Saturday 28 August 2010

နှောင်းခောတ်ကြေးမုံ



နှောင်းခောတ်ကြေးမုံ အပိုင်း ၂ စကားထာဝှက်မယ်

မြန်မာမှုမြန်မာဟန်မြန်မာဓလေ့ကလေးများ

ကိုကာလသားတို့မြခက်ကိုငေးကြည့်နေကြ၏၊ငနှပ်ကမြခက်၏အဖြေကို

ိုသိသည်၊

ထို့ကြောင့်မိမိအပုံထဲမှပန်းသုံးပွင့်ကိုယူ၍မြခက်ကိုပေး၏၊နှုတ်ရွှင်သော

ငပြိုင်းကလက်ကာလိုက်သည်၊

“ အေး ဒီလို ဘယ်ရမလဲ ရှင်းပြပြီးမှယူရမှာပေါ့ “

“ မင်းသိချင်တိုင်းရှင်းပြအုံးမှာလားကွ “

ငတောက ငပြိုင်းကိုဝင်ဟောင်၏၊

ငပြိုင်းကမခံချင်သောမျက်နှာဖြင့် ငတောကိုကြည့်သည်၊

“ အံမာ အံမာ မင်းရောသိ လို့လား “

“ ငါ ဒို့ သိတာ မသိတာ မင်းနဲ့မဆိုင်ပါဘူး ငပြိုင်းရာ မင်းသိချင်တိုင်းရှင်း

ပြနေရမှာလား “

“ ကဲ ပါရှင် ပန်းပေးတော့လဲရှင်းပြပေးရတာပေါ့ “

“ ကြွက်ရဲ့ရန်သူဆိုတာကြောင် - မြစ်ကိုဆင်းအပျင်းထူဆိုတာ

မြစ်ထဲမှာလှေကြီးတစင်းနဲ့အိပ်ပြီးလှေကိုမျှောနေတဲ့လူ -

သူကဒေါင်ဒေါင် ဒိန်းဒိန်းဆူအောင်လုပ်ပြီး ငါးတွေသူပိုက်

ထဲဝင်အောင်လုပ်တက်တယ်၊သူရဲ့လက်နက်အကွက်ကြီးတွေဆိုတာက

သူနဲ့အတူမျှောထားတဲ့ပိုက်အဲဒီတော့ ကြောင်ပိုက် ကြိုက်ပေါင် ပေါ့ “

မြခက်စကားအဆုံးတွင် ငတောနှင့်ငပြိုင်းတို့ငိုချင်းချလိုက်ကြသည်၊

ငနှပ်ကဒိုးပတ်အကထ ကလိုက်သည် ၊

စကားထားဝိုင်းကလေးသည်တဖြေးဖြေးနှင့်မြိုင်လာသည်၊တယောက်

နှင့်တယောက်မနာတမ်းစိတ်မဆိုစတမ်း စကားစစ်ထိုးကြသည်၊

“ ကဲ လူပြန်ခွဲမယ် ငါ နဲ့ ငနှပ် နဲ့ကတဘဘက် ကောင်းမြတ်နဲ့ ငတိုးက

တဘက်မြခက် နင် ကောင်းမြတ်ဘဘက်ကနေမလား ငါတို့ဘက်က

နေမလားဒီတခါဝိုင်းကြိးနော် “

ငပြိုင်းက မြခက်ကို မေးနေစဉ်မြခက်သည် အတွေးနယ်ချဲ့နေသည်၊

ကောင်းမြတ်ကြောင်း ငယ်ငယ်က ကောင်းမြတ်တို့ ကစားဝိုင်းထဲဝင်မည်

ဆိုလျှင်သူအမြဲမောင်းထုတ်တက်သည်၊မြခက်ကလဲဆတ်ဆတ်ထိမခံ

အမြဲနဘမ်းလုံးခဲ့ရသည်၊အခုသူကလူပျိုပေါက်ဖြစ်လာတော့ ရင်အုပ်

ကျယ်ကျယ် ဗလကောင်းကောင်းနှင့် ဘယ်လောက်များမာနကြီးလိမ့်

မလဲဟုတွေးနေ၏၊

“ ဟဲ့ မြခက် ညီးကိုမေးနေတာ ဘာငေးနေတာလဲ “

“ ရှင် ဟုတ်ကဲ့ ဟုတ်ကဲ့ အော် ငနပ်တို့ဘက်က ပါမယ် “

ကောင်းမြတ်ကို ယှဉ်ပြိုင်ချင်တဲ့စိတ်ကြောင့် ငနပ်တို့ဘက်မှ ၀င်မည်

ဟုပြောလိုက်သည်၊

စကားဝိုင်းပြန်စမည်ဆိုသဖြင့်လူတွေသူဘက်ကိုယ့်ဘက်နေရာယူ

လိုက်သည်

၊မိမိရှေ့တွင်လောင်ကြေးပေးရမည့်ပန်းများကိုငှက်ပျောဖက်စိမ်းပေါ်

တွင်ပြန်စုလိုက်သည်၊ထုံးစံအတိုင်းဧည့်သည်များဘက်ကအရင်ဆုံးဝှက်

ရမည်ဖြစ်သောကြောင့်ကောင်းမြတ်ကမြတ်ခက်ကိုမျက်လုံးတချက်

ဝှေ့ကြည့်လိုက်သည်၊

ထို့နောက်မြခက်တို့ဘက်မှခေါင်းဆောင်ငနပ်ကိုပြုံးပြီးကြည့်လိုက်သည်၊

ထို့နောက်မိမိပန်းအပုံထဲမှပန်းတပွင့်ကိုယူ၍ငနပ်တို့ဘက်မှဘက်တော်

သားများ၏ပန်းပုံပေါ်သို့တပွင်စီတင်လိုက်သည်၊ကောင်းမြတ်ကမိမိတို့သည်

ဧည့်သည်ဖြစ်သဖြင့်အခွင့်အရေးမယူလိုသည့်အတွက်အရင်စမ၀ှက်ဘဲထိုပွဲဖြင့်

အရှုံးပေးလိုက်ခြင်းဖြစ်သည်၊

အကြိတ်အနယ်ပွဲကြီးပွဲကောင်းမျိုး၌ပြုလုပ်တက်သောအပြုအမျိုးဖြစ်သည်၊

ထိုအပြုအမူကိုကြည့်ခြင်းအားဖြင့်ကောင်းမြတ်သည်တကယ်အကြိတ်

အနယ်စကားစစ်ထိုးတော့မည်ဟုအားလုံးကသိလိုက်ကြသည်၊

ပန်းပုံကိုကြည့်ပြီးမသိသလိုမျက်လွှာချနေသောမြခက်ရင်ထဲ၌တဒိတ်ဒိတ်ခုန်

နေသည်၊မြခက်အပျိုပေါက်ကလေးဖြစ်လာမှသည်လိုပုံစံပျိုးတခါမှစကား

မ၀ှက်ဖူးသေး၊သို့ရာတွင်ဒေါ်လေးနုပြောပြထားသဖြင့်ကြားဘူးပြီးဖြစ်သည်၊

တက်သင့်သလောက်လဲတက်ပြီးဖြစ်သည်၊ကောင်းမြတ်က မြခက်ကို

ကြည့်ပြီးစကားစ၀ှက်တော့မည်ဖြစ်ကြောင်းချောင်းတချက်ဟန့်လိုက်သည်၊ ထို့နောက်စကားဝှက်ရာတွင်မိမိ၏နှုတ်ကိုဝင်ရောက်စီးပြီးပြောပေးရန

်စန္ဒီနတ်သမီးနှင့် သူရဿတီဒေ၀ီတို့ကိုကန့်တော့လိုက်သည်၊

“ စည်းစိမ်ချမ်းသာလွန်ကြွယ်ဝ၊သူအိမ်ဟာလာဟင်းလင်းပ၊

သူ့နေရာအလွန်အေးမြ၊ရောက်လာသူတိုင်းပြန်မရ၊သူ့မှာချစ်သူလွန်ပေါလှ၊

မအိုတော့တဲ့အပျိုမ၊သူ့ကိုလိုလို့ပိုးပန်းကြ၊စွန့်နိုင်သူမှသူနဲ့ရ၊

မလေးသိလျှင်ဖေါ်လိုက်ပ၊လူတိုင်းချစ်တဲ့မြိငိမ်းလှ ကဲဖေါ် “


ကောင်းမြတ်၏မျက်နှာသည်ပျော်ရွှင်ပြုံးတုံ့မပြုံးတုံ့ ၊

ကေင်းမြတ်၏အသံသည်ညဥ့်ယံဖုံးတုံ့မဖုံးတုံ့၊နာဆင်နေသောအဖေါ်များ

ကလည်းနားဆင်ဆုံးတုံ့မဆုံးတုံ့။အားလုံးငြိမ်သက်နေသည်၊အဖေါ်များ

၏မျက်နှာသည်မြခက်၏မျက်နှာကိုဝိုင်းကြည့်နေလိုက်ကြသည်၊

မြခက်၏စိတ်၌အိုက်စပ်စပ်ဖြစ်လာသည်၊ရင်ညွန့်နှင့်ဆံစတို့တွင်

ချွေးဥကလေးများစို့လာသည်၊မြခက်စိတ်ထဲ၌မိမိ၏အဖေါ်များ

မိမိကိုဝိုင်းကြည့်နေမည်ဟုသိနေသည်၊ရင်းတွင်း၌လှုတ်ရှားနေသည်၊

ရုတ်တရက်ညလေးအေးသည်လှုတ်လှုတ်ရှားရှားအသံပြုလျက်မြခက်ကို

ပက်ဖြန်းလိုက်သည်၊မြခက်သည်ရုတ်တရက်အသက်ဝင်လာပြီး

ဒေါ်လေးနုကိုသတိရလိုက်သည်၊ဒေါ်လေးနု၏အသံကိုကြား

သယောင်ယောင်ရှိလာပြီးနှုတ်မှဆိုလိုက်သည်၊

“ ဘုရား တရား သံဃာ ဆရာမိဘ သူရဿတီ မယ်ဒေ၀ီ နှင့်

စန္ဒီသခင်နတ်မယ်ရှင်ကန်တော့ပါ၏။ ကန်တော့ပြီးလျှင်

မယ့်သခင်တို့ထွက်ဝင်ကြွသွား၊မယ့်လျာဖျားတွင်

ရပ်နားစိတ်ကြိုက်နေပါတော့ ၊ မယ်လျင်ဦးခိုက်ပင့်ပါပေါ့။

သမီးနှင့်မယ်ချစ်တုံ့လှယ်သည်၊မယ်မင်းပျော်ကြောင်းပြပါတော့၊

မယ်မယ့်သမီးခွင့်ပန်ပြီး၍မောင်ကြီးအများအဖြေခက်သည့်စကားဝှက်ကို၊

ပန်းနှယ်ဖူးလာသမို့၊ခူးကာပြပါမယ် နားဝဆင်တော်မူ “

“ စည်းစိမ်ချမ်းသာလွန်ကြွယ်ဝ၊သူအိမ်ဟာလာဟင်းလင်းပ၊

သူ့နေရာအလွန်အေးမြ၊ရောက်လာသူတိုင်းပြန်မရ၊သူ့မှာချစ်သူလွန်ပေါလှ၊

မအိုတော့တဲ့အပျိုမ၊သူ့ကိုလိုလို့ပိုးပန်းကြစွန့်နိုင်သူမှသူနဲ့ရ၊မလေး

သိလို့ဖေါ်ကာပြ၊သုံးဘုံချစ်တဲ့မြိငိမ်းလှ၊နိဗ္ဗန်ဆိုတဲ့အပျိုမ မောင်ကြီး ဟုတ်ပါစ “


မြခက်သည်မိမိအဖြေဆုံးသည်နှင့်ပင့်သက်ရှိုက်လျက်ကောင်းမြတ်

ကိုကြည့်လိုက်သည်၊ထို့နောက်အဖေါ်များရှိရာသို့မျက်နှာကိုဖြေးဖြေးချင်း

လွဲလိုက်သည်၊မြခက်၏မျက်နှာသည်ပြုံးလာသည်၊အဖေါ်များလဲပြုံးလာသည

်တိတ်ဆိပ်ခြင်းသည်ကျေနပ်မှုနှင့်တံတွေးမျိုချလိုက်သောအသံကိုပင်ကြားရသည်၊

ကောင်းမြတ်သည်ခန့်ညားသောအပြုံးဖြင့်မိမိတို့လောင်းကြေးထပ်ထား

သောပန်းပုံကြီးကိုကျုံးယူကာတဘက်မှခေါင်းဆောင်ဖြစ်သော ငနပ်သို့

ပေးလိုက်သည်၊ငနှပ်ကပန်းများကိုလက်နှစ်ဘက်ဖြင့်ခံကာမြခက်သို့လှမ်းပေး၏၊

မြခက်ကပန်းနှစ်ပွင့်စီကိုယှူုသူရဿတီနှင့်စန္ဒီရှင်မအတွက်ဟုဆိုကာ

မိမိဘက်သားများ၏ခေါင်းတွင်၎င်းမိမိခေါင်းတွင်၎င်း

ကိုယ်တိုင်ပန်ပေး၏၊ကျန်သောပန်းများကိုကျောက်ပျဉ်၊သနပ်ခါးတောင်း၊

ချာရစ်ခုံ၊ရစ်တောင်းတို့တွင်တပွင့်စီတင်လိုက်သည်

ပွဲကြီးလမ်းကြီးတခုဖြစ်လာသောလူလုင်ပျိုခြောက်ယောက်နှင့်လုံမငယ်တဦး

တို့၏ချစ်ရေးငင်၇ာအချစ်စစ်မြေပြင်ကြီးတွင်စစ်ပွဲဝင်နေကြသူတို့၏ထေ့သံ၊

ရယ်သံ၊စောင်းသံ၊ချိပ်သံ၊လှန့်သံ၊ခွါသံ၊ရှောင်သံ၊တိမ်းသံ၊တို့သည်တိတ်ဆိပ

်သောညတွင်တိုးတိုးတိတ်တိတ်ပေါ်နေရာမှတခါတခါပွင့်ထွက်လာတက်သည်၊

ကောင်းမြတ်သည်အသံသြသြကြီးနှင့်ကြီးကောင်ဝင်လာသည့်အချိန်မှစ၍နွား

သိုးပေါက်ကလေးကဲ့သို့အပျိုတကာအပျိုအိမ်သို့ဦးစွာရောက်အောင်သွားပြီး

ပေါက်တက်ကရတွေပြောခဲ့တက်သူဖြစ်သည်၊အပျိုကြီးများနှင့်လည်းနီးနီး

ကပ်ကပ်ပေါင်းထားသောကြောင့်ပေါက်ပေါက်ရှာရှာစကားများကိုကြား

ဘူးခဲ့သူဖြစ်သည်၊ခြုံ၍ဆိုရသော်ကောင်းမြတ်သည်မိန်းမတို့ကြိုက်တက်

သည့်ကာလသားကာလသားပေါက်ကလေးဖြစ်နေသည်၊

မနေ့တနေ့ကအပျိုဖြစ်လာသောမြခက်ကိုဘယ်လှိမ့်ညာကန်သဒ္ဒါလန်အောင်

နှယ်ပစ်လိုက်မည်ဟုသဘောထားသော်လည်းလက်တွေ့တွင်မူထင်သလောက်မလွယ်၊

မြခက်ကလဲခေသူမဟုတ်ဒေါ်လေးနု၏လက်ထပ်သင်ပေးထားပညာများက

မြခက်ကိုယှဉ်ဘို့တော်ရုံတန်ရုံယှဉ်ဘို့မလွယ် ၊

မြခက်တို့ဘက်မှ ခေါင်းဆောင်လုပ်သူငနှပ်သည်ခေသူမဟုတ်စကားဝိုင်း

တခုနှစ်ခုတွင်ပါဝင်ဘူးသူဖြစ်သည်၊ငတောကစကားမကြွယ်သော်လည်းပိုင်နိုင်

သူဖြစ်သည်၊အမှောင်၌ပျောက်နေသောစကားကိုရှာပေးနိုင်သူဖြစ်သည်၊

မြခက်သည်ဒေါ်လေးနုသင်ပေးထားသောလင်္ကများကို၇ွက်ဆိုတက်သဖြင့်

ကလသားလူပျိုပေါက်ကြီးတို့တအံ့တသြငေး၍နားထောင်ကြရ၏၊

ချည်သေး၍ချာမလည်သလိုပါဘဲ၊ သို့ပေမဲ့မောင်ကြီးတို့ကဘိတ်ခေါ်ကြတော့ကျမ

အဘို့မပါပြန်ရင်လဲရိုင်းရာကျတော့မည်၊ပါပြန်ရင်လဲဗိုင်းနာမ မဖြစ်ရအောင်မ၀ံ့ရဲရဲ

ဝံ့ရဲရဲနှင့်ရိုင်းရာမကျရအောင်စွန့်စားပြီးသည်စကားဝိုင်းမှာပါရပါသည်၊မောင်ကြီး

တို့မကြင်နာ၍ဗိုင်းနာမဖြစ်လျှင်လဲ၊ဖြစ်ပါစေတော့၊

ဟု၍အောက်ပင့်စကားလင်္ကာသွားကလေးတွေရွက်ပြီးမှတကယ့်ခဲရာခဲဆစ

်စကားအသစ်တွေကိုချည်းဝှက်နေရာကောင်းမြတ်တို့လူသိုက်ချွေးပြန်နေကြသည်၊

စကားဝိုင်း၏အခြေအနေသည် ငနှပ်တို့ဘက်အရေးသာသလိုရှိနေ၏၊ဘယ်အချိန်က

ဘယ်လိုတက်နေမှန်းမသိသောမြတ်လက်၏စကားများအောက်တွင်ကောင်းမြတ်တို့

အလူးအလဲခံနေရသည်၊လရောင်သည်ညနက်မှမို၍ထိန်ထိန်သာလာသည်၊ညနက်

်ပြီဖြစ်သောကြောင့်တချို့အိမ်မှကာလသားများပြန်စပြုနေပေပြီ၊ကာလသားပြန်ချိန်ဖြစ်

သောကြောင့်ကြက်တောင်ပံတဖြတ်ဖြတ်နှင့်ကောက်အီးအီးအွက်သံစတင်ကြားရပေပြီ၊

ကောင်းမြတ်ရာ မိုးသာထိန်ထိန်လင်းမပ မင်းတို့ဖွတ်ချေးတွေ ငရို့ကိုပြိုင်လို့နိုင်ရိုးလား ၊

ငနှပ်က မခံချင်အောင်စလိုက်သဖြင့် ကောင်းမြတ်က မနိုင်လျှင် နိုင်ရာနှင့်ညစ်တော့မည်

ဟုစိတ်ကူးလိုက်၏ ။ မြခက်မဖေါ်နိုင်မည့်စကားကိုရွေး၍နောက်ဆုံးပိတ်အနေနှင့်ဝှက်မည်

ဟုဆို၍

ကဲ မနက်ဖြန်ငါလဲ မှင်ကြောင်ထိုးရမှာဆိုတော့ ဒီပန်းတွေအကုန်ပုံသြပြိးလောင်းလိုက်

မယ် - နောက်ဆုံးဝှက်ခြင်းဘဲ မင်းတို့ထဲက မြခက်ဘဲဖေါ်ရမယ် -

“ မြေနှင့်ရန်ဘက် ခတ်လက်ညိုမှောင် နေမလောင်သည့် အမှောင်ပုန်းခိုပန်းနီညို ၊

မပွင့်လိုဘူး အမြဲဖူးချင်၊ ချစ်သူခူးမှလန်း၊ ချစ်သူနမ်းမှပွင့်၊ မ လေးပန်ဘို့အသင့်

မောင်ကြီးပေးချင် ချင့် တဲ “့

မြခက်ရှက်၏မျက်နှာ၌ရှက်သွေးဖြာသွား၏၊ကောင်းမြတ်ကိုမျက်စောင်းတချက်ထိုး

လိုက်၏၊

ကေင်းမြတ်က စိုးမိုးသောမျက်လုံများဖြင့်မြခက်ကိုပြန်ကြည့်နေရာမြခက်သည်အနေ

ရခက်ပြီးရင်ထဲတွင်တဒိတ် ဒိတ်ခုန်နေသည် ၊ ဤစကားသည်အသစ်ဖြစ်သောကြောင့်

ဘယ်သူမှမဖြေနိုင်ကြ။သို့သော်မြခက် ရှက်သွေးဖြာနေသည်ကိုကြည့်ခြင်းအားဖြင့်

မြခက်ဖြေနိုင်မည်ဟုသိနေ၏၊

“ ဖြေလိုက်လေဟာ နင်သိတယ် မှုတ်လား “

ငနှပ်က မြခက်ကို မြှောက်ပေးလိုက်သည် ၊ ကေင်းမြတ်က မြခက်ကိုစေ့စေ့ကြည့်ပြိး

“ ဖြေလေ ဖြေနိုင်ရင်ဖြေပေါ့ ဖြေနိုင်ရင် ဟောဒီပန်းတွေအကုန်ယူ ငါ့စကားထဲမှာ

တခွန်းထဲပါတယ် ယူမလား မယူဘူးလား ပြော “

မြခက်က ကသနပ်ခါးတောင်းထဲမှ သနပ်ခါးတတုံးယူပြီး ကောင်းမြတ်ကိုပေါက်

လိုက်၏၊

ကောင်းမြတ်က လက်ဖြင့်ဘမ်းယူပြီး ပြုံးနေ၏ ။

“ဖေါ်နေ သေသေချာချာဖေါ် ငပြိုင်းတို့ စံတုတ်ကြီးတို့သိအောင်ဖေါ်ရမယ်

မဖြေနိုင်ရင်တော့ရှံးပြီ ပန်းပေးဒို့နိုင်တယ် “

“ နိုင်လိမ့်မယ် အားကြီး နိုင်မယ် ကျုပ်ဖေါ်မယ် သေချာနားထောင် -

နီညိုရောင်သမ်း နေမလှမ်းတဲ့ နတ်ပန်းဆန်ကို မပန်ဝံ့လို အမေဆိုလိမ့် နတ်အိုရဲက

ဖျဉ်းစွဲအောင်ဖမ်းစားတက်သတဲ့တော့ ၊ နီနီကျင်ကျင် နေမလှမ်းတဲ့ ပန်းလွင်လွင်ကို

ရွှင်လိုမြူးလိုကစားလို၍ ပေးလိုခဲ့ လျှင် မောင်ကြီးအိမ်ကမောင့်နှမကို ၀အောင်အရင်

ပန်ပါစေလားတော့ ကဲ “

မြခက်က တောက်ပသောမျက်လုံး အပြုံးပါသောမျက်စောင့်ဖြင့် ကောင်းမြတ်ကို

မချိုချဉ်ကြည့်လိုက်သည်၊ကောင်းမြတ်၏မျက်နှာသည်အလွန်အမင်းအံ့အားသင့်

လျက်ရှိနေပြီး ၊မြခက်၏အဖြေက မိမိကို သာသာနှင့်နာနာနှက်လိုက်သည်ကို

မကျေမနပ်ဖြစ်နေသည်၊အဖြေတိုင်ရိုက်မဖေါ်ဘဲ သွယ်ဝှက်၍ဖေါ်ပြိး တဘက်သားကိုလဲပြန်လှန်ထိုးနှက်လိုက်သောစကားဖြစ်သောကြောင့်

ကောင်းမြတ်က

ကဲမယ်မင်းကြီးမ လေး ခင်ဗျားကိုကျုပ်အရှုံးပေးတယ်ကဲယူတော်မူ “

ဆိုပြီးပန်တွေကို အကုန်လုံးထိုးပေးလိုက်သည် ၊ မြခက်က ဂုဏ်ယူဝင့်ကြွား

သည့်အပြုံးလေးပြုံးပြ၏

“ ဟေ့ နေအုံးက အစက အားလုံးသိအောင်ရှင်းပြရမယ်လို့ပြောထားတာ

အခုဒို့မှ မသိသေးတာ မရဘူး ကွ ဒို့ကို ရှင်းပြပြိးမှ ပန်းယူလို့ ရမယ် “

ငပြိုင်းကပူညံပူညံလုပ်ရင်း ပန်းတွေကိုဆွဲထားလိုက်သည်၊ငနှပ်က

မြက်ခက်ကိုတိုးတိုးလေးကပ်မေးသည်၊အတန်တန်မေးမှ “ သူ့မေးပါလား “

ဟုဆို၍ ကောင်းမြတ်ကိုမေးထိုးပြ၏၊

ကောင်းမြတ်က မိမိဖြေကိုတိုးတိုးလေးကပ်ပြီးပြောပြ၏၊

“ ဟေ့ ကောင်းမြတ်မင်းသစ္စာမဖေါက်နဲ့ကွမင်းကိုယ့်ချင်းချင်းတော့

မပြောဘဲနဲ့ “

ငပြိုင်းကတွန်းလားဆွဲလားလုပ်နေသည်။ ငနှပ်က ကောင်းမြတ်ပြောတဲ့

အဖြေကိုဘောပေါက်သွားပြီးမိမိပေါင်ကိုတချက်ပုတ်လိုက်သည်၊

“ သြ အဲ ဒါကိုး “ ဟုအော်လိုက်သည်၊ ငပြိုင်းကရှေ့မှ ပန်းပုံကြိးကို

ဆွဲယူလိုက်ရင်း

‘ မင်းသိချင်လား - မင်းသိချင်လား အဲဒါမင်းအဖေကြီးရဲ့ ဟာကွာ ကဲ ပေး “

ဟုဆိုပြီးပန်းပုံ ကြီးကိုဆွဲယူလိုက်သည်၊

“ ဟေး ဟေး မရဘူး ဒို့သိအောင်ပြောရမယ် “

“ ပြော ပြီးပြီလေကွာ မင်းအဖေကြီး ရဲ့ဟာဆိုမှဘဲ “

ဤတွင်မြခက်က၀င်၍

“ တော်ဒို့ နော် ဒါဘဲနော် မိန်းခလေးတယောက်ရဲ့အိမ်မှာ သစ်နှစ်ပင်ကြား

ပေါက်တဲ့ဝါးအဖျားခပ်ကိုင်းကိုင်း တဲ့ တော့ သိလား “

“ အို အဲဒါ ဒို့မသိဘူး ဒို့ ကတော့ မတတ်တာ အမှန်ဘဲ

ငတောက ငပြိုင်း၏ဇာတ်ပိုးကိုလက်ဝါးနှင့်ရိုက်လိုက်ပြီး

“ အမယ် မင်းက အခုမှရိုးနေလိုက်တာ အမေရိုး အမေရိုးကလေး

မသိရင်မှတ်ထားသစ်နှစ်ပင်ကြားပေါက်တဲ့ဝါးအဖျားခတ်ကိုင်းကိုင်းဆိုတာ

မိမစစ်ကြားပေါက်တဲ့သားစကားခပ်ရိုင်းရိုင်းတဲ့ ကဲ ပန်းပေး “

ငပြိုင်း၏ခေါင်းမှပန်းကိုဖြုတ်ယူလိုက်သည်၊ဤသို့ဖြင့်စကားဝိုင်းအဆုံး

သတ်ခါကာလသားတသိုက်မြခက်ကိုနှုတ်ဆက်ပြီးအိမ်ထဲမှထွက်သွား

ကြလေသည်၊

ကာလသာြးိပန်ချိန်ကြက်သည်တောင်တဖြတ်ဖြတ်ခတ်၍တွန်လိုက်သည် ၊

ဆူနေသောအိမ်သည်တိတ်ဆိတ်သွားသည်၊ဆေးလိပ်တိုများ၊ကျောက်ပျဉ်နှင့်

သနပ်ခါးတောင်းများ၊ကွမ်းအစ်၊ထွေးအစ်၊အဖန်အိုး၊ထန်းလျက်ပန်းကန်စသည်

တို့သည်ပြန့်ကျဲကျန်ရစ်ခဲ့သည် ၊

ကာလသားတို့၏ကိုယ်နံ့များပင်ကျန်ရစ်ခဲ့သလိုထင်ရ၏၊

မီးအင်ထဲမှမီးတောက်သည်ရေနံချေးနဲ့နေသဖြင့်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်

နေသည်၊

မြခက်သည်ဗိုင်းငင်သောရစ်ခုံ၊ရစ်တံနှင့်ချည်များကိုအသံအထွက်အောင်

တိတ်တိတ်ဆိတ်ဆိတ်သိမ်းနေသည်၊မြခက်၏စိတ်ထဲ၌ဟာတာတာကြီး

ဖြစ်နေပြီးတစုံတခုကိုလွမ်းသလိုလိုခံစားနေရသည်၊

အိမ်မြှောင်တကောင်၏စုတ်ထိုးသံသည်ဝဲလင်းဆောင်တခုလုံးကိုကျယ်

လောင်စွာဖုံးလွှမ်းသွားသည်၊

မြခက်၏စိတ်ထဲ၌အိမ်မြှောက်စုတ်ထိုးသံကိုပင်လွမ်းစရာအသံဟုထင်

လိုက်ရသည်၊ပစ္စည်းများသိမ်းဆည်းပြီးသောအခါမြခက်သည်၊၀ဲလင်းဆောင်

အပြင်သို့ထွက်ဖြစ်အောင်ထွက်လိုက်သေးသည်၊

အရွက်ကြဲကြဲဒန့်ဒလွန်ရွက်များအကြားမှ တခြမ်းပဲ့လမင်းကြီးသည်အစွမ်းကုန်

သာနေသေးသည်၊အဖေါ်ကွဲနေသောငှက်တကောင်းသည်အတောင်ခတ်၍

ပျံထွက်သွားသည်၊မြခက်သည်အဆုံးမရှိအတွေးများဖြင့်ထိန်ထိန်သာနေသော

လမင်းကြီးကိုငေးကြည့်နေသည်၊

“ ဟဲ့ လုံမ မအိပ်သေးဘူးလား အိပ်ပါတော့ လား “

“ ဟုတ် ကဲ့ အမေ ကျမအိပ် မလို့ “

တရေးနိုးလာသောမိခင်ကလှမ်းအော်လိုက်သဖဖြင့် မြခက်အိပ်ယာထဲဝင်

လိုက်ရသည်မျက်လုံးများကခပ်ကြောင်ကြောင်အတွေးများကမပြတ်သေး ၊


ွဤဆောင်းပါးသည် ရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား ၀တ္တုကိုမှိငြမ်းထားပါသည်
မောင်သုည
ကိုးကားသောစာအုပ်များ
၁ ရန်ကုန်ဘဆွေ - မြန်မာပြည်သား
၂ ကြည်အေး - မြန်မာ့ရိုးရာစကားထာများ
၃ ရခိုင်ရိုးရာစကားထားများ


အပိုင်း ၃ တွင် မြန်မာ့ဓလေ့ ဆေးမှင်ကြောင်ထိုးခြင်းကို
ဆက်လက်တင်ပြပါမည်

No comments:

Post a Comment