Friday 27 August 2010

နှောင်းခောတ်ကြေးမုံ ( အပိုင်း ၃ )


နှောင်းခောတ်ကြေးမုံ ( အပိုင်း ၃ )






မြန်မာမှုမြန်မာ့ဟန်မြန်မာ့ဓလေ့ကလေးများ

( ဆေးမှင်ကြောင်ထိုးခြင်း )

နိဒါန်း
ရှေးတုန်းကမြန်မာယောက်ျားကလေးများဆေးမှင်ကြောင်းထိုးကြရသည်
ဆေးမှင်ကြောင်ထိုးမထားသူကိုယောက်ျားဟုမသတ်မှတ်၊သတ္တိနဲသူသရဲဘော
ကြောင်သူဟုသတ်မှတ်ကြသည်၊ရှေးမြန်မာဘုရင်များကကျေးရွာများမှယောက်ျား
များကို စစ်သားအဖြစ်ခေါ်ယူရွေးချယ်သောအခါ ပေါင်တွင်ဆေးမှင်ကြောင်ထိုးမထား
သူကိုစစ်သားအဖြစ်ရွေးချယ်ခြင်းမပြုပေ၊ရှင်ပြုပြီးမှင်ကြောင်ထိုးပြီးသူကိုသာစစ်သား
အဖြစ်ရွေးရသည်၊ လူကောင်ကြီးထွားသော်လည်းဆေးမှင်ကြောင်ပေါင်မှာမရှိလျှင်
ရန်သူကမြင်လျှင်ရှက်ဖွယ်ယောက်ျားဖြစ်ပေမည်၊ဆေးမှင်ကြောင်ကိုဒူးကျအောင်ထိုး
နှံခြင်းမျိုးမဟုတ်ဘဲပေါင်လယ်ရင်း၌သာထိုးထားသူတို့သည်၊စစ်ပွဲအတွင်းတွင်ထမင်း
ထမ်း ဟင်းအိုးထမ်းအခြားသူတို့၏အစေအပါးမျှသာပြုလုပ်ပေးကြရသည် ၊ စစ်သား
တိုင်း၏အနိုင်ကျင့်နှိပ်စက်ခြင်းကိုခံကြရသည်၊၇ွာထဲ၌လည်းဆေးမှင်ကြောင်မရှိလျှင်
ရှက်ဘွယ်ယောက်ျားဖြစ်သည်၊မြန်မာအပျိုမကလေးများကအထင်သေးသည်ချစ်
ကြိက်မှုမရှိတက်ကြပေ၊
ဆေးမှင်ကြောင်ထိုးပြီးမှမိန်းခလေးများနှင့်တန်းတူရောနှောနေနိုင်သည့်
ယောက်ျားကြီးများဖြစ်လာသည်ဟုအယူအဆရှိကြသည်၊လူပျိလှည့်ရာ၌ပင်လျှင်၊မင်
ကြောင်မရှိသေးသူပြောသည့်လူပျိုစကားသည်တကယ်ပြောသည့်စကားမဟုတ်ဟု
ယူဆကြသည်၊ တကယ်ပြောတာလား တကယ်ပြောတယ်ဆိုရင် မှင်ကြောင်ထိုး
လိုက်ဦး၊ မှင်ကြောင်ထိုးပြီးမှလာပြောဟု မိန်းခလေးတွေက လှန်၍လွတ်တက်ကြ
သည်၊
ယခုအခါမြန်မာများတွင်ဆေးမှင်ကြောင်ထိုးထားသူကိုတွေ့ရခဲလှသည်၊
မေချစ်သီဆိုထားသည့်၊ထိုးကွင်းလေးနှင့်ခြင်းခတ်သူ သီချင်းကလေးပျောက်
ကွယ်သွားသလို ထိုးကွင်းနှင့်မြန်မာများလဲပျောက်ကွယ်သွားလေပြိ ၊
ဒါပေမဲ့ မြန်မာ့ဆေးမှင်ကြောင်ကို ( Copy or Modify or Promotion )
မှီငြမ်းလေသလားပြုပြင်လိုက်လေသလား ပိုမိုတိုးတက်အောင်ပြု လုပ်လိုက်သလား
တော့မသိပါ ၊Tattooဆိုတဲ့နိုင်ငံခြားနည်းပညာကတော့ခောတ်စားလျက်ရှိနေသည် ၊
ယောက်ျားများသာမက မိန်းကလေးများပင် ထိုးထားကြသည် ၊မြန်မာမိန်းခ
လေးများလဲ Tattoo ထိုးနေကြတာတွေ့ရပါသည်။
ကဲဘာဘဲဖြစ်ဖြစ်ပျောက်ကွယ်သွားပြီတဲ့ မြန်မှုမြန်မာ့ဟန်မြန်မာ့ဓလေ့ကလေး
များ ဖြစ်တဲ့ ဆေးမှင်ကြောင်ဘယ်လိုထိုးခဲ့ရတယ်ဆိုတာကို မြခက်နဲ့ကောင်းမြတ်တို့
ရဲ့ ဇာတ်လမ်းကလေးပြန်ဆက်လိုက်ရအောင် ၊









နှောင်းခောတ်ကြေးမှံ ( အပိုင်း ၃ )

ရွာဦးကျောင်းဆီမှအုန်းမောင်းခေါက်သံကိုကြားရလေပြီ၊ကြေးစည်သံနှင့်အတူစံတုတ်တို့၏
နိဗ္ဗာန်ဆော်သံမှာတိတ်ဆိပ်နေသောနံက်ခင်းကိုလှန့်နှိုးလိုက်သလိုပင်၊
ကိုရင်ဖိုးထိန်တို့အိမ်မှညောင်ကန်ကြက်ကြီးကလဲတောင်ပန်တဖြန်းဖြန်းခတ်လျက်
အောက်အီးအီးအွတ်သံဖြင့် လင်းကြက်ဆော်လိုက်လေပြီ၊
မြခက်သည်ဆွမ်းအတွက်အားလုံးအသင့်ပြင်ပြီးသည်နှင့်အိမ်ရှေ့ဝဲလင်းဆောင်
အပြင်ဘက်သို့ထွက်လိုက်သည်၊ကောင်းကင်ကြီးတခုလုံးပုဇွန်ဆီရောင်သန်းနေသည်
မကြာမီ အာရုံတက်တော့မည်လှပသောကောင်းကင်သည်မိမိကိုတုပြိုင်နေသကဲ့သို့
ဝင်းဝင်းပပထွန်းတောက်နေသည် ၊
မပြိုင်ပါနဲ့လားကောင်းကင်ကြီးရယ်
ကောင်းကက်၌တိမ်တောင်တိမ်လိပ်တို့ရှိနေသောကြောင့်ပြည်စုံ၏၊ မိမိမှာမူ
တစုံတခုလိုနေသလိုရင်ထဲမှာဟာတာ တာဖြစ်နေသည်၊
ဆွမ်းအုတ်လာယူမည့်စံတုတ်တို့ကိုမျှော်ရင်း အိမ်ခေါင်းရင်းဆီမှ ဇွန်ပန်းရုံဘက်ဆီသို့
ဝင်သွားသည်၊ဇွန်ပန်းရုံကြီး၌ဇွန်ပန်းတို့တပင်လုံးဖွေးနေသည်၊
အိုလှလိုက်တာ - ပန်းဗေဒင်ကြည့်အုံးမှဘဲ ၊

မြခက်သည် မျက်စိကိုစုံမှိတ်၍ ဇွန်ပန်းတခက်ကိုခူးလိုက်သည်၊

“ ဟယ် ကြည့်စမ်း ကံကောင်းလိုက်တာ ”
သူ့ ဘို့ တပွင့် ကိုယ် တပွင့် ကြည့်လိုပဏ္ဍာတင့်
စိတ်ထဲမှ သီချင်းဆိုသလို ဆိုလိုက်သည် မြခက်၏မြူးတူးနေသောအသွင်သည်ပုဇွန်
ဆီရောင်ကောင်းကင်နှင့် ပဏ္ဍာတင့်နေသည် ၊
ပန်းကလေးနှစ်ပွင့်မှပွင့်ချပ်များကို ရေတွက်လိုက်သည်၊
ဇွန်ပန်းပွင့် တပွင့်စီတွင် ပွင့်ဖတ် ခုနှစ်ဖတ်စီပါနေသည် ၊
နှစ်ပွင့်ကိုပေါင်းသော် ၁၄ ဖတ် အားလုံးပေါင်းလိုက်သော် ၅ ရသည် ၊
ပန်းဗေဒင်အရ
၁ ရလျင် သူလာမည် ၊ ၂ ရလျှင် နှောင့်နှေးမည် ၊ ၃ ရလျှင် လူပျိုလှည့်လာမည် ။၊
၎ ရလျှင် လက်ထပ်ရမည် ၊ ၅ ရလျှင် သူနှင့်ကွဲမည် ဟုအဆိုရှိသည် ၊
အခု ၅ ခုဖြစ်သောကြောင့်သူနှင့်ကွဲရချေတော့မည်တဲ့
ဘယ်သူများဘာလိမ့် ကွဲရအောင်ကလဲ ငါ ဘယ်သူနှင့်မှ ဘာမှမဖြစ်သေးဘဲ မြခက်
က စိတ်ဖြေလိုက်သည် ၊
ထိုစဉ်အိမ်ဝဆီမှအသံကြားလိုက်သည်၊စံတုတ် နှင့်သာဇ တို့ဆွမ်းအုတ်လာယူ
ပြီထင့် မြခက်အိမ်ခြံဝဘက်သို့ကြည့်လိုက်သည် ။ ကောင်းမြတ်၏ရင်ဘတ်ကျယ်ကြီး
သည်မိမိမျက်နှာရှေ့သို့ရောက်နေသည်၊ရုတ်တရက်လန့်သွားသဖြင့်နောက်သို့တလှမ်း
ဆုတ်ရင်းကောင်းမြတ်ကိုကြည့်၏၊ကောင်းမြတ်သည်ကျက်သရေရှိစွာပြုံးလျက်နေ၏၊
အာရုဏ်ဦး၏စကားနီရောင်သည် ကောင်းမြတ်၏ယောင်ချောကြီးနှင့် ခန့်ညား
သောမျက်နှာ၊ကျယ်ပြန့်သောရင်အုတ်၊ကြီးမားကျစ်လစ်သောလက်မောင်းအိုးတို့
အပေါ်သို့ကျရောက်နေ၏၊ ညကလိမ်းသွားသောသနပ်ခါးစကလေးများသည်ကောင်း
မြတ်၏မျက်နှာပေါ်တွင် နှစ်လိုစဖွယ်ကျန်နေသေးသည်၊ ကောင်းမြတ်သည်ပုဆိုးရှည်
ကိုနောက်ကျောမှသိုင်းလျက်မို့မို့မောက်မောက်ရင်အုတ်ကြီးကို မလုံ့တလုံဖုံးထား၏၊

“ အမယ် လန့်နေလိုက်တာ ငါပါ ဟဲ့ ဒီနေ့ မှင်ကြောင်ထိုးဘို့အတွက် အပျိုလှ
လှ ရှိတဲ့အိမ် ခုနှစ် အိမ်က အပျိုလေး ခုနှစ် ယောက်ပေးတဲ့ပန်းပွင့်ကိုနေလုံးမပေါ်မီရ
ရအောင်တောင်ယူလာရမယ်ဆိုလို့ ငါလာတောင်းတာ ပါ ”

မြခက်ရင်ခုံလှုတ်ရှားနေသည်၊တောက်ပြောင်ရွှန်းလဲသောမျက်လုံးများဖြင့်
ကောင်းမြတ် မျက်နှာကိုစိုက်ကြည့်လိုက်သည်၊

” အိုတော် ကြံကြံဖန်ဖန် တော်ရို့ဆေးတွေဝါတွေနဲ့လုပ်ကြတာကိုကျုပ်ကြောက်
ပါတယ် မပေးဝံ့ပါဘူး ”

“ ဟဲ့ နင်ကလဲ အဲဒါထုံးစံ ဆိုတာ နင်လဲသိသားနဲ့ အခုအပျို ခြောက်အိမ် က
ပန်းခြောက်ပွင့်တောင်ရခဲ့ပြီ ”

“ တော့်မှာ အပျိုတွေပေါတာဘဲ တခြားအပျိုတွေဆီမှာသွားတောင်းပါတော် ”

“ အပျိုတွေပေါတာ ငါသိသားဘဲ ဟဲ့ ချောတဲ့လှတဲ့အပျိုကပေးတဲ့ပန်းမှဖြစ်မှာ
မို့ ငါနင်ဆီလာတောင်းတာပါဟာ နင်ကလဲ တွန့်တိုစရာမဟုတ် တွန့်တိုနေလိုက်တာ ”

“ အို ကျုပ် ကမချောပါဘူး မလှပါဘူး မလုပ်ပါနဲ့တော် ”

“ ဘယ်နှယ် မချောရမလှ၇မှာတုန်း ချောလိုက်လှိုက်တာမှ ပပ၀တီကတောင်
မမ မမ လို့ခေါ်ရချေသေးရဲ့  ၊ငါတကယ်ပြောတာသိလား နောက်ဆုံးအပျိုပေးတဲ့ပန်း
ဟာ အချောဆုံးအလှဆုံးအပျိုပေးတဲ့ပန်းဖြစ်ရမယ်တဲ့ ”

“ အို တော် မဖြစ်နိုင်တာ ကျုပ်က အရုပ်ဆိုးပါတယ် ”

“ ဘယ်ကအရုပ်ဆိုးရမှာလဲ နင်ဟာ ဒို့ရွာမှာအချောဆုံး အလှဆုံးသိလား နင့်
က နင့်ရုပ် နင်မမြင်ရလို့ - ငါပြလိုက်စမ်းချင်တယ် ညနေ နေရီရီမှာ သနခါးဘဲကျား
ကွက်လို့ ပီးတော့ အထက်ဆင်နီနီမှာ ချည်စိမ်းကလေးပေါင်းထားတဲ့ မဲထဘီကိုဝတ်
လို့ ခေါင်းမှာ ခတ္တာပွင့်နှစ်ပွင့်ဝင့်ဝင့်ခါဝင်ခါနဲ့ သဲလမ်းကြောင်း အတိုင်း နင်ရေရွက်လာ
လာကို ငါ့မျက်စိထဲကကို မထွက်ဘူး ” “ အဟုတ်ပြောတာဟဲ့ မိုးပေါ်က တောက်နေ
တဲ့ တိမ်တွေတောင် နင်ကို ငုံကြည့်နေရတယ် သိလား ဒါကြောင့် အလှဆုံးအပျိုလေး
ဆီက ပန်းဆိုတာ နင့်ဆီကဘဲဖြစ်ရမယ် ”

မြခက်မျက်နှာသည်ရှက်သွေးဖြန်းလျက်နီမြန်းလာသည်၊ရင်တွေပိုခုန်လာသည်

“ အို တော် ကြံကြီးစည် ရာ မဟုတ်တာတွေ ”

မြခက်သည်ပြောပြောဆိုဆို ကောင်းမြတ်ကိုကွေ့ရှောင်၍အိမ်ထဲသို့ဝင်မည်ပြု၏၊
ကောင်းမြတ်က မြခက်လက်ကိုလှမ်းဆွဲလိုက်သည်၊

“ ဘယ့်နှယ် လုပ်တာလဲ မြခက်ရယ် - ဒါနဲ့နေထွက်လာရင် ပန်း ခုနှစ်ပွင့် မပြည့်
လို့ ငါထိုးမဲ့မင်ကြောင် မအောင်ဘဲနေတော့မှာဘဲ - ပေးပါဟယ်ပန်းတပွင့်လောက် -
နင့် လက်ကလေးနဲ့ခူးပေးလိုက်စမ်းပါ - ”

ကောင်းမြတ်က မြခက်လက်ကို မလွှတ်ဘဲ ဆုတ်ထားနေသည် ၊

အို ဘာတွေပြောနေတာလဲ လွှတ်ပါတော် ဟိုမှာ ငနီတို့ဘညွန့်တို့တောင်
ဆွမ်းအုပ် ယူဘို့လာနေပြီ - တော် ကြာ တလွဲ တချော်တွေထင်နေပါအုံးမယ် ”

“ အို ထင်ပစေ ပလွတ်ဘူး တွန့်တိုစရာ မဟုတ်တာ နင်က တွန့် တိုနေတာ -
ငါက နင်ကိုအားကိုး တကြီးနဲ့လာရ သ ဟ ”

ကောင်းမြတ်က ပြောပြောဆိုဆို မြခက်ကို ဆွဲယူလိုက်ရာ မြခက်တကိုယ်လုံး
ကောင်းမြတ်၏ရင်ခွင်ထဲသို့ရောက်လုနီးနီးဖြစ်သွား၏ ။ မြခက်ကကောင်းမြတ်ကိုအ
ထိန့်တလန့်မော့ကြည့်လိုက်ပြီး အတန်ကြာငေးနေသည် ။ နောက်မှ သတိဝင်လာပြီး

“ အို လွတ်ပါ တော် ကျုပ်ခူးပေးပါ့မယ် ”
ကောင်းမြတ်က ကျေနပ်စွာပြုံးပြီး လွှတ်ပေးလိုက်သောအခါ မြခက်သည် ဇွန်
ပန်း အခက်ကြီး တခက်ကိုချိုးပေးလိုက်သည် ၊ ဇွန်ပန်းကိုင်းကိုလှမ်းပေးပြီး မြခက်
သည် ကောင်းမြတ်ကို မကြည့်ဘဲ အိမ်ပေါ်တက်သွားသည် ၊
ကောင်းမြတ်က မြခက်ကို စိုက်ကြည့်ရင်း

“ ငါလေ နင့် ကို တကယ် တကယ် ”

ကောင်းမြတ်စကားမဆုံး မီ ငနီိ နှင့် သာညွန့်တို့ေ၇ာက်လာပြီး ဆွမ်းအုပ်လာယူကြ
သည် ၊ ကောင်းမြတ် လဲ သာညွန့်တို့ နှင့် အတူဆွမ်းအုပ်ထမ်းပြိး ထွက်သွားသည်
မြခက်က လမ်းမကြီးပေါ်သို့မျှော်ကြည့်လိုက်သည် သူတို့ကိုမတွေ့ရတော့
အရိပ်ရောင်မျှပင် မတွေ့ရ ရင်ထဲတွင် ဟာတာတာ နှင့် ကျန်ရစ်ခဲ့လေသည်၊

------------------*************---------------

အပိုင်း ၄ သို့ဆက်၇န်

No comments:

Post a Comment