Monday 24 January 2011

ခွက်သာကွာသွားတာ ပါအရသာတော့ အတူတူပါဘဲ

ရှေးသရောအခါ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်နေတဲ့ရှင်ဘုရင်ကြီးတပါးမှာအလွန်ပညာရှိပြီး

အရာရာကိုတိုင်ပင်ဆွေးနွေးနိုင်တဲ့ပုရောဟိတ်ပုဏ္ဏားတယောက်ရှိတယ်၊

သူက ပညာလဲပြည်စုံတယ်အကြံဥာဏ်လဲကောင်းတယ်၊ဘုရင်ကြီးအတွက်အင်မတန်

အားကိုးရတယ်၊တနေ့ကျတော့အဲဒီပုရောဟိတ်ပုဏ္ဏားကြီးကနန်းတော်ကိုအခစားမ၀င်ဘူး၊

ညီလာခံမတက်ဘူး၊အဲဒီတော့ဘုရင်ကြီးကမေးတယ်ဘာလို့ပုရောဟိတ်ပုဏ္ဏားကြီးညီလာခံ

မတက်သလဲ ၊ဆိုတော့နေမကောင်းလို့ပါတဲ့။နောက်တရက်လဲညီလာခံမတက် ၊ နောက်တရက်လဲညီလာခံမတက်ဆိုတော့ဒီလောက်ဥာဏ်ပညာနဲ့ပြည်စုံတဲ့ပညာရှိကြီးမပါတော့ ဆွေးနွေးမှုတွေ၊ဆုံးဖြတ်မှုတွေဟာအပြီးမသတ်နိုင်ဘူးအဲဒီတော့ဘုရင်ကငြီးတယ်၊ဘာများဖြစ်

လို့ပါလိမ့်ဆိုပြီးသမားတော်တွေလွှတ်ပြိးဆေးအကုခိုင်းတယ်သမားတော်ကြီးတွေကဘာပြန်ပြော သလဲဆိုတော့ဘယ်လိုမှကုလိုမရဘူးဆေးတိုက်တာလဲမသောက်ဘူးတငြီးငြီးတငြူငြူနဲ့နေတယ် လို့ပြန်လျှောက်တယ် ၊

ဒီတော့ဘုရင်အနားမှာထိုင်နေတဲ့မိဖုရားကြီးကပုရောဟိတ်ကြီးရဲ့ဝေဒနာကိုသိသွားတယ်

ဘုရင်ကြီးကိုလျှောက်တယ် အရှင်မင်းကြီးပုရောဟိတ်ကြိးဟာပညာအရာနဲ့လဲပြည်စုံတယ်

တိုင်းပြည်အတွက်လဲ အလွန်အားထားရတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်၊ တစုံတခုဖြစ်သွားရင်တိုင်းပြည်

အတွက်ရော နန်းတော်အတွက်ပါ ထိုခိုက်နိုင်တယ် ဆုံးရှူံလို့မဖြစ်ဘူး။ ကျွန်တော်မျိုးမဆေး

သွားတိုက်ချင်ပါတယ် ခွင့်ပြုပါလို့လျှောက်တယ်၊ဘုရင်ကြီးကလဲအေးကောင်းတယ်၊ပညာရှိ

ကြီးတပါးတဆုံးပါးမသွားအောင်သွားကုစေဆိုပြီးခွင့်ပြူလိုက်တယ် ၊

မိဘုရားကြီးကအလွန်ချောအလွန်လှတဲ့ မိန်းမတဦးဖြစ်တယ်ဆိုဘဲ၊ မိဘုရားကြီးက

ဘယ်လိုစီမံသလဲဆိုတော့သူရဲ့ရံရွေတော်တွေကို မြေခွက်ရယ်၊ ငွေခွက်ရယ်၊ရွှေခွက်ရယ်

ခွက်သုံးခွက်ယူခဲ့၊နေက်ပြိးပုံးရည်ကောင်းကောင်းယူခဲ့လို့မှာလိုက်တယ် ၊

(ပုန်းရည်ဆိုတာဟိုတုန်းကတော့အရက်ပေါ့အရသာကချဉ်ချဉ်စူးစူးဖန်တန်တန်လေး)

အဲဒါတွေကိုယူပြိးပုရောဟိတ်ကြီးထံကို အခြွေအရံတွေကိုအလှဆုံးအ၀တ်အစားဆင်ယင်ပြီး

သွားကြစို့ဆိုပြီးထွက်ခဲ့ကြတယ် ၊

မိဖုရားကြီးကဘာကြောင့်ဆေးတိုက်သွားမှာလဲ၊ ဘာဖြစ်လို့ပုရောဟိတ်ကြီးရဲ့ဝေဒနာ

ကိုသိတာလဲဆိုတော့၊တနေ့ ညီလာခံပြီးလို့ပုရောဟိတ်ကြီးသူအိမ်ကိုပြန်တဲ့အခါမှာမိဖုရား

ကြီးနေတဲ့အဆောင်ဘက်ကဖြတ်ပြန်သွားတယ်၊အဲဒီအချိန်မှာမိဖုရားကြီးကအိပ်ပျော်နေတယ်

အဲဒါကိုပုရောဟိတ်ကြီးမြင်သွားတယ်၊ပုရောဟိတ်ကြီးမြင်သွားတာကိုဖုရားကြီးကလန့်နိုးပြီး

ကြည့်လိုက်တော့ပုရောဟိတ်ကြီးသူအိပ်နေတာမြင်သွားတယ်ဆိုတာမိဖုရားကြိးကသိလိုက်

တယ်၊အဲဒိနေ့ကစပြီးပုရောဟိတ်ကြီးညီလာခံမတက်ဘူးဆိုတော့မိဘုရားကြီးကရိပ်စားမိလိုက်၊

တယ်၊

ဒါကြောင့်မိဖုရားကြီးကပုရောဟိတ်ကြီးရဲ့ဝေးနာကိုသိလိုဆေးကုဘို့လာတာဖြစ်တယ် ၊ မိဖုရားကြိးကလဲပညာဥာဏ်ခေသူမဟုတ်ဘူးဆိုတော့ဘယ်ဝေဒနာကိုဘယ်လိုကုရမယ်ဆိုတာ သိတယ် ၊

ပုရောဟိတ်ကြီးထံရောက်တော့

အိုပုရောဟိတ်ကြီးနေမကောင်းဘူးဆိုလို့ဆေးလာတိုက်တာ

လို့ပြောလိုက်တယ်ဆိုရင်ဘဲမိဖုရားကြီးလဲမြင်ရောပုရောဟိတ်ကြီးထထိုင်တယ် ၊

ဆေးသောက်မလားဆိုတော့

သောက်မယ်တဲ့

ဒါနဲ့ အသင့်ယူလာတဲ့မြေခွက်ထဲကိုပုန်းရည်ထဲ့ပြိး ပထမ စတိုက်တယ်

ပုရောဟိတ်ကြီးလဲအားရပါးရသောက်ချလိုက်တယ်

ဆေးအရသာဘယ့်နဲ့လဲလို့မေးတော့

ဒါ ပုန်းရည်မဟုတ်လား ချဉ်ချဉ်စူးစူးပေါ့လို့ ပြန်ပြောတယ်

အဲ နောက်တခါမိဖုရားကြိးကပုရောဟိတ်ကြီးနောက်တခွက်ထပ်သောက်ပါအုံး

ဒီ တခါ ငွေခွက်နဲ့ ထည့်တိုက်ပါမယ်ဆိုပြိးငွေခွက်ထဲပုန်းရည်ထဲ့ပြီးတိုက်ပြန်တယ်

ပုရောဟိတ်ကြီးလဲ အားရပါးရသောက်ချလိုက်ပြန်တယ်

ဆေးအရသာဘယ့်နဲ့လဲလို့မေးတော့

ဒါ ပုန်းရည်ဘဲမဟုတ်လားချဉ်ချဉ်စူးစူးပေါ့လို့ ပြန်ပြောတယ်

အဲဒါဖြင့် နောက်တခါနောက်တခွက်ထပ်သောက်ပါအုံး ဒီတခါရွှေခွက်နဲ့တိုက်မယ်

လို့ဆိုပြီး ရွှေခွက်ထဲကို ပုန်းရည်ထဲ့ပြိးတိုက်လိုက်ပြန်တယ်

ပုရောဟိတ်ကြီးလဲအားရပါးရသောက်ချလိုက်ပြန်တယ်

ဘယ့်နဲ့ ဆေးအရသာဘယ့်နဲ့လဲ လို့မေးတော့

ဒါလဲပုန်းရည်ဘဲမဟုတ်လားချဉ်ချဉ်စူးစူးပေါ့လို့ ပြန်ပြောတယ်

အဲ ဒီအခါမှာ မိဖုရားကြီး က ဟုတ်တယ် ပုရောဟိတ်ကြီး ပုန်းရည်ရဲ့အရသာဟာ

ဘယ်ခွက်ထဲ ထဲ့သောက်သောက်အရသာ ဟာအတူတူပါဘဲ

မြေခွက် ငွေခွက် ရွှေခွက် - ခွက်သာ ကွာသွားတာ ပါ အရသာကတော့ အတူတူပါဘဲ

ပုရောဟိတ်ကြီးရဲ့ကြင်ရာတော်ဇနီးကောနေကောင်းရဲ့လားလို့နုတ်ဆက်ပြိး

ပြန်သွားခဲ့တယ်
ပုရောဟိတ်ကြီးကလဲပညာရှိကြီးဆိုတော့မိဖုရားကြီးဘာကိုဆိုလိုတယ်ဆိုတာကို

သိလိုက်တယ် - နောက်နေ့ကစပြီးညီလာခံကိုပြန်တက်တော့တယ် တဲ့

ဘုရားရှင်လက်ထက်တော်ကာလ အိမ်ထောင်ရှိပြီးသားယေက်ျားယောက်အိမ်ထောင်နဲ့နေရတာငြီးငွေလို့ဘုရားထံရဟန်းဝတ်နေ

စဉ်တနေ့ဆွမ်းခံကြွရင်း မိန်းမပျိုကလေးတဦးကိုမြင်ပြီး လူထွက်ချင်တယ်လို့လျောက်ထားတာ

နဲ့ပတ်သက်ပြီး ဘုရားရှင်ကတရားတပုဒ်ဖြင့်ဆုံးမတော်မူခဲ့တဲ့အကြောင်း ဆရာတော် ဦသုမင်္ဂလ

ဟောကြားတဲ့ ( ပဌာန်းတရားတော် က္ကုန္ဒြိယပစ္စည်း ) တရားမှ မျှဝေလိုက်ခြင်းဖြစ်ပါတယ်

မြေခွက် ငွေခွက် ရွှေခွက် - ခွက်သာကွာသွားတာ အရသာတော့ အတူတူပါဘဲ

မောင်သုည

No comments:

Post a Comment