Thursday 19 August 2010

လောကဓမ္မဂျာနယ်


လောကဓမ္မဂျာနယ်


လူ့ ဘ၀အစ နှင့် ခန္ဓာအစ ( သို့ မဟုတ် ) ကြောင်းကျိုးဆက်စပ်မှုသဘောတရားများ

လူဘယ်ကစခဲ့သလဲအနောက်တိုင်းအတွေးအခေါ်ပညာကြီးဒါဝင်ကတော့လူဟာမျောက်က
ဆင်းသက်လာတယ်လို့ ဆိုတယ်၊အဲဒီမြောက်ကဘယ်ကစတင်ဆင်းသက်လာခဲ့သလဲလို့ 
မေးစရာဖြစ်နေပါတယ်၊တခါဗြဟ္မာကြီးတွေကဆင်းသက်လာတယ်လို့ဆိုပြန်တယ်၊
ဒါလဲ အဲဒီဟြဟ္မာကြိီးတွေကကောဘယ်ကစပြီးဆင်းသက်လာသလဲ ၊ မေးခွန်းတွေ
ကဆက်ပြီးမေးစရာဖြစ်နေပါတယ်၊ကြက်နဲ့ကြက်ဥဘယ်ကစသလဲ၊အပင်နဲ့မျိုးမျိုးနဲ့အပင်ဘယ်ကစသလဲ
၊ သလဲပေါင်းများစွာနဲ့ဘဲဥအစရှာမရသလိုဖြစ်နေပါတယ် ၊

ဒီအမေးများနဲ့ပတ်သက်ပြီးဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်တော်ကလဲဘုရားထံမေးမြန်းခဲ့ဘူးပါတယ် ၊
သတ္တ၀ါရှိသလား
သတ္တ၀ါ သေရင်ဖြစ်သေးသလား
သတ္တ၀ါသေရင်မဖြစ်တော့ဘူးလား
သတ္တ၀ါသေရင် မဖြစ်သည်လဲမဟုတ် ဖြစ်သယောင်ယောင်လား
စသဖြင့် မေးလာတဲ့မေးခွန်းများကို မြတ်စွာဘုရားက ငါဒီအယူမယူဘူး ဒီမေးခွန်းမျိုး
ဖြေလေ့ ပြောလေ့ဟောလေ့ မရှိဘူးလို့ဆိုပြိးပါယ်ချခဲ့ပါတယ် ၊
( အဂ္ဂိဝစ္စသုတ် )
ဗုဒ္ဓကပုဂ္ဂိုလ်တယောက်ရဲ့ဘ၀အစကိုငါ့ရဲ့ပုပ္ပေနိဝါသဥာဏ်နဲ့ ပြန်ကြည့်ပြီးနောက်ဘဝ
ကဘာဖြစ်ခဲ့တယ်၊အဲဒီနောက်ဘ၀ကဘာဖြစ်ခဲ့ဆိုတာကိုပြန်ပြန်ပြီးကြည့်မယ်ဆိုရင်ငါ့ရဲ
့သက်တမ်းတာကုန်သွားမယ်၊ ပုဂ္ဂိုလ်တယောက်ရဲ့ဘ၀အစကိုရှာလို့မဆုံးနိုင်ဘူးလို့
ဟော်တော်မူခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့်ဘ၀သံသရာဟာဘယ်လောက်ရှည်ခဲ့သလဲဆိုတာမှန်းဆနိုင်ပါ ၊
ဒါဟာ မွေးလာလိုက်၊ အိုမင်းလာလိုက်၊နာမကျန်းဖြစ်လိုက်၊ သေလိုက်၊နောက်တဖန်
ပြန်မွေးလာလိုက်၊အိုမင်းလာလိုက်၊နာမကျန်းဖြစ်လိုက်၊သေလိုက်၊နောက်ပြန်မွေးလာလိုက်နဲ့
သံသရာလည်နေတာဘဲမဟုတ်ပါလား ၊
မွေးလိုက်သေလိုက်၊သေလိုက်မွေးလိုက် ဒီလို သံသရာလည်နေတာဖြစ်ပါတယ်၊ပုဂ္ဂိုလ်
သတ္တ၀ါအနေနဲ့ ကြည့်ရင်တော့ဒီလိုဘဲမဆုံးနိုင်တဲ့သံသရာကိုတွေ့ရမှာဖြစ်ပါတယ် ၊
လူ၊နတ်၊ဗြဟ္မာ၊ ပုဂ္ဂိုလ်၊သတ္တ၀ါဆိုတာတွေဟာ
အမည်နာမအားဖြင့်ပညတ်ပြီးခေါ်ဝေါ်သမုတ်ထားတဲ့အမည်များသာဖြစ်ပါတယ် ၊
သီတဂူဆရာတော်ဘုရားရဲ့ဘ၀တန်ဘိုးတရားထဲမှာ
( အနောက်တိုင်းအတွေးအခေါ်ပညာရှင်များရဲ့  တွေးခေါ်ယူဆချက်များဟာ ပရမထ
တရားများမပါဘဲ နဲ့  ပညတ်ပေါ်မှာတင်ပြီးစဉ်းစားရာမှ ထွက်ပေါ်လာတဲ့တရားများကို
ဒဿနလို့ ခေါ်ပြီးပညာရပ်တခုအနေနဲ့ လေ့လာသင်ယူဆည်းပူးနေကြတာဖြစ်တယ်လို့ 
ဆိုထားပါတယ် )

မြတ်ဗုဒ္ဒရဲ့တရားများဟာအမှန်တကယ်ရှိတဲ့ပရမတ်တရားများအပေါ်မှာအခြေခံပြီးဟောထားတာ
ဖြစ်တဲ့အတွက်ဗုဒ္ဒအဆုံးအမကိုနားလည်နိုင်ရန်အတွက်အမှန်ရှိတကယ်ရှိတဲ့ပရမတ်တရားများ
အပေါ်မှာဥာဏ်ရောက်ဘို့လိုပါတယ် ၊
ဒါကြောင့်မြတ်စွာဘုရားက တကယ်မရှိတဲု့ဂ္ဂိုလ်သတ္တ၀ါရဲ့ အစကိုတော့ရှာလို့ မရနိုင်ဘူး

အမှန်တကယ်ရှိတဲ့ခန္ဓာရဲ့အစကိုတော့ငါပြောနိုင်တယ်။ အဲဒါမသိမှုဆိုတဲသဘောတရားနဲ့စွဲလန်းတတ်မက်၍ပြုလုပ်ခြင်းဆိုတဲ့သဘောတရားများကစဖြစ်လာတာ လိ့ဟောကြားတော်မူခဲ့ပါတယ်
အ၀ိဇ္ဇာဆိုတဲ့မသိမှုကြောင့်တဏှာဆိုတဲ့ဆိုလန်းမှုမှ ပြုလုပ်ရင်းလုံးလည်လိုက်နေ
ကြတာဖြစ်ပါတယ် ၊
ဒါကို ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက

အ၀ိဇ္ဖာနှင့် တဏှာအရင်းခံ ၊ ဥပါဒါန်၊ ကံကြောင့်ရုပ်နမ်ပေါ်၊ အပင်မှမျိုး၊ မျိုးမှအပင်၊အမြှင်မပြတ်ဆက်စပ်သည့်ဟန်၊ကံကြောင့်နမ်ရုပ်၊နမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ-သိကြား၊ စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာသတ္တ၀ါတို့ဖြစ်လာရမှု၊မဟုတ်ဟုဥာဏ်ဖြင့်ရှူ၍မျှော်
ဟူ၍ လင်္ကကာဖြင့်ညွှန်ပြထားတော်မူခဲ့ပါတယ်၊

မောင်သုည

ကြောင်းကျိုးဆက်စပ်မှုသဘောတရားများ

No comments:

Post a Comment