလန် လို့ ပြန်ပြောလိုက်တယ် ၊
သူလဲကျေနပ်သွားပုံဘဲ ကျတော်က စားများတာသိပ်မကြိုက်တဲ့ပုံနဲ့ မေးတခွန်းဖြေတခွန်းဘဲနေတော့ သူလဲ ၊ ဟဲ ဟဲ အာကလန်ပါကလန် အာကလန်ပါကလန် ဆိုပြိး အပြောကျင့်နေပါတယ် ၊
အတော်ဘဲ ကျတော်ဆင်းမဲ့နေ၇ာကိုေ၇ာက်ပါလေေ၇ာ ၊ ကား၇ပ် ပိုက်ဆံပေးပြီးဆင်းလိုက်တော့
ဟလို အာကလန် ပါကလန် ( ဆ၀ါဒီ ) ဆိုပြီ၊းကားမောင်းထွက်သွားပါလေေ၇ာ ၊
အင်း ဗီယက်နမ်အစစ်နဲ့ တွေ့ ပြီး အာကလန်ပါကလန် လို့ နှုတ်ဆက်လိုက်၇င်တော့ ကိုေ၇ွှကားသမား
ဒုက္ခဘဲလို့ တွေးပြီး ရုံးထဲဝင်လာလခဲ့ပါတော့တယ် ၊
စာဘတ်သူ မိတ်ဆွေ အာကကလန် ပါကလန် ပါ အဲ အဲ--- မဂ်လာပါခင်ဗျာ

မောင်သုံည

( ဒီဆောင်းပါးကို ဘန်ကောက်သံသာနားဆင်စ၇ာ အသံလွင့်အစီအစဉ်တွင် ဟသ ဆောင်းပါးအဖြစ်ထုတ်လွင့်ခဲ့ပြီးဖြစ်ပါသည် )

No comments:

Post a Comment